Skip to main content

ပန္းၿခံတြင္ ထိုင္ေနသည့္ သမီးရည္းစားစုံတြဲမွ ေယာက်္ားေလးကို ႐ိုက္ၿပီး မိန္းကေလးကို အဓမၼျပဳက်င့္သူ (၂) ဦးအား ဖမ္းမိ

ေမွာ္ဘီၿမိဳ႕နယ္ ရဲေဘာ္ေဈးပန္းၿခံတြင္ ညဥ့္နက္သန္းေခါင္အခ်ိန္ အတူထိုင္စကားေျပာေနသည့္ သမီးရည္းသားစုံတြဲမွ ေယာက်္ားေလးျဖစ္သူကို သစ္သားတုတ္ျဖင့္႐ိုက္ၿပီး မိန္းကေလးျဖစ္သူအား ၿခိမ္းေျခာက္ေခၚေဆာင္သြားၿပီး အဓမၼျပဳက်င့္သူ ၂ ဦးအား ဖမ္းဆီးရမိေၾကာင္း ရဲတပ္ဖြဲ႕က ဇြန္ ၁၈ တြင္ သတင္းထုတ္ျပန္သည္။

ျဖစ္စဥ္မွာ ၁၆-၆-၂၀၁၉ ရက္ေန႔ ၁၅း၃၀ အခ်ိန္ခန႔္တြင္ တရားလို မ---- သည္ ေမွာ္ဘီၿမိဳ႕နယ္၊ စမ္းေခ်ာင္း ေက်း႐ြာရွိေနအိမ္၌ရွိေနစဥ္ ရည္စားျဖစ္သူ ကို---- မွ မဂၤလာဒုံၿမိဳ႕နယ္ရွိ စစ္သခ်ဳႋင္းေရွ႕တြင္ေတြ႕ဆုံရန္ ဖုန္းဆက္ခ်ိန္းသျဖင့္ ရည္စားျဖစ္သူႏွင့္သြားေရာက္ေတြ႕ဆုံ၍ ၂၁း၀၀ နာရီအခ်ိန္ စစ္သခ်ဳႋင္းေရွ႕မွ ေမွာ္ဘီၿမိဳ႕နယ္ရွိေနအိမ္သို႔ ရည္စားျဖစ္သူႏွင့္အတူ လမ္းေလွ်ာက္ျပန္ခဲ့ေၾကာင္း၊

၁၇-၆-၂၀၁၉ ရက္ေန႔ ၀၁း၀၀ နာရီအခ်ိန္ခန႔္တြင္ ေမွာ္ဘီၿမိဳ႕နယ္၊ ဆပ္သြားေတာေက်း႐ြာ၊ ရဲေဘာ္ေဈးပန္းၿခံဝင္းအတြင္း ရည္စားျဖစ္သူႏွင့္အတူထိုင္ကာ စကားေျပာေနစဥ္ ၀၄း၀၀ နာရီအခ်ိန္ခန႔္တြင္ အမည္မသိ လူ(၂)ဦးေရာက္ရွိလာၿပီး “နင္တို႔ဘယ္သူေတြလဲ၊ ငါတို႔က လူေပ်ာက္ရွာေနတာ”ဟု ေျပာဆိုကာ ရည္းစားျဖစ္သူ၏ဖုန္းမီးျဖင့္ တရားလို၏မ်က္ႏွာကိုထိုးခိုင္းၿပီး ၎တို႔ရွာေနေသာ လူမဟုတ္ေၾကာင္း ေျပာဆိုခဲ့ေၾကာင္း၊

တရားလိုႏွင့္ရည္စားျဖစ္သူမွာ ျပန္ရန္ထလာစဥ္ အဆိုပါ အမည္မသိလူ(၂)ဦးအနက္ ကတုံးဆံပင္(လူျမင္လွ်င္မွတ္မိ)ႏွင့္လူမွ ရည္စားျဖစ္သူ ကို-----ကို သစ္သားတုတ္ျဖင့္႐ိုက္ေသာေၾကာင့္ ကို-----မွာ လဲက်သြားခဲ့ေၾကာင္း၊ ထို႔ေနာက္ ဆံပင္ရွည္ႏွင့္လူမွ ကိုင္းခုတ္ဓားျဖင့္ တရားလို၏ပခုံးေပၚသို႔ တင္ကာ “ေအာ္ဖို႔လည္း မစဥ္းစားနဲ႔၊ ႐ုန္းဖို႔မႀကိဳးစားနဲ႔၊ ေအာ္ရင္သတ္ပစ္မယ္၊ ငါနဲ႔လိုက္ခဲ့”ဟုဆိုကာ ရဲေဘာ္ေဈးပန္းၿခံေနာက္ဘက္သို႔ ေခၚေဆာင္ကာ အလိုမတူဘဲ သားမယားအျဖစ္ တႀကိမ္စီျပဳက်င့္ခဲ့ေၾကာင္း၊

၎ေနာက္ ရဲေဘာ္ေဈးပန္းၿခံႏွင့္ မ်က္ႏွာခ်င္းဆိုင္ရွိ ဘန႔္ေဘြးကုန္းဘုရားလမ္းမေဘးအနီးသို႔ ထပ္မံေခၚေဆာင္ကာ အလိုမတူဘဲ သားမယားအျဖစ္ တႀကိမ္စီထပ္မံျပဳက်င့္ခဲ့ၿပီး ထြက္ခြာသြားေၾကာင္း၊ ယင္းေၾကာင့္ အလိုမတူဘဲ သားမယားအျဖစ္ျပဳက်င့္ခဲ့သူ (၂)ဦးအား အေရးယူေပးပါရန္ မ---- က ေမွာ္ဘီၿမိဳ႕မရဲစခန္းတြင္ တိုင္တန္းခဲ့သည္။

ျဖစ္စဥ္ႏွင့္ပတ္သက္၍ တရားလို မ-----၏ ေျပာျပခ်က္အရ ျပစ္မႈက်ဴးလြန္သူ(၂)ဦး၏ ပုံသ႑ာန္ မ်ားအား အနီးအနားပတ္ဝန္းက်င္ေက်း႐ြာမ်ားအား လိုက္လံစုံစမ္းရွာေဖြခဲ့ရာ ျပစ္မႈက်ဴးလြန္သူ(၂)ဦးသည္ ေဇာ္ရဲ၊ ၂၄ ႏွစ္၊ (ဘ)ဦးေအးႀကိဳင္ႏွင့္ ခင္ေဇာ္၊ ၂၁ ႏွစ္၊ (ဘ)ဦးခင္ေဌး တို႔ျဖစ္ေၾကာင္း စုံစမ္းသိရွိရသျဖင့္ ၎တို႔(၂)ဦးကို ၁၇-၆-၂၀၁၉ ရက္ေန႔ ၁၈း၂၅ နာရီအခ်ိန္တြင္ ဖမ္းဆီးရမိခဲ့ေၾကာင္း၊ တရားခံမ်ားအား ဥပေဒႏွင့္အညီ တရားစြဲဆိုအေရးယူႏိုင္ေရး ေဆာင္႐ြက္လ်က္ရွိေၾကာင္း သတင္းရရွိ ပါသည္။

Source : Yangon Police



(Unicode Version)

ပန်းခြံတွင် ထိုင်နေသည့် သမီးရည်းစားစုံတွဲမှ ယောကျ်ားလေးကို ရိုက်ပြီး မိန်းကလေးကို အဓမ္မပြုကျင့်သူ (၂) ဦးအား ဖမ်းမိ

မှော်ဘီမြို့နယ် ရဲဘော်ဈေးပန်းခြံတွင် ညဉ့်နက်သန်းခေါင်အချိန် အတူထိုင်စကားပြောနေသည့် သမီးရည်းသားစုံတွဲမှ ယောကျ်ားလေးဖြစ်သူကို သစ်သားတုတ်ဖြင့်ရိုက်ပြီး မိန်းကလေးဖြစ်သူအား ခြိမ်းခြောက်ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်သူ ၂ ဦးအား ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၈ တွင် သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၁၆-၆-၂၀၁၉ ရက်နေ့ ၁၅း၃၀ အချိန်ခန့်တွင် တရားလို မ---- သည် မှော်ဘီမြို့နယ်၊ စမ်းချောင်း ကျေးရွာရှိနေအိမ်၌ရှိနေစဉ် ရည်စားဖြစ်သူ ကို---- မှ မင်္ဂလာဒုံမြို့နယ်ရှိ စစ်သချုႋင်းရှေ့တွင်တွေ့ဆုံရန် ဖုန်းဆက်ချိန်းသဖြင့် ရည်စားဖြစ်သူနှင့်သွားရောက်တွေ့ဆုံ၍ ၂၁း၀၀ နာရီအချိန် စစ်သချုႋင်းရှေ့မှ မှော်ဘီမြို့နယ်ရှိနေအိမ်သို့ ရည်စားဖြစ်သူနှင့်အတူ လမ်းလျှောက်ပြန်ခဲ့ကြောင်း၊

၁၇-၆-၂၀၁၉ ရက်နေ့ ၀၁း၀၀ နာရီအချိန်ခန့်တွင် မှော်ဘီမြို့နယ်၊ ဆပ်သွားတောကျေးရွာ၊ ရဲဘော်ဈေးပန်းခြံဝင်းအတွင်း ရည်စားဖြစ်သူနှင့်အတူထိုင်ကာ စကားပြောနေစဉ် ၀၄း၀၀ နာရီအချိန်ခန့်တွင် အမည်မသိ လူ(၂)ဦးရောက်ရှိလာပြီး “နင်တို့ဘယ်သူတွေလဲ၊ ငါတို့က လူပျောက်ရှာနေတာ”ဟု ပြောဆိုကာ ရည်းစားဖြစ်သူ၏ဖုန်းမီးဖြင့် တရားလို၏မျက်နှာကိုထိုးခိုင်းပြီး ၎င်းတို့ရှာနေသော လူမဟုတ်ကြောင်း ပြောဆိုခဲ့ကြောင်း၊

တရားလိုနှင့်ရည်စားဖြစ်သူမှာ ပြန်ရန်ထလာစဉ် အဆိုပါ အမည်မသိလူ(၂)ဦးအနက် ကတုံးဆံပင်(လူမြင်လျှင်မှတ်မိ)နှင့်လူမှ ရည်စားဖြစ်သူ ကို-----ကို သစ်သားတုတ်ဖြင့်ရိုက်သောကြောင့် ကို-----မှာ လဲကျသွားခဲ့ကြောင်း၊ ထို့နောက် ဆံပင်ရှည်နှင့်လူမှ ကိုင်းခုတ်ဓားဖြင့် တရားလို၏ပခုံးပေါ်သို့ တင်ကာ “အော်ဖို့လည်း မစဉ်းစားနဲ့၊ ရုန်းဖို့မကြိုးစားနဲ့၊ အော်ရင်သတ်ပစ်မယ်၊ ငါနဲ့လိုက်ခဲ့”ဟုဆိုကာ ရဲဘော်ဈေးပန်းခြံနောက်ဘက်သို့ ခေါ်ဆောင်ကာ အလိုမတူဘဲ သားမယားအဖြစ် တကြိမ်စီပြုကျင့်ခဲ့ကြောင်း၊

၎င်းနောက် ရဲဘော်ဈေးပန်းခြံနှင့် မျက်နှာချင်းဆိုင်ရှိ ဘန့်ဘွေးကုန်းဘုရားလမ်းမဘေးအနီးသို့ ထပ်မံခေါ်ဆောင်ကာ အလိုမတူဘဲ သားမယားအဖြစ် တကြိမ်စီထပ်မံပြုကျင့်ခဲ့ပြီး ထွက်ခွာသွားကြောင်း၊ ယင်းကြောင့် အလိုမတူဘဲ သားမယားအဖြစ်ပြုကျင့်ခဲ့သူ (၂)ဦးအား အရေးယူပေးပါရန် မ---- က မှော်ဘီမြို့မရဲစခန်းတွင် တိုင်တန်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားလို မ-----၏ ပြောပြချက်အရ ပြစ်မှုကျူးလွန်သူ(၂)ဦး၏ ပုံသဏ္ဍာန် များအား အနီးအနားပတ်ဝန်းကျင်ကျေးရွာများအား လိုက်လံစုံစမ်းရှာဖွေခဲ့ရာ ပြစ်မှုကျူးလွန်သူ(၂)ဦးသည် ဇော်ရဲ၊ ၂၄ နှစ်၊ (ဘ)ဦးအေးကြိုင်နှင့် ခင်ဇော်၊ ၂၁ နှစ်၊ (ဘ)ဦးခင်ဌေး တို့ဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၎င်းတို့(၂)ဦးကို ၁၇-၆-၂၀၁၉ ရက်နေ့ ၁၈း၂၅ နာရီအချိန်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ တရားခံများအား ဥပဒေနှင့်အညီ တရားစွဲဆိုအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ ပါသည်။

Source : Yangon Police