Skip to main content

Posts

Showing posts from July, 2020

လူကြည့်များနေတဲ့ မြန်မာ့ရိုးရာ ဦးရွှေရိုး အက ကို ကပြတဲ့ ပြင်သစ်နိုင်ငံ သား Olivier ရဲ့ ဗီဒီယိုဖိုင်

မြန်မာ့ရိုးရာယဉ်ကျေးမှုကိုမြတ်နိုးပြီး ဦးရွှေရိုးအကနဲ့ ရှမ်းဓား အက ကရင်း လူသိများလာတဲ့ ပြင်သစ်နိုင်ငံသား Olivier ကိုယ့်ကိုယ်ကိုယ် ပုဂံသားလို့ ခံယူထားပြီး ပုဂံမှာတစ်သက်လုံးနေသွားမယ်လို့ဆိုလာတဲ့ ပြင်သစ်နိုင်ငံသားOlivier က မနောသီချင်းတွေဆိုပြပြီး သူ့အကြောင်းတွေကို ပြောပြထားတာတွေလည်းရှိပါတယ်။ မြန်မာ့ရိုးရာယဉ်ကျေးမှု ကိုမြတ်နိုးပြီး ဦးရွှေရိုးအကကောင်းတဲ့ ပြင်သစ်နိုင်ငံသားအိုလီဗီယာကော်တွန်းနဲ့ ကချင်ပြည်နယ်၊မြစ်ကြီးနားသူလေး မစိုးမိုးသီရိတို့ နဖူးစာရွာလည်ပြီး ဆုံဆည်းခဲ့ကြပါတယ်။ ချစ်ခြင်းမေတ္တာတွေ နဲ့ပြည့်နေတဲ့ ပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ထားကြောင်းသိ ရပါသည်။ ယခု ကပြထားတဲ့ ဦးရွှေရိုးအက လေးဟာ ဆိုရင်လည်း အရမ်းကောင်ပါးတယ် လေးစားပါတယ် လူမျိူးခြား ဖြစ်ပြီး ဗုဒ္ဓဘာသာတိုင်းပြည်ကိုချစ်တဲ့ အနောက်တိုင်းသားတစ်ပါးသားဖြစ်တဲ့အတွက် ကျေးဇူးအရမ်းတင်ပါတယ်။ Credit ထန်းလျက်ခဲ

ဝါတွင်းကာလ ပွဲတွေ့ ချမ်းသာအောင် ဓာတ်ရှင် လေးပါး ကို ပူဇော် နည်း

အဘ မင်းသိင်္ခလမ်းညွှန်ပေးခဲ့သည့် မုချကြီးပွားတိုးတက် အောင်မြင်ချမ်းသာစေသော ဝါတွင်းကာလ ပွဲတွေ့ချမ်းသာ ဓာတ်ရှင်လေးပါးပူဇော်နည်း။ (က) စတင်ပူဇော်ရမည့်နေ့ – ဒုတိယဝါဆိုလပြည့်နေ့ (၃ – ၈ -၂၀၂၀ တနင်္လာနေ့) (ခ) နောက်ဆုံးပူဇော်ရမည့်နေ့ – သီတင်းကျွတ်လပြည့်နေ့ (၃၁ . ၁၀ . ၂၀၂၀) (နေ့စဉ်ပူဇော်ရန်) (ဂ) ပူဇော်ရမည့်အချိန်နာရီ – နံနက်ငါးနာရီခန့် (အရုဏ်ဆွမ်း) အတိအကျပြုလုပ်လိုပါမူ အောက်ပါနာရီအတိုင်း ပြုလုပ်ပါလေ။ ဝါဆိုလအတွင်း နံက် ၅း၃၀ နာရီ ဝါခေါင်လ နံက် ၅း၄၀ နာရီ တော်သလင်းလ နံက် ၅း၅၀ နာရီ သီတင်းကျွတ်လ နံက် ၆း၀၀ နာရီ (ဃ) ပူဇော်ရမည့်ပစ္စည်း နို့ဆွမ်း (၄)ပွဲ သောက်တော်ရေ (၄)ခွက် ဖယောင်းတိုင် (၄)တိုင် ယပ် (၄)လက် ယပ်များမှာ – ရှင်သက္ကောသာရ – အရှေ့အရပ် အတွက် အဖြူရောင် ယပ်၊ ရှင်မေဓရ – အနောက်အရပ်အတွက် အဝါရောင်ယပ်၊ ရှင်ဥပဂုတ္တ – တောင်အရပ်အတွက် အစိမ်းရောင်ယပ်၊ ရှင်သာရဒတ္ထ – မြောက်အရပ်အတွက် အပြာရောင်ယပ် ( ယပ်များကို ရောင်စုံစက္ကူများဖြင့် ကိုယ်တိုင်လုပ်လျှင်လည်း ရပါသည်။ ဝယ်ယူအသုံးပြုလျှင်လည်းရပါသည်။) (င) ပူဇော်ပြီးဆုတောင်းရမည့်ပုံစံ တပည့်တော်/ တပည့်တော်မ (……..) နေ့သားသမီးသည် သမုဒ္ဒရာလေးစင်းတွင် သီတင်း သုံးနေတော်မူကြသော...

ပရိသတ်ကြီး အတွက် အိမ်မှာ နေရင်း ဈေးဝယ်လို့ရမဲ့ နည်းလမ်း ပေး လိုက် တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို

ရောဂါပိုးရန်ကို ကြောက်ပြီး အပြင်ထွက် ဈေးမဝယ် ဖြစ်တော့ တဲ့ ပရိသတ်ကြီး အတွက် အိမ်မှာ နေရင်း ဈေးဝယ်လို့ရမဲ့ နည်းလမ်း ပေး လိုက် တဲ့ ဖြူဖြူထွေးရဲ့ ဗီဒီယို ရိုးသား သွက်လက်ပြီး ပကာသနမရှိတဲ့ ဖြူဖြူထွေးကတော့ တစ်နေ့တခြား တိုးများလာတဲ့ အမာခံပရိသတ်တွေနဲ့ အောင်မြင်မှုလမ်းကြောင်းပေါ် ရောက်ရှိလာသူ တစ်ယောက်ပါ။ ဆိုင်ဖွင့်ပွဲ၊ ပွဲတက်အခမ်းအနား၊ ကြော်ငြာရိုက်ကူးရေးစတာတွေမှာ အများဆုံးတွေ့မြင်လာရတဲ့အပြင် သူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်တဲ့ ကြော်ငြာလေးတွေကိုလည်း နေ့စဉ်နဲ့အမျှတွေ့မြင်ရမှာပါ။ ဒီတစ်ခေါက် မှာတော့ ဈေးဝယ်ရတာ ဝါသနာပါတဲ့ အိမ်ရှင်မတွေအတွက် အချိန် မကုန်၊ အလုပ်မရှုပ်၊ ကိုဗစ်ကြောက်စရာမလိုဘဲ အိမ်မှာပဲထိုင်နေရင်း အမျိုးစုံဝယ်လို့ ရတော့မယ့်အကြောင်းကို ကြော်ငြာလေးနဲ့ မျှဝေခဲ့ပါတယ်။ သူအမြဲကြော်ငြာပေးလေ့ရှိတဲ့ rgo47 ဈေးဝယ်အပလီကေးရှင်းကနေပြီးတော့ မကြာခင် မှာ Facebook Live လွှင့်ကာ ဈေးရောင်းချတော့ မှာဖြစ်ပြီး အစားအသောက်၊အဝတ်အထည်နဲ့ လူသုံးကုန်ပစ္စည်းမျိုးစုံကို ဈေးနှုန်းသက်သာစွာ တစ်နေရာတည်းမှာ ဝယ်ယူရရှိနိုင်တော့မှာပါ။ ဘာကြော်ငြာလေး ပဲ ရိုက်ရိုက် ကိုယ်ပိုင် ဇာတ်ညွှန်း၊ ဇာတ်အိမ်လေး နဲ့ ရိုက်တတ်တဲ့ ဖြူဖြူထွေးကတေ...

အုန်းဆီနဲ့ ပလုပ်ကျင်းတဲ့အခါ ရရှိလာမယ့် အကျိုးကျေးဇူးများ

အရမ်းမှန် ကျေးဇူးကြီးလှတဲ့ ဗဟုသုတဘဲ : ကိုယ် သွားဖုံးအပြည်တည်ပြီးအပြည်ပေါက်တော့ကျောက်ကပ်ကမခံမရပ်နိုင်နာတယ်ယောင်တယ်။ဆီးလဲသွားလို့ခက်လာတယ်သိပ်မထွက်တော့ဘူး စနေနေ့ကသွားလဲထွက်သွားရော ခဏနေ ယူပစ်လိုက်သလိုနေသာထိုင်သာရှိသွားတာ ခုထိကျောက်ကပ်ကဘာမှမဖြစ်သလိုဒူးနာတာပါသက်သာလာခဲ့ ဆီနဲ့လဲပလုပ်ကျင်းနေပါပြီ။ ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကို ဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ ကျန်းမာရေးကောင်းကျိုးများ တန်ဖိုးထားရပါသောမိတ်ဆွေများအား မိမိတို့၏ခံတွင်းကို အုန်းဆီ နှမ်းဆီ သံလွင်ဆီတစ်မျိုးမျိုးဖြင့် တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့် ပလုတ်ကျင်းပေးခြင်းဖြင့် ပြန်လည်ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများနှင့်ခံတွင်းက အာပုတ်ရည်များ အစာအိမ်သို့ မရောက်ရှိတော့ဘဲ အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်ပါကြောင်း ပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ။ ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာ မြန်မာဆရာဝန်များနှင့်အတူ အိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါ ဆေးရုံ ဆေးပေးခန်းတွေမှာ အများအပြားတွေ့ရှိရတတ်တာကို ကောင်းစွာ မှတ်မိနေပါသေးတယ်။ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်း ကောင်းကောင်းမှတ်မိနေသေးတာက ကျွန်တော့...

ရှား‌စောင်းလက်ပတ် အပင်တွေက ရရှိနိုင်တဲ့ ဆန်းဆန်းပြားပြား အကျိုးကျေးဇူးများ

ရှားစောင်းလက်ပတ်အပင်ဆိုတာ ခြံနဲ့မြေအကျယ်ကြီးရှိမှ၊ သေသေချာချာမြေသြဇာတွေနဲ့ စိုက်မှ၊ အမြဲတမ်းပြုစုယုယမှ ရှင်သန်ကြီးထွားလာကြတာမဟုတ်ပါဘူး။ မြေအိုးလေးထဲ သူ့ရဲ့အကိုင်းလေးတစ်ကိုင်ကိုစိုက်မယ် တစ်နေ့ ၂ ခါလောက် အနည်းဆုံးရေလောင်းပေးရုံနဲ့တင်ကို ရှင်သန်ကြီးထွားလာနိုင်တာမလို့ စိုက်ရလွယ်တဲ့အပင်တွေထဲ ထိပ်ဆုံးစာရင်းမှာ ပါဝင်လို့နေပါတယ်။ လက်ရှိအချိန်မှာလည်း နေအိမ်တော်တေ်ာများများမှာ ရှားစောင်းလက်ပတ်ပင်လေးတွေ စိုက်လာကြတာတွေ့မိတဲအတွက် အိမ်မှာ ရှားစောင်းလက်ပတ်စိုက်ထားရုံနဲ့ အသုံးပြုတဲ့အခါ ရနိုင်တဲ့ ဆန်းဆန်းပြားပြားအကျိုးကျေးဇူးတွေအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ အိမ်အတွက် အသုံးဝင်ပုံ (၁) ရှားစောင်းလက်ပတ်အပင်လေးတွေဟာ အပူချိန်ကို တခြားအပင်တွေထက်ပိုစုတ်ယူနိုင်ပါတယ်တဲ့။ ဒါကြောင့် အခုလို ရာသီဥတုပူတဲ့အခါမျိုးကျရင် အိမ်ပတ်ပတ်လည်မှာ ရှားစောင်းလက်ပတ်အပင်လေးတွေကို အိုးခွဲစိုက်ပေးခြင်းအားဖြင့် အိမ်ထဲအပူချိန်သက်သာလာနိုင်ပါတယ်။ (၂) ၂၀၁၄ ခုနှစ်ရဲ့ Cambridge University Press ဆောင်းပါးအရ သုတေသီတွေဟာ ခရမ်းချဉ်သီးကို ရှားစောင်းလက်ပတ်အနှစ်တွေသုတ်လိမ်းပြီး ရက်တန်ကြာထားခဲ့ပါတယ်တဲ့။ ဒါပေမဲ့ ခရမ်းချဉ်သီးဟာ ပုတ်ရမယ့်အချိန်ရောက်တာတ...

ရှိလို့လှူ လှူလိို့ရှိ ရှိပြီးရင်း ရှိစေနိုင်သော ဘုရား (၇) ဆူ ဆွမ်းတော် ကပ်နည်း

ရှိလို့လှူ .. လှူလို့ရှိ … ရှိပြီးရင်း ရှိ … ဆိုသော မြန်မာလူမျိူး များသည် ဒါန ၏ အကျိူးကိုလည်း ယုံကြည်သူများပင် ဖြစ်ပေသည်။အမျိူးမျိုး အဖုံဖုံသော နည်းများဖြင့်် နည်းများဖြင့် အလှုဒါန ပြု့လေ့ရှိကြသည်။ သို့သော် .. မြတ်စွာဘုရား အား လှုသော အလှူသည်ကား လောကတွင် အမြတ်ဆုံး အလှူဖြစ်သည်။ထို အလှုဒါန ၏ အကျိူးကား အနန္တ ပင်ဖြစ်သည်။ အကျိူးပေးသည် ကလည်း အခါပေါင်း အသင်္ချေ ပင်ဖြစ်သည်။သိို့ ပါ ၍ … မြတ်စွာ ဘုရား (၇) ဆူ ဆွမ်းတော်ကပ်နည်း အား ဖော်ပြ ပေးလိုပါသည်။ မြတ်စွာ ဘုရား (၇) ဆူ အား ဆွမ်း တော် ကပ်လှုရာတွင် အရုဏ်ဆွမ်း နှင့် နေ့ဆွမ်း (၂) မျိူးအနက်မှ နှစ်သက်ရာ ကပ်လှုနိုင်ပါသည်။ သို့ရာတွင် .. မိိမိ ကပ်လှုမည့် နေ့ မရောက်မီ တစ်ည အလိုတွင် မိမိ နှင့်အတူတကွ (၃၁) ဘုံသား သတ္တဝါ အားလုံးတို့အား ကုသိုလ် အဖို့ဘာဂ ကို အမျှရစေခြင်း ငှါ ကြိုတင်၍ ပင့်ဖိတ်ထားရန် လိုအပ်ပါသည်။ ကြိုတင်ပင့်ဖိတ်ခြင်း ကျွနုပ် ၏ သံသရာ မှ စ အနမတဂ္ဂ မှစ၍ ယနေ့ထက်ထိ တော်စပ်ခဲ့ဘူးသော အနန္တဂိုဏ်းဝင် ကျေးဇူးရှင်အပေါင်းတို့အား ၎င်း ဆွေမျိူးမိတ်သင်္ဂဟ အပေါင်းတို့အား ၎င်း ထွက်ရပ်လမ်းဆင်မြန်း ပြီးကြသော ပုဂ္ဂိုလ်တို့အား ၎င်း ဝိဇ္ဇာ ဇော်ဂျီတပဿီ အစရှိသော ပုဂ္ဂိုလ...

ပိဋိကတ်သုံးပုံ လုံး ကို အာဂုံဆောင်နိုင်တဲ့ အရှင်သူမြတ် တစ်ပါး ထပ်မံ ပေါ်ထွန်းလာပြီ

ယခု သတင်းကို ( State Counceller Office ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ ပိဋိကတ် သုံးပုံစလုံး ကို အာဂုံဆောင်နိုင် သည့် သာသနာ့ အာဇာနည် အရှင်မြတ် တစ်ပါး ထပ်မံပေါ်ထွန်း လာကြောင်း ယနေ့( ဇူလိုင်၂၀ရက် )ကျင်းပ ခဲ့သည့် (၇၂)ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူ ဒါန်းပွဲ မှ သိ ရသည် ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပခဲ့သည့် ( ၇၂ ) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ တွင် အောင်မြင် တော်မူကြသည့် တိပိဋကဓရတိပိဋ ကကောဝိဒ ဘွဲ့ တံဆိပ်တော်ရ ကျောက်ပန်းတောင်း ဆ ရာတော် အပါ အဝင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ် တော်ကြီး ၌ ယမန်နေ့ နံနက် ၈ နာရီ က ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ဗန်းမော်ကျောင်းတိုက် ဆရာတာ် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသအမှူးပြုသော ဆရာ တော်ကြီးများ ကြွရောက် ချီးမြှင့်ခဲ့သလို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေ...

ပိဋိကတ် သုံးပုံလုံးကို အာဂုံဆောင်နိုင်တဲ့ အရှင်သူမြတ် တစ်ပါး ထပ်မံ ပေါ်ထွန်းလာပြီ

ယခု သတင်းကို ( State Counceller Office ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်။ ပိဋိကတ် သုံးပုံစလုံး ကို အာဂုံဆောင်နိုင် သည့် သာသနာ့ အာဇာနည် အရှင်မြတ် တစ်ပါး ထပ်မံပေါ်ထွန်း လာကြောင်း ယနေ့( ဇူလိုင်၂၀ရက် )ကျင်းပ ခဲ့သည့် (၇၂)ကြိမ်မြောက်၊ တိပိဋကဓရ တိပိဋကကောဝိဒ ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်လှူ ဒါန်းပွဲ မှ သိ ရသည် ။ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနက ကြီးမှူးကျင်းပခဲ့သည့် ( ၇၂ ) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲ တွင် အောင်မြင် တော်မူကြသည့် တိပိဋကဓရတိပိဋ ကကောဝိဒ ဘွဲ့ တံဆိပ်တော်ရ ကျောက်ပန်းတောင်း ဆ ရာတော် အပါ အဝင် သာသနာ့အာဇာနည် အရှင်သူမြတ် ၁၀၆ ပါးတို့အား ချီးကျူးပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ် လှူဒါန်းပွဲအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏ လိုဏ်ဂူသိမ် တော်ကြီး ၌ ယမန်နေ့ နံနက် ၈ နာရီ က ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ၊ ဗန်းမော်ကျောင်းတိုက် ဆရာတာ် ဒေါက်တာဘဒ္ဒန္တ ကုမာရာဘိဝံသအမှူးပြုသော ဆရာ တော်ကြီးများ ကြွရောက် ချီးမြှင့်ခဲ့သလို နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေ...

ဇူလှိုင် ၃၁ ရက်နေ့မှ စပြီး အစိုးရ ရိုးပိတ်ရက် ၄ ရက် ဆက်တိုက် ပိတ်မည်

ယခု သတင်းကို ( MRTV ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှ အမိန့်‌ကြော်ငြာစာအမှတ် (၆၅/၂၀၂၀) အား ယနေ့ရက်စွဲဖြင့်ထုတ်ပြန်။ (“အီဒုလ်အဿွဟာ (ကုရ်ဘာနီအီးဒ်)နေ့”သည် အစိုးရရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသည့်အတွက် အစားထိုးဖြည့်စွက်အလုပ်ပိတ်ရက်အဖြစ် ဇူလိုင်လ ၃၁ ရက်နှင့် သြဂုတ်လ ၁ ရက်နေ့တို့အား အများပြည်သူတို့၏ အလုပ်ပိတ်ရက် သတ်မှတ်ကြေညာ)

လောကကြီးမှာ ဆက်မနေ ချင်တော့ဘူးလို့ သူမရဲ့ အခက်အခဲတွေကို ဝမ်းနည်းစွာ ရင်ဖွင့် လာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး

ယခု သတင်းသည် Shwe Yaung Myanmar မှ ရေးသား ထားသော သတင်း ဖြစ်သည်။ သ ရုပ်ဆောင်ထက်ထက်မိုးဦးကတော့ တချိန်က ကြော်ငြာဘုရင်မ လို့တင်စားရလောက်အောင် ထင်ရှားခဲ့တဲ့ နိုင်ငံကျော်မင်းသမီးတစ်လက်ဖြစ်သလိုအကယ်ဒမီဆုတွေကိုလည်း အလီလီဆွတ်ခူးနိုင်ခဲ့တဲ့ မင်းသမီးတစ်ဦးမှန်းပရိသတ်ကြီးသိရှိကြမှာပါ။ ယခု အချိန်မှာတော့ မထက်တစ်ယောက် သေချင်လောက်အောင်စိတ်ဓာတ်ကျနေပြီး အရာရာကို လက်လျှော့လိုက်ချင်ပြီလို့ ပြောဆိုလာခဲ့တာပါ။ ထက်ထက်မိုးဦး ရဲ့ ဖခင်ဖြစ်သူနဲ့ သူမအတွက် Ve Ve Company ကသိန်း ၁၀၀ ထောက်ပံ့ပေးတဲ့ အခမ်းအနားမှာ ဒီလိုပြောကြားခဲ့တာ ဖြစ်ပြီး သူမအနေ နဲ့ အခုလိုခက်ခဲနေချိန်မှာတချိန်က ကြော်ငြာတွေနဲ့ အတူတွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ Ve Ve က အခုလိုထောက်ပံ့ပေးတာကို ဝမ်းသာမိတယ် လို့လည်းဆိုပါတယ်။မထက်က အခုလက်ရှိသူမရဲ့ကျန်းမာရေးအခြေအနေကို “အခုဗိုက်ခွဲထားတဲ့ဒဏ်ရာကတော့ မသက်သာသေးပါဘူး။နောက် ၂ ရက် ၃ ရက် နေရင် ပြန်ပြရမှာပေါ့။ကောင်းကောင်းအနားမယူလို့ လို့တော့ ဆရာမကပြောပါတယ်။ခွဲစိတ်ပြီးသွားရင် ၂ လလောက်တောနားသင့်တယ်ပေါ့။ကိုယ်ကမနားပဲ ချက်ချင်းအလုပ်ထဲဝင်တယ်…ပြီးတော့ အနာကြီးရှိရဲ့သားနဲ့ လည်း လိမ့်ကျသွားတယ် ဆိုတော့ အဲ့လို အတွင်းချုပ်ရိုးတွေက မကောင်းသေ...

ကိုယ်ပိုင်ဟန်လေးနဲ့ ကြိုးစားပြီး အောင်မြင်လာတဲ့ ဖြူဖြူထွေးကို အားရ ကျေနပ်မိတယ်ဆိုတဲ့ တင်မိုးလွင်

တင်မိုးလွင်ကတော့ ဟိုးအရင်အချိန်ကတည်းကနေ အခုချိန်ထိ စမတ်ကျတဲ့ခန္ဓာကိုယ်ကို ထိန်းသိမ်းထားနိုင်တဲ့အပြင် ထက်မြက်တဲ့အတွေးအခေါ်တွေနဲ့ မိန်းကလေးတိုင်းစံထား သင့်တဲ့မော်ဒယ်လ်တစ်ယောက်ပါ။ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း မြန်မာအမျိုးသမီး တွေအတွက် စမတ်ကျကျနေတတ်စေဖို့နဲ့ အတွေးအခေါ်ကောင်းတွေကို စဉ်ဆက်မပြတ်မျှ ဝေပေးနေသူပါ။ ဒီတစ်ခေါက်မှာတော့ လတ်တလော ပရိသတ်ရဲ့အချစ်တော်ဖြစ်လာတဲ့ ဖြူဖြူထွေးနဲ့ပတ် သ က်ပြီး ရင်ထဲမှာ အားရကျေနပ်မိတဲ့အကြောင်းကို မျှဝေလာပါတယ်။ ” အသားဖြူဖြုအညာသူ လေး… ကျမတို့ T&M နဲ့ MMDC တို့ပူးပေါင်းတဲ့ တင်ဆက်မှုသင်တန်းမှာ သူ ပါခဲ့တယ်…အမြဲတမ်းပြုံးနေ၊ ရယ်နေတာ သူမရဲ့အကျင့်ပါ… အဆို၊အက၊လူရွှင်တော်၊ သရုပ်ဆောင်တာ တွေ ဝါသနာအလွန်ပါကြောင်း သူမပြောပြလို့ သိရတယ်…အနုပညာလောကထဲကို ဖြေးဖြေးမှန် မှန်၊ ဖြူဖြူစင်စင် လျှောက်လှမ်းဖို့နဲ့ ပရိသတ်တွေရဲ့သဘောထားကိုကျမပြောပြခဲ့တယ်… နောက်ပိုင်းမတွေ့ဖြစ်ကြတဲ့အချိန်မှာ သူမကိုအောင်မြင်စေချင်လို့ အကြံဉာဏ်တစ်ချို့ကို လည်း မက်ဆင်ဂျာကနေရေးပို့ခဲ့တယ်… သင်တန်းတွေပြီးလို့ နှစ်တွေကြာမှ ယူနီကုဒ်သံတမန်တွေအနေနဲ့ တစ်ခေါက်ပြန်တွေ့ကြ တာပါ… ကိုယ်ပိုင်ဟန်လေးတွေနဲ့ ကြိုးစားအောင်မြင်...

နေ့စဉ်ပဌာန်း အရှည်ကြီး ကို မရွတ်နိုင်တဲ့ မိတ်ဆွေတွေ အတွက် ထူးခြားတဲ့ ပဌာန်းဆုတောင်း

ပဌာန်းအကျယ် မရွတ်နိုင်တဲ့ နေ့တွေမှာ သရဏဂုံသုံးပါးနှင့် ငါးပါးသီလ စောင့်တည် ပြီး ဒါလေးကို ရွတ်ဆိုနိုင်ပါတယ်။ အရမ်း အချိန်ပေးစရာမလိုဘဲ မြတ်စွာဘုရားရှင် ပဌာန်းဒေသနာတော်အား ဆုတောင်းနည်းပါ ။ လူအများနဲ့ ဆက်ဆံတဲ့နေရာမှာ သင့်ကို လက်ခံဖို့ ချစ်ခင်ဖို့ ဆိုတာ အလွန်အရေးကြီးပါတယ်- မလိုအပ်ဘူးထင်ပြီး သင့် ရဲ့ဆက်ဆံပုံ ဆက်ဆံနည်း လွဲမှားသွားခဲ့ရင်တော့ သင် မိတ်ပျက်ပါပြီ- ဒါကြောင့် ဒီ ဗီဒီယိုလေးကိုသာ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါ ပဌာန်းအကျယ်ရွတ်ဖို့အရမ်း အချိန်မပေးနိုင်တဲ့ နေ့တွေမှာ ဒါလေး နေ့စဉ် ရွတ်ဖြစ်ပါတယ်။ ကြာသွားရင် အလွတ်ရသွားတော့ အမြဲ အာဂုဏ်စောင့်မိ တဲ့အတွက် နေ့စဉ် ကိုယ့်အတွက် ကံဆိုးမှုတွေ မကျရောက်နိုင်ပါဘူး လက်တွေ့ပါ..။ ကောင်းမှုတွေကြောင့်ကောင်းကျိုးမင်္ဂလာတည်ရှိပါစေ ။ ၁. ဟေတု ပစ္စယော -အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား ၂. အာရမ္မဏ ပစ္စယော -မျက်စိနှင့်နားတို့သည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား ၃. အဓိပတိ ပစ္စယော -ရုပ် ၊ နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား ၄. အနန္တရ ပစ္စယော -များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား ၅. သမနန္တရ ပစ္စယော -ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မ...

ထပ်မပြောချင်ပေမယ့် ဒကာ ဒကာမတွေ သဘောပေါက်အောင် နားရှင်းအောင်တော့ ထပ်ပြောရလိမ့်ဦးမယ်

သူ့စည်း ကိုယ့်စည်း နားမလည်တာဟာ ယဥ်ကျေးမှု မဲ့တာပါဘဲ ဒီကိစ္စ ထပ်မပြောချင်ပေမယ့် ကမ္ဘာပျက်သလို ဝိုင်းအော်နေကြတော့လည်း မပြောမပြီး မတီးမမြည် ဆိုတဲ့အတိုင်း ဒကာ ဒကာမတွေ သဘောပေါက်အောင် နားရှင်းအောင်တော့ ထပ်ပြောရလိမ့်ဦးမယ်၊ မန္တလေး ကမ်းနားလမ်း တာရိုးပေါက်တဲ့ကိစ္စနဲ့ ပက်သက်ပြီး ဆရာတော် ဦးဆေကိန်ကို ဝေဘန်လို့ဆိုပြီး တချို့ ဒကာ ဒကာမ တွေနဲ့ တချို့ကိုယ်တော်တွေက မကျေမနပ်ဖြစ်နေကြ တယ်၊ ဆရာတော် ဘက်ကနေ ကာကွယ် ပြောဆို ရေးသားနေကြတယ်၊ မိမိတို့ကပဲ ဦးဆေကိန်ကိုမနာလိုဖြစ်နေတာလိုလို ဦးဆေကိန်မှာ မြူတစ်မှုံလောက်မှ အပြစ်မရှိတာလိုလို ပြောနေကြ တယ်။ မိမိတို့က သူ့အလှူတွေ ပရဟိတလုပ်ငန်းတွေကို အပြစ်မပြောပါဘူး၊သူလုပ်တဲ့ ပရဟိတလုပ်ငန်းတွေ သိနေမြင်နေ ကြားနေရတာပဲ၊ ကုသိုလ်ဆိုတာ ဘယ်သူလုပ်လုပ် သာဓု ခေါ်ပါတယ်၊ မနာလို ဖြစ်စရာလည်း အကြောင်းမရှိပါဘူး၊သူ့ကို လှူနေတဲ့ ဒကာ ဒကာမတွေ ဆက်လှူကြပါ ကိုးကွယ် ကြပါ၊ ရှိသမျှ အကုန်ထုတ် အကုန်ချွတ်လှူလည်း ဘာမှ မပြော လိုဘူး၊ ဟုတ်တယ် ခင်များတို့ပြောသလိုပဲ ကျုပ်တို့ ဝေဘန်လို့လည်း ဦးဆေကိန်မှာ ဘာမှ အထူးထွေ ထိခိုက်စရာ မရှိပါဘူး။ ဒီတော့ ကျုပ်တို့ ဝေဘန်လို့ ခင်များတို့ ဘာမှ စိုးရိမ် ထိတ်လန့်မနေကြနဲ့၊ ကျု...

ဘုန်းဘုန်းကြီး အရှင်ဆေကိန္ဒကို ဝေဖန်ဆဲဆို နေကြတဲ့ သူတွေကို တုန့်ပြန် ပြောဆိုလိုက်တဲ့ စံရတီမိုးမြင့်

ယခု သတင်းကို ( San Yati Moe Myint ) စာမျက်နှာမှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည် ဘုန်းဘုန်းကြီးဟာ ပြည်သူတွေကိုခလေးသဖွယ်စိုးရိမ်စိတ်ကြီးတယ်.. လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက စကားပြောရင် ဒီပုံပါပဲ…မှားခဲ့ရင်တောင် စေတနာအမှားပါ.. ဖာသိဖာသာနေလို့ရရက်နဲ့ ရွှေတွေစိုရွှဲနေတာတောင်ပူပန်နေတာပါ… ပြောနေတဲ့သူတွေတောင် အဲကွန်းခန်းထဲစောင်ခြုံပြီး Let’s Pray For ဘာညာ ဘာ ညာ Let’s save ဘာ ဘာ ဘာ နဲ့ အခန်းထဲကမထွက်ကြပါဘူး.. ဒါဟာ သားသမီးကဲ့သို့ ချစ်ရတဲ့ ပြည်သူတွေအတွက် စိုးရိမ်ပူပန်မှုတစ်ခုပါ .. ဒီကိစ္စသိသလောက် ဝင်မပါရဘူးဆို ပြည်တော်ပြန်တွေကိစ္စတုန်းက ဘုန်းဘုန်းကြီးရဲ့စေတနာမေတ္တာတွေကို ဘုန်းကြီးနဲ့မဆိုင် ဝင်မပါနဲ့လို့ ဘာလို့မဝေဖန်ကြတာလဲ? အခုပြောနေတဲ့လူတွေလူတစ်ယောက်ကိုတောင်ကူခဲ့ပါသလား? တာကျိုးတဲ့ကိစ္စမှာ ကျောက်တစ်တုံး သဲတစ်အိတ်များ ဝင်ချပေးကြပါသလား? ဘုရားလဲ သူ့ပရိတ်သတ်နဲ့သူဒေဝဒတ်လဲ သူ့ပရိတ်သတ်နဲ့သူပါ. သံဃာစော်ကားပြီး မန့်တော့မပိတ်ပါနဲ့ ..ဘုန်းဘုန်းကြီးအသက်ရှည်ကျန်းမာပြီး ပရဟိတအလုပ်တွေ ထာဝရလုပ်ပေးနိုင်ပါစေ ဘုရား ထာဝရဦး တင်လျက်။ Credit : San Yati Moe Myint

အွန်လိုင်း ပေါ်က ချစ်သူနဲ့ အပြင်မှာ မတွေ့ဆုံခင် အကြော သေသွားခဲ့ပေမဲ့ ကတိတည်တဲ့ ချစ်သူ ရဲ့ ဂရုစိုက်မှုကို ရခဲ့တဲ့ မိန်းကလေး (ရုပ်/သံ)

ထိုင်းနိုင်ငံ Chiang Mai မြို့မှာနေထိုင်တဲ့ အသက်31နှစ်အရွယ်အမျိုးသားဟာ သူ၏ အသက်21နှစ်အရွယ်ချစ်သူမိန်းကလေး ယာဉ်မတော်တဆမှုဖြစ်ပြီး လည်ပင်းအောက်ပိုင်းအကြောများ သေသွားမှုဖြစ်ပြီးကတည်းက ချစ်သူမိန်းကလေးကို ပြုစုစောင့်ရှောက်နေခဲ့တာပါ ။ Narawut Phongyen အမည်ရှိတဲ့အမျိုးသား နဲ့ Patcharaphan Lenkham အမည်ရှိတဲ့ အမျိုးသမီးတို့ဟာ July 2015 ခုနှစ်မှာ Social Media ပေါ်မှာတွေ့ဆုံခဲ့ကြတာဖြစ်ပြီး 7လနီးပါး အချင်းချင်းစကားပြောဆိုခဲ့ကြပါတယ် ။ သို့ပေမဲ့ ပထမဦးဆုံးအပြင်မှာချိန်တွေ့ကြမည့် နေ့ February 2016 မှာတော့ Patcharapan ဟာယာဉ်မတော်တဆမှုဖြစ်ခဲ့ပြီးနောက် ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့ပါတယ် ။ နောက်ပိုင်းမှာတော့ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံး လည်ပင်ကနေစပြီးအောက်ပိုင်းအထိ အကြောသေသွားခဲ့ရပြီး သူမ၏လက်မတစ်ချောင်သာ လှုပ်လို့ရခဲ့ပါတော့တယ် ။သို့ပေမဲ့လည်း Narawut ဟာအရင်ကတည်းက အပြင်မှာမတွေ့ဆုံဖူးသေးတဲ့ မိန်းကလေးတစ်ယောက်ကို စွန့်လွှတ်ပစ်ရမယ့်အစား ၊ စားသောက်ဆိုင်မှာကြိုတင်စာရင်းပေးခဲ့တာကိုဖျက်ပစ်ခဲ့ပြီး ဆေးရုံသို့အလျင်အမြန်လိုက်သွားကာ သူနှင့် Patcharaphan တို့ပထမဆုံးတွေ့ဆုံခဲ့ခြင်းဟာ သူမဆေးရုံပေါ်က ကုတင်ပေါ်မှာဖြစ်ကြောင်း သိရ...

နဂါးရုံဘုရား တည်ချင်ရင် ကျွန်တော့်ကို ဆက်သွယ်ပါ အခမဲ့ ကူညီပါမည်ဆိုတဲ့ လေးစားစရာ လူငယ်လေး

နဂါးရုံ ဘုရား တည်ချင်ရင် ကျွန်တော့်ကို ဆက်သွယ် ပါ အခမဲ့ ကူညီပါမည် ဆိုတဲ့ လေးစားစရာ လူငယ်လေး လူတိုင်း ဟာ မိမိဝမ်းရေး အတွက် မိမိအတတ်ပညာ ကို အခကြေးငွေနဲ့ ရောင်းချနေတဲ့ အချိန်မှာ ဖြင့် လူငယ်လေးတစ်ယောက်ကတော့ ထူးထူးဆန်းဆန်း သူတတ်တဲ့ပညာနဲ့ အခမဲ့ ကူညီနေခဲ့ပါတယ်။ အဲ့ လူငယ်လေးကတော့ နဂါးရုံ ဘုရားတွေ တည်တဲ့အခါမှာ လက်ရာ အကောင်းဆုံး လုပ်ပေးတတ်သူဖြစ်ပြီးတော့ လုပ်အားခ ပညာကြေးကိုလည်း လုံးဝမယူပါဘူးတဲ့ .။ ဒီအကြောင်းလေးကို ပြန်လည်မျှဝေပေးပါရစေ။ “လေးစားလွန်းလို့ပါ ကိုငယ်ဆိုတဲ့ လူဟာ နဂါးရုံဘုရား လက်ခံ တည်တိုင်း ဗုဒ္ဓရုပ်ပွားတော် အား လက်ခ မယူပဲလှူခဲ့တာ ၅ နှစ်ပြည့်ခဲ့ပါပြီ။ ဘယ်အရာမဆို အအတက်နိုင်ဆုံး ကိုယ့်မှာ ရှိတဲ့ ပညာလေး နဲ့ ကြိုးစား အားစိုက်ထားပါတယ်။”ပြီးတော့ ကိုငယ် ကိုယ်တိုင်က လည်း ခုလို ပြောထားပါတယ်။ “ကျွန်တော် ကိုငယ်မှ နဂါးရုံဘုရား လက်ခံတည် တိုင်းဗုဒ္ဓရုပ်ပွားတော်အား လက်ခ မယူပဲလှူ ခဲ့တာ ၅နှစ် ပြည့်ရှိခဲ့ပါပြီ ဘယ်အရာမဆို အတက် နိုင်ဆုံး စေတနာထားပြီး ကိုယ့်မှာရှိတဲ့ ပညာလေးနဲ့ ကြိုးစား အားစိုက်ထားပါတယ်..”။ မိမိတတ် ထားတဲ့ ပညာရပ် နဲ့ ခုလို အခကြေး ငွေမယူဘဲ ကုသိုလ် ယူနေ တဲ့ ကိုငယ် အတွက် ဂုဏ်ပြုစကားလေး ချီးမြှင့...

သူနာပြု ယူနီဖောင်း နဲ့ မြင်တိုင်း သူနာပြု အစစ်လို့ မထင်လိုက်ကြပါနဲ့

အိမ်ရှင်မ ကို ကူဖို့ အိမ် အကူ ထား တယ် ။ အိမ်အကူ ဟာ အိမ်ရှင်မ မဟုတ်ဘူး ။ ဆေးရုံအုပ် ရဲ့အလုပ်တွေ ဝိုင်းကူဖို့ ဆေးရုံအုပ် အကူထားတယ် ။ ဆေးရုံအုပ်နဲ့ ဆေးရုံ အုပ် အကူ အခြေအနေချင်း ကွာခြား တယ် ။ သူနာပြုတွေ ကို ကူညီဖို့ သူနာပြု အကူ ထား တယ် ။ သူနာပြု နဲ့ သူနာပြု အကူ တန်ဖိုး ချင်း ကွာခြား တယ်။ သူ နာပြု မှာ ဒီပလိုမာ အဆင့် သူနာပြုတစ်ယောက်ဖြစ် ဖို့ (၃)နှစ် ၊ သူနာပြုသိပ္ပံဘွဲ့ရ သူနာပြုတစ်ယောက်ြ ဖစ်ဖို့ (၄)နှ စ်၊ ဘွဲ့လွန်အဆင့် သူနာပြု မဟာ သိပ္ပံဘွဲ့ရ သူနာပြု တစ်ယောက်ဖြစ် ဖို့ စုစုပေါင်း အနည်း ဆုံး ( ၆ )နှစ် ၊ ပါရဂူ အဆင့် PhDဘွဲ့ရ သူနာပြုတစ်ယောက် ဖြစ် ဖို့ စုစုပေါင်း အနည်းဆုံး ( ၉ )နှစ်တာ သူနာပြု ပညာရပ်တွေ လေ့လာ ဆည်း ပူး သုတေသ နတွေ လုပ်ရ ပါ တယ် ။ ရာထူး အားဖြင့် လုံချည် အနီရဲရဲဝတ် သူနာပြု ကနေ ညွှန်ကြား ရေးမှူး သူနာပြု အထိ ရာထူး Level တွေခွဲထား ပါတယ် ။ သူနာပြုကို ကူညီနိုင်ဖို့လောက်ပဲ ရည်ရွယ်ထား တဲ့ သူနာပြု အကူကတော့ (၁၀)တန်းအောင် သည်ဖြစ်စေ မအောင်သည် ဖြစ်စေ တက်လို့ရပါတယ်။ အကူသင်တန်း (၁)လ၊ (၃)လ၊ (၉)လ စသည်ဖြင့် နားလည်လွယ်တဲ့ ကာလတို သင်တန်းလေး တွေပေး ပါ တယ် ။ ရာထူးအားဖြင့် လုပ်သက်ပြည့်သည်အထိ သူနာပြုအကူအနေနဲ့...

ဗိုလ်ချုပ်ပုံပါ (၅၀၀) တန် ငွေစက္ကူ အသစ်တွေကို ဒီနေ့ စလဲပေးပြီ

ယခုသတင်းအား O Media ဖေ့ဘုတ် Page မှတဆင့် ပြန်လည် မျှဝေဖော်ပြပေးခြင်း ဖြစ်သည်။ ဇူလိုင်(၂၁)ရက်၊ ၂၀၂၀။ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ (၅၀၀)တန် ငွေစက္ကူတွေကို ဒီနေ့ ဇူလိုင်လ(၂၁) ရက်နေ့ကစပြီး မြန်မာ့စီးပွားရေးဘဏ်တွေမှာ စလဲပေးနေပါပြီ။ အဲဒီငွေစက္ကူကို (၇၃)နှစ်မြောက်အာဇာနည်နေ့မှာ စဖြန့်မယ်လို့ ဗဟိုဘဏ်ကကြေညာခဲ့တာဖြစ်ပြီးရုံးပိတ်ရက်တွေကြောင့် ဒီနေ့မှ စလဲပေးနေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၄)လွတ်လပ်ရေးနေ့ကလည်း ဗိုလ်ချုပ်ပုံပါ(၁၀၀၀)တန်ငွေစက္ကူတွေကိုစဖြန့်ဝေခဲ့ပါသေးတယ်။ Source & Photo : Kyaw Htet Aung (O Media)

သိမ်းထား သိထား သင့်သော အဖိုးတန် ဆေးမြီးတိုများ

သိမ်းထားသင့်သော အဖိုးတန် ဆေးမြီးတိုများ ၁။ သွေးတိုးလို့သွေးကျလိုလျှင် သံပုရာသီးတစ်လုံးကို ၁၅ မိနစ်ခန့်ကြာအောင်ရေစိမ်ပြီး အရည်ညှစ်၍ ကြက်ဥတစ်လုံး ဖောက်ထည့်ကာ ရောမွှေ သောက်လိုက်ပါ။ သွေးကျဆေး အထူးသောက်စရာ မလိုဘဲ သက်သာပျောက် ကင်းစေပါသည်။ ၂။ အပူကျိတ်ဖြစ်ရင် ပါးချိတ်အောက်နှင့် ပေါင်ကြားတို့တွင် ပေါက်တက်သော အပူကျိတ်များကိုပျောက်လိုလျှင် နနွင်းခါးဥကို သွေးလိမ်းပါ။ သုံးကြိမ်မျှ လူးရုံ လိမ်းရုံနှင့် ပျောက်ကင်းစေပါသည်။ ၃။ အိပ်မပျော်ခြင်းဖြစ်လျှင် ဒန့်ကျွဲမြစ်ကိုပြုတ်၍သကြားအနည်းငယ် ထည့်ပြီးသောက်ပါ။ တစ်ခါသောက်လျှင် အကြမ်းပန်းကန်နှင့် တစ်လုံးသောက် ည ၊ နံနက် သောက်ပါ။ အိပ်မပျော်ခြင်းဝေဒနာ သက်သာပျောက်ကင်းစေမည်။ ၄။ ပန်းသေပန်းညှိုးရောဂါဖြစ်လျှင် ကစော့ပုပ်မြစ်ကိုအခြောက်လှန်း အမှုန့်ပြုပြီး ပျားရည်နှင့်သောက်ပါ။ ရက်မရှည်ဘဲ ပျောက်ကင်းစေပါသည်။ ၅။ အမျိုးသမီးများ မီးယပ်ဖြူဆင်း ရောဂါဖြစ်လျှင် အဝေရာရွက်ကို မကြာခဏ သုပ်စားပါ။ ထို့အပြင် သိန္ဓော ဆားတစ်ဆ ၊ လက်ပံပွင့်ခြောက်မှုန့်နှစ်ဆတို့ကို ထောပတ်နှင့် ရော၍ ကွမ်းသီးလုံးခန့်နံနက် ၊ ည ခွဲပြီးစားပါ ပျောက်ကင်းစေပါသည်။ ၆။ သွားကိုက်သွားဖုံးရောင်သွားပြည်ယိုဖြစ်လျှင် မာလကာခေါက...

မြန်မာတစ်နိုင်ငံလုံး (၈) ခုမြောက် သီလရှင် စာသင်တိုက်ကို ကိုယ်တိုင် ဆောက်နေကြသော ဆရာလေးများ

မြင်းခြံမြို့တွင် မြဝတီ သီလရှင် စာသင်တိုက် တည်ဆောက် ဖွင့်လှစ်သွားမည် မြင်းခြံ (ဇူလိုင် ၂၀) မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့ အထက(၃) ကျောင်းအရှေ့ဘက် ၊မြင်းခြံမြို့ (GTC) ကျောင်းတောင်ဘက်၊မြင်းခြံမြို့ မြေလတ်ဂေါက်ကွင်း၏ အရှေ့မြောက်ဘက်တွင် မြဝတီ သီလရှင်စာသင်တိုက်ခွဲအား မြို့နယ်သံဃနာယကအဖွဲ့၏ ခွင့်ပြုချက်အရ တည်ဆောက်လျှက်ရှိကြောင်းသိရသည်။ ယခုဆောက်လုပ်လျှက်ရှိသော မြဝတီ သီလရှင်စာသင်တိုက်သည် မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ချမ်းမြသာယာရပ်ရှိ မြဝတီ သီလရှင်စာသင်တိုက်မှ မြန်မာတနိုင်ငံလုံး(၈)ခုမြောက် ပရိယတ္တိစာသင်တိုက်တည်ထောင်၍ သီလရှင်စာသင်တိုက်ခွဲအဖြစ် မြင်းခြံမြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ရာ ယခုအခါအလှူရှင်များ၏ လှူဒါန်းမှုနှင့် ကျောင်းဆောင်သစ်တစ်လုံး တည်ဆောက်ပြီးစီးကာ နောက်ထပ်ကျောင်းဆောင်သစ်များ ဆောက်လုပ်လျှက်ရှိကြောင်းသိရှိရသည်။ အဆိုပါ မြဝတီ သီလရှင်စာသင်တိုက်သို့ မြင်းခြံမြို့ အထက(၃) ကျောင်း တောင်ဘက်လမ်းမှ အရှေ့အတိုင်းသွားရပြီး မြေလတ်ဂေါက်ကွင်းမြောက်ဘက်တည့်တည့်မှ ကန်ရွာကျေးရွာသွား လမ်းဟောင်းအတိုင်း ဝင်ရောက်သွားနိုင်ကာ မြဝတီ သီလရှင်စာသင်တိုက်အား ၂၀၂၀ပြည့်နှစ် ဇူလိုင်လ(၂၆)ရက်နေ့တ...

လုံးခင်း ကျောက်ဝိုင်းတွင် သိန်း (၃၀၀) တန် ကျောက်တစ်လုံး လုယူခံရ

လုံးခင်း ကျောက်ဝိုင်းတွင် သိန်း (၃၀၀) တန် ကျောက်တစ်လုံး လုယူခံရ (19.7.2020) ရက်နေ့ ည (8) နာရီ အချိန်ခန့်တွင် လုံးခင်းကျေးရွာ အောင်ရာ ရပ်ကွက်နေ ကျနော် မောင်စိုးပိုင်သည် သူငယ်ချင်း ဖြစ်သူထံမှ မှော်စီစာမှော်မှ ထွက်သည့် (40) ကျပ်သား အရွယ် (ပုံပါ) ရေခဲသား ကျောက်အား လုံးခင်းည ကျောက်ဝိုင်းသို့ ပွဲတိုက်ဖို့ ယူလာစဉ် ရပ်ကွက်(4) ဦးကျော်သောင်း၏ အိမ်ရှေ့အရောက် အမည်မသိ လူ(၂)ယောက်မှ လုယူပြီး ဆိုင်ကယ်ပေါ်သို့ တက်ခါ မှော်စီစာ ကျေးရွာဖက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။ အဆိုပါ ကျောက်မှာ သိန်း(300) စျေးထွက်ထားပြီးသား ကျောက်ဖြစ်ပါကြောင်း။ သို့ဖြစ်ပါ၍ ယခုပုံပါမြင်ရသည့် ကျောက်အား ဖားကန့် လုံးခင်း ဆိပ်မူ စသည့် မှော်ပေါင်းစုံမှ လောပန်းများထံ လာရောက်ပြသလာပါက ပွဲစားလေး ကျနော်မောင်စိုးပိုင်ထံ ဆက်သွယ် အကြောင်းကြားပေးပါရန် အကူအညီတောင်းခံ အပ်ပါသည်။ မောင်စိုးပိုင် (၀၉၇၆၅၅၂၆၄၅၈၊ 09765526458၊ နိုင်မိုး-လုံးခင်း)

နေရာတကာ ယာဉ်တိုက်မှု ဖြစ်တိုင်း ကားသမားအလွန် ကားသမား အပြစ်လို့ မပြောပါနဲ့ဗျာ

ဓါတ်ပုံတွေရိုက် ဆယ်ဖီတွေဆွဲ လမ်းလယ်ခေါင်းမှာ လမ်းလယ်ခေါင်မှာ တခါတလေ အုပ်စုလိုက်ကြီး ပွမ်ပွမ်လုပ်လဲ လုပ်လုပ်ပဲ အေးဆေးရယ် ရပါသေးတယ်ဆိုတဲ့ အထာနဲ့ ချက်ချင်းရှောင်မယ် မထင်နဲ့ ဖြည်ဖြည်းချင်းလေး ရှောင်တာ တချို့ဆို ပွတ်ကာ သီကာလေး တိမ်းတာဗျာ။ မြို့တိုင်းလိုလို နေရာတိုင်းလိုလို ဆယ်ဖီဆွဲကြတာ အလှပုံ‌လေးတွေ ရိုက်ကြတာ စတိုင်းအမျိုးမျိုး ဒီဇိုင်းအမျိုးမျိုးနဲ့ ရှိုးထုတ်ရတာ ဟန်မကျတော့ ပုံစံပြောင်း ပဲပေးနေရတာနဲ့ လမ်းမကြီးအတိုင်း လာနေတဲ့ကားတွေ ဆိုင်ကယ်တွေ သူတို့နဲ့ လားလားမှ မဆိုင် ရေးချာမဆိုင်။ အဲ့ တိုက်ကြည့်ပါလား ကားသမားအပြစ် ယာဉ်မောင်းအပြစ်ပဲ ပြောမှာ သိပြီးသား။ ကားလမ်းမ လမ်းလယ်ခေါင်းကြီးမှာ ဆယ်ဖီဆွဲနေတဲ့ သူတချို့ဟာ အပျော်တမ်းလေးတွေ ခံစားနေကြတာ။ မောင်းလာရတဲ့ ကားသမားတွေကတော့ မိသားစုဝမ်းစာအတွက် အသက်နဲ့ရင်းပြီး အလုပ်လုပ်နေရတာ။ မိမိအသက်အပြင် သိန်းရာချီတဲ့ကား သိန်ရာချီတဲ့ ကုန်ပစ္စည်းတွေကိုပါ မထိခိုက် မပျက်စီးအောင် ဂရုစိုက်ရပြီး အဲ့လိုလမ်းပေါ်က ဓါတ်ပုံရိုက် ဆယ်ဖီဆွဲနေတဲ့သူတွေကိုပါ မထိခိုက်အောင်‌ ဂရုစိုက် မောင်းနေရတာ။ ဒီတော့ ဓါတ်ပုံရိုက်လိုက ရိုက်ပါ။ ဆယ်ဖီဆွဲလိုက ဆွဲပါ။ ကားလမ်းမပေါ်နဲ့ ယာဉ်တိုက်မှု ဖြစ်နိုင်တ...

နှလုံးရောဂါ ထမဖောက်ခင် တစ်လ အလိုလောက်မှာ ဖြစ်ပေါ် လာတတ်တဲ့ လက္ခဏာ (၆) ခု

အနောက်နိုင်ငံတွေမှာ သေဆုံးမှုအကြောင်းအရင်းတွေထဲမှာ နှလုံးရောဂါထဖောက်တာကလည်း ထိပ်ဆုံးအကြောင်းရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ UK မှာဆိုရင်တော့နံပါတ်တစ် လူသတ်သမားဆိုရင်လည်းမမှားပါဘူး။UK မှာ နှစ်တိုင်းလိုလို လူပေါင်း ၁၆၀,၀၀၀ ကနှလုံးရောဂါကြောင့် သေဆုံးကြရတာပါ ။ဒါကြောင့်လည်း သင့်မှာနှလုံးရောဂါရှိနေရင် နှလုံးရောဂါထဖောက်မယ့် လက္ခဏာတွေကိုသိထားဖို့အရေးကြီးပါတယ်။ ဒီအချက်ကိုသိထားမယ်ဆိုရင် သင့်အသက်ကိုကယ်တာပါလို့ပြောလည်းမမှားပါဘူး။လူတော်တော်များများကတော့ နှလုံးရောဂါထဖောက်တယ်ဆိုတာက ရုတ်တရက်ဖြစ်တာပါလို့ထင်ကြပေမယ့် ကိစ္စတော်တော်များများမှာတော့ တစ်ကယ် ထမဖောက်ခင် ရက်သတ္တပေါင်းများစွာ လက္ခဏာပြတာမျိုးတွေရှိပါတယ်။နှလုံးရောဂါထဖောက်တဲ့ လက္ခဏာတွေကို သိထားမယ်ဆိုရင်တော့ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မှာပါ။ လက္ခဏာများ သင်နှလုံးရောဂါထဖောက်တော့မယ်ဆိုရင် နှလုံးအလုပ်လုပ်တာကပုံမမှန်တာကြောင့် သင့်ကိုယ်တွင်းမှာသွေးတွေကိုနှလုံးက မလွှတ်တော့ပါဘူး။ဒီလို နှလုံးအလုပ်လုပ်တာပုံမမှန်တာတွေက တစ်ခါတစ်လေမှာ သွေးကြောခဲနေလို့ဖြစ်တာပါ။နှလုံးရောဂါထဖောက်တော့မယ့်လူတွေက ရက်သတ္တပတ်အတော်ကြာအောင် ရင်ဘတ်အောင့်တာတွေ အသက်ရှုမဝတာတွေ အော့အန်တာတွေ ...

သူတစ်ပါးကို ဘယ်တော့မှ အပြစ်တင် မစောလိုက်ပါနဲ့၊ သူ့မှာ သင်မသိတဲ့ အခက်အခဲတွေ ရှိနိုင်တယ်

သူတစ်ပါးကို ဘယ်တော့မှ အပြစ်တင် မစောလိုက်ပါနဲ့၊ သူ့မှာ သင်မသိတဲ့ အခက်အခဲတွေ ရှိနိုင်တယ်။ သူတစ်ပါးကို ဘယ်တော့မှ အထင်မသေးလ်ိုက်ပါနဲ့၊ သူ့မှာ သင်မသိတဲ့ ကြီးမြတ်မှုတွေ ရှိနိုင်တယ် ။ သူတစ်ပါးကို ဘယ်တော့မှ မစွပ်စွဲလိုက်ပါနဲ့၊ သူ့မှာ သင်မသိတဲ့ အမှန်တရားတွေ ရှိနိုင်တယ် ။ သူတစ်ပါး အသက်မွေးဝမ်းကြောင်းအလုပ်ကို ဘယ်တော့မှ မပုတ်ခတ်လိုက်ပါနဲ့၊ သူ့မှာ သင်မသိနိုင်တဲ့ ရုန်းကန်ဖြတ်သန်းမှုတွေ ရှိနိုင်တယ်။ သူတစ်ပါးအကြောင်းကို သင် တစ်ခါ မကောင်းပြောတိုင်းပြောတိုင်း သင့် စိတ်နဲ့ခန္ဓာက စွမ်းအားတွေ ယုတ်လျော့နေတာကို သင်သိပါသလား ။ သူတစ်ပါးအပြစ်ကို ရှာခြင်းထက် ကိုယ့် လိုအပ်ချက်ကိုရှာဖွေ ဖြည့်ဆည်းနိုင်တဲ့သူကသာ တချိန်မှာ အောင်မြင်မှုတစ်ခုခုနဲ့တင့်တယ်တောက်ပရစမြဲဖြစ်ပါတယ် ။ လောက နိယာမတရားက သင့်စိတ်ထားနဲ့ထိုက်တန်တဲ့ နေရာတစ်နေရာကို သင့်အတွက် အဆင်သင့်ပြင်ပေးထားတယ် ။ သင် ဘယ်လိုနေရာမှာ နေရမယ်ဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်တယ် ။ ။ Credit : ပုညခင်

ဒန့်သလွန် အသီး အရွက် အပွင့် အမြစ် တပင်လုံး ဆေးဘက် အသုံး၀င်ပုံ

မြန်မာနိုင်ငံ​ဒေသအနှံ့အပြားတွင် ​ပေါက်​ရောက်ပါသည်။ဒန့်သလွန်သီးကို ချဥ်ရည်ဟင်းအဖြစ်လည်း​ကောင်း၊ အရွက်ကို ဟင်းချိုအဖြစ်လည်း​ကောင်း ချက်စားကြသည်။ ဒန့်သလွန် အရွက်၊အသီး၊အပွင့်၊အမြစ်၊အ​ခေါက် တို့ကိုတိုင်းရင်း​ဆေးအဖြစ် နိုင်ငံ​တော်​တော်များများတွင် အသုံးပြုကြပါသည်။ မြန်မာဆေးကျမ်းများတွင်် ဒန့်သလွန်သည် အနည်းငယ်ချို၍ ဖန်သော အရသာရှိ၏။ ​ကြေလွယ်၏။ နှုတ်ကိုမြိန်​စေ၏။ ဝမ်းမီးကို​တောက်​စေ၏။ ​လေ၊သလိပ်၊သည်း​ခြေကိုနိုင်၏။ အပူနာ၊​ရောင်ရမ်းနာတို့ကိုနိုင်၏။ မျက်စိကိုအကျိုးပြု၏ ဟု​ဖော်ပြပါသည်။ အရွက် ၁။ဒန့်သလွန်ရွက်၊ကြက်သွန်ဖြု၊ ပတဲ​ကောမြစ်၊မိသလင် ဟင်းခါးချက်​သောက်​သော် အမျိုးသမီး​ရောဂါများအတွက် ​ကောင်း၏။ ၂။ဒန့်သလွန်ရွက်နှင့်ကြက်သွန်ဖြူ ဟင်းချိုချက်​သောက်​သော် ​သွေးတိုးကျ၏။ အမြစ် ၁။ဒန့်သလွန်အမြစ်ကို ထု​ထောင်းကြိတ်​ခြေ၍ အရည်ညစ်ကာ စာပွဲဇွန်းတစ်ဇွန်း​သောက်ပါက အသံဝင် ၊ အသံကပ် ၊လည်​ချောင်းနာ ​ပျောက်ပါသည်။ ၂။ဒန့်သလွန်မြစ်နှင့်မုန်ညင်း​စေ့ ဆတူ​ရောကြိတ်ပြီး​ရေတွင် ၂နာရီ​ကျော်မျှစိမ်ကာ စားပွဲဇွန်းတစ်ဇွန်း​သောက်ပါက အစာမ​ကြေ ၊ ဝမ်း​ဖောဝမ်း​ရောင် ​​ရောဂါပျောက်ပါသည်။ ၃။ဒန့်သလွန်မြစ်ကြိတ်​ရေနှင့် ချင်း​ကြိတ်ရေ ​ရော​သောက်ပ...

ထိုင်းစတိုင် ငါးဆားအုံမီးကင် ဆိုင်တွေမှာ ဝယ်စားရင် စျေကြီးလို့ ကိုယ့်ဘာသာအိမ်မှာ လုပ်စားနိုင်စေဖို့ ရေးပေးလိုက်တယ်နော်

ထိုင်းစတိုင် ငါးဆားအုံမီးကင် ဆိုင်တွေမှာ ဝယ်စားရင် စျေကြီးလို့ ကိုယ့်ဘာသာအိမ်မှာ လုပ်စားနိုင်စေဖို့ ရေးပေးလိုက်တယ်နော် ထိုင်းစတိုင် ငါးဆားအုံမီးကင် နှစ်သက်ရာ ငါးတစ်ကောင်ကို ကြေးခွံ မခွာဘဲ ဗိုက်ခွဲပြီး အထဲက အရာများအားလုံးထုတ် ပါးဟတ်ဖယ်ကာ ရေဆေးထားပါ။ ထုထားသော စပါးလင်နဲ့ ရှောက်ရွက် အနည်းငယ်ကို ငါးကင်လျှင် အနံ့မွှေးစေဖို့အတွက် ခွဲထားသောဗိုက်ထဲသို့ အစာသွပ်ပေးပါ။ ဆားကြမ်းနဲ့ဂျုံမှုန့် ရေအနည်းငယ် တို့ကို စေးလာသည်အထိ နယ်ပြီး ငါးရဲ့နေရာအနံ့ကို သုတ်လိမ်းပေးပါ။ ပြီးရင် ၁၅ မိနစ်ခန့် လေသလပ်ခံပေးပါ။ ပြီးမှ ငါးကိုကင်ပါ။ တူးမသွားစေရန် ဟိုဘက်ဒီဘက် လှန်ပြီး မိနစ် ၃၀ ခန့် ကင်ပေးရပါမယ်။ အချိန်ပြည့်လို့ ကျက်ပြီဆို ငါးရဲ့အပေါ်လွှာကို ဖယ်ပြီး အတွင်းမှ အသားဖြူဖြူလေးကို စားလို့ရပါပြီ။ အတော်လေး ကောင်းမွန်တဲ့ ငါးဆားအုံလေးပါရှင့်။ အချဉ်ရည် ‌ဖျော်နည်းက ငံပြာရည် သံပုရာရည် ကြက်သားမှုန့် သကြား ငရုတ်သီးစိမ်း သို့ ငရုတ်သီးမှုန့် ထည့်မွှေကာ တွဲဖက် စားသုံးနိုင်ပါတယ်။ Credit : Thai Page

သရုပ်ဆောင် နန်းခင်ဇေယျာရဲ့ မာလာ ရှမ်း‌‌ကောကို ဝေဖန် မှတ်ချက် ပေးလိုက်တဲ့ Master Chef မှ ဒေါ်ဖြူဖြူတင်

ယခု သတင်းအား (Shwe Yaung Myanmar) facebook page မှတစ်ဆင့် ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။ Master Chef ပြိုင်ပွဲကတော့ ပြိုင်ပွဲဝင်တွေကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်ရာမှာ အထူးနာမည်ကြီး တဲ့ပြိုင်ပွဲတစ်ခု ဖြစ်သလို ဒိုင်လူကြီးများဟာလည်းစည်းစနစ်ကြီးလှပြီး အသေးစိတ်ကြည့်ရှူစစ်ဆေးရာမှာ ထူးချွန်ကြသူတွေဆိုတာ ပရိသတ်ကြီးလည်းသိရှိပြီးဖြစ်မှာပါ။ သရုပ်ဆောင် နန်းခင်ဇေယျာကတော့ကိုဗစ် ၁၉ ကာလမှာ မာလာရှမ်းကော ရောင်းချနေတာဖြစ်ပြီး Master Chef ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဒေါ်ဖြူဖြူတင် ကို အင်တာဗျုးအစီအစဉ်တစ်ခုမှာ တွေ့ဆုံရာမှာသူမရဲ့ မာလာရှမ်းကောကို Judge လုပ်ခိုင်းခဲ့တယ်လို့သိရပါတယ်။ ဒီလို Judge လုပ်ခိုင်းခဲ့ရာမှာတော့ Master Chef ဒိုင်လူကြီး ဒေါ်ဖြူဖြူတင်က နန်းခင်ရဲ့ မာလာရှမ်းကောကို အားရပါးရဝေဖန်လာခဲ့တာပါ။ နန်းခင်ရဲ့ မာလာရှမ်းကောကိုအရမ်းအစပ်လွန်ကဲတယ်လို့ခံစားရတဲ့အတွက် ကျန်းမာရေးအရ မကြိုက်ဘူးလို့ ဖွင့်ဟလာခဲ့တာဖြစ်ပါတယ်။သူမအနေနဲ့ အစပ်လွန်ကဲတာတွေ စားလေ့ရှိသူတွေကိုပါ ဘာအရသာရလို့စားတာလဲလို့ မေးခွန်းထုတ်ခဲ့ပြီး ကျန်းမာရေးအရ အရသာတစ်ခုကို လွန်လွန်ကဲကဲ ထည့်ထားတဲ့အစားအစာတွေကို မစားသင့်ကြောင့်လည်း ပြောကြားခဲ့တာပါ။ နန်းခင်ဇေယျာရဲ့ မာ...

ဖေ့ဘုတ် မက်ဆင်ဂျာ ကနေ ချိန်းတွေ့ရန် ခေါ်ကာ ဓားနဲ့ ထိုးသတ် သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး

ဖေ့ဘုတ် မက်ဆင်ဂျာကနေ ချိန်းတွေ့ရန် ခေါ်ကာ ဓားနဲ့ ထိုးသတ်သူကို ရဲတပ်ဖွဲ့မှ ဖော်ထုတ် ဖမ်းဆီး ချောင်းဦးမြို့နယ် ခင်မွန်ရွာတောင်ဘက် ယာခင်းအတွင်း ဇူလိုင် ၁၄ ရက် ည ၈ ခွဲခန့်က အမျိုးသားတစ်ဦးကို ဓားဖြင့်ထိုးသတ်သွားသူအား ရဲတပ်ဖွဲ့မှ ယနေ့ဖော်ထုတ်ဖမ်းဆီးခဲ့ကြောင်း သတင်းရရှိသည်။ သေဆုံးသူမှာ အသက် ၂၅ နှစ်အရွယ်ရှိပြီး ချောင်းဦးမြို့ ရန်အောင်မြင်ရပ်ကွက် ညောင်ပင်ရပ်တွင် နေထိုင်သူဖြစ်သည်။ ရဲတပ်ဖွဲ့၏ စုံစမ်းဖော်ထုတ်မှုအရ ဖေ့ဘွတ်မက်ဆင်ဂျာမှ ချိန်းဆိုကာ ဓားဖြင့် သုံးချက်ဆင့်ထိုးသတ်သွားခြင်းဖြစ်ကြောင်း မုံရွာခရိုင်မှုခင်းနှိမ်နင်းရေးအရာရှိ ရဲအုပ်ညိုသက်ဝင်းက ပြောသည်။ "သက်တဲ့သူက မိန်မစိတ်ဝင်နေတဲ့ မိန်းမလျာတစ်ယောက်ပါ။ ပထမအကြိမ်ချိန်းတွေ့တုန်းက သူ့စအိုကို ဆေးလိပ်မီးနဲ့ ထိုးလို့ဆိုပြီး မကြေမနပ်ဖြစ်နေတာ။ သတ်မယ့်နေ့ကတော့ ဖေ့ဘွတ်မက်ဆင်ဂျာကနေ မိန်းခလေးဟန်ဆောင်ပြီး ခေါ်ချိန်းတယ်။ ရွှေတိုးနိုင် ဆီဆိုင်နောက်ကျောဘက် လယ်ကွင်းထဲက တမာပင်အောက်မှာ တွေ့ကြတာ။ လူခြင်းတွေ့တော့သူတခွန်းကိုယ်တခွန်း စကားများပြီး မိန်းမစိတ်ပေါက်နေတဲ့သူက ပါလာတဲ့ ခေါက်ဓားနဲ့ ဆီးခုံကိုတစ်ချက်ထိုးလိုက်တယ်" ဟု ရဲအုပ်ညိုသက်ဝင်းက‌ ပြောသည်။ ဓားဖြင့...

ဆန်တစ်အိတ်ကို ပါးစပ်နဲ့ ကိုက်မပြီး နောက်ထပ် နှစ်အိတ်ကို ပခုံးပေါ်တင်ထမ်း နိုင်သည်အထိ ကြံခိုင်တဲ့ တောင်ပေါ် ဆလိုင်း ဗီဒီယို

ဆန်တစ်အိတ်ကို ပါးစပ်နဲ့ ကိုက်မပြီး နောက်ထပ် နှစ်အိတ်ကို ပခုံးပေါ်တင်ထမ်း နိုင်သည်အထိ ကြံခိုင်တဲ့ တောင်ပေါ် ဆလိုင်း ဗီဒီယို ဆန်တစ်အိတ်ကို ပါးစပ်နဲ့ ကိုက်မပြီး နောက်ထပ် နှစ်အိတ်ကို ပခုံးပေါ်တင်ထမ်း နိုင်သည်အထိ ကြံခိုင်တာကို ပြထားတဲ့ တောင်ပေါ် ဆလိုင်း ဗီဒီယိုလေးပါ။ မိတ်ဆွေတို့ကော အဲ့လို မနိုင်မလား။ ဗီဒီယိုကို အောက်မှာကြည့်ပါ။ Credit : ZH Cungte Sda

မိမိ ချစ်သူ လင်ယောင်္ကျား ဘီယာ အရက် ပြတ်စေလိုလျှင် အစီအရင်

လင်အမျိုး သား ဘီယာ အရက်သောက်လာလို့ စိတ်ညစ်နေရပါသလား။ တခါမှ မသောက်ဖူးတဲ့ အမျိုးသား သောက်လာတာသိလို့ ဘာမှပြန်မပြောနိုင်ပဲ စိတ်ညစ်နေရပါသလား။ ချစ် ရယ် သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ တခါတရံ ပျော်လာခဲ့တာပါကွာဆိုပြီး အကြိမ်ကြိမ် သောက်တာများလာလို့ စိတ်ညစ်နေရပါသလား။ ဟေ့ နင့်ယောကျ်ား အရင်တုန်းက မသောက်ဘူး အခု သောက်တတ်လာနေပြီနော် ဆိုပြီး အပြောခံနေရ မျက်နှာငယ်နေရပါသလား။ သောက်စားမူးပြီး အိမ်မှာမိသားစုကိုရမ်းကား ရန်ရှာ ပြဿနာရှာနေလို့ စိတ်ညစ်နေရပါသလား။ မိမိအမျိုးသားကို အရင်လိုပဲ အကောင်းဘက်ကို ပြန်ရောက်လာအောင် ဘယ်လိုလုပ်ရင် ကောင်းမလဲ ဆိုပြီး စဉ်းစားပြီး စိတ်ညစ်နေရပါသလား။ ဒီလို ဆုံးဖြတ်မရ အခြေအနေ အခက်အခဲကြုံလာရင် အတိအကျ လက်တွေ့လုပ်ထားရင် လက်တွေ့အောင်မြင်ထူးခြားမည့် အစီရင်လေးကို ပညာဒါနပြု လိုက်ပါတယ်။ ဘယ်လိုလုပ်ရမလဲဆိုတော့ အုန်းသီး တစ်လုံးမှာ ဆော့ပင်နှင့် နာမည်ရေးထားပါ။ အပ်ချည်ကြိုး အနက်ရောင်နှင့် အရက် ဘီယာ သောက်သူ၏ သက်စေ့ ထိုအုန်းသီး တစ်လုံးမှာ ပတ်ချည်ပါ။ အုန်းသီးကို လက်ဝါးနှစ်ဖက်ဖြင့်ကိုင် နဖူးထိ၍ ဘုရားစဉ်ရှေ့မှာ ယုံကြည်စွာဖြင့် လိုရာဆုတောင်းပြီး ရေစီးချောင်း မြောင်းထဲ စွန့်ပစ်ပါ။ စွန့်ပစ်ပြီး နောက်သို့ လ...

မြန်မာပြည်မှာ အသည်းရောင် အသားဝါ စီပိုးကို စရိတ် နည်းနည်းနဲ့ ပျောက်ကင်းအောင် ကုသနိုင်ပြီ

ကမ္ဘာပေါ်တွင် အသည်းခြောက်ခြင်း၊ အသည်းပျက်စီးခြင်း၊ အသည်းကင်ဆာဖြစ်ခြင်း နှင့် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သော အသည်းရောင်အသားဝါ စီပိုး ကူးစက်ခြင်း ခံနေရသူပေါင်း ၇၁ သန်းခန့် ရှိပါသည်။ မြန်မာနိုင်ငံတွင်လည်း စီပိုး ကူးစက်ခြင်း ခံထားရသူပေါင်း ၁.၄ သန်းခန့် (လူဦးရေ၏ ၂.၇ ရာခိုင်နှုန်း) ရှိပြီး အထက်ပါ လူနာများအနက်အများစုမှာ စီပိုးရောဂါကို ဂရုပြုအလေးထားခြင်းနှင့် တိကျထိရောက်သော စီပိုးပျောက်သည့် ဆေးဝါးများကို သောက်သုံးနိုင်ခြင်း မရှိကြပါ။ ယခုသုတေသနတွင် မြန်မာအသည်းဖောင်ဒေးရှင်း၏ သံစစ် ကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) သို့ ဆေးကုသမှု ခံယူရန် လာရောက်ကြသော အသည်းရောင်အသားဝါ စီပိုးရှိ လူနာများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အမျိုးသား အသည်းရောင် အသားဝါ ထိန်းချုပ်ရေး စီမံချက်၏ လမ်းညွှန်ချက် ကုသနည်းလမ်း နှစ်ခု ဖြစ်သော Sofosbuvir/Velpatasvir (SOF/VEL) နှင့် Sofosbuvir/Daclatasvir (SOF/DCV) ဆေးဝါးများ၏ အန္တရာယ်ကင်းမှု၊ အာနိသင်ထိရောက်မှုနှင့် ကုန်ကျမည့် စရိတ်တို့ကို စီပိုးကောင်ရေ (HCV RNA) ရှိလူနာ ၃၅၅ ဦးနှင့် ၁၆၄ ဦး အပေါ်တွင် အသီးသီးတိုက်ကျွေး လေ့လာခြင်း ဖြစ်ပါသည်။ လူနာ၏ အသည်းအခြေအနေပေါ် မူတည်၍ ဆေးဝါး တို...

အာဇာနည်နေ့ မှာပဲ ကျွန်တော် တို့ ရွာလေး မှာ ဝမ်းနည်းစရာ အဖြစ်အပျက် တစ် ခု ကြုံခဲ့ရ တယ်

စဉ့် ကူးမြို့ ငွေတောင်ရွာ ဖူလိုင် 19 ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ အာဇာနည်နေ့မှာပဲ ကျွန်တော်တို့ ရွာလေးမှာ ဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခု ကြုံခဲ့ရတယ်။ သားလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့မှာ ရွာရဲ့ တောင်လေး တောရကျောင်းကို မွေးနေ့ ဆွမ်းလာကပ်တဲ့ မိသားစု သားချင်း 6 ယောက် ကျောင်းဘက်ကို လှေဖြင့်အကူး လေထန်လှိူင်းအောက် ကျရောက်ခဲ့ရတဲ့ အဖြစ်မှာ သားလေးရော သူ့မွေးမေမေပါ အသက် ဆုံးရှုံးခဲ့ရတယ်။ အရမ်းဝမ်းနည်းစရာ အဖြစ်အပျက်ပါ။ ကျန်ရစ်တဲ့ မိသားစုနဲ့အတူ ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်။ သားအမိနှစ်ယောက် နောက်ဘဝမှာ ဒီလိုအဖြစ်ဆိုးမျိုး မကြုံပါစေနဲ့ ။ ယခုလည်း ကောင်ရာဘုံ ဘဝရောက်ရှိပါစေ လို့ဆုတောင်းပြုပါတယ်။ Credit : Original Uploader

မျက်စိ စွေနေတာကို မိနစ် (၃၀) နဲ့ ကုသသွားတဲ့ ဗီဒီယို (ရုပ်/သံ)

မျက်စိစွေကုတာ ကုသချိန်နာရီဝက်ပါ။ မခွဲမစိတ်ပါဘူး။သိန်း ၂၀-၂၅ မကုန်ပါဘူး။ မြန်မာ့နန်းတွင်း သွေးလေအကြောပြင် ပညာပါ။ တချို့မယုံကြဘူး။ ပြောရတာ မောပေါ့။ ဒီနေ့ကုသခဲ့တဲ့ သမီးလေး Video File တင်လိုက်ပါတယ်။ Photoshop လို့ ထင်မှာစိုးလို့ပါ။ မြန်မာ့တိုင်းရင်းဆေးပညာ အဆင့်မနိမ့်ပါဘူး ခင်ဗျာ။ တချို့က အထင်သေး တယ်။ အနိပ့်သည် သဘောထားကြတယ်။ စီးလာတဲ့ကားက သိန်းထောင်ကျော် လုပ်ငန်းတွေရာထူးတွေ ကြွားတာလည်း လွန်ပါရော။ ဘယ်ဆေးရုံ ဘယ်ဆေးခန်းမှာ ကုတာ ဘယ်လောက်ကုန်ကြောင်း ဂုဏ်ယူပြောသွားကြတာ။ ကတော့ပွဲထိုးဆိုတော့ အထင်သေးအမြင်သေး ငါးထောင်တန်တရွက်။ နှစ်ထောင်သမားတောင် ပါတယ်။ ဒါကြောင့် တကယ်မတတ်နိုင်သူဆို စေတနာနဲ့ ကုပေးတယ်။အခြေအနေကြည့်ပြီး ကတော့ပွဲ ထိုးခိုင်းပါတယ်။ အနိပ်သည်အဆင့် သဘောထားရင် လာမကုသကြပါနဲ့ ခင်ဗျာ။ပညာ တန်ဖိုးထားမှ လာကုသကြပါနော်။ ကုသပေးတဲ့ ဆရာလိပ်စာကတော့ - ဆရာသန်းဦးမောင် (မြသီတာဆီစက်၊ ရန်ပြည်မန်းလမ်း၊ အောင်မင်္ဂလာရပ်၊ ကျောက်ပန်းတောင်းမြို့၊ မန္တလေးတိုင်းဒေသကြီး၊ 092220391၊ နံနက် ၁၁ နာရီခွဲကနေ ညနေ ၄ နာရီထိ ကုသပေးပါတယ်) Khaing Ko Ko Htwe

အင်္ဂဝိဇ္ဇာနည်းအရ သင် ဘယ်အလုပ် နဲ့ ကြီးပွား တိုးတက်မလဲ

မြန်မာ့အင်္ဂဝိဇ္ဇာ ပညာခန်းလေးဆိုရင် မမှားဘူးပြောလို့ ရသလို လွယ်ကူရိုးရှင်း ထိရောက်သေ ာနည်းလေးတစ်ခုဆိုသည်ကို ငြင်းဖွယ်ရာပင် မရှိနိုင်ရလောက်အောင် ကောင်းမွန်သော ပညာရပ်လေးတစ်ခု ဖြစ်ပါတယ် ။ လူတစ်ယောက် မည်ကဲ့သို့သော အလုပ်အကိုင်မျိုးတွေနဲ့ ကြီးပွားတိုးတက်မှုတွေ ရရှိစေမလဲ တိုးတက်နိုင်မလဲ သိဖို့ဆိုရင်တွက်ချက်နည်းလေးကတော့ သိလိုသူရဲ့ မြန်မာမွေးနေ့ သက္ကရာဇ်ကို တည်ပြီး (၇) နှင့်စားပါ။ ၂ ကြွင်းခဲ့ရင် တနင်္ဂနွေနံနဲ့ ပတ်သက်သော လုပ်ငန်း ၃ ကြွင်းခဲ့မယ်ဆိုရင် တနင်္လာနံ နှင့်သက်ဆိုင်သော လုပ်ငန်း ၄ ကြွင်းရင်တော့ အင်္ဂါနံ လုပ်ငန်းများ ၅ ကြွင်းရင်တော့ ဗုဒ္ဓဟူးနံသင့်လုပ်ငန်း ၆ ကြွင်းရင်တော့ ကြာသပတေးနံ လုပ်ငန်းများနှင့် ၀ ကြွင်းရင်တော့ သောကြာနံ လုပ်ငန်းများဖြစ်ကာ ၁ ကြွင်းရခဲ့ရင်တော့ စနေနံ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့် (၇) ရက် သားသမီးတို့ အဆင်ပြေ ချောမွေ့စေသော ရည်ရွယ်ချက်ဖြင့် သင်ဆရာ မြင်ဆရာ ကြားဆရာအပေါင်း အသီးသီးအား လေးစားဂါဝရပြုပါသည်။ သင်ဆရာ မြင်ဆရာ အပေါင်းအား ဂါဝရပြုလျက် လူသားအပေါင်း ချစ်သော မျက်စိဖြင့် သာ ကြည့်ရှူနိုင်ကြပါစေ။ ခါတော်မှီ

ဒညင်းသီး ဆီစိမ်တို့ အုန်းနို့ဆမ်းတို့က ရိုးနေပြီ တစ်ခါလောက် ကြော်စားကြည့်လိုက်ပါ

ဒညင်းသီး ဆီစိမ်တို့ အုန်းနို့ဆမ်းတို့က ရိုးနေပြီ။ တစ်ခါလောက် ကြော်စားကြည့်လိုက်ပါ။ မကောင်းရင် ပါးလာချလို့ ရတယ်နော်။ ပြုလုပ်ပုံက ပြုတ်ပြီး ထုလိုက်။ ပြီးရင် ဆီများများနဲ့ ကြော်။ နောက်ပြီးရင် ဆား/အချိုမှုန့်နဲ့ နယ်စားကြည့်။ အရမ်းကောင်းတယ်။ သူက ပူပူနွေးနွေးပဲ စားလို့ ကောင်းတာနော်။ အေးရင် မာသွားတယ်။ လုပ်စားကြည့်ပါ အရမ်းကောင်းတာ။ Credit : Shwe Sin Wyn