Skip to main content

က်န္းမာေရးအတြက္ သေဘၤာပင္ရဲ႕ အေစးကုိ အသံုးျပဳနည္းနဲ႔ အသံုးဝင္ပံုေလးမ်ား

အခုတေလာ အရမ္းပူေတာ့ ေရခဲေရေတြ အေအးေတြ ေသာက္ၾကတယ္ ။ ရာသီဥတုကလဲ မိုးရြာလိုက္ေနပူလိုက္ဆိုေတာ့ လည္ပင္းနာတတ္ၾကတ့ဲ မိတ္ေဆြ သူငယ္ခ်င္းမ်ားအတြက္ ေဆးနည္းေလးပါ။ ပံုမွာျပထားတ့ဲအတိုင္း ဓါးဖ်ားေလးနဲ႔ သေဘာၤသီးအစိမ္းရဲ့ အေစးကိုယူပါ အေစး ၁၀ စက္ ၁၅ စက္ေလာက္ရရင္ သေဘာၤအေစးကိုေရေႏြးေႏြးေလးနဲ႔ေဖ်ာ္ၿပီးေသာက္လိုက္ပါ။

ညေသာက္ရင္ ေနာက္ေန႔နံနက္ဆို ေပ်ာက္ပါၿပီ ။ေရေႏြးကအရမ္းပူစရာမလိုဘူးေနာ္ ပိုက္ဆံအကုန္အက်လဲသက္သာတယ္ ။ ကြ်န္ေတာ္ကိုယ္တိုင္လည္ပင္းနာေပ်ာက္သြားလို႔ ေစတနာနဲ႔ မ်ွေဝလိုက္တာပါ

Credit : မူရင္းေရးသားသူ



သေဘာၤသီးနွင့္ က်န္းမာေရး သိေကာင္စရာ

သေဘာၤသီးနွင့္ ပတ္သတ္၍ နံနက္သေဘၤာ၊ ညငွက္ေပ်ာဟု အဆိုရွိၾကသလို အိႏၵိယအာယုေဗဒ ေဆးက်မ္းမ်ားတြင္လည္း သေဘာၤသီးသည္ စားေကာင္းရံုတင္မက ေဆးဖက္မ၀င္ေၾကာင္းကို တခမ္းတနား ေဖာ္ျပခဲ့ၾကပါသည္။ သေဘာၤသီးသည္ အသီးသာမက အေစံ ၊အခြံ ၊အေစး ၊အရြက္၊ ပင္စည္ ၊ အျမစ္အားလံုး သေဘၤာသီးထဲတြင္ ဗီတာမင္ေအ (၁၇၅၀) ၊ဗီတာမင္ဘီ (၀.၀၃) မီလီဂရမ္၊ ရီဘိုဖလာဗင္ (၀.၀၄)မီလီဂရမ္ ၊နီအာစင္ (၀.၀၃) မီလီဂရမ္ ၊ ဗီတာမင္စီ (၅၆)မီလီဂရမ္ ၊ ကယ္စီယမ္ ္(၂၀)မီလီဂရမ္၊ သံဓာတ္(၀.၃)မီလီဂရမ္ ၊ ေဖာ့စပရပ္ (၁၆)မီလီဂရမ္ ၊ ပိုတက္စီယမ္(၄၇၀)မီလီဂရမ္ ၊ အဆီဓာတ္(၀.၁)မီလီဂရမ္ ၊ ကစီဓာတ္(၁၀)မီလီဂရမ္၊ ပရိုတင္း(၀.၆)မီလီဂရမ္ ၊ ကယ္လိုရီ(၃၉) ဂရမ္ တို႕ ပါ၀င္ၾကသည္။

ထို႕အျပင္ သစ္သီးထဲတြင္ ရွားရွားပါးပါး ေတြ႕ရေသာ Papim ဓာတ္တို႕ေဖာေဖာသီသီ ပါရွိသည့္အျပင္မဂၢနီ(စ္)၊ သြပ္၊ ထံုးဓာတ္မ်ားသည္ အလိုအေလွ်ာက္ ပါရွိၾကသည္ကို ေလ့လာသိရွိပါသည္။ သေဘာၤသီးသည္ ေခ်ဖ်က္လြယ္ေသာ အမွ်င္မ်ား ၾကြယ္၀စြာပါရွိကာ ကိုလက္စထေရာကို ေလွ်ာ့့ခ်ေပးနိုင္စြမ္းရွိသည့္အျပင္ ၎၏ခ်ိဳေမႊးေအးေသာ အရသာက အနည္းငယ္စားရံု မွ်ျဖင့္ ဆာေလာင္မွဳကို နွစ္သိမ္႕ေစေသာေၾကာင့္ ခႏၶာကိုယ္အေလးခ်ိန္ ပံုမွန္ ထိန္းသိမ္း လိုသူမ်ား အတြက္ အထူးသင့္ေတာ္၏။

ဆီးခ်ိဳေရာဂါသည္မ်ားအတြက္  သေဘာၤသီးအစိမ္းအေနေတာ္(၁)လံုးအား ဇြန္းျဖင့္ျခစ္ထုတ္ပါ။ ထို႕ေနာက္  သေဘာၤသီး၏အ၀ကို ေစာေစာက လွီးျဖတ္ထားေသာ အသီးအညွာျဖင့္ ျပန္ပတ္၍ (၅) မိနစ္ခန္႕ထားပါ။ ယင္းအသီးထဲမွ ေရေႏြားအား တစ္ေန႕(၃)ၾကိမ္ နွဳန္းျဖင့္(၁)လခန္႕ဆက္တိုက္ ေသာက္ပါက ဆီးခ်ိဳေရာဂါကို သက္သာသြားေစျပီး
(၃)လခန္႕ေန႕စဥ္ေသာက္ေပးပါက ဆီးခ်ိဳေရာဂါ ေပ်ာက္ကင္းသြားသည္ဟု ဆီးခ်ိဳေရာဂါနွင့္ပတ္သတ္၍ ကိုယ္ေတြ႕ၾကံဳသူ တစ္ဦးမွ ေျပာျပခ်က္အရ သိရသည္။

သေဘၤာသီအမွည့္သည္ ဆီးကိုရႊင္ေစျပီ  ဆီးေရာဂါနွင့္ ေက်ာက္တည္ျခင္းမ်ားကို  ပယ္ေဖ်ာက္ေပးသည္ဟု ဆိုသည္။ အဆက္မျပတ္သြားေသာ ၀မ္းပ်က္ေရာဂါအတြက္ သေဘၤာသီးနုနုကို အေျခာက္လွန္း၍ အမွဳန္႕ၾကိတ္ကာ အနည္းငယ္လွ်က္ေပးရံုျဖင့္ သက္သာေပ်ာက္ကင္းေစနိုင္သည္ဟု သိရသည္။

သေဘၤာသီး အစိမ္းကို ျဖတ္၍ ထြက္လာေသာ အရည္ကို ကင္းကိုက္ေသာဒဏ္ရာသို႕ လိမ္းေပးပါကအဆိပ္ေျပေစသည္။  သေဘၤာသီးနုနုကို ဆားနွင့္ တို႕ပါက ဆံုဆို႕နာ ေပ်ာက္ကင္းသည္။အသီးထဲတြင္ ပါေသာ Rhodopsia ဗီတာမင္ေအဓာတ္ေပါင္းတို႕နွင့္ ဗီတာမင္စီ တို႕သည္ မ်က္စိအျမင္အာရံုတက္ျပီး မ်က္စိ အားေကာင္းေစကာ ၾကက္မ်က္သင့္ေရာဂါ၊ အတြင္းတိမ္ နွင့္ အသက္အရြယ္ၾကီးရင့္၍ မ်က္စိကြယ္ျခင္း တို႕ကို ကာကြယ္ေပး နိုင္သည္ဟု သိရသည္။

သေဘၤာသီးသည္ အမ်ိဳးသမီး တစ္ေယာက္အတြက္ တစ္ေန႕ သံဓာတ္ လိုအပ္မွဳ ပမာဏမွာ (၄၀၀)ဂရမ္ျဖစ္၍  နို႕တိုက္ေန႕စဥ္ (၅၀၀)ဂရမ္ လိုအပ္ျပီး ကိုယ္၀န္ေဆာင္စဥ္ (၆၀၀) ဂရမ္ ေန႕စဥ္ လိုအပ္သျဖင့္ ေဖာလစ္အက္စစ္ၾကြယ္၀ေသာ သေဘၤာသီးကို မွန္မွန္စားသံုးသင့္သည္။ နို႕တိုက္ မိခင္မ်ား  နို႕လိွဳင္လွိဳင္ထြက္ေနရန္ အတြက္ သေဘၤာသီးအစိမ္းရင့္ရင့္မ်ားကို ဟင္းခ်က္စား သံုးသင့္သည္။ ထို႕အျပင္ အသီးထဲတြင္ ပါရွိေသာ ဗီတာမင္ဘီက အမ်ိဳးသားေရာ၊ အမ်ိဳးသမီးပါ မ်ိဳးေအာင္ေသာ သုတ္ေကာင္ အေရအတြက္ ရွိမွဳကို အားေပးသျဖင့္ သားသမီးယူရန္ အစီစဥ္ရွိသည့္ မိဘေလာင္းမ်ား မျဖစ္မေန သေဘၤာသီးကို စားသံုးသင့္သည္။

သေဘၤာေစးသည္ သေဘၤာသီးစိမ္းမွ ထြက္ေသာ အေစးျဖင့္ ယားနာ ၊ေပြးနာနွင့္ အေရျပားေရာဂါမ်ားကို လိမ္းေပးပါက ေပ်ာက္ကင္းသည္။ အေစးကို ထန္းညွက္နွင့္ နွယ္စားေသာ္ သံေကာင္က်ျပီး အေစးကိုခႏၶာကိုယ္ အရပ္ရပ္ရွိ အရိုး၊ အျခင္၊ ၾကြက္သား စသည့္ အစိတ္ပိုင္းမ်ားကို ျပဳျပင္ရန္နွင့္အစာအိမ္၊ အူသိမ္တို႕၏ အတြင္းဆံုးအားမွ်င္မ်ား ပ်က္စီးခ်ိဳ႕ယြင္းသည့္ အနာအဆာေၾကာင့္ျဖစ္ေသာ  ဗိုက္နာ၊ အူနာစေသာ ေရာဂါမ်ားကိုလည္း ေပ်ာက္ကင္းေစသည္ဟု ဆိုပါသည္။

သေဘၤာရြက္သည္ သေဘၤာရြက္ၾကိတ္ ညွစ္ရာတြင္ ဘိန္းအနည္းငယ္ေရာလိမ္းပါက အေၾကာတက္ျခင္း ေပ်ာက္ကင္း၏။ သက်ည္းကိုက္ေသာ္ သေဘၤာရြက္ကို ေရေႏြးေဖ်ာ၍ (သို႕မဟုတ္)မီးကင္၍  ကပ္ေပးေသာ္ ေပ်ာက္ကင္းနိုင္ျပီး အရြက္ကို မီးအံု၍ စားျခင္း၊ လက္ဖက္ထဲထည့္စားျခင္းျဖင့္ နားအူေလထြက္ ေရာဂါမ်ား ေပ်ာက္ကင္းပါေၾကာင္း ေရးသား တင္ျပလိုက္ရ ပါသည္။

Credit : ဗဟုသုတ အျဖာျဖာ



(Unicode Version)

ကျန်းမာရေးအတွက် သင်္ဘောပင်ရဲ့ အစေးကို အသုံးပြုနည်းနဲ့ အသုံးဝင်ပုံလေးများ

အခုတလော အရမ်းပူတော့ ရေခဲရေတွေ အအေးတွေ သောက်ကြတယ် ။ ရာသီဥတုကလဲ မိုးရွာလိုက်နေပူလိုက်ဆိုတော့ လည်ပင်းနာတတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများအတွက် ဆေးနည်းလေးပါ။ ပုံမှာပြထားတဲ့အတိုင်း ဓါးဖျားလေးနဲ့ သဘောၤသီးအစိမ်းရဲ့ အစေးကိုယူပါ အစေး ၁၀ စက် ၁၅ စက်လောက်ရရင် သဘောၤအစေးကိုရေနွေးနွေးလေးနဲ့ဖျော်ပြီးသောက်လိုက်ပါ။

ညသောက်ရင် နောက်နေ့နံနက်ဆို ပျောက်ပါပြီ ။ရေနွေးကအရမ်းပူစရာမလိုဘူးနော် ပိုက်ဆံအကုန်အကျလဲသက်သာတယ် ။ ကျွန်တော်ကိုယ်တိုင်လည်ပင်းနာပျောက်သွားလို့ စေတနာနဲ့ မျှဝေလိုက်တာပါ

Credit : မူရင်းရေးသားသူ

သဘောၤသီးနှင့် ကျန်းမာရေး သိကောင်စရာ

သဘောၤသီးနှင့် ပတ်သတ်၍ နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုရှိကြသလို အိန္ဒိယအာယုဗေဒ ဆေးကျမ်းများတွင်လည်း သဘောၤသီးသည် စားကောင်းရုံတင်မက ဆေးဖက်မဝင်ကြောင်းကို တခမ်းတနား ဖော်ပြခဲ့ကြပါသည်။ သဘောၤသီးသည် အသီးသာမက အစေံ ၊အခွံ ၊အစေး ၊အရွက်၊ ပင်စည် ၊ အမြစ်အားလုံး သင်္ဘောသီးထဲတွင် ဗီတာမင်အေ (၁၇၅၀) ၊ဗီတာမင်ဘီ (ဝ.၀၃) မီလီဂရမ်၊ ရီဘိုဖလာဗင် (ဝ.၀၄)မီလီဂရမ် ၊နီအာစင် (ဝ.၀၃) မီလီဂရမ် ၊ ဗီတာမင်စီ (၅၆)မီလီဂရမ် ၊ ကယ်စီယမ် ်(၂၀)မီလီဂရမ်၊ သံဓာတ်(ဝ.၃)မီလီဂရမ် ၊ ဖော့စပရပ် (၁၆)မီလီဂရမ် ၊ ပိုတက်စီယမ်(၄၇၀)မီလီဂရမ် ၊ အဆီဓာတ်(ဝ.၁)မီလီဂရမ် ၊ ကစီဓာတ်(၁၀)မီလီဂရမ်၊ ပရိုတင်း(ဝ.၆)မီလီဂရမ် ၊ ကယ်လိုရီ(၃၉) ဂရမ် တို့ ပါဝင်ကြသည်။

ထို့အပြင် သစ်သီးထဲတွင် ရှားရှားပါးပါး တွေ့ရသော Papim ဓာတ်တို့ဖောဖောသီသီ ပါရှိသည့်အပြင်မဂ္ဂနီ(စ်)၊ သွပ်၊ ထုံးဓာတ်များသည် အလိုအလျှောက် ပါရှိကြသည်ကို လေ့လာသိရှိပါသည်။ သဘောၤသီးသည် ချေဖျက်လွယ်သော အမျှင်များ ကြွယ်ဝစွာပါရှိကာ ကိုလက်စထရောကို လျှော့ချပေးနိုင်စွမ်းရှိသည့်အပြင် ၎င်း၏ချိုမွှေးအေးသော အရသာက အနည်းငယ်စားရုံ မျှဖြင့် ဆာလောင်မှုကို နှစ်သိမ့်စေသောကြောင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန် ထိန်းသိမ်း လိုသူများ အတွက် အထူးသင့်တော်၏။

ဆီးချိုရောဂါသည်များအတွက်  သဘောၤသီးအစိမ်းအနေတော်(၁)လုံးအား ဇွန်းဖြင့်ခြစ်ထုတ်ပါ။ ထို့နောက်  သဘောၤသီး၏အဝကို စောစောက လှီးဖြတ်ထားသော အသီးအညှာဖြင့် ပြန်ပတ်၍ (၅) မိနစ်ခန့်ထားပါ။ ယင်းအသီးထဲမှ ရေနွေားအား တစ်နေ့(၃)ကြိမ် နှုန်းဖြင့်(၁)လခန့်ဆက်တိုက် သောက်ပါက ဆီးချိုရောဂါကို သက်သာသွားစေပြီး
(၃)လခန့်နေ့စဉ်သောက်ပေးပါက ဆီးချိုရောဂါ ပျောက်ကင်းသွားသည်ဟု ဆီးချိုရောဂါနှင့်ပတ်သတ်၍ ကိုယ်တွေ့ကြုံသူ တစ်ဦးမှ ပြောပြချက်အရ သိရသည်။

သင်္ဘောသီအမှည့်သည် ဆီးကိုရွှင်စေပြီ  ဆီးရောဂါနှင့် ကျောက်တည်ခြင်းများကို  ပယ်ဖျောက်ပေးသည်ဟု ဆိုသည်။ အဆက်မပြတ်သွားသော ဝမ်းပျက်ရောဂါအတွက် သင်္ဘောသီးနုနုကို အခြောက်လှန်း၍ အမှုန့်ကြိတ်ကာ အနည်းငယ်လျှက်ပေးရုံဖြင့် သက်သာပျောက်ကင်းစေနိုင်သည်ဟု သိရသည်။

သင်္ဘောသီး အစိမ်းကို ဖြတ်၍ ထွက်လာသော အရည်ကို ကင်းကိုက်သောဒဏ်ရာသို့ လိမ်းပေးပါကအဆိပ်ပြေစေသည်။  သင်္ဘောသီးနုနုကို ဆားနှင့် တို့ပါက ဆုံဆို့နာ ပျောက်ကင်းသည်။အသီးထဲတွင် ပါသော Rhodopsia ဗီတာမင်အေဓာတ်ပေါင်းတို့နှင့် ဗီတာမင်စီ တို့သည် မျက်စိအမြင်အာရုံတက်ပြီး မျက်စိ အားကောင်းစေကာ ကြက်မျက်သင့်ရောဂါ၊ အတွင်းတိမ် နှင့် အသက်အရွယ်ကြီးရင့်၍ မျက်စိကွယ်ခြင်း တို့ကို ကာကွယ်ပေး နိုင်သည်ဟု သိရသည်။

သင်္ဘောသီးသည် အမျိုးသမီး တစ်ယောက်အတွက် တစ်နေ့ သံဓာတ် လိုအပ်မှု ပမာဏမှာ (၄၀၀)ဂရမ်ဖြစ်၍  နို့တိုက်နေ့စဉ် (၅၀၀)ဂရမ် လိုအပ်ပြီး ကိုယ်ဝန်ဆောင်စဉ် (၆၀၀) ဂရမ် နေ့စဉ် လိုအပ်သဖြင့် ဖောလစ်အက်စစ်ကြွယ်ဝသော သင်္ဘောသီးကို မှန်မှန်စားသုံးသင့်သည်။ နို့တိုက် မိခင်များ  နို့လှိုင်လှိုင်ထွက်နေရန် အတွက် သင်္ဘောသီးအစိမ်းရင့်ရင့်များကို ဟင်းချက်စား သုံးသင့်သည်။ ထို့အပြင် အသီးထဲတွင် ပါရှိသော ဗီတာမင်ဘီက အမျိုးသားရော၊ အမျိုးသမီးပါ မျိုးအောင်သော သုတ်ကောင် အရေအတွက် ရှိမှုကို အားပေးသဖြင့် သားသမီးယူရန် အစီစဉ်ရှိသည့် မိဘလောင်းများ မဖြစ်မနေ သင်္ဘောသီးကို စားသုံးသင့်သည်။

သင်္ဘောစေးသည် သင်္ဘောသီးစိမ်းမှ ထွက်သော အစေးဖြင့် ယားနာ ၊ပွေးနာနှင့် အရေပြားရောဂါများကို လိမ်းပေးပါက ပျောက်ကင်းသည်။ အစေးကို ထန်းညှက်နှင့် နှယ်စားသော် သံကောင်ကျပြီး အစေးကိုခန္ဓာကိုယ် အရပ်ရပ်ရှိ အရိုး၊ အခြင်၊ ကြွက်သား စသည့် အစိတ်ပိုင်းများကို ပြုပြင်ရန်နှင့်အစာအိမ်၊ အူသိမ်တို့၏ အတွင်းဆုံးအားမျှင်များ ပျက်စီးချို့ယွင်းသည့် အနာအဆာကြောင့်ဖြစ်သော  ဗိုက်နာ၊ အူနာစသော ရောဂါများကိုလည်း ပျောက်ကင်းစေသည်ဟု ဆိုပါသည်။

သင်္ဘောရွက်သည် သင်္ဘောရွက်ကြိတ် ညှစ်ရာတွင် ဘိန်းအနည်းငယ်ရောလိမ်းပါက အကြောတက်ခြင်း ပျောက်ကင်း၏။ သကျည်းကိုက်သော် သင်္ဘောရွက်ကို ရေနွေးဖျော၍ (သို့မဟုတ်)မီးကင်၍  ကပ်ပေးသော် ပျောက်ကင်းနိုင်ပြီး အရွက်ကို မီးအုံ၍ စားခြင်း၊ လက်ဖက်ထဲထည့်စားခြင်းဖြင့် နားအူလေထွက် ရောဂါများ ပျောက်ကင်းပါကြောင်း ရေးသား တင်ပြလိုက်ရ ပါသည်။

Credit : ဗဟုသုတ အဖြာဖြာ