Skip to main content

လူကုန္ကူးခံရၿပီး ေတာတြင္းမွာ အစာေရစာ ငတ္ျပတ္ေနသည့္ ျမန္မာႏိုင္ငံသား ၄၄ ဦးကို ထိုင္းလူကုန္ကူး တိုက္ဖ်က္ေရး အဖြဲ႕မ်ားက ကယ္တင္

ဇူလိုင္လ ၂၅ ရက္ေန႔ ထိုင္းျမန္မာ နယ္စပ္ ထိုင္းႏိုင္ငံပိုင္ ရေနာင္းခ႐ိုင္ စိုဆမ္ရမ္ ၿမိဳ႕နယ္ ပင္လယ္ကမ္းစပ္နဲ႔အနီးဆုံး ကိုင္းေတာအတြင္းမွာ ခိုကပ္ေနထိုင္ေနၾကတဲ့ ျမန္မာႏိုင္ငံသား ၄၄ဦး (အမ်ိဳးသား ၃၉ ဦးအမ်ိဳးသမီး၅ဦး တြင္း ၉ ဦးမွာ အသက္မျပည့္သူမ်ားျဖစ္) ကို ထိုင္းလူကုန္ကူးတိုက္ဖ်က္ေရးအဖြဲ႕ ၊ အမ်ိဳးသမီး နဲ႔ ကေလားငယ္မ်ား ကာကြယ္ေစာင့္ေရွာက္ေရးနဲ႔ နယ္ေျမရဲတပ္ဖြဲ႕ေတြ ပူးေပါင္းကယ္တင္ခဲ့ၾကတာလို႔ သိရပါတယ္။

ျမန္မာႏိုင္ငံသားေတြကို လူေမွာင္ခို ပြဲစားေတြက ျမန္မာႏိုင္ငံ ရခိုင္-ေတာင္ငူ-ပဲခူး-ဧရာဝတီ ကေန မေလးရွားမွာ အလုပ္အကိုင္ရမယ္ဆိုၿပီး ေခၚလာခဲ့ၾကတာပါ၊ သူတို႔ေတြကို ေကာ့ေသာင္းေနတဆင့္ ထိုင္းႏိုင္ငံအရေနာင္းကိုဝင္ေရာက္လာခဲ့ၾကၿပီး ခုလို ပင္လယ္ေရဖုံးလြမ္းလို႔ အျမစ္ေတြသာေပၚေနတဲ့ ကိုင္းေတာအတြင္း ထားခဲ့တာ ေျခာက္ရက္ ၾကာခဲ့ၿပီျဖစ္ပါတယ္။

ထိုင္းအာဏာပိုင္ေတြက ေတြ႕သြားလို႔ ျမန္မာႏိုင္ငံသားေတြဟာ ေတာတြင္ဝင္ေျပးၾကဘို႔ လုပ္ခဲ့ရာမွာ ထိုင္းအာဏာပိုင္ေတြနဲ႔ ပါလာတဲ့ ျမန္မာစကားျပန္ကတဆင့္ ကယ္တင္ေရးအဖြဲ႕ေတြျဖစ္ေၾကာင္း ဖမ္းဆီးမွာမဟုတ္ေၾကာင္းေျပာဆိုမွ ျမန္မာ ႏိုင္ငံသားေတြဟာ ထြက္မေျပး ၾကေတာ့တာကို ႐ုပ္သံေတြမွာေတြ႕ရပါတယ္။

ယခုကယ္တင္ခဲ့တဲ့ ျမန္မာႏိုင္ငံသားေတြကို လူကုန္ကူးတိုက္ဖ်က္ေရး အဖြဲ႕ ရဲမႉ းဆူခ်ထီရစဝပ္ က လာေရာက္စစ္ေဆးေမးျမန္းခဲ့ေၾကာင္းသိရပါတယ္။

Source : SAW

ဗီဒီယိုကို ေအာက္မွာၾကည့္ပါ



(Unicode Version)

လူကုန်ကူးခံရပြီး တောတွင်းမှာ အစာရေစာ ငတ်ပြတ်နေသည့် မြန်မာနိုင်ငံသား ၄၄ ဦးကို ထိုင်းလူကုန်ကူး တိုက်ဖျက်ရေး အဖွဲ့များက ကယ်တင်

ဇူလိုင်လ ၂၅ ရက်နေ့ ထိုင်းမြန်မာ နယ်စပ် ထိုင်းနိုင်ငံပိုင် ရနောင်းခရိုင် စိုဆမ်ရမ် မြို့နယ် ပင်လယ်ကမ်းစပ်နဲ့အနီးဆုံး ကိုင်းတောအတွင်းမှာ ခိုကပ်နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၄၄ဦး (အမျိုးသား ၃၉ ဦးအမျိုးသမီး၅ဦး တွင်း ၉ ဦးမှာ အသက်မပြည့်သူများဖြစ်) ကို ထိုင်းလူကုန်ကူးတိုက်ဖျက်ရေးအဖွဲ့ ၊ အမျိုးသမီး နဲ့ ကလေားငယ်များ ကာကွယ်စောင့်ရှောက်ရေးနဲ့ နယ်မြေရဲတပ်ဖွဲ့တွေ ပူးပေါင်းကယ်တင်ခဲ့ကြတာလို့ သိရပါတယ်။

မြန်မာနိုင်ငံသားတွေကို လူမှောင်ခို ပွဲစားတွေက မြန်မာနိုင်ငံ ရခိုင်-တောင်ငူ-ပဲခူး-ဧရာဝတီ ကနေ မလေးရှားမှာ အလုပ်အကိုင်ရမယ်ဆိုပြီး ခေါ်လာခဲ့ကြတာပါ၊ သူတို့တွေကို ကော့သောင်းနေတဆင့် ထိုင်းနိုင်ငံအရနောင်းကိုဝင်ရောက်လာခဲ့ကြပြီး ခုလို ပင်လယ်ရေဖုံးလွမ်းလို့ အမြစ်တွေသာပေါ်နေတဲ့ ကိုင်းတောအတွင်း ထားခဲ့တာ ခြောက်ရက် ကြာခဲ့ပြီဖြစ်ပါတယ်။

ထိုင်းအာဏာပိုင်တွေက တွေ့သွားလို့ မြန်မာနိုင်ငံသားတွေဟာ တောတွင်ဝင်ပြေးကြဘို့ လုပ်ခဲ့ရာမှာ ထိုင်းအာဏာပိုင်တွေနဲ့ ပါလာတဲ့ မြန်မာစကားပြန်ကတဆင့် ကယ်တင်ရေးအဖွဲ့တွေဖြစ်ကြောင်း ဖမ်းဆီးမှာမဟုတ်ကြောင်းပြောဆိုမှ မြန်မာ နိုင်ငံသားတွေဟာ ထွက်မပြေး ကြတော့တာကို ရုပ်သံတွေမှာတွေ့ရပါတယ်။

ယခုကယ်တင်ခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးတိုက်ဖျက်ရေး အဖွဲ့ ရဲမှူ းဆူချထီရစဝပ် က လာရောက်စစ်ဆေးမေးမြန်းခဲ့ကြောင်းသိရပါတယ်။

Source : SAW