Skip to main content

Posts

Showing posts from April, 2020

ဘီပိုး၊ စီပိုးနှင့် ကင်ဆာရောဂါ အမျိုးမျိုးကို သက်သာ ပျောက်ကင်းစေနိုင်တဲ့ တပင်တိုင်မြနန်း

ဤဆေးကြီးသည် ကင်ဆာရောဂါဖြစ်၍ နောက်ဆုံးဆေးရုံမှလက်လျှော့ကာပြန်ဆင်းလာသူများ ၃ လသာခံမည်။ ၆ လသာခံမည်။ ဟုဆိုသော လူနာများအား ကင်ဆာရောဂါမှ ငွေကြေး အကုန်အကျသက်သာစွာဖြင့်ပျောက်ကင်းလာကြသည် မှာမနည်းတော့ပါ။ အဓိက ပျောက်ကင်း နိုင်သောရောဂါများမှာ သားအိမ်ကင်ဆာ၊ရင်သားကင်ဆာ၊သားဥပြွန်ကင်ဆာ၊အသည်း ကင်ဆာ၊အဆုတ် ကင်ဆာ၊ အစာ အိမ်ကင်ဆာ၊လည်ချောင်းကင်ဆာ၊ သွားဖုံးကင်ဆာ၊အရိုးကင်ဆာ၊အူမကြီးကင်ဆာ၊နား-နှာခေါင်းစသည့်ကင်ဆာရောဂါများကိုအမြစ်ပြတ်ပျောက်ကင်းစေပါသည်။ ဝေဒနာရှင်များ ဤဆေးကိုပုံမှန်သုံးစွဲခြင်းဖြင့်ပျောက်ကင်းစေပါသည်။ အခြားပျောက်ကင်းနိုင်သောရောဂါများမှာ-အသည်းရောင်အသားဝါ “B”ပိုး”C”ပိုး လေး ဘက်နာရောဂါ၊ဂေါက်ရောဂါ၊ အဆစ်အမြစ်ကိုက်ခဲခြင်း၊ရေဖျဉ်းရောဂါ၊အစာအိမ်ရောဂါ၊ငှက်ဖျားရောဂါ၊အနာဆိုး၊အနာပျက်များ၊အဆီကျိတ်၊အသားကျိတ်နှင့်အခြား အဖုအကျိတ်အမျိုးမျိူး၊အရေပြားပေါ်ရှိယားနာ၊ဖြူနီကွက်များ၊ အဆုတ်ရောင် အဆုတ်ရေဝင်၊အဆုတ်ပွ၊ရင်ကျပ်ချောင်းဆိုးစသည့်ရောဂါများကိုသွေးလိမ်း သွေးသောက် ပေးရုံဖြင့် သက်သာပျောက်ကင်းစေပါသည်။ Credit : ဆေးမြီးတိုမှတ်စု

ထိုင်းနိုင်ငံမှာ ကားတိုက်ခံရပြီး သေဆုံးသွားတဲ့ မြန်မာ ဇနီးမောင်နှံ (၂) ဦး

ကျန်ရစ်သူ နှစ်ဖက်သော မိသားစုတွေနဲ့ ထပ်တူ ဝမ်းနည်းကြေကွဲစွာဖြင့် ။ ။ 23/4/2020 ရက် နေ့ ဆူလပ်မြို့နယ် ဒူးရမ်းသီးခြံလုပ်သားဇနီး မောင်နှံတို့နှစ်ဦးသည် နံက်9:0နာရီ စျေးသွားဝယ်ပြီး ဆိုင်ကယ်နှင့် ပြန်လာရာတွင် ကားတိုက်ခံထိ၍ အမှုဖြစ်သောနေရာတွင် နှစ်ယောက်စလုံး သေဆုံးသွားကြောင်း သူဌေးမထံ ဖုန်းဆက်မေးမြန်းချက်အရ သိရပါသည်။ ဖြစ်စဉ်မှာ ကားမောင်းလာသူ ထိုင်းအမျိုးသမီးသည် ခင်ပွန်းဖြစ်သူနှင့် ရန်ဖြစ်ပြီး ဒေါသကြီးစွာဖြင့် ကားအရှိန်ပြင်းစွာ ညာဖက်ခြမ်း လမ်းကျော် မှားမောင်းခြင်းကြောင့် ယာဉ်တိုက်မှု ဖြစ်ကြောင်းလည်း ပြောပြပါသည်။ သေဆုံးသူ ဇနီးမောင်နှံတို့ နှစ်ဦးသည် အလွန်ပင် စိတ်သဘောထားကောင်းကြောင်း နောက်ထပ် ဒီလိုစိတ်ထားကောင်းတဲ့သူမျိုးရှာ မတွေ့နိုင်တော့ကြောင်း သူဌေးမမှ ဝမ်းနည်းစွာ ငိုကြွေးပြီးပြောပြပါသည်။ သေဆုံးသူဇနီးမောင်နှံနှစ်ဦးတို့သည် ကျနော်တို့ အလုပ်သမားအရေး စည်းရုံးရေးသွားဖူးစဉ်က ဒူးရမ်းသီးခြံအတွင်း နေအိမ်တွင် ထမင်းဟင်း ကျွေးမွေးဖူးပါသည် ဒူးရမ်းသီးလက်ဆောင် ပေးဖူးကြပါသည် နှစ်ယောက်စလုံး စိတ်ထားကောင်းပြီး အလုပ်သမားအရေးကို ကူညီဆောင်ရွက်တတ်သူလည်းဖြစ်ပါသည်။ အစစအရာရာ စိတ်ထားကောင်းလွန်းသော ညီငယ်တို့ ဇနီးမောင်နှံ ဖ...

ကိုဗစ် ကာလမှာ သုံးဖို့ စက်ရုပ် ထမင်းပို့ ကားတွေနဲ့ ဆေးဖြန်း စက်ရုပ် ကားတွေကို တီထွင်လိုက်တဲ့ မြန်မာအဖွဲ့ (ရုပ်သံဗီဒီယို)

ကိုဗစ် ကာလမှာ သုံးဖို့ စက်ရုပ် ထမင်းပို့ ကားတွေနဲ့ ဆေးဖြန်း စက်ရုပ် ကားတွေကို တီထွင်လိုက်တဲ့ မြန်မာအဖွဲ့ (ရုပ်သံဗီဒီယို) ကိုဗစ်ကျန်းမာရေး စောင့်ကြည့် လူနာများအတွက် ကျန်းမာရေး အထောက်မကူပြု ပစ္စည်း စက်ရုပ် ဆေးဖြန်းကားနှင့် ဆေးပေး၊ ထမင်းပို့ စက်ရုပ် ကားများကို Super Brother Engineer Group ကိုနောင်နောင်မှ တည်ထွင် ထုတ်လုပ် စမ်းသပ် မောင်းနှင်ပြီး ထုတ်လုပ်ပုံ နည်းပညာများကို လှူဒါန်းပေးသွားပါမည်။ ဗီဒီယို သုံးခုတင်ပေးထားပါတယ်။ အောက်မှာကြည့်ပါ။ ဗီဒီယိုဖိုင် (၁) ဗီဒီယိုဖိုင် (၂) ဗီဒီယိုဖိုင် (၃) Video Credit : အက်မင်

“ပရိတ်တွေ ပဌာန်းတွေ ရွတ်နေလို့ ကိုရိုနာ ရောဂါ ပျောက်မှာလား” ဆိုတဲ့ မေးခွန်းကို ဆရာတော်တစ်ပါးရဲ့ ယုတ္တိရှိရှိ ဖြေကြားချက်

”အရှင်ဘုရားတို့..ညစဉ် ပဌာန်းရွတ်၊ရတနသုတ်တွေရွတ်နေရုံနဲ့ Covid.19ရောဂါ ပျောက်မယ်ထင်လို့လား။ တပည့်တော်အမြင်ကတော့ လုံးဝမ‌သက်ဆိုင်ဘူးလို့မြင်တယ်။ အဲဒီယုံကြည်မှုတွေက ဒုက္ခရောက်မဲ့ယုံကြည်မှုတွေလို့မြင်တယ် ဘုရား။တပည့်တော် ကျောင်းဆရာတစ်ယောက်ပါ။တရားနာရလို့ ဖားလေး နတ်ဖြစ်တာ၊လင်းနို့သားတွေ ရဟန္တာဖြစ်တာမပြောနဲ့ဘုရား..တပည့်တော်မယုံဘူး..တဲ့။( ကျောင်းဆရာတစ်ယောက်ရဲ့စာပါ။ ) ” အော်..ကျောင်းဆရာကိုး။ ဒကာရေ့..ဘေးနားမှာ လျှပ်စစ်မီးလွှတ်ထားတဲ့ဝါယာစလေးများရှိရင်..လက်နဲ့ကိုင်လိုက်စမ်းပါ။ ဓာတ်လိုက်ပြီးသေသွားလိမ့်မယ်‌နော်။လျှပ်စစ်ဟာ သက်မဲ့ဆိုပေမဲ့..ဓာတ်ကူးပြီးအစွမ်းပြ လူသတ်နိုင်တယ် ဒကာရဲ့။မယုံဘူးဆိုပြီး သွားမစမ်းနဲ့နော်ဒကာ။(ဒကာ..စာတတ်အောင်သင်ဖူးခဲ့မယ်ဆိုရင် chemistry မှာ ဓာတ်ပြုခြင်း၊ဓာတ်ကူးခြင်းသဘောတွေ နားလည်မှာပါ။ အလွတ်ကျက်အောင်လာတဲ့သူဆိုရင်တော့နားလည်မှာမဟုတ်ဘူးဒကာရဲ့။) နောက်တစ်ချက်က..ဒကာဟာ ကျောင်းဆရာဖြစ်နေပေမဲ့ စကားလုံးတွေရဲ့ စွမ်းအားကိုနားမလည်တဲ့ကျောင်းဆရာဖြစ်နေတာကတပည့်တွေအတွက် ကံဆိုးမှု တစ်ခုပါပဲ။ ဒကာက ရုန့်ရင့်ကြမ်းတမ်းတဲ့စကားလုံးတွေနဲ့တစ်စုံတစ်ယောက်ကို ပစ်ပေါက်နေမယ်(ဆဲနေမယ်) ဆိုရင်..အဲဒီစကားလုံးတွေကအဆဲခံရ...

ဆေးခြောက်ပင်မှ ထုတ်ယူ ရရှိသော CBD (Cannabidiol) ဆေးဝါးဖြင့် ကိုဗစ် လူနာများကို စမ်းသပ် ကုသမည့် အစ္စရေးနိုင်ငံ

အစ္စရေး Biotech ကုမ္ပဏီ ကနေပြီးတော့ COVID-19 Treatment အတွက် CBD-Enhanced Clinical Trials ကို ဒီလထဲမှာပဲ စမ်းသပ်သွားမယ်လို့သိရပါတယ်။ Stero Biotechs မှ ယခုလတနင်္ဂနွေနေ့တွင် Coronavirus ကူးစက်ခံထားရသောသူများ၏ သက်ရောက်မှုများကို လျော့ချရန် မျှော်လင့်ချက်ဖြင့် ယခုလတွင် လက်တွေ့စမ်းသပ်မှု တစ်ခုပြုလုပ်သွားမယ်လို့လဲ သိရပါတယ်။ လေ့လာမှုကိုအစ္စရေးနိုင်ငံ၊ Petah Tikva ရှိ Rabin Medical Center Golda HaSharon ကျောင်းပရဝုဏ်၌ ချက်ချင်းစတင်ပါသွားမည်ဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် ဆေးရုံတင်ထားရသည့်လူနာများကို Steroid-CBD ကုသမှု ကုမ္ပဏီက စမ်းသပ်မှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ဆေးရုံတင်ထားရ လူနာများအတွက် Steroid ကုသမှုပထမ ဦး ဆုံး သို့မဟုတ် ဒုတိယလိုင်းဖြစ်ပါတယ်။ CBD သည် Steroid ကုသမှု၏ ကုထုံးဆိုင်ရာ အကျိုးသက်ရောက်မှုကို ပိုမိုကောင်းမွန်စေပြီးဗိုင်းရပ်စ် ပိုး၏ ဇီဝယန္တရားကိုကုသပေးတယ်လို့ဆိုပါတယ်။ COVID-19 ကူးစက်ခံထားရသော ဆေးရုံတက်နေသည့် လူနာများအတွက် ကနဦး လေ့လာမှုသည် CBD ဆေးဝါးကုသမှု၏ခံနိုင်ရည်၊ လုံခြုံမှုနှင့် ထိရောက်မှုကို အကဲဖြတ် ပေးနိုင်လိ့မ်မည်ဟု Stero သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ Stero Biotechs Com...

ကျန်းမာရေး ၀န်ထမ်းများ၏ ကားများကို ဆီဈေး လျှော့ယူပေးနေတဲ့ ဦးဇော်ဇော်

ယခုအခါ COVID -19 ကြောင့် ပြည်သူတွေအတွက်အစိုးရမှ ထောက်ပံ့မှုများ ပြုလုပ်ပေးနေပြီး ပရဟိတ အဖွဲ့အစည်းများမှလည်း တတ်အားသရွေ့ ကူညီ ဆောင်ရွက်ပေးနေကြတဲ့ ကာလ ဖြစ်ပါတယ်။ ယခုအခါ Max ဇော်ဇော်ဟု လူသိများသော Max ဆီဆိုင်ပိုင်ရှင် ဦးဇော်ဇော်မှ သူ၏ဆိုင်တွေ စက်သုံးဆီလာထည့်ထားသော ကားများအနက် ကျန်းမာရေးဝန်ထမ်းကားများ လူနာတင်ယာဉ်များနှင့် ရဲ့ကားဆိုရင် ဆီဈေးကို ဈေးလျှော့ယူပေးနေတယ်ဆိုပြီး ဆရာဝန်တစ်ဦး၏ လူမှုကွန်ယက် စာမျက်နှာမှာအောက်ပါအတိုင်း ရေးသား ဖော်ပြပေးထားတာဖြစ်ပါတယ်။ ဦးဇော်ဇော်၏ လေးစားစရာ လုပ်ရပ်တစ်ခု Max ဆီဆိုင်ကနေ အထွက်ကို မျက်ရည်တွေဝဲပြီးထွက်လာရလိမ့်မယ်လို့ တသက်နဲ့တစ်ကိုယ်မထင်ခဲ့ဖူးဘူး။ ဒီနေ့ဆေးရုံကအပြန် scrub suit နဲ့ပြန်လာပီးဆီဝင်ဖြည့်တယ်ပေါ့။ scrub suit နဲ့ဆိုတော့ဆီဖြည့်ပေးတဲ့ ကောင်လေးက အမက ဆရာဝန်လားတဲ့။ ဟုတ်တယ်လို့ ပြန်ဖြေပီး (စိတ်ထဲမှာတော့ ငါ့များမောင်းထုတ်မလို့လားလို့ ထိတ်ခနဲဖြစ်သွားတယ်)။ ဘာဖြစ်လို့လဲလို့ ပြန်မေးတော့ ကျနော်တို့ ဆီဆိုင်က ဆရာဝန်တွေဆို 92 ၁ လီတာကို ၂၅၀ နဲ့ ဈေးလျော့ပေးနေပါတယ်တဲ့။ ကိုယ်ကျေနပ် ပီတိတွေဖုံးပြီး မျက်ရည်တွေ ဘာတွေ ဝဲပြီး ပြုံးဖြီးဖြီး ဖြစ်သွားတဲ့ မျက်နှာကို ဦးဇော်ဇော်ကြီး...

အဆီတွေ တဝုန်းဝုန်း ကျချင်သူများအတွက် နည်းလမ်း

အဆီတွေ တဝုန်းဝုန်း ကျတာပါ။ Detox water သောက်ကြည့်ချင်ရင် နည်းပေးမယ်။ သခွားသီး တစ်ဝက်၊ ပူစီနံ ၁ စည်း၊ ဂျင်း လက်တစ်ဆစ်၊ သံပုရိုသီး ၁ လုံး။ ရေခရားထဲ အပြည့်ထည့်။ ညအိပ်ချိန် ရေခဲသေတ္တာထဲ ထည့်ထား။ (ရေခဲသေတ္တာက မအေးရင်တော့ အချဥ်တေ ပေါက်ကုန်မှာနော် သာမာန် အေးရုံ ဆိုရပြီ ခဲစရာမလို)။ မနက်လင်းတာနဲ့ ရေအစားသောက်။ ကုန်ရင် ရေဖြည့်သောက်။ တစ်နေ့လုံးသောက် အားတိုင်းသောက် အစားမစားဘဲ သောက်ရင် ပိုကောင်း။ မနေနိုင်ရင် နည်းနည်းဘဲစား။ တစ်ပတ် နှစ်ခါ လုပ်သင့်။ အဆီတေွက တဝုန်းဝုန်းဘဲ ကျတာ။ ဗိုက်ပူတာလောက်က အေးဆေး။ Credit - မူရင်းရေးသားသူ

ဆိုင်ကယ် တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်လို့ ပြေးကောက်ပြီး ဖွင့်ကြည့်လိုက်တာ

ဗန်းမော်မြို့က ထူးခြားဖြစ်စဉ် တစ်ခု မြေနုစျေးမှာ စျေးရောင်းသူ ဝယ်သူ Mask တပ်မတပ် ကြည့်ရှု့စဉ်။ ဆိုင်ကယ်တစ်စီးနဲ့ လူတစ်ယောက် စာအိတ်တွေ လိုက်ချနေတာ မြင်တော့ ဘာတိုင်သလည်းပေါ့ ပြေးကောက်ပြီးဖွင့်ကြည့်လိုက်တယ်။ အထဲမှာ Maskတစ်ခု ငွေ ၃၀၀၀ စာရွက်တစ်ရွက် စာဖတ်ပြီး အော်....တော်လိုက်တာ။ သာဓုပါဗျာ အမည်မဖော်ပဲ ကုသိုလ်လုပ်တာ အမြတ်ဆုံးပါ။ ဒါနဲ့ စျေးရောင်းတဲ့ ဆင်းရဲပုံရှိတဲ့ သားအမိကို တဆင့်ပြန်ပြီး ပေးလိုက်ပါတယ်။ ဂုဏ်ယူလျှက် Credit : Kyaw Sweo Kyaw Swe

ထိုင်းကနေ မြန်မာပြည်ကို ပြန်လာပြီး Quarantine ၂၁ ရက် နေခဲ့ရတဲ့ အမျိုးသမီး တစ်ဦးရဲ့ အတွေ့အကြုံ

ယခု သတင်းကို ( Thet Oo Naing ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ အမြင်မှန်ကြလို့ အမှန်မြင်ကြပြီ။ "ကျမ ထိုင်းကနေမြန်မာဖက် မြဝတီကိုပြန်ရောက်ပြီး မြဝတီမှာ Quarantine ၂၁ရက်နေရမယ် ဆိုတော့ အလွန်စိတ်ညစ်ခဲ့ပြီး ဒီစခန်းကိုရောက်ရှိတဲ့နေ့မှာငါတို့တော့ထောင်ကျပြီလို့ခံစားလိုက်ရပါတယ်။ ကျမလေ...ထိုင်းမှာ ၅ နှစ်အလုပ်လုပ်ခဲ့ရတယ်မိသားစုတွေ အဖေအမေတွေနဲ့တွေ့ ချင်စိတ်က အရမ်းပြင်းထန်နေချိန်မှာဒီစခန်းမှာ ၂၁ ရက်နေရမယ်ဆိုတော့စဉ်းစား ကြည့်ပေါ့ရှင်။ ကျမလိုပဲအားလုံးဟာစ်ိတ်ညစ်နေကြပါတယ် ဒီလိုနဲ့နေလာလိုက်တာ.... ကျမတို့ကိုမနက်စာ၊နေ့လည်စာ ၊ ညစာထမင်း ၃ နပ်ကျွေးတယ်၊ဆာတဲ့အချိန်စားဖို့ဆိုပြီး မားမားခေါက်ဆွဲထုတ်တွေ အပြည့် ထားပေးတယ်၊အိုဗာတင်း၊ကော်ဖီ၊အအေးတွေကိုလည်းတစ်နေ့ ၃ ကြိမ် လောက်တိုက်ကျွေးကြတယ်။ ကျမတို့ရဲ့ ကျန်းမာရေးကိုလည်း နေ့စဉ် ၂ ကြိမ်စစ်ဆေးတယ်၊ ကျမတို့တတွေကျန်းမာရေး အတွက်ဆိုပြီး မနက်ပိုင်း ညနေပိုင်း ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ လုပ်ရပြန်တယ် သောက်သုံးရေ၊ချိုးရေဆိုလည်းအဆင်သင့် ပြီးတော့အားလုံးကိုကုတင် တစ်လုံးစီနဲ့စောင်၊ခြင်ထောင်အပြည့်အစုံထားပေးတယ်။ တာဝန်ရှိသူတွေဟာလည်း တစ်ချက်မှနားရတယ်မရှိ...

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ ဟောစာတမ်း

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခုနှစ် ဧပြီလ ၂၃ ရက်မှ ၂၉ ရက်နေ့အထိ ဟောစာတမ်း တနင်္ဂနွေသားသမီးများ ဒီကာလအတွင်းစီးပွားဝင်ငွေ အနည်းငယ်ညံ့နေတတ်သည်။ ပြည်ပနှင့် ဆက်သွယ်လုပ်ကိုင်ထားသော စီးပွားရေးလုပ်ငန်းများ တွင် အပြောင်းအလဲတစ်စုံတစ်ရာရှိနေမည်။ ဝန်ထမ်းဖြစ်ပါက ဌာနအတွင်း အဆင်မပြေခြင်း များ ဖြစ်ရတတ်ပါတယ်။ တေ့တေ့ဆိုင်ဆိုင်ပြောဆိုထားသော အိုး၊ အိမ်၊ ခြံ၊ မြေ အရောင်းအဝယ် ကိစ္စများ မမျှော် လင့်ဘဲ အဆင်ပြေသွားလိမ့်မည်။ ဝန်ထမ်းဖြစ်ပါက စုတ်ရော၊ လာဘ်ရော နှစ်မျိုးစလုံးဝင်မည်။ တစ်ပါးသူအပေါ် အလွယ်တကူ ယုံကြည်တတ်ခြင်း၊ အားနာတတ်ခြင်းများကို အထူးသတိ ထားရန် လိုအပ်ပါတယ်။ အားနာမိ၍ ငွေကြေးစိုက်ထုတ်လုပ်ကိုင်ရခြင်းများ၊ တာဝန်ယူအာမခံလိုက်ခြင်းများကြောင့် သူများအမှု ကိုယ့်ကို ပတ်တတ်ပါ တယ်။ ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်မည်ဆိုပါက မည်သည့်လုပ်ငန်းမျိုးကိုမဆို လုပ်ကိုင်နိုင်ပါတယ်။ ငယ်ရွယ်သူ များ အချစ်ရေးတွင် ပဋိပက္ခဖြစ်နေမှုများမှ အဆင်ပြေသွားမည်။ တစ်ဦးနှင့်တစ်ဦး နားလည်မှုရှိရန် ကြိုးစားပါ။ ပညာ ရေးအတွက် မိမိဆန္ဒကို ဖြည့်ဆည်းပေးမည့်သူများ ပေါ်ပေါက်လာတတ်ပါတယ်။ ကျန်းမာရေးတွင် နား၊ နှာခေါင်း၊ လည်ချောင်း၊ အစာပြွန်တစ်လျှောက်တွင် ဝေဒန...

COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက်(၉:၀၀)နာရီ

COVID-19 ရောဂါ စောင့်ကြပ် ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်း ထုတ်ပြန်ခြင်း (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက်(၉:၀၀)နာရီ ၁။ ဆေးသုတေသနဦးစီးဌာန (ရန်ကုန်) ၏ (၂၃-၄-၂၀၂၀) ရက်နေ့၊ ညတွင် စစ်ဆေးခဲ့သော ဓာတ်ခွဲနမူနာ (၆၄) ခုအနက် (၇) ဦး၏ ဓာတ်ခွဲနမူနာများတွင် COVID-19 ရောဂါပိုးတွေ့ရှိ (တွေ့ရှိ)ရပြီး ကျန် (၅၇) ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိ (မတွေ့ရှိ) ပါ။ ၂။ သို့ဖြစ်ရာ မြန်မာနိုင်ငံတွင် (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၉)နာရီ အချိန်အထိ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၁၃၉) ဦးရှိပြီဖြစ်ပါသည်။ ၃။ အဆိုပါလူနာသစ်များအား သက်ဆိုင်ရာဆေးရုံများသို့ လွှဲပြောင်း၍ သီးခြားထားရှိ ကုသမှုပေးသွားမည် ဖြစ်ပါသည်။ ၄။ ဓာတ်ခွဲအတည်ပြုလူနာများ၏ သတင်းအပြည့်အစုံကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထပ်မံထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။ (မှတ်ချက်။ ။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်)မှ (၂၃-၄-၂၀၂၀) ရက်နေ့တွင် စစ်ဆေး ခဲ့သော ဓာတ်ခွဲနမူနာများတွင် လူနာသစ် (၅) ဦးတွေ့ရှိခဲ့မှုကို (၂၄-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၀:၃၀) နာရီတွင် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။) Source : Ministry of Health and Sports, Myanmar

မွေးကင်းစ ကလေးရှိတဲ့ မိဘတိုင်းနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ သိထားဖို့

"2020.04.12 ည" သားလေးကြောင့် ကျွန်မတို့ လင်မယား မျက်ရည်ကျမိတဲ့ တစ်ည။ မွေးကင်းစ ကလေး ရှိတဲ့ မိဘတိုင်းနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတိုင်း အဆုံးထိ ဖတ်ပေးပါ။ သားလေး မွေးတာ ဒီနေ့နဲ့ဆို ၁၈ ရက် ရှိပြီ။ ဆေးရုံမှာ ဆေးရုံတက်စဥ်တုန်းက ဆရာဝန် သူနာပြု ဆရာဆရာမ အားလုံးက ကလေးက သိပ် အေးကြောင်း၊ တကယ် သဘောကောင်းကြောင်း ဝိုင်းပြောကြတယ်။ ဆေးရုံဆင်းတော့ ဆရာမတွေ အားလုံးကတောင် ဝမ်းနည်းနေကြတယ်။ ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီး အိမ်ရောက်ပြီး သုံးလေးရက် နေတော့ လုံးဝ မငိုတဲ့ အနေအေးတဲ့ ကလေးလေးက ညတွေ မအိပ်တော့ဘဲ ထ ထ ငိုပြီး မနက်လင်းအားကြီးမှ အိပ်တော့တယ်။ ကလေး နေ့ည မှားမှန်း ရိပ်မိလို့ ပါးစပ်ပြော ကုထုံးတွေထက် လက်တွေ့ကျတဲ့ နည်းလမ်းကို ရှာဖွေပြီး ကျွန်မ ကလေးကို နေ့ညမှန်အောင် ကျင့်ပေးတယ်။ မနက်ခင်း ၈နာရီလောက် သေချာပေါက် နှိုးပေးပြီး၊ နေရောင်ခြည် ပြပေးတယ်။ ဒီ နည်းက သဘာဝဖြစ်စဥ်ကို ခန္ဓာကိုယ်ကနေ အလိုလို သိစေတယ်လို့ ဆိုတယ်။ ဒီလိုနဲ့ ကလေးက နေ့ည မှန်သွားတယ်ပေါ့။ ဒါပေမယ့် နေ့ည မှန်လို့မှ မကြာသေးဘူး။ နေ့ခင်းလည်း လုံးဝ မအိပ်၊ အမေ နို့ပဲ တစ်ချိန်လုံး တောင်းပြီး နို့စို့ပြီး အိပ်ပြီဆိုပြီး ခုတင်ပေါ် ချလိုက်တာနဲ့ ငို၊ ငိုတာလည်း...

သားရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေအားလုံးကို ကိုဗစ်ကာလ အတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရွာသားများကို လှူဒါန်းလိုက်တဲ့ မိသားစု

သားရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေအားလုံးကို Covid-19 ကာလအတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရွာသားများကို လှူဒါန်းလိုက်တဲ့ မိသားစု သားအတွက် ရှင်ပြုဖို့ ရည်စူးထားတဲ့ ကုန်ကျစရိတ်တွေအားလုံးကို Covid-19 ကာလအတွင်း အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ရွာသားများကို တစ်အိမ်ထောင် ဆန်(၁၀)ပြည်၊ ဆီ(၅၀)ကျပ်သား လှူဒါန်းလိုက်ပါတယ်။ အလှူရှင်များကတော့ မုံရွာမြို့နယ် ကြေးမုံကျေးရွာမှ ဦးကျော်မင်း + ဒေါ်တိုက်ကြည် တို့၏သား ဒေါက်တာမင်းမင်းစံ + မဆွိဆွိတို့ မိသားစုဖြစ်ပါတယ်။ ကျေးရွာထဲမှာရှိတဲ့ အိမ်ထောင်စု (၄၈၀) ကို ဧပြီလ ၂၂ ရက်နေ့ နံနက် (၈) နာရီကနေ စတင်လှုဒါန်းခဲ့ပြီး ရွာသားများကို စနစ်တကျ တစ်ဦးချင်းစီ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ယခု သတင်း ကို ( တင့်လွင် ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ သတင်း/ဓါတ်ပုံ − တင့်လွင်

အိပ်ယာထဲ လဲပြီး နာမကျန်း ဖြစ်နေတဲ့ ဧရာကို ငွေ (၁၀) သိန်း လှူဒါန်းခဲ့တဲ့ မြင့်မြတ်

အ ကယ်ဒမီမြင့်မြတ်က အောင်မြင်တဲ့ မင်းသားတစ်လက်ပီပီ ရုပ်ရှင်ဇာတ်ကားတွေကို လက်မ လည်ေ အာင် ရိုက်ကူးရသူတစ်ယောက်ပါ။ မြင့်မြတ်က သူရရှိသမျှ အနုပညာကြေးတွေကို အလှူအတန်းတွေ ပြုလုပ်လေ့ရှိပြီး အကျိုးရှိတဲ့ နေရာတွေမှာသာ အသုံးချသူတစ်ယောက်ပါပဲ။ မြင့်မြတ်က လက်ရှိဖြစ်ပွားနေတဲ့ Covid – 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ဝေဘာ ဂီဆေးရုံကို အလှူငွေ သိမန်း (၁၆၀) ကျော်ကို လှူဒါန်းထားသူတစ်ယောက် ဖြစ်ပါတယ်။ မြင့်မြတ်က သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ဟာသလူရွှင်တော်ကြီး ဧရာကို အလှူငွေ (၁၀) သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ လူရွှင်တော်ကြီး ဧရာက ကျန်း မာေ ရးမကောင်းတာကြောင့် အိမ်ယာထဲလဲနေခဲ့ရတာဖြစ်ပြီး ရုပ်ရှင်မရိုက်တာ အတော်ကြာပြီ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့ အခုလို လှူဒါန်းမှုကြောင့် လူရွှင်တော်ကြီး ဧရာအတွက် အထောက်အပံ့ကောင်း တစ်ခုဖြစ်မှာ အသေအချာပါပဲ။ အနုပညာသမားအချင်းချင်း အခုလို ကူညီထောက်ပံ့ပေးတဲ့ မြင့်မြတ်ရဲ့ ကုသိုလ်ကိုလည်း ဝမ်းမြောက်စွာ သာဓုခေါ်ပေးလိုက်ပါတယ်နော်။ Credit : Shwe Wiki

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၉-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း (၉-၄-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ ၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ရောဂါရှာဖွေ၍ ထိရောက်စွာ ကုသမှုပေးခြင်း၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့မှုရှိခဲ့သူများအား ရှာဖွေဖော်ထုတ်၍ အသွား အလာကန့်သတ်ခြင်း၊ လိုအပ်ပါကဆေးရုံတက်ရောက်ကုသမှုခံယူနိုင်စေရေး ဆောင်ရွက်ခြင်း၊ ပြည်ပနိုင်ငံများမှ ပြန်လည်ဝင်ရောက်လာသူများအား သက်ဆိုင်ရာ ဒေသအာဏာပိုင်အဖွဲ့များ၊ အခြားဌာနဆိုင်ရာများနှင့် ချိတ်ဆက်၍သတင်းရယူခြင်း၊ အသွားအလာကန့်သတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူလူထုမှ သတင်းမှန်များရရှိနိုင်ရေး အတွက်နေ့စဉ် သတင်းထုတ်ပြန်ခြင်းလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။ ၂။ (၈-၄-၂၀၂၀)ရက်နေ့၊ ညနေ (၆)နာရီအချိန်အရ COVID-19 ရောဂါ ဓာတ်ခွဲနမူနာ စစ်ဆေးသူ စုစုပေါင်း (၁,၄၀၆)ဦး ရှိပြီး ၎င်းတို့အနက် (၁,၃၈၄)ဦးတွင် COVID-19 ရောဂါပိုး မတွေ့ရှိရဘဲ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၂၂)ဦး တွေ့ရှိခဲ့ပါသည...

အုန်းရည်‌ သောက်ပေးခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများ

အုန်းရည်‌ သောက်ပေးခြင်းဖြင့် ရရှိလာမည့် ကျန်းမာရေး အကျိုးကျေးဇူးများ အုန်းရည်ဟာ ပိုတက်စီယမ်ဓာတ်ကြွယ်ဝတဲ့ အရည်တစ်မျိုးဖြစ်ပါတယ်။ အနေတော်အုန်းသီးတစ်လုံးမှာပါတဲ့ ပိုတက်စီယမ်ပမာဏဟာ ငှက်ပျောသီး (၄) လုံးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ပမာဏနဲ့ ညီမျှပါတယ်။ ဒါ့ကြောင့် အုန်းရည်ကို သောက်သုံးပေးရင် ရေငတ်ပြေရုံမက ကုန်ဆုံးသွားတဲ့ ပိုတက်စီယမ်နဲ့ ဆိုဒီယမ်များပါ ဖြည့်ပေးတာကြောင့် ခန္ဓာကိုယ်ပင်ပန်းနွမ်းနယ်မှုကို ပြေပျောက်စေပါတယ်။ နာမည်ကျော်အားကစားသမားတွေဟာ ကစားစဉ်အတွင်းမှာ အုန်းရည်ကို မကြာခဏသောက်ပေးခြင်းဖြင့် မောပန်းနွမ်းနယ်မှုလျော့နည်းစေတာကို တွေ့ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောတဲ့သူတွေလည်း ဓာတ်ဆားရည် အလွယ်တကူ ဝယ်မရတဲ့ဒေသများမှာ အုန်းရည်သောက်ပေးခြင်းဖြင့် ဆုံးရှုံးသွားတဲ့ ပိုတက်စီယမ်ဓာတ်နဲ့ ရေဓာတ်များကို ပြန်လည်ဖြည့်တင်းပေးရာရောက်ပါတယ်။ ဒါပေမဲ့ ကျောက်ကပ်မကောင်းတာကြောင့် ခန္ဓာကိုယ်ထဲမှာ ပိုတက်စီယမ်များပြီး ပြင်ပကိုမစွန့်ထုတ်နိုင်လို့ ပိုတက်စီယမ်များနေသူတွေ ဒါမှမဟုတ် အခြားအကြောင်းကြောင့် သွေးထဲမှာပိုတက်စီယမ်များနေသူတွေ အုန်းရည်ကို မသောက်သင့်ပါဘူး။ ပိုတက်စီယမ် အလွန်အကျွံများလာရင် နှလုံးကိုထိခိုက်ပြီး အသက်ဆုံးရှုံးနိုင်ပ...

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ သုံးဦး အထိ ရှိလာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်မြို့ဆေးရုံမှာတက်နေတဲ့ လူနာအမှတ် ၁၇ အမျိုးသားတစ်ဦးနဲ့ ရန်ကုန်မြို့ ဝေဘာဂီဆေးရုံက လူနာအမှတ် ၁၆ အမျိုးသမီးတစ်ဦးတို့ ဒီနေ့ ဧပြီလ ၈ ရက်နေ့က သေဆုံးသွားပါတယ်။ ပထမဆုံး သေဆုံးသူကတော့ ရန်ကုန် မင်္ဂလာတောင်ညွှန်မြို့နယ်က အသက် ၆၉ နှစ်အရွယ် လူနာအမှတ် ၅ အမျိုးသားတစ်ဦးဖြစ်ပြီး ဝေဘာဂီဆေးရုံမှာ ကုသမှုခံယူစဉ် မတ်လ ၃၁ ရက်နေ့က ကွယ်လွန်ခဲ့တာပါ။ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိသူ ၂၂ ဦးရှိပြီး သေဆုံးသူ သုံးဦးရှိသွားပြီ ဖြစ်ပါတယ်။ Source : RFA

ဝေဘာဂီ ဆေးရုံတွင် ဆေးကုသမှု ခံယူနေသော COVID-19 (Case-16) လူနာ အသက် ၆၃ နှစ်အရွယ် အမျိုးသမီး သေဆုံး

မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေသော COVID-19 (Case-16) လူနာ အသက် ၆၃ နှစ်အရွယ် ဆီးချိုရောဂါအခံရှိသည့် အမျိုးသမီးမှာ ဧပြီလ ၈ ရက်နေ့ နံနက်ပိုင်းက သေဆုံးခဲ့ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့နံနက်ပိုင်း Facebook Live လွှင့်မှုတွင် ပြောကြားခဲ့သည်။ အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ (Case-16) သည် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်တွင် နေထိုင်သူ၊ အသက် (၆၃) နှစ်ရှိသူ အမျိုးသမီးသည် (၁၅-၃-၂၀၂၀) ရက်နေ့တွင် ဒူဘိုင်းမှ ပြန်လာသော သားဖြစ်သူအား ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် သွားရောက်ကြိုဆိုခဲ့ပြီး၊ သားဖြစ်သူနှင့်အတူ မြောက်ဥက္ကလာပ မြို့နယ်တွင် ခေတ္တတည်းခိုနေထိုင်ခဲ့ကြောင်း သိရသည်။ ထိုသို့တည်းခိုနေထိုင်စဉ် နှစ်ပတ်ကြာခန့် မောပန်းနွမ်းနယ်ခြင်း ခံစားခဲ့ရကာ၊ (၃၀-၃-၂၀၂၀) ရက်နေ့တွင် ပိုမိုမောပန်းပြီး ကိုယ်အပူချိန် မြင့်တက်လာသဖြင့် မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ (၃၁-၃-၂၀၂၀) ရက်နေ့တွင် တက်ရောက် ကုသမှုခံယူခဲ့ကြောင်း သိရသည်။ အဆိုပါလူနာအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ် သီးသန့်ထားရှိကာ ဆေးကုသမှုများပေးခဲ့ပြီး ဓာတ်ခွဲနမူနာအား ပေးပို့...

မိသားစုလိုက် ကူးစက် ခံထားရတဲ့ ပြည်က လူနာ (၄) ဦးလုံးကို အနီးကပ် ပြုစုနေရတဲ့ ဆရာဝန်တစ်ဦး ရေးထားတဲ့ ခံစားချက်

ဒီအိမ်သား ၄ ယောက် positive လို့ကြားကတည်းက ငါ့ဆီရောက်တော့မှာလားအတွေးထက် ကလေးလေး ၂ ယောက်ပါတယ် ကြားကတည်းက ဝမ်းနည်းမိတယ်။ မိသားစုတစ်စုလုံး အကူးခံရတယ်ဆိုတာ နည်းတဲ့ကံကြမ္မာမှမဟုတ်တာ ကလေးတွေအတွက် စိုးရိမ်တယ် တခါတည်း သူတို့မိဘတွေ ဘယ်လို ခံစားရမလဲ ဆိုတာ တွေးတောင်မကြည့်ရဲဘူး ကိုယ်ကိုယ်တိုင်လည်း မိဘဖြစ်နေတဲ့အတွက် အရမ်းကိုခံစားမိတယ်။ ပထမဆုံး စတွေ့တဲ့ညမှာပဲ ကလေးတွေကိုမြင်ရတာ ပျော်တောင်သွားတယ် ကြောက်တာကတပိုင်းပေါ့။ positive လို့သာ တွေးပြီးကြောက်နေတာ သူတို့ကိုတွေ့တော့ နွေးထွေးတဲ့မိသားစုလေးနဲ့ ရိုးရိုးလူတွေပါပဲလို့ တမျိုးလေးတော့ဖြစ်သွားတယ်။ အခုထိကြည့်ခဲ့တဲ့တောက်လျောက်မှာ လည်း သူတိူ့ကတောင် ကိုယ်တွေကို ပြန်အားနာနေတယ်။ ဘဝတလျောက် ကုခဲ့တဲ့လူနာတွေထဲမှာ သံယောစဉ်အတွယ်မိဆုံး လူနာတွေ ဖြစ်နေခဲ့တာပဲ။ ကလေး ၂ ယောက်ကလည်းလိမ္မာလိုက်တာ ဘာမှကို ဂျီမကျတာပါ။ ခရစ်ယာန်တွေကပဲ ပိုစိတ်ကောင်းတာလားလို့တောင် တွေးမိတယ်။ လူကြီးတွေတောင် q 14 ရက်ကို compliant မျိုးစုံတက်နေပေမယ့် သူတို့တွေကအခုထိ ထူးထူး ခြား ဘာမှ မတောင်းဆိုခဲ့ဘူး။ သူတို့ဘယ်လောက်ကြောက်နေမလဲ အမေ အဖေတွေ ဘယ်လောက်တောင် ပူနေမလဲ icu ထဲက ထွက်တဲ့သူကထွက် ဝင်တဲ့သူက ဝင်ရနဲ့ ကလေးတ...

မလေးရှားမှာ လိုအပ်သူများ လိုသလို ယူနိုင်ရန် လှူထားပေးတာတဲ့

မလေးရှားမှာ လိုအပ်သူများ လိုသလို ယူနိုင်ရန် လှူထားပေးတာတဲ့ မြင်တိုင်း ကြည်နူးစရာလေးတွေ။ မလေးရှားမှာ လှူတဲ့ အလှူတဲ့။ လှူတဲ့ သူကလည်း နာမည်မဖော်၊ လိုအပ်သူများ လိုသလို ယူနိုင်ရန် လှူထားပါတယ်တဲ့။ တကယ့်မွန်မြတ်တဲ့အလှူပါ။ Credit : Win Aye

ပြည်မြို့ကုတင် ၅၀၀​ ဆေးရုံတွင် ဆေးကုသမှု ခံယူ​နေ​သော Positive လူနာ Case-17 ​သေဆုံး

ပြည်မြို့ကုတင် ၅၀၀​ ဆေးရုံတွင် ဆေးကုသမှု ခံယူ​နေ​သော Positive လူနာ Case-17 ​သေဆုံး ပြည်မြို့ကုတင် ၅၀၀​ ဆေးရုံတွင် ဆေးကုသမှု ခံယူ​နေ​သော Positive လူနာ Case-17 ဟာ ဒီက​နေ့မနက် ၃:၄၀ တွင်​သေဆုံးခဲ့ပါတယ် လို့ ပြည်အထွေထွေ ရောဂါကု ဆေးရုံမှ ဒုတိယ ဆေးရုံအုပ်ကြီးထံမှ ကနဦးသိရပါတယ်။ နောက်ဆက်တွဲ သတင်းများကို ဆက်လက်တင်ပြ ပေးသွားပါမည်။သတင်းအပြည့်အစုံကို Skynet UpToDate Channel တွင် ကြည့်ရှုနိုင်ပါသည်။ Source : Skynet UpToDate

"ဘုန်းဘုန်းရှိတယ် ဘုန်းဘုန်းရှိတယ်" ဆိုတဲ့ အားပေးမှုများနဲ့အတူ မြဝတီမြို့ Quarantine Centre များသို့ ဓမ္မဓူတဆရာတော် အရှင်ဆေကိန္ဒမှ ငွေကျပ် သိန်း (၁၀၀) ပေးပို့ လှူဒါန်းခဲ့

"ဘုန်းဘုန်းရှိတယ် ဘုန်းဘုန်းရှိတယ်" ဆိုတဲ့ အားပေးမှုများနဲ့အတူ မြဝတီမြို့ Quarantine Centre များသို့ ဓမ္မဓူတဆရာတော် အရှင်ဆေကိန္ဒမှ ငွေကျပ် သိန်း (၁၀၀) ပေးပို့ လှူဒါန်းခဲ့ (၆-၄-၂၀၂၀)ရက်နေ့ မနက် ၁၁နာရီအချိန် ဓမ္မဓူတဆရာတော် အရှင်ဆေကိန္ဒမှ မြဝတီ Quarantine Centreများတွင် အသုံးပြုရန်အတွက် COVID-19 ကာကွယ်၊ ထိမ်းချုပ်၊ ကုသရေး ခရိုင်အဆင့်စောင့်ကြည့်ရေးလုပ်ငန်းကော်မတီသို့ ငွေကျပ်သိန်း(၁၀၀) ပေးပို့လှူဒါန်းခဲ့ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဗိုလ်၊ ကရင်ပြည်နယ်လွှတ်​တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုနှင့် တာဝန်ရှိသူများက ဝမ်းမြောက်ဝမ်းသာစွာဖြင့် လက်ခံပေးခဲ့ကြပါသည်။ Covid 19နှင့်ပတ်သက်၍ မြဝတီမြို့တွင် လက်ရှိဆောင်ရွက်နေသော လက်ရှိ အခြေအနေများအား ဆရာတော်ဘုရားမှ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပြီး "ဘုန်းဘုန်း ရှိတယ်၊ ဘုန်းဘုန်း ရှိတယ်" ဟု အားပေးစကားများကို မေတ္တာ/ဂရုဏာရှေ့ထား မိန့်ကြားခဲ့ပါသည်။ ဆရာတော်ဘုရားကြီး၏ ယနေ့ လှူဒါန်းမှုအစုစုအတွက် သာဓုအနုမောဒနာခေါ်ဆိုနိုင်ကြပါရန်နှင့် ကုသိုလ်ပါဝင် လှူဒါန်းနို...

ညနေစာ လှူမည့် ထမင်းဘူးတွေပါ ငွေသပြာတွေ ရှိနေလို့တော့ မဟုတ်ပါဘူး စေတနာတွေ ရှိနေလို့ပါ

ပြည်တော်ပြန်များအား တစ်နေ့တာ အဟာရဒါနအတွက် ဩစတေးလျနိုင်ငံမှ အလှူရှင် မိသားစုမှညစာအတွက် ပုဇွန်တုပ်ကြော် ခရမ်းချင်းသီးပန်ထွေဖျော် ဂေါ်ဖီမုန်ညှင်းပြုတ် တို့စရာ အားလှူဒါန်းပါသည်။ ပျော်ပျော်ကြီးစားကြစေ။ ညနေစာ လှူမည့်ထမင်းဘူးတွေပါ။ ငွေသပြာတွေ ရှိနေလို့တော့ မဟုတ်ပါဘူး စေတနာတွေ ရှိနေလို့ပါ။ ငွေတွေပေါပေါများများ ချမ်းသာနေလို့တော့ မဟုတ်။ မေတ္တာတရားတွေ ပေါများ အင်အားတွေ များနေလို့ပါ။ စည်းစိမ်တွေဝန်းရံ ပကာသနတွေ ဝန်းရံနေလို့တော့မဟုတ်။ သစ္စာတရားစွမ်းအားတွေ နှလုံးသားမှာ ပြည့်နေလို့ပါ။ ဒီလိုကာလဒါနဆိုတာ လှူချင်တိုင်းလှူလို့မရဘူး ၁။ အလှူခံက ကိုယ့်အနီးနားရှိနေရမယ်။ ၂။အလှူပေးသောပုဂ္ဂိုဟ်က လှူနိုင်သောအင်အားရှိရမယ်။ ၃။ အလှူပေးအလှူခံ ရှိနေပြန်လည်း ဝေယျာဝစ္စလုပ်ပေးနိုင်သူပြည့်စုံရမယ်။ ၄။ အလှူပေးခွင့်ရသော အချိန်အခါကောင်းကြုံရမယ်။ ဒီလိုတွေ ကုသိုလ်မျိုးတွေ ပြုလုပ်နိုင်ခဲ့တာ (၁၀)ရက်ရှိပြီ တစ်နေ့ကို လေးကြိမ် အလှူလုပ်ပေးနိုင်တယ်။ တစ်ကြိမ်အလှူပေးရင် စုစုပေါင်းလူဦးရေ(၂၃၀)စာလှူပေးရတယ်။ ဒီလိုကုသိုလ်မျိုးတွေ လုပ်ခွင့်ရအောင် ဦးဆောင်ပေးနေသော ကံကြမ္မာကို သိပ်ပြီးကျေးဇူးတင်ပါတယ်။ ၆.၄.၂၀၂၀။ ၄:၂၂ ညနေခင်း။ Source : U Hladaw Hla...

အာဟာရ တန်ဖိုး မြင့်မားပြီး အရသာရှိလှသည့် ဒိန်ခဲ

ဒိန်ခဲ (Cheese) ဆိုသည်မှာ အာဟာရတန်ဖိုးမြင့်မားသော၊ အရသာရှိလှသည့် နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်ပါသည်။ နို့တိုက်သတ္တဝါများဖြစ်သော ကျွဲ၊ နွား၊ ဆိတ်၊ သိုး စသည့်သတ္တဝါများ၏နို့ကို အကျိုးပြုအဏုဇီဝဘက်တီးရီးယားများကသုံးပြီး အချဉ်ဖောက်ခြင်းမှရလာသော အတုံးအခဲလေးများဖြစ်ပါသည်။ ဒိန်ခဲစားလျှင် ပထမဆုံးအနေနှင့် အာဟာရဓာတ်များစွာရရှိသည့်အပြင် ပရိုဘိုင်အိုတစ်များလည်း ရရှိပါသည်။ ထို့အပြင် ခန္ဓာကိုယ်ကြီးထွားဆဲ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များအတွက် လွန်စွာသင့်လျော်ပါသည်။ ကျောင်းနေအရွယ်ကလေးများကို ယနေ့ခေတ်တွင် ခေတ်စားနေသော အကြွပ်ထုပ်များဝယ်ကျွေးမည့်အစား နို့နှင့် နို့ထွက်ပစ္စည်းများကိုသာ ဝယ်ကျွေးသင့်ပါသည်။ ဒိန်ခဲတွင်ပါဝင်သော အော်ဂဲနစ်ကယ်လ်စီယမ်များက အရိုးနှင့်သွားများကို ခိုင်ခံ့စေပါသည်။ ထို့အပြင် အရိုးနှင့်သွားများတည်ဆောက်ရာ၌ လိုအပ်သည့်ပရိုတင်းဓာတ်နှင့် ဗီတာမင်ဓာတ်များ လုံလောက်စွာပါဝင်သောကြောင့် အရပ်ရှည်ချင်သည့်ကလေးများ၊ အရိုးကျိုးသည့်ကလေးများအပြင် အသက် (၄၀) ကျော်သူများ၌လည်း အရိုးပါးအရိုးပွရောဂါမဖြစ်အောင် ကာကွယ်ရန်နှင့် ကုသရာ၌ များစွာအသုံးဝင်ပါသည်။ အထူးသဖြင့် သွားပိုးမစားအောင်ကာကွယ်ရာမှ...

အသက်ကို ပဓာနမထားဘဲ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများကို ဆရာတော် အရှင်ဆေကိန္ဒက ငွေကျပ် ၁ သိန်းစီနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့်

အသက်ကို ပဓာနမထားဘဲ ကြိုးပမ်း ဆောင်ရွက်ခဲ့သည့် ကျန်းမာရေး ဝန်ထမ်းများကို ဆရာတော် အရှင်ဆေကိန္ဒက ငွေကျပ် ၁ သိန်းစီနှင့် စားသောက်ဖွယ်ရာများ ဂုဏ်ပြုချီးမြှင့် ပြည်ပမှ ပြန်ရောက်လာသူများကို ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်းတိုက်တွင် ၁၄ ရက်ကြာ အသွားအလာ ကန့်သတ်စောင့်ကြည့်ခဲ့သည့် COVID-19 Quarantine လုပ်ငန်းစဉ်မှာ ပြီးမြောက်အောင်မြင်သွားခဲ့ပြီဖြစ်သည်။ Quarantine (14)ရက်တာကာလအတွင်း အသက်ပင် ပဓာနမထားပဲ ကြိုးပမ်းဆောင်ရွက်ပေးကြသော ကျန်းမာရေးဝန်ထမ်း တစ်ဦးစီကို ဆရာတော် အရှင်ဆေကိန္ဒမှ ငွေ(၁၀၀,၀၀၀)ကျပ်နှင့် ဆန်၊ ဆီ၊ စားစရာ အစရှိသည့် ပစ္စည်းများ ဂုဏ်ပြုချီးမြှင့်တော်မူခဲ့သည်။ ''ဂုဏ်ပြုထိုက်တဲ့တန်ဖိုးကို ငွေကြေးနဲ့ တန်ဖိုးဖြတ်တာမဟုတ်ပါဘူး။ တို့တွေနိုင်ခဲ့ပြီ''ဟု ဆရာတော် အရှင်ဆေကိန္ဒက မိန့်ကြားခဲ့ကြောင်း ဓမ္မဒူတလူငယ်အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Okkar Thein က သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။ Photo and Source : Okkar Thein

ဘဏ်သွားစရာ ကိစ္စလေးပေါ်လာလို့ အပြင်ထွက်ရမယ်ပေါ့ စိတ်ထဲမှာ တထင့်ထင့်နဲ့ ရောက်သွားတော့မှပဲ ကိုယ်တောင် အံ့ဩရတယ်

ဒီနေ့မနက် မဖြစ်မနေ ဘဏ်သွားစရာ ကိစ္စလေးပေါ်လာလို့ အပြင်ထွက်ရမယ်ပေါ့။ စိတ်ထဲမှာတော့ တထင့်ထင့်နဲ့။ ရှိသမျှဆိုင်တွေအကုန်နီးပါး ပိတ်နေတဲ့အချိန်မှာ ဘဏ်တွေရော ဖွင့်သေးရဲ့လားလို့။ ရောက်သွားတော့မှပဲ ကိုယ်တောင်အံ့ဩရတယ်။ KBZ Bank က ဝန်ထမ်းတွေအကုန် တက်တက်ကြွကြွ မြန်မြန်ဆန်ဆန်နဲ့ အလုပ်လုပ်နေကြတာတွေ၊ ပြုံးနေတဲ့ မျက်နှာလေးတွေကို Mask တပ်ထားတဲ့ကြားကနေ မြင်ရတာနဲ့တင် စိတ်ထဲအေးသွားတာပဲ။ ဘဏ်ထဲမဝင်ခင် လက်ဆေးဖို့၊ ပိုက်ဆံကိုင်ပြီးတိုင်း Hand Sanitiser သုံးဖို့၊ တစ်ယောက်နဲ့တစ်ယောက် ခွါခွါနေဖို့ လိုက်သတိပေးနေတာတွေသူတို့ရဲ့စေတနာတွေကို ကိုယ်တိုင်ခံစားမိတယ်လေ။ သူသူကိုယ်ကိုကြောက်နေတဲ့ အချိန်၊အိမ်ထဲမှာပဲ နေနေတဲ့အချိန်မှာ ခုလိုအပြင်ထွက်ပြီး တခြားသူတွေအဆင်ပြေဖို့ အလုပ်လုပ်ပေးနေဖို့ဆိုတာ တော်ရုံတန်ရုံ မေတ္တာစိတ်နဲ့တော့ မရဘူးလေနော်။ ကျေးဇူးပါ KBZ Bank ရေ။ မေတ္တာတရားနဲ့ လက်တွဲပြီး COVID 19 ကို အနိုင်ယူကြမယ်နော်။ ကိုယ်တွေနေတဲ့ ကမ္ဘာကြီးကလူတွေအကုန်လုံးလဲ ရေလိုအေးပြီး ပန်းလိုမွှေးကြပါစေလို့ အမြဲဆုတောင်းပေးပါတယ်။ ဒါ့အပြင် COVID 19 အတွက် စိတ်ဓါတ်အပြည့်နဲ့ ရှေ့တန်းက တိုက်ပွဲဝင်ပေးနေကြတဲ့ ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးဝန်ထမ်းမျာ...

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခုနှစ် ဧပြီလ တစ်လစာ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ ငွေကြေးကံကောင်းမလိုလို နဲ့ ထွက်ထွက် နေနေတတ်ပါသည်။ ချေးထားသောငွေများ ရ ရန်ရှိသော ငွေများ ပြန်ရတတ်ပါသည်။ ဝန်ထမ်းလုပ်သူများအနေနဲ့ ရာထူးတိုးရတတ်ပါသည်။ အလုပ်အကိုင် ပြောင်းရတော့ မလိုလိုနှင့် မပြောင်းဖြစ်ပဲ ရှိနေတတ်ပါသည်။ နိုင်ငံခြားနဲ့ပတ်သက်သောလုပ်ငန်း ၊ ငွေ ၊ ကျောက် ၊ ကား ၊ ကွန်ပျူတာ ၊ ကုန်စုံဆိုင်လုပ်ငန်းများ အကျိုးပေးအောင်မြင်မည် ။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး မကြာခဏ စကားများရတတ်ပါတယ်။ အိမ်ဆောက်မည့်သူများ ကြံံ့ကြာတတ်ပါသည်။ ချစ်သူရှိသူများ ချစ်သူနဲ့ ကတောက် က ဆ ဖြစ်ရတာ က လွဲ ပြီး အဆင်ပြေ တတ်ပါသည်။ ယောက္ခမနဲ့တော့အဆင်မပြေဖြစ်တတ်ပါသည်။ မထင်မှတ်ပဲ ခရီးထွက်ဖြစ်တတ်ပါသည်။ ဆရာသမား၊ အကြီး အကဲ ညိုညင်တာ ခံ ရတတ်ပါသည်။ တနင်္ဂနွေ ၊ ဗုဒ္ဒဟူးသားသမီး များကို ငွေမချေးပါနှင့် ။ ဝန်ထမ်းလုပ်သူများ အလုပ်ထဲ တွင် မနာလို သူ များကြောင့် စိတ်အနှောက် အယှက်ဖြစ်ရတတ်ပါသည်။ အလုပ်ပြောင်းချင်သလို မပြောင်းချင်သလိုဖြစ်တတ်ပါတယ်။ စီးပွားရေးလုပ်သူများ အတင်မကျဖြစ်နေမည်။ စက်ပစ္စည်းနဲ့ပတ်သတ်သောလုပ်ငန်း ၊ စာသင်သောအလုပ် ၊ ဆိုင်လုပ်ငန်း ၊ ဆေးလုပ်ငန်း ၊ စပ်တူလုပ်ငန်းများ သင်တန်းလုပ်သောသူများ ဝင်င...