Skip to main content

Posts

Showing posts from February, 2020

ခုနှစ်ရက် သားသမီးများအတွက် ၂၀၂၀ ခှနှစ် ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၄ ရက်နေ့အထိ ဟောစာတမ်း

တနင်္ဂနွေသားသမီးများ ဒီကာလအတွင်းစီးပွားရေးတွင် စရန် ရည်ရွယ်ပြီးမှ အနှောက်အယှက်အတားအဆီးကြောင့် မူလအလုပ်ပဲ ဆက်လက် ကြိုးစား နေရမည်။ မိသားစု၏ အိမ်တွင်းစီးပွားရေးများ ပုံမှန်ဝင်ငွေ လျော့နည်းနေမည်။ ဂုဏ်သိက္ခာသာရှိ၍ ငွေမရှိတဲ့ကာလ ပါပဲ။ ခရီးတစ်ခု သွားရန် ပြင်ဆင်ပြီးမှ ပျက်တတ်သည်။ စက်ပစ္စည်းများ ပြင်ရန် ငွေကုန်များတတ်သည်။ တပည့်အချို့အတွက် မိမိကတာဝန်ခံပေးရမည်။ သားသမီးတို့၏ ပညာရေးအတွက် ကျေနပ် အားရနေရမည်။ စာမေးပွဲဖြေနေရတဲ့သားသမီးတွေကို ဖိအားသိပ်မပေးပါနဲ့။ဝန်ထမ်းများလုပ်ဖော်ကိုင်ဖက်များ၏ ကူညီမှုကို ရရှိမည်။ အထက်လူကြီးအသစ်များ ရောက်ရှိလာမည်။ ရာထူးတူတစ်ဦးကမိမိထက်ကျော်လွန်ပြီး ရာထူးတတ်သွားသဖြင့် စိတ်ထိခိုက် ခံစားရမှု ကြုံလိမ့်မည်။အချစ်ရေးတွင် နှစ်ဖက် မိဘကိုမိမိတို့အချစ်ရေးအခြေအနေကိုပြောပြသင့်တဲ့ကာလပါ။ဒါမှပဲ မကြာမီပင် ကိုယ့်မိဘအိမ်၊ သူ့မိဘအိမ်သို့ အဝင်အထွက် ရှိလာမည်။ ကျန်းမာရေးတွင် ခြေထောက်၊ လက်များလေးလံခြင်းများအထိုင်အထမကောင်း ခြင်းများကြုံရတတ်ပါတယ်။ အိမ်ထောင်ဘက်နှင့်စကားများမိ၍ စိတ်သောကရောက်ရတတ်သည်။ အိမ်ထောင်ရေးတွင် ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် လျှာနှင့် သွားပမာ ဖြစ်နေမည်။ ပညာရေးနဲ့ပက်သက်ပြီးတော့အထူးက...

ဆေးသောက် မပျောက် ဆေးလိမ်း မပျောက် ဖြစ်နေတဲ့ ခါးနာတာကို သက်သာ ပျောက်ကင်းစေမည့် နည်းလမ်း

ခါးနာနေတာ ဆေးသောက်မပျောက် ဆေးလိမ်းမပျောက် လေ့ကျင့်ခန်းကတော့ သက်သာတယ် မပျောက်။ အခုပျောက်လုနီးနီး တစ်ရက်ထဲ လုပ်ရုံပဲ ရှိသေးတယ်။ နည်းပေးသွားတဲ့ မကွေးက ဓာတ်ပုံဆရာကြီး ကိုမိုးဇော်ညိုကိုလဲ ကျေးဇူးတင်ပါတယ်။ နည်းလေးကတော့ ဖင်ထိုင်ချ ခြေထောက်ကို မြှောက်ထားပြီး (တစ်ခုခုပေါ်တင်ထား ခြေထောက် ရေမထိအောင်) ခါးပတ်ပတ်လည်ကို ရေလောင်းတာပါပဲ။ မနေ့က လုပ်တယ် ဒီနေ့ အတော်ကြီး သက်သာသွားတယ်။ ခါးနာဝေသနာသည် မိတ်ဆွေတွေ အတွက် ပြန်လည် မျှဝေလိုက်ပါတယ်။ Kyaw Swar Thwin

မီတာခ တစ်လတစ်လ ၈ သောင်း ၉ သောင်းကျော် ပေးရလို့ လာစစ်ဆေးခိုင်း လိုက်သောအခါ

မီတာခ တစ်လတစ်လ ၈ သောင်း ၉ သောင်းကျော် ပေးရလို့ လာစစ်ဆေးခိုင်း လိုက်သောအခါ မီတာခ တစ်လတစ်လ ၈ သောင်း ၉ သောင်းကျော်လောက်ကျတယ်။ မီတာခအများကြီးကျလို့ air con သုံးတာတွေလျော့ ရေခဲသေတ္တာ ညပိုင်းပဲဖွင့်သုံး မီးကို မလိုအပ်တာကို မသုံးပဲ ချွေတာနေလဲ ၈ သောင်းကျော်ဆောင်နေရလို့ မသင်္ကာတာနဲ့ ပြီးခဲ့တဲ့လကမီတာမဆောင်ခင် မီတာရုံးသွားပြီး တာဝန်ကျနေတဲ့အထက်လူကြီးကို ဝင်တိုင်လိုက်တယ်။ သူတို့က လာစစ်ဆေးပေးမယ်လို့ ပြောလိုက်တယ်။ ကိုယ့်ဘာသာ စစ်ရအောင်လည်း digital မီတာပုံးက ဓါတ်တိုင်ပေါ်မှာ နောက် ၃ ရက်လောက်ကြာတော့ စစ်ဆေးရေး ဝန်ထမ်းနဲ့ မီတာဖတ်တဲ့သူ ရောက်လာတယ်။ ဓါတ်တိုင်အောက်ရောက်တော့ ကိုယ့်မီတာစာရွက်ကcode no နဲ့ digital စက်နဲ့ ဓာတ်တိုင်အောက်ကလှမ်းဖတ်တယ်။ မီတာကို ဖတ်လိုက်တော့ ယူနစ် ၂၀၀ ကျော် ပိုကောက်ထားတာ တွေ့ရတယ်။ အဲ့ဒါနဲ့ဘာလို့ အဲ့လိုဖြစ်ရတာလည်း ဘာကြောင့်ဖြစ်တာလဲ ကျွန်မတို့ မသုံးပဲနဲ့ တစ်လတစ်လ ယူနစ်၂၀၀ ကျော်ဖိုး သက်သက်ဆောင်နေရတာလား။ အဲ့လိုဆောင်နေရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ အထက်ကိုရောက်အောင် တိုင်မယ်လဲ ပြောလိုက်ရော မီတာဖတ်တဲ့ ဝန်ထမ်းက ကျွန်တော်ယူနစ်ကို လာမဖတ်ပဲ မှန်းပြီးရေးလိုက်တာတဲ့။ မှန်းကောက်မိတာပါတဲ့။ အဲ့လိုလုပ်လ...

ရထား သံလမ်းပေါ်တွင် ထန်းလက်နှင့် ထန်းပင်သား သစ်လုံးများ ကန့်လန့်ခံကာ ချထားမှု ဖြစ်ပွား

ရက်စက်လိုက်ကြတာ အသက်တွေအများကြီး။ မန္တလေး မြစ်ကြီးနား မီးရထားလမ်း မိုင်တိုင်အမှတ် ၄၅၉-၃/၂ ကြား မ‌ဒေါင်းလှဘူတာနှင့် ခင်ဦးဘူတာကြား သံလမ်းပေါ်တွင် ထန်းလက်နှင့် ထန်းပင်သား သစ်လုံးများ ကန့်လန့်ခံကာ ချထားမှု ဖြစ်ပွားခဲ့သည်။ (၁၈-၂-၂၀၂၀) ရက်နေ့ နံနက် ၇ နာရီ အချိန်က အမှတ် ၄၂ အစုန် ဒုတိယအမြန်ရထား စက်ခေါင်းမောင်း ဦးရဲမြင့်‌အောင်က ရထားပေါ်မှ လှမ်း၍ မြင်တွေ့ခဲရပြီး ဘရိတ်ထိန်းနိုင်ခဲ့သဖြင့် ရထားတိမ်းမှောက် မှု အန္တရာယ်မှ လွတ်ကင်းခဲရသည်။ မီးရထားနှင့် ရထားစီးခရီးသည်များ အန္တရာယ်ဖြစ်စေရန် ယခုခဲ့သို့သော မသမာသည့် လုပ်ရပ်ကျူးလွန်သူကို ဖော်ထုတ် အရေးယူသင့်ပါ‌ကြောင်း တင်ပြလိုက်ရပါသည်။ Yin Thein Naba

၂၀၂၀ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေပိုင်းတွင် လေပြင်းများ တိုက်ခတ်လာနိုင်ပါသဖြင့် မီးဘေးအန္တရာယ် သတိထားကြပါရန်

၂၀၂၀ ဖေဖော်ဝါရီလ ၁၈ရက်နေ့တွင် ရန်ကုန်တိုင်း ပဲခူးတိုင်း မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်းအောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း ရှမ်းပြည်နယ်တောင်ပိုင်းတို့တွင် လေပြင်းတိုက်ခတ်နိုင်ပါတယ် ရန်ကုန်တိုင်းတွင် တစ်နာရီ ၁၅မိုင်မှ ၂၀မိုင် ပဲခူး ညောင်လေးပင် ဒိုက်ဦး ပြွန်တန်ဆာ သာယာဝတီ အုတ်ဖို ကြိုပင်ကောက် လက်ပန်တန်း ပုတီးကုန်း သဲကုန်း ဇီးကုန်း အင်းမ ရွှေတောင် ပြည် အောင်လံ သရက် မြို့များတွင် တစ်နာရီ ၂၀မိုင်မှ ၂၅မိုင် ဖြူး ဇေယျဝတီ အုတ်တွင်း တောင်ငူ ဆွာ ရေတာရှည် သာဂရ မြိုလှ အေလာ လယ်ဝေး နေပြည်တော် ပျဥ်းမနား ရေဆင်း တပ်ကုန်း ပျော်ဖွယ် ရမည်းသင်း သာစည် မလှိုင် ကျောက်ပန်းတောင်း မြင်းခြံ တောင်သာ ညောင်ဦး ပခုက္ကူ ရေစကြို ချောက် ရေနံချောင်း မကွေး တောင်တွင်းကြီးမြို့များတွင် တစ်နာရီ ၂၅မိုင်မှ ၃၀မိုင်အထိ တိုက်ခတ်နိုင်ပါတယ် ပုလဲ ယင်းမာပင် ဆားလင်းကြီး မုံရွာ ချောင်းဦး မြောင် မြင်းမူ စစ်ကိုင်း ဆားတောင် ရွှေဘို အရာတော် ဝက်လက် လှတော ရေဦး ခင်ဦး ကျောက်မြောင်းမြို့တို့တွင် တစ်နာရီ ၂၀မိုင်မှ မိုင်၂၅မိုင် မြစ်သား ကူမဲ ဝမ်းတွင်း ကျောက်ဆည် မန္တလေး မတ္တရာ စဥ့်ကူး တစ်နာရီ ၂၅မိုင်မှ ၃၀မိုင် ရွာငံ ပင်းတယ ကလော အောင်ပ...

လူအုပ်ကြီး အနံ့ပေါင်းစုံ အမျိုးအစား အစုံတဲ့ အမှိုက်တွေ ဆယ်ယူ သိမ်းနေတဲ့အချိန် အာ့အနီးတစ်ဝိုက် နေထိုင်သူတွေက သူတို့နဲ့ မဆိုင်သလို ရေချိုးမပျက်

ကျနော်တို့ လူအုပ်ကြီး အနံ့ပေါင်းစုံ အမျိုးအစား အစုံတဲ့ အမှိုက်တွေ ဆယ်ယူ သိမ်းနေတဲ့အချိန် အာ့အနီးတစ်ဝိုက် နေထိုင်သူတွေက သူတို့နဲ့ မဆိုင်သလို ရေချိုးမပျက် သူတို့အလုပ် သူတို့လုပ်မပျက် ပြီးတော့ ရပ်ကြည့် နေကြတာကို မြင်ရတော့ သိပ်မကြာ ဒီမြောင်းကြီးက ဒီလိုပဲ ပြန်ဖြစ်လာမှာပါလားလို့ တွေးမိပါတယ်။ အခုရှင်းတာ ဒုတိယ အကြိမ်လေ တတိယ အကြိမ် အခုလိုကြီး မဖြစ်ဖို့ ဆိုတာက ဒီအနီးတစ်ဝှိုက်မှာ နေထိုင်တဲ့ လူတွေအပေါ် မူတည်ပါတယ်။ ပြီးတော့ အိမ်သာကျင်းမတူးပဲ မြောင်းထဲ ပိုက်သွယ်ပြီး အလွယ်နည်း သုံးတာတွေ မြင်ခဲ့ရတယ်။ ကျနော် တို့ ဘယ်လောက်ပဲ လုပ်လုပ် ဒီအနီးအနားလူတွေရဲ့ သိတတ်မှု ပူးပေါင်းပါဝင်မှု မရှိရင် ဒီလို လုပ်ဆောင်မှုက ထိရောက်မှာ မဟုတ်ဘူးလို့ပဲ သုံးသပ်ပါရစေ။ Credit - လူခေး

ယာဉ်မောင်းလိုင်စင် “သ” “က” “ခ” “ဃ” “င” တို့ကို သက်တမ်း တိုးမယ်ဆိုရင် ကုန်ကျမည့်စရိတ်

သူငယ်ချင်းရေ မင်းကိုင်ထားတဲ့ ယာဉ်မောင်းလိုင်စင်ဟာ “သ” “က” “ခ” “ဂ” “ဃ” “င” “ဟ” “စ” ဘယ်ဟာပဲ ဖြစ်ဖြစ်ပေါ့။ အဲ့ဒီလိုင်စင် တစ်ခုခု သက်တမ်း တိုးမယ်ဆို ဘယ်လောက် ကုန်မလဲ သိလား။ တချို့က အများကြီး ကုန်တယ်လို့ ပြောပြောနေကြလို့ မင်းနဲ့အတူ အားလုံးသိအောင် ပြောပြမလို့ သူငယ်ချင်း။ ယာဉ်မောင်းလိုင်စင် တစ်ခုချင်းစီအတွက် သက်တမ်းတိုးလို့ ကုန်ကျမည့် ငွေကို ဒီလိုလေး နားရှင်းအောင် ပြောပြပါရစေ သူငယ်ချင်း။ “သ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင် သက်တမ်းတိုးခ = ၃၀၀၀ ကျပ် အာမခံကြေး = ၂၅၀၀ ကျပ် စုစုပေါင်း = ၅၅၀၀ ကျပ် “က” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင် သက်တမ်းတိုးခ = ၁၂၀၀၀ ကျပ် အာမခံကြေး = ၅၅၀၀ ကျပ် စုစုပေါင်း = ၁၇၅၀၀ ကျပ် “ခ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင် သက်တမ်းတိုးခ = ၅၀၀၀၀ ကျပ် အာမခံကြေး = ၅၅၀၀ ကျပ် စုစုပေါင်း = ၅၅၅၀၀ ကျပ် “ဂ” “ဌ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင် သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ် အာမခံကြေး = ၆၅၀၀ ကျပ် စုစုပေါင်း = ၆၆၅၀၀ ကျပ် “ဃ” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးမယ်ဆိုရင် သက်တမ်းတိုးခ = ၆၀၀၀၀ ကျပ် အာမခံကြေး = ၆၅၀၀ ကျပ် စုစုပေါင်း = ၆၆၅၀၀ ကျပ် “င” ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး...

မြန်မာပလာဇာရှေ့မှာ ဖြစ်ပျက်သွားတာလေးပါ (ရုပ်သံ)

ဖြစ်စဉ် က ဒီလိုပါ။ ကုန်ကား က ကုန်ချ ဖို့ ဘက်ဆုက်ပါတယ်။ တက္ကစီကလဲ တိုးပါတယ်။ အဲ့မှာ အနည်းငယ်လေး ပွတ်မိကြပါတယ်။ ကုန်ကားသမား က ကားပေါ်ကနေလှန်းပြီး တစ်ခုခုပြောလိုက်ပါတယ်။ တက္ကစီ ပေါ် က လည်း ပြောပါတယ်။ ပြီးတော့ တက္ကစီပေါ်က လူ ဆင်းလာပါတယ်။ ကုန်ကားပေါ်က ကားသမားက ဆင်းလာပြီး ရင်ချင်းဆိုင်လိုက်ပါတယ်။ ပြီးတော့ ကုန်ကား သမား က စပြီး ထိုးပါတယ် အဲ့မှာထိုး ကြ ကြိတ်ကြပါတယ်။ ပြီးတော့ ဗီဒီယို ထဲ က အတိုင်းပါပဲ။ လက်နက်တွေ ပါလာလို့ အမူ့ဖြစ်ရင် အကူအညီ ရအောင်ရိုက်ထားတာပါ။ ၂ ဖက်လုံး စိတ်လျှော့ လိုက်ရင် ပြသနာ က မကြီးပါဘူးဗျာ။ ဗီဒီယိုကို အောက်မှာကြည့်ပါ။ Credit : Sai Moon

မြန်မာပြည်က နောက်ထပ် လိမ်နည်းအသစ်

မြန်မာပြည်က လိမ်နည်း အသစ်တစ်ခုပါ။ အခုလိုမျိုး ကြုံတွေ့လာရင် အယုံမလွယ်ကြစေဖို့ တင်ပေးလိုက်ပါတယ်။ အားလုံးပဲ သတိထားကြပါ။ Saw Kyi Khin ရဲ့ ဖေ့ဘုတ် အကောင့်မှာ တင်ထားတာတွေ့လို့ ပြန်လည် မျှဝေပေးလိုက်ပါတယ်။ ဗီဒီယိုကို အောက်မှာ နှိပ်ကြည့်ပါ။ Video Credit : Saw Kyi Khin

ဆီးချိုရှိသူများ ရေကျက်အေးထဲ လဘက်ခြောက် ထည့်စိမ်သောက်ပါ

ဆီးချိုဖြစ်ဘူးတဲ့ သူငယ်ချင်းတစ်ပါးက ပြောလို့ ပြန်လည်မျှဝေပါရစေ။ ပထမဦးဆုံး ဆူပွက်ပြီး ရေနွေးကို အအေးခံပါ။ ပြီးရင် အဲဒီရေကျက်အေး ဖန်ခွက်ထဲကို လက်ဘက်ခြောက် အသင့်အတင့် ညကတည်းက ထည့်ပြီး စိမ်ထားပါ။ မနက်အိပ်ရာထထချင်း သောက်ပါတဲ့။ နေ့လယ်နဲ့ ညအိပ်ခါနီးအချိန်မှာလည်း ရေကျက်အေး ထပ်စိမ်ပြီး သောက်နိုင်ပါတယ်။ ဆီးချိုထိန်းရုံတင်မက အနာအစို ပြည်ပေါက်တဲ့ ဆီးချိုဝေဒနာသည်တောင်မှ အနာတွေ အမြန်ခြောက်သွားတယ်လို့ ပြောပါတယ်။ နောက်ပိုင်း နေရတာ ကောင်းလာရင် လျှော့သောက်သွားပါ။ အထူးအားဖြင့် ကိုယ်လက်လှုပ်ရှား အားကစားတစ်မျိုးမျိုး မဖြစ်မနေ လုပ်ဖို့တော့ အရေးကြီးပါတယ်တဲ့။ Credit : Ven U Tay

ဒိန်ချဉ်ကြိုက်တဲ့သူတွေ သတိထားဖို့ပါ တစ်ခါ နှစ်ခါပဲဆို ရေးဖြစ်ဦးမယ် မထင်ဘူး ခုတစ်ချိန်ပါဆို သုံးကြိမ်မြောက်မို့ပါ

ရေးသင့်မရေးသင့် အကြိမ်ကြိမ် စဉ်းစားပြီးမှ ရေးဖြစ်တာပါ။ ရေးသင့်တယ် အများပြည်သူကို အသိပေးသင့်တယ် ထင်လို့ပါ။ ကြုံရတဲ့ဟာက တစ်ခါ နှစ်ခါပဲဆို ရေးဖြစ်ဦးမယ်မထင်ဘူး။ ခုတစ်ချိန်ပါဆို သုံးကြိမ်မြောက်မို့ပဲ။ Brand name ကို မန်းရှင်းမလုပ်တော့ဘူး။ စားသုံးသူတွေ မြင်တာနဲ့သိမယ်။ အဆိုပါ ဒိန်ချဉ်ဗူးကို နှစ်သက်မိတာမို့ မကြာခဏဆိုသလိုသောက်ဖြစ်တယ်။ 0% အဆီထုတ်ထားတဲ့ ဒိန်ချဉ်ဗူးတွေနဲ့အတူ သူ့ကိုပါတွဲဝယ်ဖြစ်တယ်။ ပထမဆုံးအကြိမ်က သောက်ရင်း မကုန်ပဲ ၄/၅ရက်မသောက်မိတော့ ရေခဲသေတ္တာထဲကဆွဲထုတ် ဘေစင်ပေါ်တင်ထားမိတယ်။ ပြီးသွန်ပြီးအမှိုက်ဗုံးထဲ ထည့်မယ်ပေါ့။ မိနစ်ပိုင်းအတွင်း (၅-၁၀) အတွင်း ဗုံးပေါက်သလို အသံကြီးကြားလို့ ကြည့်လိုက်တော့ မီးဖိုးခန်းတစ်ခုလုံးမျက်နှာကျက်တွေပါမကျန် ဒိန်ချဉ်ဗူးပေါက်ပြီးစင်ထားတာ ပေပွနေတာပဲ။ အတော်ရှင်းယူလိုက်ရတယ်။ အဲ့တုန်း expired ဖြစ်မဖြစ်သတိမထားမိဘူး။ နောက်တစ်ခေါက်က ပြီးခဲ့တဲ့ ကြာသပတေးနေ့။ အဲ့နေ့ကတောexpired ဖြစ်လို့ ရေခဲသေတ္တာထဲကထုတ်လိုက်တာ။ ထပေါက်ပြန်တယ်။ ထားလိုက် ဒါတွေက expired ဖြစ်လို့။ ခုစနေနေ့က city mart ကနေဝယ်လာတယ်။ ဗူးကြီးမကုန်မှာစိုးလို့ ဗူးသေးလေးဝယ်တယ်။ manufactured date က 8/2/2020 ။ ဒီနေ့ ကသ...

ကောလိပ် ကျောင်းသားချင်း ခိုက်ရန် ဖြစ်ပွားရာမှ ဓားထိုးမှု့ဖြစ်ပြီး တစ်ဦး သေဆုံး

ရေနံချောင်းမြို့၊ သစ်တပွေရပ်ကွက် တောင်ပေါ်သားဘော်ဒေါဆောင်၊ ကျူရှင်ခန်းတွင်၊ ယနေ့နံနက် ၈နာရီခန့်က ရေနံချောင်း ဒီဂရီကောလိပ် ကျောင်းသားချင်း ခိုက်ရန်ဖြစ်ပွားရာမှ ဓားထိုးမှု့ဖြစ်ပြီး တစ်ဦး သေဆုံးခဲ့ ပါသည်။ ဖြစ်စဉ်မှာ16.2.2020 ရက်နေ့ နံနက် ၈ နာရီခန့်က ရေနံချောင်းမြို့ သစ်တပွေရပ်ကွက် တောင်ပေါ်သားဘော်ဒါဆောင် ကျူရှင်ခန်းတွင် ရေနံချောင်းဒီဂရီကောလိပ် ဓာတုဗေဒဌာနမှ ကထိက ဒေါ်ယဉ်နွယ်ဦး၊ ကျူရှင်သင်နေစဉ်၊ ကျူရှင်ခန်းအတွင်း ဓားထိုးမှု့ ဖြစ်ခဲ့ခြင်း ဖြစ်ပါသည်။ အောင်မျိုးဦး(ပထမနှစ်) ဓာတုဗေဒ ကျောင်းသားမှ ကျော်မျိုးလင်း (ပထမနှစ်) ကျောင်းသားအား ဘီယာပုလင်းဖြင့် ဦးခေါင်းကို စတင်ရိုက်နှက်ခဲ့ရာ၊ ကျော်မျိုးလင်းမှ အောင်မျိုးဦးအား ဓားဖြင့်ပြန်ထိုးခဲ့သဖြင့် အောင်မျိုးဦး ဓားဒဏ်ရာဖြင့်သေဆုံးခဲ့ကြောင်း သိရှိရပါသည်။ သေဆုံးသူ မောင်အောင်းမျိုးဦးမှာ ပွင့်ဖြူမြို့နယ်မှဖြစ်ပြီး၊ ကုန်းမြင့်သာရပ် ပန်းသတင်းဘော်ဒါဆောင်တွင် နေထိုင်သူဖြစ်ပါသည်။ ဓားဖြင့်ထိုးသူ မောင်ကျော်မျိုးလင်းမှာ ဆင်ဖြူကျွန်းမှဖြစ်ပြီး ကုန်းမြင့်သာရပ် ရွှေစကားဝါ ဘော်ဒါဆောင်တွင် နေထိုင်သူ ဖြစ်ပါသည်။ 15.2.2020 ရက်နေ့ နံနက်ကလည်း ဓာတုဗေဒဌာန ဒေါ်ယဉ်နွယ်ဦး ကျူရှင်ချိ...

ဖရဲသီးစိတ်ရောင်းပြီး မြေးငါးယောက်ကို ရှာကျွေးနေတဲ့ အဖွား

ကျောက်မြောင်း တစ်ဝိုက်နားမှာ နေတဲ့ လူတွေကို တစ်ခုလောက် အကူအညီတောင်း ချင်လို့ပါ။ ကျောက်မြောင်းစတိုးနဲ့ KBZ Bank ရဲ့ လမ်းကြားထဲမှာ ဖရဲသီးရောင်းတဲ့ အဖွားနဲ့ တောင်းတဲ့ အဘွားက နေ့တိုင်းနီးပါး ရှိပါတယ်။ သူတို့ ၂ ယောက်လုံးက မရှိဘူးဆိုရင်တောင် အသက် ၈၀ တော့ ကျော်နေပါပီ။ ဖရဲသီးရောင်းတဲ့ အဘွားက သန်လျင်ကလာရောင်းတာပါ။ အဘွားမှာ မြေး ၅ ယောက်ရှိတယ်။ သမီးအိမ်မှာ ကပ်နေတာမို့လို့ ကိုယ့်ဘာသာ ရှာစားနေတာပါ။ သူက အဲ့မြေးလေးတွေကိုလည်း ရှာကျွေးနေတာဖြစ်ပါတယ် တခါတလေ သူ့မြေးလေး တစ်ယောက်လည်း လိုက်ကူ ရောင်းပေးပါတယ်။ ရောင်းတာ နှစ်တွေ အရမ်းကြာနေပါပီ။ အဲ့အဘွားက လူသာအိုတယ် တအားသန်တာ ဖျတ်လတ်နေတာပဲ။ တခါတလေ ထန်းသီးပေါချိန်ဆို ဖရဲသီးနဲ့ တွဲရောင်းတယ်။ အဲ့အဘွားက တစ်လုံးပီးမှ တစ်လုံး ခွဲရောင်းတာမို့ လတ်လည်း လတ်တယ် သန့်လည်း သန့်ပါတယ်။ တစ်စိတ်ကို ၅၀၀ ပါ။ အစိတ်ကလည်း ပုံထဲကလို အကြီးကြီးပါနော်။ ညီမကတော့ ကိုယ်မစားချင်လည်း အဘိုး အဘွားတွေတွေ့ရင် ရင်ထဲ မကောင်းလို့ ၅ ရာ ၁ ထောင်ဖိုးတော့ တွေ့တိုင်း အားပေးဖြစ်တယ်။ အဲ့အဖွားက အရမ်းလည်း ချစ်ဖို့ကောင်းပါတယ်။ သဘောလည်း အရမ်းကောင်း အလှလည်း ကြိုက်တယ် ကျောက်ကလစ်လေးနဲ့။ သူတို့က ခုချိန်ထိ ကိုယ့်အားကိ...

လင်မယား ကွာရှင်းမှုအရ ကလေး အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး သိထားရမည့် အချက်များ

လင်မယားတွေ ရန်ဖြစ်ပြီဆို မယားလုပ်သူက ကလေးခေါ်ဆင်းသွားတာ လင်က ကလေးခေါ် ဆင်းသွားတာတွေ ဖြစ်နေကျ / ပြီးမှ သားကိုအမေသမီးကိုအဖေ ပိုင်တယ်ဆိုပြီး ကလေးလုကြ ပြဿနာဖြစ်ကြနဲ့ နောက်ဆုံး ကြားထဲက ကလေးက မြေစာပင်ဖြစ် / စိတ်ဒဏ်ရာတွေရ ကလေးရှေ့ရေး မကောင်းဖို့များသွားပြီ ( တကယ်တော့ ) ( သား ) ဆို အမေပိုင် ( သမီး ) ဆို အဖေပိုင်တယ်ဆိုတာ မြန်မာပြည်မှာမှမဟုတ် ( ကမ္ဘာ့ဘယ်နိုင်ငံတရားရုံး) ကမှ မဆုံးဖြတ်ပါဘူး … ၂ယောက်ပေါင်းသင်းလို့ မွေးလာတဲ့ကလေးဖြစ်လို့ ပိုင်ဆိုင်ခွင့် ဆတူရှိပါတယ် ကမ္ဘာ့နိုင်ငံအသီးသီးမှာ လူမျိူး / ယဉ်ကျေးမှု့ / ဓလေ့ထုံးတမ်း စတာတွေကွာလို့ ပြဌာန်းဥပဒေ ကွာကြပေမယ့် ကလေးအုပ်ထိန်းခွင့်ကို ဆုံးဖြတ်ရာမှာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ကွာဟမှု့သိပ်မရှိကြပါဘူး မြန်မာနိုင်ငံမှာ ကလေးအုပ်ထိန်းခွင့်နဲ့ ပတ်သက်လို့ မြန်မာ့ဓလေ့ထုံးတမ်းအရ တရားရုံးတွေက အောက်ပါအတိုင်း ဆုံးဖြတ်ပေးကြပါတယ် ( 1 ) ရင်ခွင်ပိုက်အရွယ် ( မွေးကင်းစမှ ၂ နှစ် ၃ နှစ် ) အထိ မိခင်သာလျင် အုပ်ထိန်းခွင့် ရပါမယ် ( 2 ) ကလေးရဲ့ ဆန္ဒ ပေါ်မူတည်ပါမယ် ( 3 ) မိဘ ၂ ပါးရဲ့ ဝင်ငွေအဆင့်အတန်းပေါ်မူတည်ပါမယ် ( 4 ) မိဘ ၂ ပါးရဲ့ အကျင့်စာရိတ္တပေါ် မူတည်ပါမယ် ( 5 ) ကလေးနေထိုင်ကြ...

အိမ်စီးကားငယ် တစ်စီး အရှိန်များ၍ လမ်းဘေး ချောက်အတွင်း ထိုးကျ တစ်ဦးသေဆုံး

အိမ်စီးကားငယ် တစ်စီး အရှိန်များ၍ လမ်းဘေး ချောက်အတွင်း ထိုးကျ တစ်ဦးသေဆုံး 15.2.2020 (4pm) ညနေပိုင်းက မူဆယ်ဘက်မှ ကွတ်ခိုင်ဘက်သို့ မောင်းနှင်လာသော အိမ်စီးကားငယ်တစ်စီးသည် ကွတ်ခိုင် ရှုခင်းသာ မိုင်တိုင် ၂၆၆ အနီး အရောက်တွင် အရှိန်များ၍ လမ်းဘေးချောက်အတွင်း ထိုးကျမှုဖြစ်ပွားခဲ့ကြောင်းသိရပါသည်။ ၎င်းယာဉ်မတော်တဆ ဖြစ်စဉ်ကြောင့် တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့သည်။ သေဆုံးသူနှင့် ဒဏ်ရာရသူများကို ကွတ်ခိုင်မီးသတ်တပ်ဖွဲ့ဝင်များ လူမူကူညီရေးအသင်းများ' ယာဉ်ထိန်းနှင့်ရဲတပ်ဖွဲ့ဝင်များ' လမ်းသွားလမ်းလာပြည်သူများ စုပေါင်း၍ ချောက်အတွင်းမှ ခက်ခဲစွာ ဆွဲတင်ကူညီ၍ ကွတ်ခိုင်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ ယခုရက်ပိုင်း ပြည်ထောင်စုလမ်းတလျှောက် ကားများသွားလာမှု နည်းပါးသည့်အတွက် လမ်းရှင်းသဖြင့် အချို့ ကားငယ်လေးများ အရှိန်ပြင်းစွာမောင်းနှင်လျက်ရှိသည်ကို မကြာခဏတွေ့နေရသည်။ သို့ဖြစ်ပါ၍လမ်းကြောင်းတလျှောက်သွားလာသည့် ယာဉ်များအနေဖြင့် သတိပြုကာ မိမိနိုင်နင်းသည့်အရှိန် များဖြင့်သာသွားလာကြပါရန် အသိပေး တိုက်တွန်းပါသည်။ Photo- Bhome Txet Kyaw Konay Konay

အဖွားတစ်ယောက် ဘဝဆက်တိုင်း ဆွေကောင်းမျိုးကောင်းများနဲ့သာ ဆုံရပြီး ယခုလို စွန့်ပစ်ခံဘဝ ဘယ်အခါမှ မရောက်ရပါစေနဲ့

အဖွား နာမည်က ဒေါ်တင်တင်လှ တဲ့...ရဲမှူးကတော်ကြီးပေါ့...ကတော်ပီပီ ရုပ်ချော အပြောကောင်း ပေါင်းတတ်သင်းတတ်... ပြည်မြို့လယ်မှာ တိုက်ကြီး နှစ်လုံးတောင် ပိုင်တာရယ်.... သားသမီးမထွန်းကားခဲ့တော့ အဖွားအမျိုးသား ရဲမှူးကြီးဆုံးတော့ အဖွားက တူတွေ၊ တူမတွေနဲ့နေတာရယ်...ဒီလိုနဲ့ အဖွား ချော်လဲ ပေါင်ကျိုးတော့ အဖွားရဲ့ တူတွေ တူမတွေက အဖွားကို အခန်းတစ်ခုထဲ ထည့်ထားပြီး ထမင်းတောင် အဝကနေ ခွက်ခေါက်ကျွေးတာရယ်...အဲ့လောက်ထိတော်တာ... ဒီလိုနဲ့ ပုံ့တို့နဲ့ အဖွား ရေစက်စဆုံခဲ့ကြတာက ၂၀၁၆ ခုနှစ်...ပုံ့ ခိုကိုးရာမဲ့ အဘိုးအဖွားတွေကို အိမ်လေးငှားပြီး စောင့်ရှောက်မယ်လို့ fb တင်ရုံရှိသေး အဖွားတူမတွေက ပုံ့ကို ဆက်သွယ်လာတယ် ပို့ချင်လို့ပါပေါ့... ပုံ့ကလဲ အိမ်မငှားရသေးတော့ ခဏစောင့်ပါပေါ့...ဒါနဲ့ ခဏစောင့်ကြတယ်... အိမ်ငှားပြီးပြီဆိုတဲ့ ပိုစ့်တင်ရုံရှိသေး ပို့တော့မယ် လုပ်တယ်...အိမ်မှာ နေဖို့ ထိုင်ဖို့ ဘာမှ အဆင်မပြေသေးလို့ အလှုခံရအုံးမယ် ခဏတော့ ထပ်စောင့်ပါအုံး ဆိုပေမဲ့...... ပုံ့တို့ ရန်ကုန်တက်ပြီး သူတောင်းစားလို အလှုခံနေတဲ့အချိန် အဖွားရဲ့ တူတွေ၊ တူမတွေက ခိုလှုံရာကို ဇွတ်လာပို့ကြတယ်...တိုက်ကြီးနှစ်လုံးတော့ ဘယ်ရောက်တယ် မသိပေါ့... အဖွားကို...

အဖွားတစ်ယောက် ဘဝဆက်တိုင်း ဆွေကောင်းမျိုးကောင်းများနဲ့သာ ဆုံရပြီး ယခုလို စွန့်ပစ်ခံဘဝ ဘယ်အခါမှ မရောက်ရပါစေနဲ့

အဖွား နာမည်က ဒေါ်တင်တင်လှ တဲ့...ရဲမှူးကတော်ကြီးပေါ့...ကတော်ပီပီ ရုပ်ချော အပြောကောင်း ပေါင်းတတ်သင်းတတ်... ပြည်မြို့လယ်မှာ တိုက်ကြီး နှစ်လုံးတောင် ပိုင်တာရယ်.... သားသမီးမထွန်းကားခဲ့တော့ အဖွားအမျိုးသား ရဲမှူးကြီးဆုံးတော့ အဖွားက တူတွေ၊ တူမတွေနဲ့နေတာရယ်...ဒီလိုနဲ့ အဖွား ချော်လဲ ပေါင်ကျိုးတော့ အဖွားရဲ့ တူတွေ တူမတွေက အဖွားကို အခန်းတစ်ခုထဲ ထည့်ထားပြီး ထမင်းတောင် အဝကနေ ခွက်ခေါက်ကျွေးတာရယ်...အဲ့လောက်ထိတော်တာ... ဒီလိုနဲ့ ပုံ့တို့နဲ့ အဖွား ရေစက်စဆုံခဲ့ကြတာက ၂၀၁၆ ခုနှစ်...ပုံ့ ခိုကိုးရာမဲ့ အဘိုးအဖွားတွေကို အိမ်လေးငှားပြီး စောင့်ရှောက်မယ်လို့ fb တင်ရုံရှိသေး အဖွားတူမတွေက ပုံ့ကို ဆက်သွယ်လာတယ် ပို့ချင်လို့ပါပေါ့... ပုံ့ကလဲ အိမ်မငှားရသေးတော့ ခဏစောင့်ပါပေါ့...ဒါနဲ့ ခဏစောင့်ကြတယ်... အိမ်ငှားပြီးပြီဆိုတဲ့ ပိုစ့်တင်ရုံရှိသေး ပို့တော့မယ် လုပ်တယ်...အိမ်မှာ နေဖို့ ထိုင်ဖို့ ဘာမှ အဆင်မပြေသေးလို့ အလှုခံရအုံးမယ် ခဏတော့ ထပ်စောင့်ပါအုံး ဆိုပေမဲ့...... ပုံ့တို့ ရန်ကုန်တက်ပြီး သူတောင်းစားလို အလှုခံနေတဲ့အချိန် အဖွားရဲ့ တူတွေ၊ တူမတွေက ခိုလှုံရာကို ဇွတ်လာပို့ကြတယ်...တိုက်ကြီးနှစ်လုံးတော့ ဘယ်ရောက်တယ် မသိပေါ့... အဖွားကို...