Zin Moe
(Unicode Version)
မြန်မာနိုင်ငံရဲ့ ပထမဆုံး Book box (စာအုပ်သေတ္တာ) ကို ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကော့ဘိန်းရွာတွင် ဖွင့်လှစ်
2019 ခုနှစ် June 23 ရက်နေ့ ညနေ ၅:၀၀ နာရီတွင် အောင်မြင်စွာ တပ်ဆင်ထားခဲ့ကြောင်း သိရသည်။ သူတို့လည်း Food Box လုပ်နေတဲ့အချိန်မှာ ကျွန်မတို့လည်း ကျွန်မတို့ရွာအတွက် BookBox လုပ်ပေးပါတယ်လို့ Book Box လုပ်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးမှ ၎င်းတို့၏ လူမှုကွန်ယက်တွင် ရေးသားဖော်ပြထားပါသည်။ ( ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းကျေးရွာ)
ဆက်လက်ပြီး Book Box လုပ်ခဲ့ခြင်းနဲ့ ရည်ရွယ်ချက်ကို ဒီလိုထပ် ရှင်းပြထားပါတယ်။ Read For Change ဆိုတဲ့ခေါင်းစဉ်နဲ့ campaign လေးတစ်ခုကို ညနေ ၅နာရီ ရွာရဲ့အချက်အချာကျတဲ့နေရာမှာလုပ်ခဲ့ပါတယ်။
BookBoxထားရချင်းရဲ့ရည်ရွယ်ချက်က လူငယ်တွေကို စာဖတ်နှုန်းမြှင့်တင်ချင်လို့၊ မည့်သူမဆို လမ်းသွားလမ်းလာရင်နဲ့ ဖတ်လို့ရအောင်၊ စာကြည့်တိုက်သွားစရာမလိုဘဲနဲ ပေါ့ပေါ့ပါးပါးနဲ့ ဖတ်လို့ရအောင်၊ ကလေးတွေကို စာဖတ်ပါလို့ mind set တစ်ခုရသွားအောင် အစရှိသဖြင့်ပေါ့။
ကျွန်မတို့ seniors တွေနဲ့ စုပေါင်းပြီးတော့ ဒီ Book Box ကို ရပ်ကွက်တွေမှာ ထားရှိနိုင်အောင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး အရင်ဦးဆုံး Book Box တစ်လုံးကိုရွာရဲ့အချက်အချာကျတဲ့နေရာမှာ ထားထားပါတယ်။ နောက်ဆိုတဖြည်းဖြည်းနဲ့ ထပ်ထားဖို့ရှိပါသေးတယ်။ ပထမဦးဆုံးသော Book Box ဖြစ်တဲ့အတွက်ကြောင့် အသစ်ထွက်ရှိထားတဲ့ စာအုပ်တွေကို မိုးမထိစေရန် စနစ်တကျနဲ့ အကောင်းဆုံးဖြစ်အောင် ထားထားပါတယ်။
Book Boxမှာ စာအုပ် ၂၅အုပ်ဆန့်ပါတယ်( စာအုပ်အထူအပါးပေါ်မူတည်ခြင်း)။ စိတ်ဓာတ်ခွန်အားဖြည့်စာအုပ်၊ အတွေးအခေါ် နဲ့ အတ္ထုပ္ပတ္တိစာအုပ်တွေကို ထည့်ထားပါတယ်။ နောက်ဆိုလည်း ရပ်ကွက်တိုင်းလိုလိုထားနိုင်ဖို့ ကြိုးစားသွားပါ့မယ့်။
အားလုံအတွက် ဂုဏ်ယူစရာတစ်ခုဖြစ်တဲ့အတွက် အများပြည်သူသိရှိအောင် မျှဝေသွားပါလို့ မေတ္တာရပ်ခံပါတယ်။ အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။