Skip to main content

ကင္ဆာကို သတ္ေပးနိုင္တဲ့ သေဘၤာရြက္ (ေရာဂါ အေတာ္မ်ားမ်ားအတြက္ အသံုး၀င္ပံုမ်ားကုိ ထပ္မံ ျဖည့္စြက္ တင္ျပေပးထားပါတယ္)

မိတ္ေဆြေတြ သူငယ္ခ်င္းေတြ ရဲေဘာ္ရဲဘက္ေတြနဲ့ တခ်ိဳေသာ မိသားစု၀င္ေတြဟာ ကင္ဆာေတြ ျဖစ္ေနႀကတယ္လို ့ခပ္စိတ္စိတ္ ႀကားလာရတာမ်ားေတာ့ ကင္ဆာလူနာေတြရဲ ့က်နး္မာေရးအတြက္ တစိတ္တပိုင္း အေထာက္ကူျဖစ္တဲ့ တင္ျပီးသားပုိ႔စ္ကို ျပန္ျပီး တင္ေပးလိုက္တာပါ။ ဒီထဲမွာ သေဘၤာရြက္ကုိ ကုိယ္တိုင္ အေျခာက္လွန္းျပိး ႀကိပ္ထားပံုကုိလည္း ျပေပးထားပါတယ္ ။ ေနေရာင္မွာ ၄ရက္ေလာက္ လွန္းထားရင္ အရြက္ေတြကေတာ့ ေျခာက္သြားပါတယ္။

လူနာေတြအတြက္ အစာသိတ္မေျခႏိုင္ရင္ အရြက္ေတြကုိ ေသာက္မဲ့အစား အမွုန့္ကုိ ၁၀ မိနစ္ေလာက္ ေရေႏြးနဲ့စိမ္ေသာက္လိုက္ေတာ့ အဆင္ေျပမယ္ လို ့ယူဆလို ့ပါ ။အာနိသင္အားလံုးလည္း ရသြားႏိုင္ပါတယ္ ။ ျပီးေတာ့ အရြက္မွာပါတဲ့ ပုိးမႊားလည္း ေသသြားႏိုင္ပါတယ္ ။

ေနလွန္းျပီးရင္ အရြက္ေတြကို သီးျခားေခ်ြပါ သီးျခားႀကိပ္ပါ အတူတူမႀကိပ္ပါနဲ့ ။အရိုးအတံကို သပ္သပ္ထားပါ။ သပ္သပ္ႀကိပ္ပါ ။ အရိုးတံေတြက ေျခာက္ဖို႔ အခ်ိန္ႀကာႏိုင္တာမို ့ ေရာႀကိပ္လိုက္၇င္ စိုထုိင္းမႈေႀကာင့္ မိွုတက္ႏိုင္ပါတယ္ ။

သေဘၤာရြက္ဟာ ကင္ဆာေရာဂါပုိးကုိ သတ္ႏိုင္တယ္လို႔ ့ဗီယက္နမ္က တုိင္းရင္းသမားေတာ္ႀကီးက ဆိုပါတယ္ အူကင္ဆာျဖစ္ေနသူေတြကုိ စမ္း္သပ္ျပီးတိုက္ခဲ့ရာမွာ ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ႏိုင္တာ ေတြ ့ရတယ္လို ့ဆိုပါတယ္။

ဆရာမႀကီး ေဒါက္တာခင္ႏြယ္၀င္းရဲ ့စာအုပ္ေတြမွာလည္း ကင္ဆာသမားေတြအတြက္ ညြန္းထားတဲ့ အရြက္ေတြထဲမွာ သေဘၤာရြက္ ပါ၀င္ပါတယ္ ။ မိမိတို ့ရဲ ့လက္လွမ္းမွီရာမွာ သေဘၤာရြက္ေတြကို အလြယ္တကူ ရွာေတြ ့ႏိုင္သလို ကင္ဆာမျဖစ္ေသးရင္ ေတာင္မွာ ႀကိဳတင္ကာကြယ္တဲ့ အေနနဲ့ ေသာက္သင့္တာပါ ။ ဘာေႀကာင့္ ႀကိဳတင္ ေသာက္သင့္သလဲဆိုေတာ့

ျပဳျပင္ျပီး အစားအေသာက္မ်ား( Processed Food ) ျပဳျပင္ျပီးအသားမ်ား( Processed meat )၀က္အူေခ်ာင္း ႀကက္အူေခ်ာင္းလို အစားအေသာက္မ်ား ရယ္ဒီမိတ္ အသင့္ခ်က္ျပဳတ္စားေသာက္ႏုိင္တဲ့ အစားအေသာက္မ်ားမွိဳတက္ေနမွန္းမသိတဲ့အစားအေသာက္မ်ား ဒီတ္လြန္ေနတဲ့အစားအေသာက္မ်ား ။ပုိးသတ္ေဆး ဖ်န္းထားတဲ့ အစားအေသာက္မ်ား အရြက္အသီးမ်ား တာရွည္ခံေဆးမ်ား ထည့္ထားတဲ့ အေႀကာ္အေလွာ္ အစားအေသာက္မ်ား ဆိုးေဆးပါတဲ့ အစားအေသာက္မ်ားကို ျမန္မာျပည္သူလူထုအေတာ္မ်ားမ်ားက ကင္းလို ့ရမယ္မထင္ပါ ဒီအတြက္ ေသာက္ထားသင့္တယ္လို ့အႀကံျပဳပါရေစ။

( ဆရာမႀကီးေဒါက္တာခင္ႏြယ္၀င္းကေတာ့ ၉၀ % ကေန ၉၅ % ေသာကင္ဆာေတြဟာ အစားအေသာက္ အေနအထုိင္ ပတ္၀န္းက်င္အေျခအေနေတြေႀကာင့္ ျဖစ္လာရတယ္လို ့ဆိုထားပါတယ္ )



ဆရာမႀကီးေဒါက္တာခင္ႏြယ္၀င္းကေတာ့ လူတိုင္းမွာ ကင္ဆာျဖစ္ႏိုင္တဲ့ဆဲလ္ေတြရွိတယ္လို ့ဆိုပါတယ္ ခုခံအားကစဥ္ကလ်ားျဖစ္တဲ့အခါမွာ လူတုိင္းဟာကင္ဆာေတြျဖစ္ႏိုင္ႀကတာပါ ။

ခႏၱာကုိယ္ရဲ ့ခုခံအား ၈၀ရာခိုင္ႏွံုးဟာ အူမက်န္းမာရာကေန ေရာဂါအားလံုး၀င္ႏိုင္တယ္လို ့ေခတ္မွီေဆးပညာရွင္ေတြကလည္းဆုိပါတယ္။ ဒီေတာ့ႀကိဳတင္ကာကြယ္တဲ့အေနနဲ့ေကာ ကင္ဆာျဖစ္ေနသူေတြေရာေသာက္သင့္တာပါ ။

ဘယ္လိုေသာက္သင့္လဲလုိ ့ေမးျမန္းလာသူေတြအတြက္ပါ

(၁)သေဘၤာရြက္အစိမ္း ေတြကို ႀကိပ္ျပီးေတာ့လည္း အရည္ကိုေသာက္ႏိုင္ပါတယ္ ။ အဲဒါကေတာ့ ကင္ဆာျဖစ္ေနတဲ့သူေတြဆိုရင္အစိမ္းအရည္ကို ေသာက္ရင္ပုိျပီးေကာင္းတယ္လုိ ့ဆိုထားပါတယ္ ။

(၂) သေဘာၤရြက္ကုိျပဳတ္ျပီးလည္း ေသာက္ႏိုင္ပါတယ္ ။ သေဘၤာရြက္အရိုးတံေတြကိုပါျပဳတ္တဲ့အခါ ထည့္ျပဳတ္ပါ ။သူကထြက္လာတဲ့အေစးေတြကလည္း ေဆးဘက္၀င္ပါတယ္ ။

(၃) သေဘာၤရြက္ကို အေျခာက္လွန္းျပီး လဘက္ေျခာက္လို ေရေႏြးပူပူမွာထည့္ျပိီးေတာ့လည္းေသာက္ႏိုင္ပါတယ္ ။ (သေဘၤာရြက္ကုိအမွုန့္လုပ္ထားတဲ့ နမူနာပံုစံကုိျပထားေပးပါတယ္)

(၄) သေဘာၤရြက္ႏုႏုကို တုိ ့စရာလို ့ေရေႏြးစိမ္ျပိးေတာ့လည္း ထမင္းနဲ့အတူစားလို ့ရပါတယ္ ။

(၅) သေဘၤာရြက္ေတြကို ဗီယက္နမ္မွာေတာ့ေႀကာ္စားလည္းရွိပါတယ္။

(၆) သေဘာၤရြက္အဖူးေတြအပြင့္ေတြကိုလည္းသုတ္စားတာေကာတို ့စားတာေကာ အသံုးျပဳလုိ ့ရပါတယ္ ။

(၇)သေဘၤာအေစ့ေတြကိုလည္း တေနမွာ ေလးငါး ေစ့ခန့္လည္း ၀ါးစားတာ သို ့)ႀကိပ္တဲ့အထဲမွာ ထည့္ျပိး စာသံုးႏဳိင္ပါတယ္ ။

(၈) အစာမစားခင္ျဖစ္ျဖစ္ အစာစားျပိီးျဖစ္ျဖစ္ေသာက္သံုးႏိုင္ပါတယ္ ။ မိမိအဆင္ေျပသလို ေသာက္ႏိုင္ပါတယ္ ။

သေဘာၤရြက္ဟာ ကင္ဆာအျပင္ တျခားအစာအိမ္အူလမ္းေႀကာင္းအတြက္ အစာေခ်စံနစ္ေကာင္းမြန္တာအပါအ၀င္ ယားယံတဲ့အေရျပားနဲ့ပတ္သက္တဲ့ အနာေတြ ကင္ဆာဘက္ကိုေျပာင္းလဲႏိုင္တဲ့ တျခားအဖုအႀကိတ္အခဲေတြအတြက္လည္း ေကာင္းပါတယ္။

ကိုလက္စထေရာတက္ေနတာေတြကိုက်ေစပါတယ္ ။ သေဘာၤရြက္ဟာ ေရာဂါ အေတာ္မ်ားမ်ားအတြက္အသံုး၀င္ပါတယ္ ။သေဘာၤရြက္ သေဘာၤသီး အပြင့္ အျမစ္ အားလံုး ဟာေဆးဘက္၀င္လို ့ဆိုပါတယ္ ။ သေဘာၤရြက္မွာ antioxidants ေတြပါ၀င္ပါတယ္ ။ ခႏၱာကုိယ္မွာ အလံုး မ်ား အႀကိတ္မ်ားရွိတဲ့သူမ်ား ႀကိဳတင္ေသာက္ထားပါ ။

မိတ္ေဆြမ်ား က်န္းမာျပီး ေရာဂါဘယမ်ား ကင္းေ၀းႀကပါေစ။

Credit : Aye Aye Mar



(Unicodd Version)

ကင်ဆာကို သတ်ပေးနိုင်တဲ့ သင်္ဘောရွက် (ရောဂါ အတော်များများအတွက် အသုံးဝင်ပုံများကို ထပ်မံ ဖြည့်စွက် တင်ပြပေးထားပါတယ်)

မိတ်ဆွေတွေ သူငယ်ချင်းတွေ ရဲဘော်ရဲဘက်တွေနဲ့ တချိုသော မိသားစုဝင်တွေဟာ ကင်ဆာတွေ ဖြစ်နေကြတယ်လို့ခပ်စိတ်စိတ် ကြားလာရတာများတော့ ကင်ဆာလူနာတွေရဲ့ကျန်းမာရေးအတွက် တစိတ်တပိုင်း အထောက်ကူဖြစ်တဲ့ တင်ပြီးသားပို့စ်ကို ပြန်ပြီး တင်ပေးလိုက်တာပါ။ ဒီထဲမှာ သင်္ဘောရွက်ကို ကိုယ်တိုင် အခြောက်လှန်းပြိး ကြိပ်ထားပုံကိုလည်း ပြပေးထားပါတယ် ။ နေရောင်မှာ ၄ရက်လောက် လှန်းထားရင် အရွက်တွေကတော့ ခြောက်သွားပါတယ်။

လူနာတွေအတွက် အစာသိတ်မခြေနိုင်ရင် အရွက်တွေကို သောက်မဲ့အစား အမှုန့်ကို ၁၀ မိနစ်လောက် ရေနွေးနဲ့စိမ်သောက်လိုက်တော့ အဆင်ပြေမယ် လို့ယူဆလို့ပါ ။အာနိသင်အားလုံးလည်း ရသွားနိုင်ပါတယ် ။ ပြီးတော့ အရွက်မှာပါတဲ့ ပိုးမွှားလည်း သေသွားနိုင်ပါတယ် ။

နေလှန်းပြီးရင် အရွက်တွေကို သီးခြားချွေပါ သီးခြားကြိပ်ပါ အတူတူမကြိပ်ပါနဲ့ ။အရိုးအတံကို သပ်သပ်ထားပါ။ သပ်သပ်ကြိပ်ပါ ။ အရိုးတံတွေက ခြောက်ဖို့ အချိန်ကြာနိုင်တာမို့ ရောကြိပ်လိုက်၇င် စိုထိုင်းမှုကြောင့် မှိုတက်နိုင်ပါတယ် ။

သင်္ဘောရွက်ဟာ ကင်ဆာရောဂါပိုးကို သတ်နိုင်တယ်လို့ဗီယက်နမ်က တိုင်းရင်းသမားတော်ကြီးက ဆိုပါတယ် အူကင်ဆာဖြစ်နေသူတွေကို စမ်းသပ်ပြီးတိုက်ခဲ့ရာမှာ ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်တာ တွေ့ရတယ်လို့ဆိုပါတယ်။

ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းရဲ့စာအုပ်တွေမှာလည်း ကင်ဆာသမားတွေအတွက် ညွန်းထားတဲ့ အရွက်တွေထဲမှာ သင်္ဘောရွက် ပါဝင်ပါတယ် ။ မိမိတို့ရဲ့လက်လှမ်းမှီရာမှာ သင်္ဘောရွက်တွေကို အလွယ်တကူ ရှာတွေ့နိုင်သလို ကင်ဆာမဖြစ်သေးရင် တောင်မှာ ကြိုတင်ကာကွယ်တဲ့ အနေနဲ့ သောက်သင့်တာပါ ။ ဘာကြောင့် ကြိုတင် သောက်သင့်သလဲဆိုတော့

ပြုပြင်ပြီး အစားအသောက်များ( Processed Food ) ပြုပြင်ပြီးအသားများ( Processed meat )ဝက်အူချောင်း ကြက်အူချောင်းလို အစားအသောက်များ ရယ်ဒီမိတ် အသင့်ချက်ပြုတ်စားသောက်နိုင်တဲ့ အစားအသောက်များမှိုတက်နေမှန်းမသိတဲ့အစားအသောက်များ ဒီတ်လွန်နေတဲ့အစားအသောက်များ ။ပိုးသတ်ဆေး ဖျန်းထားတဲ့ အစားအသောက်များ အရွက်အသီးများ တာရှည်ခံဆေးများ ထည့်ထားတဲ့ အကြော်အလှော် အစားအသောက်များ ဆိုးဆေးပါတဲ့ အစားအသောက်များကို မြန်မာပြည်သူလူထုအတော်များများက ကင်းလို့ရမယ်မထင်ပါ ဒီအတွက် သောက်ထားသင့်တယ်လို့အကြံပြုပါရစေ။

( ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းကတော့ ၉၀ % ကနေ ၉၅ % သောကင်ဆာတွေဟာ အစားအသောက် အနေအထိုင် ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ဖြစ်လာရတယ်လို့ဆိုထားပါတယ် )

ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းကတော့ လူတိုင်းမှာ ကင်ဆာဖြစ်နိုင်တဲ့ဆဲလ်တွေရှိတယ်လို့ဆိုပါတယ် ခုခံအားကစဉ်ကလျားဖြစ်တဲ့အခါမှာ လူတိုင်းဟာကင်ဆာတွေဖြစ်နိုင်ကြတာပါ ။

ခန္တာကိုယ်ရဲ့ခုခံအား ၈၀ရာခိုင်နှုံးဟာ အူမကျန်းမာရာကနေ ရောဂါအားလုံးဝင်နိုင်တယ်လို့ခေတ်မှီဆေးပညာရှင်တွေကလည်းဆိုပါတယ်။ ဒီတော့ကြိုတင်ကာကွယ်တဲ့အနေနဲ့ကော ကင်ဆာဖြစ်နေသူတွေရောသောက်သင့်တာပါ ။

ဘယ်လိုသောက်သင့်လဲလို့မေးမြန်းလာသူတွေအတွက်ပါ

(၁)သင်္ဘောရွက်အစိမ်း တွေကို ကြိပ်ပြီးတော့လည်း အရည်ကိုသောက်နိုင်ပါတယ် ။ အဲဒါကတော့ ကင်ဆာဖြစ်နေတဲ့သူတွေဆိုရင်အစိမ်းအရည်ကို သောက်ရင်ပိုပြီးကောင်းတယ်လို့ဆိုထားပါတယ် ။

(၂) သဘောၤရွက်ကိုပြုတ်ပြီးလည်း သောက်နိုင်ပါတယ် ။ သင်္ဘောရွက်အရိုးတံတွေကိုပါပြုတ်တဲ့အခါ ထည့်ပြုတ်ပါ ။သူကထွက်လာတဲ့အစေးတွေကလည်း ဆေးဘက်ဝင်ပါတယ် ။

(၃) သဘောၤရွက်ကို အခြောက်လှန်းပြီး လဘက်ခြောက်လို ရေနွေးပူပူမှာထည့်ပြီးတော့လည်းသောက်နိုင်ပါတယ် ။ (သင်္ဘောရွက်ကိုအမှုန့်လုပ်ထားတဲ့ နမူနာပုံစံကိုပြထားပေးပါတယ်)

(၄) သဘောၤရွက်နုနုကို တို့စရာလို့ရေနွေးစိမ်ပြိးတော့လည်း ထမင်းနဲ့အတူစားလို့ရပါတယ် ။

(၅) သင်္ဘောရွက်တွေကို ဗီယက်နမ်မှာတော့ကြော်စားလည်းရှိပါတယ်။

(၆) သဘောၤရွက်အဖူးတွေအပွင့်တွေကိုလည်းသုတ်စားတာကောတို့စားတာကော အသုံးပြုလို့ရပါတယ် ။

(၇)သင်္ဘောအစေ့တွေကိုလည်း တနေမှာ လေးငါး စေ့ခန့်လည်း ဝါးစားတာ သို့)ကြိပ်တဲ့အထဲမှာ ထည့်ပြိး စာသုံးနိုင်ပါတယ် ။

(၈) အစာမစားခင်ဖြစ်ဖြစ် အစာစားပြီးဖြစ်ဖြစ်သောက်သုံးနိုင်ပါတယ် ။ မိမိအဆင်ပြေသလို သောက်နိုင်ပါတယ် ။

သဘောၤရွက်ဟာ ကင်ဆာအပြင် တခြားအစာအိမ်အူလမ်းကြောင်းအတွက် အစာချေစံနစ်ကောင်းမွန်တာအပါအဝင် ယားယံတဲ့အရေပြားနဲ့ပတ်သက်တဲ့ အနာတွေ ကင်ဆာဘက်ကိုပြောင်းလဲနိုင်တဲ့ တခြားအဖုအကြိတ်အခဲတွေအတွက်လည်း ကောင်းပါတယ်။

ကိုလက်စထရောတက်နေတာတွေကိုကျစေပါတယ် ။ သဘောၤရွက်ဟာ ရောဂါ အတော်များများအတွက်အသုံးဝင်ပါတယ် ။သဘောၤရွက် သဘောၤသီး အပွင့် အမြစ် အားလုံး ဟာဆေးဘက်ဝင်လို့ဆိုပါတယ် ။ သဘောၤရွက်မှာ antioxidants တွေပါဝင်ပါတယ် ။ ခန္တာကိုယ်မှာ အလုံး များ အကြိတ်များရှိတဲ့သူများ ကြိုတင်သောက်ထားပါ ။

မိတ်ဆွေများ ကျန်းမာပြီး ရောဂါဘယများ ကင်းဝေးကြပါစေ။

Credit : Aye Aye Mar