Skip to main content
ဘီယာ သောက်ခြင်းက အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုကောင်းကြောငေးတွေ့ရှိ
Credit : Burmese Asia
(Unicode Version)
ဘီယာသောက်ခြင်းက အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုကောင်းကြောင်းတွေ့ရှိ
မကြာခင်က Trevor Thompson ဆိုတဲ့ ပညာရှင်တစ်ဦးက ဘီယာသောက်တာဟာ အကိုက်အခဲပျောက်ဆေး သောက်တာထက် ခန္ဓာကိုယ်အတွက် ပိုကောင်းတယ်လို့ ပြောခဲ့ပါတယ်။
ဘီယာနှစ်ခွက် သောက်တာက ခန္ဓာကိုယ်မှာဖြစ်နေတဲ့ နာကျင်ကိုက်ခဲ ညောင်းညာနေတာတွေကို အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုမြန်မြန်သက်သာစေနိုင်တဲ့အစွမ်းရှိတယ်ဆိုတာ သိရှိခဲ့တာပါ။
ဒီ အ ဆို ကို မှန် မ မှန် စမ်း ဖို့ သပ် Greenwich University က သိ ပ္ပံ ပ ညာ ရှင် တွေ က လူ အ ယောက် ၄၀၀ ကျော် ကို ဘီ ယာ သောက် ထား တဲ့ သူ နဲ့ မ သောက် ထား တဲ့ သူ မှာ ဘယ် သူ က နာ ကျင် မှု တွေ မြန် မြန် သက် သာလာ သ လဲ ဆို တာ ကို စောင့် ကြည့် ခဲ့ ရာ မှာ ဘီ ယာ သောက် တဲ့ သူ တွေ က ပို သက် သာ လွယ် တာ ကို တွေ့ ခဲ့ ကြပါ တယ်။
ဒါပေမယ့် နှစ်ခွက်ထက် ပိုသောက်လိုက်မယ်ဆိုရင်တော့ သွေးထဲမှာ အယ်လ်ကိုဟောဓာတ် များသွားပြီး ဆိုးကျိုးကိုဖြစ်စေနိုင်တယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။ ဒါတွေတင်မကသေးပါဘူး။ ဘီယာ နှစ်ခွက်ပဲသောက်မယ် ဆိုရင် စိတ်ဆိုးဒေါသထွက်လွယ်တာနဲ့ စိုးရိမ်ပူပန်စိတ်ဖြစ် လွယ်တာတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်။
ဒါ့အပြင် နာတာရှည် နာကျင်ကိုက်ခဲမှုတွေ ခံစားနေရတဲ့သူတွေတောင် ဘီယာတစ်နေ့ နှစ်ခွက်သောက်ရင် နာကျင်တာတွေသက်သာနိုင်တယ်လို့ ဆိုပါတယ်။ နှစ်ခွက်ထက်တော့ ပိုသောက်လို့မရပါဘူးတဲ့။ ပမာဏအများကြီးသောက်မယ်ဆိုရင်တော့ အကိုက်အခဲပျောက်ဆေးထက် မကောင်းဘဲ ဆိုးရွားတဲ့အကျိုးဆက်တွေကို ဖြစ်စေနိုင်ပါတယ်။
ပြီးတော့ အယ်လ်ကိုဟော စွဲတဲ့ပြဿနာကိုလည်း ဖြစ်စေနိုင်ပါတယ်။ တစ်ရက်နှစ်ခွက်ပဲ သောက်တာကတော့ စွဲသွားနိုင်ချေနည်းပြီး ခန္ဓာကိုယ်အတွက် သင့်တော်တဲ့ပမာဏဖြစ်ပါတယ်။ ဒါပေမယ့် ဘီယာနှစ်ခွက်သောက်တာက အကိုက်အခဲပျောက်ဆေး သောက်တာထက် ပိုကောင်းတယ်ဆိုတဲ့ အချက်ကို လက်ခံဖို့အတွက် တခြားသောပညာရှင်တွေက အခုချိန်ထိ လေ့လာမှုတွေ ဆက်လုပ်နေကြတုန်းလို့လည်း ဖော်ပြထားပါတယ်။
Credit : Burmese Asia