
(Unicode Version)
ကလောမှာ (၅) နှစ်အရွယ် ကလေးငယ်တစ်ဦး ရေတွင်းထဲ ပြုတ်ကျသေဆုံး
ကလောမှာ အသက် (၅)နှစ်အရွယ် ကလေးငယ်တစ်ဦး ခြံအတွင်းမှာရှိတဲ့ မြေသားရေတွင်းထဲပြုတ်ကျပြီး ဇွန်လ (၁၈)ရက် နေ့လည်ပိုင်းက သေဆုံးခဲ့ပါတယ်။
အောင်ပန်းတိုက်နယ်ဆေးရုံမှ ဇွန်လ(၁၈)ရက်နေ့ မွန်းလွဲ(၁၂)နာရီ (၅၀)မိနစ် အချိန်ခန့်က ကလေးငယ်တစ်ဦး ရေနစ်သေဆုံးတဲ့ အလောင်းအားရောက်ရှိနေကြောင်း သတင်းအရ ကလောမြို့နယ်ရဲစခန်းမှ တာဝန်ရှိသူတွေ သွားရောက် စစ်ဆေးရာ အောင်ပန်းမြို့ မင်္ဂလာရပ်ကွက်နေ မိခင်ဖြစ်သူ အသက် (၃၈)နှစ်အရွယ် မသန်းလှမှာ ခြံအတွင်းအလုပ်သွားလုပ်ရာ သားဖြစ်သူ မောင်ကောင်းစည်သူထွန်း (၅)နှစ်က ခြံအတွင်းဆော့ကစားရာမှ အချင်း(၄)ပေခန့်၊ အနက်(၁၀)ပေ၊ ရေအနက် (၇)ပေရှိ မြေသားရေတွင်းထဲ ပြုကျသေဆုံးခဲ့ကြောင်း သိရပြီး အလောင်းအားစစ်ဆေးရာ ပြင်ပဒဏ်ရာ တစ်စုံတစ်ရာမျှမတွေ့ရပဲ ခြေထိပ်/လက်ထိပ်နှင့် နှုတ်ခမ်းများရေနှုးပြီး ပြာနမ်းလျက် လျှက်ထွက် သေဆုံးသိရပါတယ်။
မောင်ကောင်းစည်သူထွန်း (၅)နှစ်သေဆုံးမှုနဲ့ ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ်ကို စစ်ဆေးနိုင်ရန် သေဆုံးမှု သေမှုသေခင်း အမှတ်စဉ်(၈/၂၀၁၉)အရ ကလောမြို့မရဲစခန်းမှာ အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရပါတယ်။
Source : ရွှေတြိဂံဒေသသတင်းလွှာ