Skip to main content

foodbank အေၾကာင္း သိသြားၿပီး စည္းကမ္းရွိလာတဲ့ မႏၲေလးသားမ်ား

မႏၲေလးၿမိဳ႕က်ဳံးအေရွ႕ဖက္ ၆၆လမ္း ၂၂လမ္းႏွင့္၂၁လမ္းမွာ ရွိတဲ့ food bank မွာလႈတဲ့လူေတြလဲမ်ားလာၿပီး ယူတဲ့လူေတြ ကလဲစည္းကမ္းရွိလာတာေၾကာင့္ ႏွစ္မိနစ္အတြင္းကုန္ မသြားတဲ့အျပင္ food bank မွာစားစရာေတြပိုလွ်ံေနပါတယ္။

အမႈိက္မ်ားကိုလဲ စနစ္တက် အမႈိက္အိတ္ေတြမွာ ထည့္ေစခဲ့ပါတယ္။ မေန႔ကလဲ မႏၲေလးတိုင္းေဒသႀကီး ေဒါက္တာေဇာ္ျမင့္ေမာင္လဲ ေရာက္လာၿပီး food bank အစီအစဥ္ကို သေဘာက်ေၾကာင္းနဲ႔ အမႈိက္မ်ားကို စနစ္တက်သိမ္းဆည္းရန္ လမ္းၫႊန္ေပးခဲ့ပါတယ္။



လိုအပ္ပါက စည္ပင္မွ အမႈိက္ပုံးခ်ေပးပါမည္ဟု ေျပာၾကားခဲ့ပါတယ္။food bank ယဥ္ေက်းမႈမွာ ႏွစ္ ၅၀ ေလာက္ေရွ႕ေရာက္ေနသည့္ ႏိုင္ငံမ်ားကို ခ်က္ခ်င္းႀကီး ရက္ပိုင္းအတြင္း လက္မွီရန္ မလြယ္ပါ။ ကြၽန္ေတာ္တို႔ ႏိုင္ငံလြတ္လပ္ေရးရရန္ မျဖစ္ႏိုင္သည့္ အေျခအေနမွ မေအာင္ျမင္မႈက်ရႈံးမႈမ်ားစြာျဖင့္ ႏွစ္ ၁၀၀ ေက်ာ္ႀကိဳးပမ္းခဲ့ၿပီးမွ လြတ္လပ္ေရးရခဲ့ပါသည္။

ကြၽန္ေတာ္တို႔ရဲ႕ ပ်က္စီးေနတဲ့ စိတ္ဓါတ္မ်ား ျပန္လည္ျပဳျပင္ရန္မွာလဲ ႏွစ္မ်ားစြာၾကာပါလိမ့္မယ္။ မျပင္ပဲထားပါက ဒီထက္ ပိုအေျခအေနဆိုးသြားပါလိမ့္မယ္။ အဲ့ဒီအတြက္ လူအမ်ိဳးမ်ိဳး၊ ပုံစံအမ်ိဳးမ်ိဳးနဲ႔ စဥ္ဆက္မျပတ္ႀကိဳးစားသြားရန္ လိုပါလိမ့္မည္။



မေအာင္ျမင္ထိေတာ့ ေဝဖန္သံ၊ဆူညံသံေတြကေတာ့ ထုံးစံအတိုင္း ရွိေနပါလိမ့္မယ္။` ျမန္မာျပည္တိုးတက္ဖို႔ စိတ္ဓာတ္ေတြကအစ ျပဳျပင္စို႔'။

ONE TO ONE ကေလးလူနာကူညီေရး

ကိုဝမ္း၊ ဖုန္း-၀၉၇၆၅၇၆၅၁၇၉ (မႏၲေလးၿမိဳ႕)



(Unicode Version)

foodbank အကြောင်း သိသွားပြီး စည်းကမ်းရှိလာတဲ့ မန္တလေးသားများ

မန္တလေးမြို့ကျုံးအရှေ့ဖက် ၆၆လမ်း ၂၂လမ်းနှင့်၂၁လမ်းမှာ ရှိတဲ့ food bank မှာလှုတဲ့လူတွေလဲများလာပြီး ယူတဲ့လူတွေ ကလဲစည်းကမ်းရှိလာတာကြောင့် နှစ်မိနစ်အတွင်းကုန် မသွားတဲ့အပြင် food bank မှာစားစရာတွေပိုလျှံနေပါတယ်။

အမှိုက်များကိုလဲ စနစ်တကျ အမှိုက်အိတ်တွေမှာ ထည့်စေခဲ့ပါတယ်။ မနေ့ကလဲ မန္တလေးတိုင်းဒေသကြီး ဒေါက်တာဇော်မြင့်မောင်လဲ ရောက်လာပြီး food bank အစီအစဉ်ကို သဘောကျကြောင်းနဲ့ အမှိုက်များကို စနစ်တကျသိမ်းဆည်းရန် လမ်းညွှန်ပေးခဲ့ပါတယ်။

လိုအပ်ပါက စည်ပင်မှ အမှိုက်ပုံးချပေးပါမည်ဟု ပြောကြားခဲ့ပါတယ်။food bank ယဉ်ကျေးမှုမှာ နှစ် ၅၀ လောက်ရှေ့ရောက်နေသည့် နိုင်ငံများကို ချက်ချင်းကြီး ရက်ပိုင်းအတွင်း လက်မှီရန် မလွယ်ပါ။ ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးရရန် မဖြစ်နိုင်သည့် အခြေအနေမှ မအောင်မြင်မှုကျရှုံးမှုများစွာဖြင့် နှစ် ၁၀၀ ကျော်ကြိုးပမ်းခဲ့ပြီးမှ လွတ်လပ်ရေးရခဲ့ပါသည်။



ကျွန်တော်တို့ရဲ့ ပျက်စီးနေတဲ့ စိတ်ဓါတ်များ ပြန်လည်ပြုပြင်ရန်မှာလဲ နှစ်များစွာကြာပါလိမ့်မယ်။ မပြင်ပဲထားပါက ဒီထက် ပိုအခြေအနေဆိုးသွားပါလိမ့်မယ်။ အဲ့ဒီအတွက် လူအမျိုးမျိုး၊ ပုံစံအမျိုးမျိုးနဲ့ စဉ်ဆက်မပြတ်ကြိုးစားသွားရန် လိုပါလိမ့်မည်။

မအောင်မြင်ထိတော့ ဝေဖန်သံ၊ဆူညံသံတွေကတော့ ထုံးစံအတိုင်း ရှိနေပါလိမ့်မယ်။` မြန်မာပြည်တိုးတက်ဖို့ စိတ်ဓာတ်တွေကအစ ပြုပြင်စို့'။

ONE TO ONE ကလေးလူနာကူညီရေး

ကိုဝမ်း၊ ဖုန်း-၀၉၇၆၅၇၆၅၁၇၉ (မန္တလေးမြို့)