

Source : ဆရာကျောင်း

(Unicode Version)
၁၀ တန်းကို ၃ ဘာသာ ဂုဏ်ထူးနဲ့ အောင်မြင်ခဲ့ပေမယ် ကျောင်းဆက်တက်ဖို့ ခက်ခဲနေတဲ့ မိဘမဲ့ ကျောင်းသားလေး မောင်ဇော်လင်းထွန်း
(၁၀) တန်းကို ၃ ဘာသာ ဂုဏ်ထူးနဲ့ နှစ်ချင်းပေါက်အောင်တဲ့ ကျောင်းသားလေး အမေက အဲ့ဒီကလေး ၂ လ သားအရွယ်မှာဆုံးတယ် အမေရက်လည်တဲ့နေ့မှာ အဖေကဆုံးတယ် အဖိုးအဖွားအိမ်မှာ ကြီးပျင်းခဲ့ရပြီး ဦး လေးလုပ်သူက ကျောင်းထားပေးတယ်။ အမှတ်ပေါင်း(၄၂၁)မှတ်ရတယ်ဗျာ။ ဘယ်လောက်ဂုဏ်ယူဖို့ကောင်းလဲ ။
လိမ္မာတဲ့ကျောင်းသားလေးပါ။သူ့ဝါသနာ၊ သူဖြစ်ချင်တာကကျောင်းဆရာ သူ့ပညာရေး၊သူ့ဘဝရှေ့ဆက်ဖို့အခက်အခဲတွေဖြစ်နေတယ် ။
ဒီလိုကလေးမျိုးကို ကူညီချင်တဲ့သူများရှိရင် ဖိတ်ခေါ်ပါရစေဗျာ။ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ အင်းမရွာမှာ နေပါတယ်။၀၉၉၆၃၃၃၁၅၅၂ ကို ဆက်သွယ်လို့ရပါတယ်။
Source : ဆရာကျောင်း