Skip to main content

ကင္ဆာသမားမ်ား အတြက္ ရဲယိုသီး အစြမ္း

ေဆးသိပၸံပညာရွင္တို႔၏ အသည္းႏွလုံးကို ကိုင္လႈပ္သည္က ရဲယိုျဖစ္သည္။ကင္ဆာျဖစ္သည္က ေသမိန႔္ေစာင္ရသူႏွင့္လည္းတူလွသည္။ သို႔ေသာ္ ရဲယိုအစြမ္းျဖင့္ကင္ဆာကို ေပ်ာက္ကင္းေစမည္ လား၊ကာကြယ္ႏိုင္ေစမည္လားစဥ္းစားဖြယ္ျဖစ္ ေတာ့၏။ ကင္ဆာေရာဂါအတြက္ အေကာင္းဆုံး စမ္းသပ္မႈမ်ားကို တိရစာၦန္မ်ားျဖင့္စမ္းသပ္ျခင္း ၊ခႏၶာကိုယ္ျပင္ပတြင္ စမ္းသပ္ျခင္းစသည္ျဖင့္ မ်ားစြာျပဳလုပ္ခဲ့ၾကသည္။

ကင္ဆာဆဲလ္မ်ားကို ရဲယို၏အာနိသင္ကတိုက္ဖ်က္ႏိုင္သည္ဟု ေဆးသိပၸံပညာရွင္တို႔၏ ေၾကညာ ခ်က္သည္ ကမာၻအရပ္ရပ္သို႔ ပ်ံ႕ႏွံ႔ခဲ့သည္မဟုတ္ပါလား။ ကင္ဆာေရာဂါရွင္တို႔ အတြက္ေမွ်ာ္လင့္ခ်က ္ေရာင္ျခည္လည္း ျဖစ္ခဲ့သည္။ ရဲယိုသီးတြင္ပါဝင္ေသာ (xeronine)သည္ခရမ္းလြန္ေရာင္ျခည္ကိုစုပ္ယူၿပီး ခႏၶာ ကိုယ္ထဲက တစ္သွ်ဴးေတြကို ကင္ဆာဆဲလ္ အျဖစ္မေျပာင္းလဲႏိုင္ေအာင္ ထိထိေရာက္ ေရာက္ ကာကြယ္ေပးပါသည္။

ဒါေၾကာင့္ရဲယိုသီးမွန္မွန္စားသူေတြဟာ အေရျပား ကင္ဆာျဖစ္ဖို႔ အလားအလာနည္းလွပါသည္။ ရဲယိုတြင္ပါဝင္တဲ့ ေဆးဖက္ဝင္ဓာတုပစၥည္း(xeronine)ကို ၁၉၇၂ခုႏွစ္ က ဟာဝိုင္ရီ တကၠသိုလ္မွ ပါေမာကၡ ေဒါက္တာဟိုင္နက္ ကီကစတင္ေတြ႕တာျဖစ္ပါတယ္။ Xeronineသည္ လူတိုင္းအတြက္ အနည္းငယ္သာလိုေသာ ဟိုမုန္းတစ္မ်ိဳးျဖစ္ပါသည္။

ႂကြက္မ်ားျဖင့္စမ္းသပ္

ေဆးသိပၸံရွင္မ်ားသည္ ကင္ဆာေရာဂါရွိေသာႂကြက္မ်ားအားရဲယိုေကြၽးေသာ ႂကြက္မ်ား ႏွင့္ မေကြၽးေသာထားေသာႂကြက္မ်ားအား စမ္းသပ္ရာ ရဲယိုေကြၽးထားေသာ ကင္ဆာေရာဂါရွိ ေသာႂကြတ္မ်ားသည္ မေကြၽးထား ေသာႂကြက္မ်ား ထက္ အသက္ ပိုရွည္စြာေနရေၾကာင္းေတြ႕ရွိရ ေလသည္။

ကင္ဆာသမားအအတြက္အေရးႀကီး ေသာျဖည့္စြက္အစာ

အေမရိကန္နဲ႔ ဂ်ပန္ႏိုင္ငံေတြရဲ႕ေဆး႐ုံမ်ားတြင္ ဓာတ္ေရာင္ျခည္ျဖင့္ ကင္ဆာကုသခံယူသူတိုင္း ရဲယိုကို အဓိကက်ေသာျဖည့္စြက္အစာအျဖစ္စား ေစသည္ဟုဆိုပါသည္။

ကင္ဆာေဝဒနာရွင္အတြက္အေထာက္အကူ

ေဝဒနာရွင္ဟာ ရဲယိုကို အၿမဲတြဲဖက္စားသုံးမယ္ဆိုရင္ ကင္ဆာျပန႔္ပြားမႈနည္းၿပီး၊ နာက်င္မႈေဝဒနာသက္သာ ေစကာ၊အဟာရဓာတ္ျပည့္ၿဖိဳးလာၿပီး ကိုယ္ခံအား ေကာင္းလာေစတဲ့ အက်ိဳးကို အေသအခ်ာရ မွာျဖစ္ပါသည္။

ရဲယိုစားသုံးျခင္း

ရဲယိုသီးကိုလည္းစားႏိုင္၏။။ရဲယိုပါဝင္ေသာ ေဆးဝါးေဖ်ာ္ရည္ကိုလည္းေသာက္ႏိုင္၏။ အစားမစားမီ နာရီဝက္ႀကိဳတင္စားသင့္၏။ အေၾကာင္းမွာ ရဲယိုတြင္ပါဝင္ေသာ Xeronine ဓာတ္မ်ားအား အစာေျခရည္မ်ားက ပ်က္ဆီးေစႏိုင္ေသာေၾကာင့္ျဖစ္ေလသည္။

ထပ္မံေတြ႕ရွိခ်က္

ဟာဝိုင္ရီတကၠသိုလ္ေဆးသိပၸံရွင္မ်ားသည္ ပိုဆီဆက္ခ႐ိုက္ျဒပ္ေပါင္းတစ္မ်ိဳးကို ထပ္မံ ေတြ႕ရွိခဲ့ၾကသည္။ ယင္းျဒပ္ေပါင္းမွာ လူတို႔၏ ေသြးျဖဴဥမ်ားအား ကင္ဆာေရာဂါကို သာမက အေထြေထြေရာဂါဖ်က္အစြမ္းသတၱိမ်ားကိုပါ ေပးစြမ္းႏိုင္သည္ဟုေဖာ္ထုတ္ ေၾကညာခဲ့ သည္ဆိုသည္။

အစြမ္းထက္ေသာ ရဲယို

ဂ်ပန္ေဆးပညာရွင္မ်ားေဖၚထုတ္အတည္ျပဳသည္မွာ ရဲယိုသီး၊ ရဲယို႐ြက္၊ ရဲယိုပင္ႏွင့္ အပင္၏ အစိတ္အပိုင္းအားလုံးသည္ လူ၏ခႏၶာကိုယ္ အေထြေထြက်န္းမာ ေရးအတြက္ လြန္စြာ အစြမ္းထက္ေသာ သဘာဝေဆးျဖစ္ သည္ဟုဆိုေလသည္။

ရဲယိုသီးအေစ့ဆီ

အသိးအေစ့မွ အဆီအႏွစ္ကိုထုတ္ယူ၍ ေရာဂါမ်ားကုသရာတြင္ အသုံးျပဳၾကသည္။ အဆီတြင္ လီႏိုလီ္ယယ္အက္စစ္ပါဝင္မႈေၾကာင့္ အေဖာေရာဂါကုသရာတြင္ အသုံး ဝင္ၿပီး အေရျပားမ်ားကို အစိုဓာတ္ရရွိေအာင္ ထိန္းထားႏိုင္ေလသည္။

ကမာၻ႔သဘာ၀ အစြမ္းထက္ေဆးဝါး

ဟာဝိုင္ရီကြၽန္းသည္ ကမာၻတြင္ ရဲယိုသီးကို ကုန္ၾကမ္းအေနျဖင့္ ထုတ္လုပ္ရာ ေနရာျဖစ္သည္။ ထင္ရွားေသာ ရဲယိုေဆးဝါးမွာ ရဲယိုသီးအဆီႏွင့္ ရဲယိုမႈန႔္တို႔ကို စံခ်ိန္ကိုက္ သိပၸံနည္းက်ထုတ္လုပ္ထားသည္။ ကမာၻေပၚရွိ အပင္မ်ားထဲ တြင္ ရဲယိုပင္သည္ XERONINE အျမင့္မားဆုံးျဖစ္သည္။ နာနတ္သီး တြင္ပါဝင္မႈထက္ ရွစ္ဆ ပိုမ်ားေလသည္။

ေသြးေၾကာက်ဥ္း၊ေသြးတိုး

ရဲယိုသီးကို စားသုံးျခင္းျဖင့္ ေသြးေၾကာမ်ားကိုက်ယ္ေစၿပီးေသြးလည္ပတ္မႈကို ေကာင္းေစပါသည္။ ေဆးဝါး၏အပူကို ခံစားရၿပီး ေသြးတိုးေရာဂါ၊ေသြးေၾကာက်ဥ္း ေရာဂါတို႔တြင္ အက်ိဳးရွိေအာင္ေဆာင္႐ြက္ေပးေသာျဒပ္ေပါင္း Secpoltin ျဖစ္သည္။

ျမန္မာ့ေဆးဝါးပင္မ်ားမွရဲယို

ရဲယိုသည္ ပုဏၰရိပ္မ်ိဳးရင္းျဖစ္သည္။ ႐ုကၡေဗဒ အမည္အမည္မွာ Morindaangustifolia Roxb ျဖစ္သည္။ ျမန္မာျပည္အႏွံံ့ေပါက္ေရာက္သည္။ ျမန္မာေဆးက်မ္း မ်ားအလိုအရ ရဲယိုသည္ခါး၏၊ အနံ႔ျပင္း၏။အနည္းငယ္ပူၿပီး ေလႏွင့္ဝမ္းကို႐ႊင္ေစ တတ္ေလသည္။ ပူစပ္ေသာ အရသာရွိ၍ အနည္းငယ္ခ်ဥ္သည္။ ေသြး၊သည္းေျခ၊ ေလ၊သလိပ္ကိုႏိုင္ေလသည္။

အသုံးျပဳပုံ

အ႐ြက္ကိုျပဳတ္တို႔စားလွ်င္ ေလခ်ဳပ္ေရာဂါ၊ဝမ္းဗိုက္နာ၊ အာေခါင္ပူ၊သည္းေျခ ေဖါက္ျပန္ ႏွင့္ေသြးတိုးေရာဂါကို ေပ်ာက္ကင္းသည္။ ရဲယို႐ြက္ကို ငါးေႁမြထိုးသားႏွင့္ျပဳတ္ၿပီးသုပ္စားက ပင္လယ္အူနာေပ်ာက္သည္။ အ႐ြက္ကိုသုပ္စားပါက ႏို႔ေခ်ာင္းပိတ္၊ႏို႔ေရခမ္း၊သက်ည္းကိုက္၊ဝမ္းရစ္နာ ႏွင့္ႏွာေခါင္းေသြးရွန္ျခင္းကိုေပ်ာက္ေစသည္။

ႏွလုံးေရာဂါ၊ေသြးသြန္ေရာဂါ၊ ဆီခ်ိဳေရာဂါ မ်ားအတြက္ ရဲယို႐ြက္ကို ဒန႔္ဒလြန္႐ြက္ႏွင့္ဟင္းခ်ိဳခ်က္ေသာက္က ေပ်ာက္သည္။ ရဲယိုသီးကို ပ်ားရည္ႏွင့္ေခါက္စားပါက ေခ်ာင္းဆိုး၊ပန္းနာေရာဂါေပ်ာက္သည္။ ထန္းလ်က္ႏွင့္ အသီးကိုေခါက္စားပါက အစာမေၾကေရာဂါေပ်ာက္သည္။ အသီးႏုကို သုပ္စားပါက ေလထိုးေလေအာက္ႏွင့္ ေသြးတက္ေရာဂါေပ်ာက္သည္။

ျမန္မာေဆးနည္း

ရဲယိုသီးအမွည့္(၁၀)လုံးအား ဆန္ကာႏွင့္တိုက္ၿပီး ထန္းလ်က္(၁၀)ဆယ္သားႏွင့္ ေရာ၍ေလ လုံေအာင္ထားကာ ေနလွန္းရသည္။ ထိုေဆးသည္ ေသြးဆုံးကိုင္ျခင္း၊ ဒူလာကိုင္ျခင္းႏွင္အေဖါေရာဂါကို ေပ်ာက္သည္ဟု နာမည္ႀကီးသည္။ အခ်ိဳ႕သမား ေတာ္ႀကီးမ်ားက “ေမာရင္ရဲယိုစား” ဟုဆိုစမွတ္ျပဳၾကသည္။

ရဲယိုႏွင့္ငါးဖယ္

ဓာတ္စာအျဖစ္ေပးၾကသည္။ဟင္းလ်ာ အစား အစာကို ေဆးဖက္ဝင္ေအာင္ စီမံ၍ေပးျခင္းျဖစ္သည္။ေရွးေဆးဆရာျမတ္တို႔ ဆို႐ိုးစကားရွိသည္ ̏ေလမဆက္ေသဘက္သို႔နီးလာၿပီ˝ ဟူ၍ျဖစ္သည္။ အသက္ႀကီးလာလွ်င္ ေယာက်္ား၊မိန္းမတို႔ေလအား မေကာင္းခ်င္ၾက ေတာ့ပါ။ထိုေၾကာင့္ေလဆက္ေစရန္ အတြက္ ရဲယို႐ြက္ႏွင့္ငါးခူကိုခ်က္စားရေလသည္။

ထို သို႔ခ်က္စားျခင္းေၾကာင့္ အေၾကာေလ ေလွ်ာက္အားနည္းသူ၊ ေလျဖတ္ ေလငန္း ေဝဒနာရွင္မ်ား၊ဆီးႏွင့္ ေက်ာက္ကပ္ရွိသူမ်ား၊ အ႐ိုးအဆစ္အားနည္းၿပီး က်ီးေပါင္း ေရာဂါရွင္မ်ား သက္သာေပ်ာက္ကင္းေစပါသည္။

သိမီသမွ်ဗဟုသုတသာျဖစ္ပါသည္။ ရဲယိုႏွင့္ပတ္သက္ေသာအေနာက္တိုင္း ေတြ႕ရွိခ်က္ ႏွင့္ေဆးက်မ္းတို႔ကမ်ားလွပါသည္။

Credit : မူရင္းေရးသားသူ



(Unicode Version)

ကင်ဆာသမားများ အတွက် ရဲယိုသီး အစွမ်း

ဆေးသိပ္ပံပညာရှင်တို့၏ အသည်းနှလုံးကို ကိုင်လှုပ်သည်က ရဲယိုဖြစ်သည်။ကင်ဆာဖြစ်သည်က သေမိန့်စောင်ရသူနှင့်လည်းတူလှသည်။ သို့သော် ရဲယိုအစွမ်းဖြင့်ကင်ဆာကို ပျောက်ကင်းစေမည် လား၊ကာကွယ်နိုင်စေမည်လားစဉ်းစားဖွယ်ဖြစ် တော့၏။ ကင်ဆာရောဂါအတွက် အကောင်းဆုံး စမ်းသပ်မှုများကို တိရစ္ဆာန်များဖြင့်စမ်းသပ်ခြင်း ၊ခန္ဓာကိုယ်ပြင်ပတွင် စမ်းသပ်ခြင်းစသည်ဖြင့် များစွာပြုလုပ်ခဲ့ကြသည်။

ကင်ဆာဆဲလ်များကို ရဲယို၏အာနိသင်ကတိုက်ဖျက်နိုင်သည်ဟု ဆေးသိပ္ပံပညာရှင်တို့၏ ကြေညာ ချက်သည် ကမ္ဘာအရပ်ရပ်သို့ ပျံ့နှံ့ခဲ့သည်မဟုတ်ပါလား။ ကင်ဆာရောဂါရှင်တို့ အတွက်မျှော်လင့်ချက ်ရောင်ခြည်လည်း ဖြစ်ခဲ့သည်။ ရဲယိုသီးတွင်ပါဝင်သော (xeronine)သည်ခရမ်းလွန်ရောင်ခြည်ကိုစုပ်ယူပြီး ခန္ဓာ ကိုယ်ထဲက တစ်သျှူးတွေကို ကင်ဆာဆဲလ် အဖြစ်မပြောင်းလဲနိုင်အောင် ထိထိရောက် ရောက် ကာကွယ်ပေးပါသည်။

ဒါကြောင့်ရဲယိုသီးမှန်မှန်စားသူတွေဟာ အရေပြား ကင်ဆာဖြစ်ဖို့ အလားအလာနည်းလှပါသည်။ ရဲယိုတွင်ပါဝင်တဲ့ ဆေးဖက်ဝင်ဓာတုပစ္စည်း(xeronine)ကို ၁၉၇၂ခုနှစ် က ဟာဝိုင်ရီ တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာဟိုင်နက် ကီကစတင်တွေ့တာဖြစ်ပါတယ်။ Xeronineသည် လူတိုင်းအတွက် အနည်းငယ်သာလိုသော ဟိုမုန်းတစ်မျိုးဖြစ်ပါသည်။

ကြွက်များဖြင့်စမ်းသပ်

ဆေးသိပ္ပံရှင်များသည် ကင်ဆာရောဂါရှိသောကြွက်များအားရဲယိုကျွေးသော ကြွက်များ နှင့် မကျွေးသောထားသောကြွက်များအား စမ်းသပ်ရာ ရဲယိုကျွေးထားသော ကင်ဆာရောဂါရှိ သောကြွတ်များသည် မကျွေးထား သောကြွက်များ ထက် အသက် ပိုရှည်စွာနေရကြောင်းတွေ့ရှိရ လေသည်။

ကင်ဆာသမားအအတွက်အရေးကြီး သောဖြည့်စွက်အစာ

အမေရိကန်နဲ့ ဂျပန်နိုင်ငံတွေရဲ့ဆေးရုံများတွင် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာကုသခံယူသူတိုင်း ရဲယိုကို အဓိကကျသောဖြည့်စွက်အစာအဖြစ်စား စေသည်ဟုဆိုပါသည်။

ကင်ဆာဝေဒနာရှင်အတွက်အထောက်အကူ

ဝေဒနာရှင်ဟာ ရဲယိုကို အမြဲတွဲဖက်စားသုံးမယ်ဆိုရင် ကင်ဆာပြန့်ပွားမှုနည်းပြီး၊ နာကျင်မှုဝေဒနာသက်သာ စေကာ၊အဟာရဓာတ်ပြည့်ဖြိုးလာပြီး ကိုယ်ခံအား ကောင်းလာစေတဲ့ အကျိုးကို အသေအချာရ မှာဖြစ်ပါသည်။

ရဲယိုစားသုံးခြင်း

ရဲယိုသီးကိုလည်းစားနိုင်၏။။ရဲယိုပါဝင်သော ဆေးဝါးဖျော်ရည်ကိုလည်းသောက်နိုင်၏။ အစားမစားမီ နာရီဝက်ကြိုတင်စားသင့်၏။ အကြောင်းမှာ ရဲယိုတွင်ပါဝင်သော Xeronine ဓာတ်များအား အစာခြေရည်များက ပျက်ဆီးစေနိုင်သောကြောင့်ဖြစ်လေသည်။

ထပ်မံတွေ့ရှိချက်

ဟာဝိုင်ရီတက္ကသိုလ်ဆေးသိပ္ပံရှင်များသည် ပိုဆီဆက်ခရိုက်ဒြပ်ပေါင်းတစ်မျိုးကို ထပ်မံ တွေ့ရှိခဲ့ကြသည်။ ယင်းဒြပ်ပေါင်းမှာ လူတို့၏ သွေးဖြူဥများအား ကင်ဆာရောဂါကို သာမက အထွေထွေရောဂါဖျက်အစွမ်းသတ္တိများကိုပါ ပေးစွမ်းနိုင်သည်ဟုဖော်ထုတ် ကြေညာခဲ့ သည်ဆိုသည်။

အစွမ်းထက်သော ရဲယို

ဂျပန်ဆေးပညာရှင်များဖေါ်ထုတ်အတည်ပြုသည်မှာ ရဲယိုသီး၊ ရဲယိုရွက်၊ ရဲယိုပင်နှင့် အပင်၏ အစိတ်အပိုင်းအားလုံးသည် လူ၏ခန္ဓာကိုယ် အထွေထွေကျန်းမာ ရေးအတွက် လွန်စွာ အစွမ်းထက်သော သဘာဝဆေးဖြစ် သည်ဟုဆိုလေသည်။

ရဲယိုသီးအစေ့ဆီ

အသိးအစေ့မှ အဆီအနှစ်ကိုထုတ်ယူ၍ ရောဂါများကုသရာတွင် အသုံးပြုကြသည်။ အဆီတွင် လီနိုလီ်ယယ်အက်စစ်ပါဝင်မှုကြောင့် အဖောရောဂါကုသရာတွင် အသုံး ဝင်ပြီး အရေပြားများကို အစိုဓာတ်ရရှိအောင် ထိန်းထားနိုင်လေသည်။

ကမ္ဘာ့သဘာ၀ အစွမ်းထက်ဆေးဝါး

ဟာဝိုင်ရီကျွန်းသည် ကမ္ဘာတွင် ရဲယိုသီးကို ကုန်ကြမ်းအနေဖြင့် ထုတ်လုပ်ရာ နေရာဖြစ်သည်။ ထင်ရှားသော ရဲယိုဆေးဝါးမှာ ရဲယိုသီးအဆီနှင့် ရဲယိုမှုန့်တို့ကို စံချိန်ကိုက် သိပ္ပံနည်းကျထုတ်လုပ်ထားသည်။ ကမ္ဘာပေါ်ရှိ အပင်များထဲ တွင် ရဲယိုပင်သည် XERONINE အမြင့်မားဆုံးဖြစ်သည်။ နာနတ်သီး တွင်ပါဝင်မှုထက် ရှစ်ဆ ပိုများလေသည်။

သွေးကြောကျဉ်း၊သွေးတိုး

ရဲယိုသီးကို စားသုံးခြင်းဖြင့် သွေးကြောများကိုကျယ်စေပြီးသွေးလည်ပတ်မှုကို ကောင်းစေပါသည်။ ဆေးဝါး၏အပူကို ခံစားရပြီး သွေးတိုးရောဂါ၊သွေးကြောကျဉ်း ရောဂါတို့တွင် အကျိုးရှိအောင်ဆောင်ရွက်ပေးသောဒြပ်ပေါင်း Secpoltin ဖြစ်သည်။

မြန်မာ့ဆေးဝါးပင်များမှရဲယို

ရဲယိုသည် ပုဏ္ဏရိပ်မျိုးရင်းဖြစ်သည်။ ရုက္ခဗေဒ အမည်အမည်မှာ Morindaangustifolia Roxb ဖြစ်သည်။ မြန်မာပြည်အနှံံ့ပေါက်ရောက်သည်။ မြန်မာဆေးကျမ်း များအလိုအရ ရဲယိုသည်ခါး၏၊ အနံ့ပြင်း၏။အနည်းငယ်ပူပြီး လေနှင့်ဝမ်းကိုရွှင်စေ တတ်လေသည်။ ပူစပ်သော အရသာရှိ၍ အနည်းငယ်ချဉ်သည်။ သွေး၊သည်းခြေ၊ လေ၊သလိပ်ကိုနိုင်လေသည်။

အသုံးပြုပုံ

အရွက်ကိုပြုတ်တို့စားလျှင် လေချုပ်ရောဂါ၊ဝမ်းဗိုက်နာ၊ အာခေါင်ပူ၊သည်းခြေ ဖေါက်ပြန် နှင့်သွေးတိုးရောဂါကို ပျောက်ကင်းသည်။ ရဲယိုရွက်ကို ငါးမြွေထိုးသားနှင့်ပြုတ်ပြီးသုပ်စားက ပင်လယ်အူနာပျောက်သည်။ အရွက်ကိုသုပ်စားပါက နို့ချောင်းပိတ်၊နို့ရေခမ်း၊သကျည်းကိုက်၊ဝမ်းရစ်နာ နှင့်နှာခေါင်းသွေးရှန်ခြင်းကိုပျောက်စေသည်။

နှလုံးရောဂါ၊သွေးသွန်ရောဂါ၊ ဆီချိုရောဂါ များအတွက် ရဲယိုရွက်ကို ဒန့်ဒလွန်ရွက်နှင့်ဟင်းချိုချက်သောက်က ပျောက်သည်။ ရဲယိုသီးကို ပျားရည်နှင့်ခေါက်စားပါက ချောင်းဆိုး၊ပန်းနာရောဂါပျောက်သည်။ ထန်းလျက်နှင့် အသီးကိုခေါက်စားပါက အစာမကြေရောဂါပျောက်သည်။ အသီးနုကို သုပ်စားပါက လေထိုးလေအောက်နှင့် သွေးတက်ရောဂါပျောက်သည်။

မြန်မာဆေးနည်း

ရဲယိုသီးအမှည့်(၁၀)လုံးအား ဆန်ကာနှင့်တိုက်ပြီး ထန်းလျက်(၁၀)ဆယ်သားနှင့် ရော၍လေ လုံအောင်ထားကာ နေလှန်းရသည်။ ထိုဆေးသည် သွေးဆုံးကိုင်ခြင်း၊ ဒူလာကိုင်ခြင်းနှင်အဖေါရောဂါကို ပျောက်သည်ဟု နာမည်ကြီးသည်။ အချို့သမား တော်ကြီးများက “မောရင်ရဲယိုစား” ဟုဆိုစမှတ်ပြုကြသည်။

ရဲယိုနှင့်ငါးဖယ်

ဓာတ်စာအဖြစ်ပေးကြသည်။ဟင်းလျာ အစား အစာကို ဆေးဖက်ဝင်အောင် စီမံ၍ပေးခြင်းဖြစ်သည်။ရှေးဆေးဆရာမြတ်တို့ ဆိုရိုးစကားရှိသည် ̏လေမဆက်သေဘက်သို့နီးလာပြီ˝ ဟူ၍ဖြစ်သည်။ အသက်ကြီးလာလျှင် ယောကျ်ား၊မိန်းမတို့လေအား မကောင်းချင်ကြ တော့ပါ။ထိုကြောင့်လေဆက်စေရန် အတွက် ရဲယိုရွက်နှင့်ငါးခူကိုချက်စားရလေသည်။

ထို သို့ချက်စားခြင်းကြောင့် အကြောလေ လျှောက်အားနည်းသူ၊ လေဖြတ် လေငန်း ဝေဒနာရှင်များ၊ဆီးနှင့် ကျောက်ကပ်ရှိသူများ၊ အရိုးအဆစ်အားနည်းပြီး ကျီးပေါင်း ရောဂါရှင်များ သက်သာပျောက်ကင်းစေပါသည်။

သိမီသမျှဗဟုသုတသာဖြစ်ပါသည်။ ရဲယိုနှင့်ပတ်သက်သောအနောက်တိုင်း တွေ့ရှိချက် နှင့်ဆေးကျမ်းတို့ကများလှပါသည်။

Credit : မူရင်းရေးသားသူ