Skip to main content

"သမီး ေလာကထဲတြင္ ဆက္ရွိိေနပါက ေဖႀကီးႏွင့္ေမႀကီး ပိုက္ဆံပိုကုန္မည္" ဟု စာေရးခဲ့ကာ ၉ တန္းေက်ာင္းသူ ႀကိဳးဆြဲခ် သတ္ေသ

"သမီး ေလာကထဲတြင္ဆက္ရွိိေနပါက ေဖႀကီးႏွင့္ေမႀကီး ပိုက္ဆံပိုကုန္မည္" ဟု စာေရးခဲ့ကာ ၉ တန္းေက်ာင္းသူ ႀကိဳးဆြဲခ်သတ္ေသ

ေတာင္ငူ၊ ဇြန္ ၁၈(သတင္းတမန္)

" သမီး ေလာကထဲတြင္ ဆက္ရွိိေနပါက ေဖႀကီးႏွင့္ေမႀကီး ပိုက္ဆံပိုကုန္မည္" ဟု စာေရးခဲ့ကာ ၉ တန္းေက်ာင္းသူတစ္ဦး ကိုယ့္ကိုယ္ကိုယ္ ႀကိဳးဆြဲခ်သတ္ေသမႈ ယေန႔ မနက္ပိုင္းက ေတာင္ငူၿမိဳ႕တြင္ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ပဲခူးတိုင္​း​ေဒသႀကီး​ ေတာင္​ငူၿမိဳ႕ (၂) ရပ္​ကြက္​၊ ကြင္​း​ေခ်ာင္​းလမ္​းသြယ္​ (၃) လမ္​းေန အသက္ ၁၅ ႏွစ္အရြယ္ မေဟမာန္ေက်ာ္ ကိုးတန္းေက်ာင္းသူသည္ ယေန႔ မနက္ ၇ နာရီ၀န္းက်င္က ေနအိမ္အေပၚထပ္ အိပ္ခန္းအတြင္း ထုပ္တန္းတြင္ အရွည္ ၅ေပခန္႔ရွိသည့္ ခ်ည္သဘက္ႏွင့္ ႀကိဳးဆြဲခ် ေသဆံုးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။



"ကြၽန္​​ေတာ္​တို႔​ ေရာက္​သြား​ေတာ့ ခ​ေလးမ​ေလးက ၾကမ္​းျပင္​​ေပၚ ခ်ထားပီ၊ သူမိဘ​ေတြက အသက္​မွီလိုမွီျငား သိသိျခင္​း​ ေအာက္​ကို ခ်လိုက္​တာလို႔​ ေျပာတယ္​၊ အရင္​​ေရာက္​​ေနတဲ့ အိမ္​နီးနားခ်င္​း​ေတြက​ေတာ့ ခ​ေလးမ​ေလး ႀကိဳးဆြဲခ်တဲ့နားမွာ စာ​ေလး​ေတြ​ ေရးထားခဲ့တာ​ ေတြ႔တယ္​လို႔​ ေျပာတယ္​၊ စာထဲမွာ​ေတာ့ ဒီ​ေလာကႀကီးထဲမွာ မ​ေနခ်င္​​ေတာ့ဘူး၊သမီး႐ွိ​ေနရင္​ အ​ေဖနဲ႔အ​ေမလည္​း ပိုက္​ဆံကုန္​မယ္​ ဆိုတဲ့စာသားအပါအဝင္​ စာ​ေရးထားခဲ့တာ​ ေတြ႔ရတယ္​" ဟု (၂) ရပ္​ကြက္​အုပ္​ခ်ဳပ္​​ေရးမႈး ဦး​ေဇာ္​မင္​းဦးက​ ေျပာသည္။

ႀကိဳးဆြဲခ်​ ေသဆုံးမႈျဖစ္​စဥ္​ႏွင့္ ပတ္သက္၍ ​ေတာင္​ငူအမွတ္​(၂) နယ္​​ေျမရဲစခန္​းမွ​ ေသမႈ​ေသခင္​း အမွတ္​စဥ္​(၇/၂၀၁၉)ျဖင္​့ ဖြင္​့လွစ္​ထားၿပီး ဓမၼာတာအတိုင္​း​ ေသဆုံးျခင္​း ဟုတ္​မဟုတ္​ စစ္​​ေဆး​ ေဆာင္​ရြက္​လွ်က္​႐ွိေၾကာင္း သိရသည္။

မင္​းထက္​​ေက်ာ္​(​ေတာင္​ငူ) (သတင္းတမန္)



(Unicode Version)

"သမီး လောကထဲတွင်ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်" ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူ ကြိုးဆွဲချသတ်သေ

တောင်ငူ၊ ဇွန် ၁၈(သတင်းတမန်)

" သမီး လောကထဲတွင် ဆက်ရှိနေပါက ဖေကြီးနှင့်မေကြီး ပိုက်ဆံပိုကုန်မည်" ဟု စာရေးခဲ့ကာ ၉ တန်းကျောင်းသူတစ်ဦး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသတ်သေမှု ယနေ့ မနက်ပိုင်းက တောင်ငူမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ (၂) ရပ်ကွက်၊ ကွင်းချောင်းလမ်းသွယ် (၃) လမ်းနေ အသက် ၁၅ နှစ်အရွယ် မဟေမာန်ကျော် ကိုးတန်းကျောင်းသူသည် ယနေ့ မနက် ၇ နာရီဝန်းကျင်က နေအိမ်အပေါ်ထပ် အိပ်ခန်းအတွင်း ထုပ်တန်းတွင် အရှည် ၅ပေခန့်ရှိသည့် ချည်သဘက်နှင့် ကြိုးဆွဲချ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ကျွန်တော်တို့ ရောက်သွားတော့ ခလေးမလေးက ကြမ်းပြင်ပေါ် ချထားပီ၊ သူမိဘတွေက အသက်မှီလိုမှီငြား သိသိခြင်း အောက်ကို ချလိုက်တာလို့ ပြောတယ်၊ အရင်ရောက်နေတဲ့ အိမ်နီးနားချင်းတွေကတော့ ခလေးမလေး ကြိုးဆွဲချတဲ့နားမှာ စာလေးတွေ ရေးထားခဲ့တာ တွေ့တယ်လို့ ပြောတယ်၊ စာထဲမှာတော့ ဒီလောကကြီးထဲမှာ မနေချင်တော့ဘူး၊သမီးရှိနေရင် အဖေနဲ့အမေလည်း ပိုက်ဆံကုန်မယ် ဆိုတဲ့စာသားအပါအဝင် စာရေးထားခဲ့တာ တွေ့ရတယ်" ဟု (၂) ရပ်ကွက်အုပ်ချုပ်ရေးမှုး ဦးဇော်မင်းဦးက ပြောသည်။

ကြိုးဆွဲချ သေဆုံးမှုဖြစ်စဉ်နှင့် ပတ်သက်၍ တောင်ငူအမှတ်(၂) နယ်မြေရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၉)ဖြင့် ဖွင့်လှစ်ထားပြီး ဓမ္မာတာအတိုင်း သေဆုံးခြင်း ဟုတ်မဟုတ် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

မင်းထက်ကျော်(တောင်ငူ) (သတင်းတမန်)