သုသာန်ဟောင်း မြေနေရာ၌ မြင်အပ် မမြင်အပ် မကျွတ် မလွတ် ဖြစ်နေနိုင်သည့် ပရလောကသားများအား ပေတဒါန အစာ ကျွေးလှူဒါန်း အမျှအတန်း ပေးဝေခြင်း


Zin Moe

(Unicode Version)
မုယောင်းသုသာန်ဟောင်း မြေနေရာ၌ မြင်အပ်မမြင်အပ် မကျွတ် မလွတ် ဖြစ်နေနိုင်သည့် ပရလောကသားများအား ပေတဒါန အစာ ကျွေးလှူဒါန်းပြီး ပရိတ်တရားတော်နာ အမျှအတန်းပေးဝေခြင်း
22.6.2019 ရက်နေ့ မြစေတီဆရာတော်ဘုရားကြီး ဩဝါဒကိုခံယူ၍ မြဆည်းဆာ ဆရာတော် ဘဒ္ဒန္တနရိန္ဒမှ ဦးစီးတည်ဆောက်နေသည့် မြဆည်းဆာ ဘိုးဘွားများခိုလှုံရာရိပ်သာ မုဒ်ဦးအဝင်လမ်း တည်ဆောက်မည့် မုယောင်းကျေးရွာ မြန်မာသုသာန်ဟောင်းမြေနေရာ၌ မြင်အပ်မမြင်အပ် မကျွတ်မလွတ်နိုင်သော ပရလောကသားများ ကျန်ရှိနေနိုင်သဖြင့် ပေတဒါန အစားအသောက်များ ဖိတ်ခေါ်ကျွေးမွေးခြင်း
မြစေတီဆရာတော်ဘုရားကြီးနှင့်တကွ ဆရာတော်သံဃာတော်များမှ ပရိတ်ရွတ် အမျှအတန်းပေးဝေခြင်း မွန်ပြည်နယ်အစိုးရအဖွဲ့၏အမိန်စာ များအား ထုတ်ပြန်ပေးခြင်း၊ မကျွတ်မလွတ်နိုင်သေးသည့် ပရလောက သားများအား ပိန္နဲကုန်းသုသာန်သို့ ပြောင်းရွှေ့နိုင်ရေးတို့အတွက် ပြန်တမ်းများ ထုတ်ပြန်ခဲ့ခြင်းတို့ ဆောင်ရွက်

မော်လမြိုင်မြို့ မော်လမြိုင်-ကျိုက်မရောသွား ကားလမ်းမဘေး မုယောင်းကျေးရွာအပိုင်နဟ်မြေတွင် တည်ဆောက်နေသည့် မြဆည်းဆာ ဘိုးဘွားများခိုလှုံရာရိပ်သာ/စေတီတော်/သိမ်တော် တို့အား ၂၀၁၉ (၁၂)လပိုင်းတွင် ကျရောက်မည့် မြစေတီစာသင်တိုက်(ရဲကျောင်း) ဆရာတော်ဘုရား၏ (၇၅)နှစ်ပြည့် စိန်ရတုနှစ်အမှီ ဖွင့်လှစ်နိုင်အောင် အမြန်ဆုံး ကြိုးစားဆောင်ရွက်ပေးနေကြပါသည်။
ရိပ်သာတဆောင်ပြီးသည်နှင့် တဆောင်ချင်းတွင် အဘိုးအဘွားများ အား စတင်လက်ခံ စောင့်ရှောက်ပေးနေမည် ဖြစ်ပါသည်။
ဆက်သွယ်လှူဒါန်းပေးကြပါသော အလှူရှင်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။ ဆက်သွယ်လှူဒါန်းလိုပါကလည်း မြစေတီစာသင်တိုက်(ရဲကျောင်း)ထံနှင့် အောက်ပါဖုန်းနံပါတ်များထံ သို့လည်း ဆက်သွယ်စုံစမ်း လှူဒါန်းနိုင်ပါသည်။
မြဆည်းဆာ ဘဏ်အကောင့် (KBZ) - 08330208302104801
ဘဒ္ဒန္တနရိန္ဒ (မြစေတီစာသင်တိုက်) ရိပ်သာတည်ဆောက်ရေးဦးဆောင်ပဓါနနာယကဆရာတော် 09 425300140၊ 09 691271969
ကိုဇင်မိုး (အကျိုးတော်ဆောင်) 09 442158281၊ 09 968446565
ဦးမြင့်ဦး (အကျိုးတော်ဆောင်) 09 780002397၊ 09 5322044
ဦးမျိုးနိုင် (အကျိုးတော်ဆောင်) 09 792404429
သူရလွင် (အကျိုးတော်ဆောင်) 09 693288862