Skip to main content

ခ်င္းမိုင္ၿမိဳ႕မွာ ရွမ္းတိုင္းရင္းသား လူငယ္အုပ္စုႏွင့္ ထိုင္းေက်ာင္းသားမ်ား ရန္ပြဲျဖစ္ပြား စက္မႈေက်ာင္းသားႏွစ္ဦး ေသဆုံး

ဇြန္လ ၁၈ ရက္ေန႔နံနက္ ၃း၄၀ က ထိုင္းႏိုင္ငံေျမာက္ပိုင္း ခ်င္းမိုင္ၿမိဳ႕ပသိုတာဖဲ့ (တာဖဲ့ က်ဳံးတံခါး) မွာ ဝိုင္းဖြဲ႕ထိုင္ေနတဲ့ ထိုင္းလူငယ္အုပ္စုေတြကို ဆာမူ႐ိုင္း ဓါးေတြကိုင္ေဆာင္ထားတဲ့ တာဖ ရပ္ကြက္ေနထိုင္ေနသူ ထိုင္းယိုင္ ( ရွမ္းမ်ိဳးႏြယ္ဖြား)လူငယ္အုပ္စုေတြက တိုက္ခိုက္ခဲ့ၾကတာလို႔ ထိုင္းသတင္းေတြမွာေရးသားေဖၚျပေနပါတယ္။

ေသဆုံးသြားတဲ့ စက္မႈ ေက်ာင္းသား ႏွစ္ဦးဟာ ႏိုင္ ပီရကြန္ အသက္ ၁၆ ႏွစ္နဲ႔ ႏိုင္ထိရဖုန္း ၁၆ ႏွစ္ တို႔ ျဖစ္ပါတယ္၊။

က်ဳံးမွာ ထိုင္စကားေျပာေနၾကတဲ့ လူငယ္ေတြကို ဆာမူ႐ိုင္း ဓါးေတြနဲ႔ တိုက္ခိုက္ခဲ့ၾကတာေၾကာင့္ ဆိုင္ကယ္ေမာင္းေျပးခဲ့ရေၾကာင္း အခင္းျဖစ္ပြားရာမွာ ၇ွိေနခဲ့တဲ့ ထိုင္းလူငယ္တစ္ဦးက သတင္းဌာနကို ေျပာဆိုသြားပါတယ္။ ဓါးကိုင္တိုက္ခိုက္တဲ့သူေတြဟာ တာဖ ရပ္ကြက္အတြင္းက ထိုင္ယိုင္ (၇ွမ္းမ်ိဳးႏြယ္ဖြား) ေတြျဖစ္တယ္၊ ယခုရက္ပိုင္းအတြင္းက ထိုင္ယိုင္လူငယ္ေတြဟာ ဆာမူ႐ိုင္း ဓါးေတြကိုင္ၿပီး ကလဲ့စားေျခမယ္လို႔ လူမႈကြန္ယက္မွာ တင္ထားတာေတြ႕ရေၾကာင္း ေရးသားသတင္းေတြမွာေရးသားသားေဖၚျပထားတာေတြ႕ရပါတယ္။

ခ်င္းမိုင္ ရဲတပ္ဖြဲ႕က CCTV ႐ုပ္သံမွတ္တမ္းကို ေဖၚျပခဲ့ရာမွာ ေသဆုံးသြားတဲ့ ေက်ာင္းသားႏွစ္ဦး ေမာင္းသြားတဲ့ ဆိုင္ကယ္ေနာက္ကို လက္နက္ေတြကိုင္ထားတဲ့ ဆိုင္ကယ္စီး လူငယ္ေတြကေနာက္ကလိုက္ၿပီး တိုက္ခိုက္ခဲ့တာလည္းေတြ႕ရပါတယ္။

အမႈနဲ႔ ပါတ္သက္ၿပီး တာဝန္ယူ စစ္ေဆးေနတဲ့ ရဲအရာရွိ ဆိုရမ္စီဘြန္က်လန္ ေျပာသြားတာကေတာ့ တိုက္ခိုက္ခံရတဲ့ လူငယ္ေတြကို စုံစမ္းစစ္ေဆးမႈေတြျပဳလုပ္ေနပါတယ္ ၊ အခင္းျဖစ္ပြားတဲ့ေန ရာ ၿမိဳ႕တြင္းမွာ ရွိတဲ့ CCTV မွတ္တမ္း ေတြကို စစ္ေဆးေနပါတယ္၊ မၾကာခင္ တရားခံေတြ မည္သူမည္ဝါ ျဖစ္ေၾကာင္း ေဖၚထုတ္ ဖမ္းဆီးမွာျဖစ္ေၾကာင္း ေျပာဆိုသြားပါတယ္။

အခင္းျဖစ္ပြားခဲ့ တဲ့ တာဖ နယ္ေျမမွေတာ့ ဇြန္လ ၁၈ ရက္ေန႔ ညပိုင္းမွာ ရဲတပ္ဖြဲ႕ဝင္ေတြ ညလုံၿခဳံေရး ကင္းေတြ ခ်ထားတာလည္း ေတြ႕ရပါတယ္။

Source : SAW



(Unicode Version)

ချင်းမိုင်မြို့မှာ ရှမ်းတိုင်းရင်းသား လူငယ်အုပ်စုနှင့် ထိုင်းကျောင်းသားများ ရန်ပွဲဖြစ်ပွား စက်မှုကျောင်းသားနှစ်ဦး သေဆုံး

ဇွန်လ ၁၈ ရက်နေ့နံနက် ၃း၄၀ က ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့ပသိုတာဖဲ့ (တာဖဲ့ ကျုံးတံခါး) မှာ ဝိုင်းဖွဲ့ထိုင်နေတဲ့ ထိုင်းလူငယ်အုပ်စုတွေကို ဆာမူရိုင်း ဓါးတွေကိုင်ဆောင်ထားတဲ့ တာဖ ရပ်ကွက်နေထိုင်နေသူ ထိုင်းယိုင် ( ရှမ်းမျိုးနွယ်ဖွား)လူငယ်အုပ်စုတွေက တိုက်ခိုက်ခဲ့ကြတာလို့ ထိုင်းသတင်းတွေမှာရေးသားဖေါ်ပြနေပါတယ်။

သေဆုံးသွားတဲ့ စက်မှု ကျောင်းသား နှစ်ဦးဟာ နိုင် ပီရကွန် အသက် ၁၆ နှစ်နဲ့ နိုင်ထိရဖုန်း ၁၆ နှစ် တို့ ဖြစ်ပါတယ်၊။

ကျုံးမှာ ထိုင်စကားပြောနေကြတဲ့ လူငယ်တွေကို ဆာမူရိုင်း ဓါးတွေနဲ့ တိုက်ခိုက်ခဲ့ကြတာကြောင့် ဆိုင်ကယ်မောင်းပြေးခဲ့ရကြောင်း အခင်းဖြစ်ပွားရာမှာ ၇ှိနေခဲ့တဲ့ ထိုင်းလူငယ်တစ်ဦးက သတင်းဌာနကို ပြောဆိုသွားပါတယ်။ ဓါးကိုင်တိုက်ခိုက်တဲ့သူတွေဟာ တာဖ ရပ်ကွက်အတွင်းက ထိုင်ယိုင် (၇ှမ်းမျိုးနွယ်ဖွား) တွေဖြစ်တယ်၊ ယခုရက်ပိုင်းအတွင်းက ထိုင်ယိုင်လူငယ်တွေဟာ ဆာမူရိုင်း ဓါးတွေကိုင်ပြီး ကလဲ့စားခြေမယ်လို့ လူမှုကွန်ယက်မှာ တင်ထားတာတွေ့ရကြောင်း ရေးသားသတင်းတွေမှာရေးသားသားဖေါ်ပြထားတာတွေ့ရပါတယ်။

ချင်းမိုင် ရဲတပ်ဖွဲ့က CCTV ရုပ်သံမှတ်တမ်းကို ဖေါ်ပြခဲ့ရာမှာ သေဆုံးသွားတဲ့ ကျောင်းသားနှစ်ဦး မောင်းသွားတဲ့ ဆိုင်ကယ်နောက်ကို လက်နက်တွေကိုင်ထားတဲ့ ဆိုင်ကယ်စီး လူငယ်တွေကနောက်ကလိုက်ပြီး တိုက်ခိုက်ခဲ့တာလည်းတွေ့ရပါတယ်။

အမှုနဲ့ ပါတ်သက်ပြီး တာဝန်ယူ စစ်ဆေးနေတဲ့ ရဲအရာရှိ ဆိုရမ်စီဘွန်ကျလန် ပြောသွားတာကတော့ တိုက်ခိုက်ခံရတဲ့ လူငယ်တွေကို စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ် ၊ အခင်းဖြစ်ပွားတဲ့နေ ရာ မြို့တွင်းမှာ ရှိတဲ့ CCTV မှတ်တမ်း တွေကို စစ်ဆေးနေပါတယ်၊ မကြာခင် တရားခံတွေ မည်သူမည်ဝါ ဖြစ်ကြောင်း ဖေါ်ထုတ် ဖမ်းဆီးမှာဖြစ်ကြောင်း ပြောဆိုသွားပါတယ်။

အခင်းဖြစ်ပွားခဲ့ တဲ့ တာဖ နယ်မြေမှတော့ ဇွန်လ ၁၈ ရက်နေ့ ညပိုင်းမှာ ရဲတပ်ဖွဲ့ဝင်တွေ ညလုံခြုံရေး ကင်းတွေ ချထားတာလည်း တွေ့ရပါတယ်။

Source : SAW