တနင်္လာသားသမီးများ
အင်္ဂါသားသမီးများ
ဗုဒ္ဓဟူးသားသမီးများ
ကြာသပတေးသားသမီးများ
သောကြာသားသမီးများ
စနေသားသမီးများ
ရာဟုသားသမီးများ
ဘုရားမှာ ကပ်လှူပေးပါ။
(Unicodr Version)
ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် ဇွန်လ ၂၃ ရက်မှ ၃၀ ရက်နေ့အထိ ဟောစာတမ်း
တနင်္ဂနွေသားသမီးများ
အခက်အခဲတွေအတွက် လမ်းစပေါ်မယ့်ကာလပါ။ ရည်မှန်းချက်တွေ အမြန်ဆုံးစတင်ရမယ့် အချိန်ဖြစ်ပါတယ်။ ဉာဏ်အလင်းတွေပွင့်နေမယ်။ ကောင်းမွန်တဲ့ ဖူးစာဖက်နဲ့ဆုံမယ်။ အိမ်ထောင်ရှိရင် အိမ်ထောင်ဖက်ကြောင့် စိတ်ချမ်းသာစရာပေါ်မယ်။ ဒီအချိန်မှာ ကိုယ်ကျင့်သီလစောင့်ထိန်းနိုင်ပါက အထွတ်အထိပ်သို့ ရောက်ရှိနိုင်ပါမယ်။ လက်ရှိလုပ်ငန်းကိစ္စ ငွေးကြေးကိစ္စများကို သတိထားဆောင်ရွက်ရပါမည်။ ခရီးဝေးသွားရတက်သည်။
ယတြာ = အိဘုရားမှာ နွားနို့ (3)ခွက် လှူပေးပါ။
တနင်္လာသားသမီးများ
လုပ်ငန်းတွေ ချဲ့ထွင်ရမယ် လုပ်ငန်းသစ်တွေပေါ်မယ်။ အကူအညီယူရမယ့် အချိန်ပါ။ တစ်ပါးသူအကူအညီနဲ့ အဆင်ပြေပါမယ်။ အနီးအနားက ရင်းနှီးသူတွေကို နေရာပေးပါ။ သူတို့ကံနဲ့ ကိုယ့်ကံကိုမြင့်ပါ။ လူကြားမှာ ပွဲလည်တင့်ပြီး ယုံကြည်မှုရှိနေတဲ့ကာလပါ။ အချစ်ရေး အိမ်ထောင်ရေးတွေ ဘဝအတွက် အဖြေထုတ်ရတော့မယ့်အချိန်လဲဖြစ်တယ်။ ချစ်သူ အိမ်ထောင်ဖက်ဆီက တန်းဖိုးကြီးလက်ဆောင်ရမယ်။ ဒီအချိန်မှာ အမှန်တရားဘက်က ရပ်တည်ပါ။ လိမ်ညာမှု ဘက်လိုက်မှု ကင်းအောင်နေရင် ပိုပြီးစိတ်ချမ်းသာရမယ်။ စက်ပစ္စည်းများ အဝင်မကောင်းထားပါ။
ယတြာ = ဘုရားမှာ ပန်းအဝါရောင် (15)ပွင့် လှူပေးပါ။
အင်္ဂါသားသမီးများ
စီးပွားရေးမှာ အဖျက်ရှိပါတယ်။ အရောင်းအဝယ်ပါးမယ်။ လုပ်ငန်းတွေ နှေးကွေးနေမယ်။ အမှုအခင်း ကြုံရမယ်။ ငွေကြေးနဲ့ပတ်သက်ပြီး ချေး ငှါး ပေါင်နှံ အာမခံခြင်း အထူးရှောင်ရှားရမယ့်ကာလပါ။ အချစ်ရေး အိမ်ထောင်ရေးတွေမှာ နားလည်မှုရပြီး အတင်ပြေဖို့ရှိတယ်။ ဒီအချိန်ဟာ သစ္စာကတိ တည်ခြင်း နားလည်ခွင့်လွှတ်ပေးခြင်းဖြင့် ပြဿနာအခက်အခဲတွေကို ကျော်လွှားနိုင်ပါမယ်။ အတွင်းစကားအပြင်မပြောကောင်းထားပါ ပြောပြလျှင်မိမိ ရည်ရွယ်ချက် ရည်မှန်းချက် ပျက်စီးတက်သည်။
ယတြာ = သက်ကြီးရွယ်အိုလူကြီးများအား အာဟာရရှိသော အစားစာများ လှူပေးပါ။
ဗုဒ္ဓဟူးသားသမီးများ
ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေမယ်။ စိတ်ကြီးဝင်နေမယ်။ စွန့်စားခြင်နေမယ်ဆိုရင် သတိထားပါ။ အဲ့ဒီစိတ်ကြောင့် ဆုံးရှုံးမှုကြုံရကိန်း ရှိပါတယ်။ ကိုယ့်အပေါ်ကြည့်လွန်းတဲ့အတွက် အခက်အခဲတွေ အထီးကျန်မှုတွေ ပိုကြုံတွေ့ရမယ်။ စန်းပွင့်ပြီး စိတ်ဝင်စားသူတွေ များနေမယ်။ နဂိုထဲက ကိုယ်တိုင်ကစိတ်ပါနေရင် အိမ်ထောင်ကျတဲ့ထိ ဖြစ်သွားနိုင်တဲ့ အချိန်ကာလပါ။ အဆိုးအကောင်း မျှတနေပါမယ်။ ဒီအချိန်ဟာ အတ္တဟိတ ပရဟိတ သူ့အကျိုးကိုယ့်အကျိုး မျှတစွာ တွေးခေါ် ပြောဆို လုပ်ကိုင်ခြင်းဖြင့် အောင်မြင်မှုတွေ ပိုပြီးရရှိပါလိမ့်မယ်။
ယတြာ = မိမိ၏ အင်္ကျီ အဟောင်းတစ်ထည်ကို အနှောက်တောင်ဒေါင့်အရပ်တွင် စွန့်ပြစ်လိုက်ပါ။
ကြာသပတေးသားသမီးများ
ဆရာကောင်းနဲ့တွေ့မယ်။ ဆရာ့စကားနားထောင်ပါ ဆရာလမ်းညွှန်ချက်အတိုင်း လုပ်ကိုင်ပြီး အဆင်ပြေမယ်။ အပြောင်အပျက် ပြောခြင်း လုပ်ကိုင်ခြင်း စနောက်တတ်ခြင်းတို့ကြောင့် နာမည်ပျက်မယ် ဆုံးရှုံးမှုကြုံရလိမ့်မယ်။ လူကြီးလိုနေပါ တည်တည်တံ့တံ့ ပြောဆိုပြုမူပါ။ အချစ်ရေး အိမ်ထောင်ရေးအခက်အခဲတွေ ပြန်လည်အဆင်ပြေတော့မယ့်ကာလပါ။ ဒီအချိန်မှာ စိတ်ထားပြည့်ဝအောင်ထားခြင်း အမှားကင်းအောင်နေခြင်းတို့ဖြင့် ကံကောင်းခြင်းတွေ ရောက်ရှိလာစေပါမယ်။ မိတ်ဆွေတစ်ယောက်ကြောင့် စိတ်ညစ်ရတက်သည်။
ယတြာ = အိမ်ဘုရားမှာ ပန်း(19)ပွင့် ထောပတ်ဆီမီးခွက်(3)ခွက် ထွန်းညှိပူဇော်ပေးပါ။
သောကြာသားသမီးများ
အလုပ်ထဲမှာ သင့်ကိုမနာလိုတဲ့သူတစ်ဦး ရှိနေပါတယ်။ သင်ထင်မှတ်မထားသူ ဖြစ်နေပါမယ်။ ဘာ့ကြောင့်မှန်မသိ ငွေကြေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ထင်သလောက်အဆင်မပြေ ဖြစ်နေပါမယ်။ စိတ်နဲ့ကိုယ်နဲ့ မကပ်ဖြစ်နေမယ်။ စကားပြောမဆင်ခြင်မှုကြောင့် ရန်ပွဲကြုံရတတ်တယ်။ ချစ်သူ အိမ်ထောင်ဖက်များနှင့် ငွေကြေးကိစ္စ ရှင်းရှင်းကင်းကင်းဖြစ်အောင် ကန့်သတ်ပြီးထားပါ ပြဿနာပေါ် လာပါမယ်။ ဒီအချိန်ဟာ လိုအပ်သလောက်ပဲ ပြောဆိုလုပ်ကိုင်ပြီး အနေအထိုင် သိုသိုသိပ်သိပ် နေထိုင်ပြောဆိုခြင်းဖြင့် အဆိုးများကို ဖယ်ရှားနိုင်ပါလိမ့်မယ်။
ယတြာ = ငါး (7)ကောင်လွတ်ပေးပြီး အစာကြွေးလိုက်ပါ။
စနေသားသမီးများ
စိတ်လေခြင်း တွေဝေခြင်း ပြင်းရိခြင်းတို့ကြောင့် အောင်မြင်မှုနဲ့ ပိုဝေးမယ် အခက်အခဲတွေ ပိုများလာမယ့် အချိန်ပါ။
မိတ်ဆွေတွေနဲ့လဲ အဆင်မပြေဖြစ်နေမယ်။ မဆင်မခြင်နေမယ်ဆိုရင် စိတ်ကျ အထီးကျန် ကိုယ့်ကိုကိုယ် သတ်သေတဲ့ထိ ဖြစ်လာနိုင်တယ်။ အချစ်ရေး အဆင်ပြေသလောက် လူမှုရေး စီးပွားရေးတွေ ကျပ်တည်းနေမယ်။ ချစ်သူမရှိသေးရင် မကြာခင် ချစ်သူရမယ်။ ဒီကာလမှာ မိမိကိုယ်ကိုယ် ဆောက်တည်ခြင်း။ ကိုယ့်အားကိုယ်ကိုးခြင်း ။ မိတ်ဆွေများ၏ အကြံဉာဏ်ကို ဂရုစိုက်နားထောင်ပြီး ပတ်ဝန်းကျင်ကို ဂရုစိုက်ခြင်းတို့ဖြင့် လောကဓံကို တွန်းလှန်နိုင်ပါလိမ့်မယ်။ ရွှေလုပ်ငန်း လုပ်နေသူများ လုပ်ငန်းတိုးချဲခြင်း အဆင်ပြေမှုများ ရရှိလာမည်။
ယတြာ = ဘုန်းကြီးကျောင်း ဘုရားကျောင်းများ သန့်ရှင်းရေးလုပ်ပေးပြီး ရေအိုးစဉ်များလှူပေးပါ။
ရာဟုသားသမီးများ
ဒီတပတ်အတွင်း လုပ်ငန်းသစ်စီးပွားသစ်ဆိုတာမျိုးတွေ ကြုံလာရမဲ့အချိန်ပါ၊ စပ်တူလုပ်ထားတဲ့အလုပ်တွေကနေ ထူးခြားစွာအကျိုးအမြတ်ရရှိလိမ့်မည်၊ အလုပ်ကံစီးပွားကံကောင်းမည်၊ လက်အောက်ငယ်သားများကြောင့် စိတ်ရှုပ်ရတတ်သည်၊ ဘာသာရေးလုပ်ငန်းများတာဝန်ယူ ဆောင်ရွက်ရမည်၊ ဆွေမျိုးများ၏အားပေးမှု့အတိုင်းလုပ်ဆောင်ဖြစ်မည်၊ အချစ်ရေး အဆင်မပြေတာမျိုးကြုံမည်၊ အိမ်ထောင်ရေး အဆင်ပြေမည်၊ ထီးကံစမ်းပြီး ထိုးပေးပါ။
ယတြာ = သပြေညွှန်(၇)ညွှန်၊ သစ္စာပန်း (၅ခက်)
ဘုရားမှာ ကပ်လှူပေးပါ။
ခုနှစ်ရက်သားသမီးအပေါင်း ကောင်းသော လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။
ဗေဒင် နှင့် လက္ခဏာ ဆရာမင်းသုခ (မန္တလေးမြို့၊ ၇၃လမ်း/၃၄-၃၅လမ်းကြား၊ 09-440243656 (viber))