Skip to main content

ခုႏွစ္ရက္ သားသမီးမ်ားအတြက္ ၂၀၁၉ ခုႏွစ္ ၾသဂုတ္လအတြက္ တစ္လစာ ေဟာစာတမ္း

တနဂၤေႏြ သားသမီးမ်ား

ေျမကိစၥ အဆင္ေျပေအာင္ျမင္မည္။ ရပ္ေဝးမွာသင္းေကာင္းၾကားရတတ္သည္။ မိတ္ေဆြမ်ား ၏ ကူညီမႈရရွိမည္။ စပ္တူ လုပ္ငန္း မ်ား လုပ္ရ ကိန္း ရွိပါတယ္။ ပညာေရး အဆင္ေျပျခင္း ၊ သင္တန္းတက္ရျခင္း ၊ ဆရာသမားလို ပုဂၢိဳလ္ မ်ား ကူညီေစာင့္ ေရွာက္ျခင္း ခံရတတ္ပါသည္။ ေ႐ႊလက္ေကာက္ရွိလွ်င္ ထြက္တတ္ပါသည္။ အလုပ္မ်ား၍ စိတ္မ်ားရႈပ္ေနရတတ္ပါမည္။ ဗုဒၶဟူး ၊ စေနသားသမီး ေၾကာင့္ စိတ္အေႏွာက္အယွက္မ်ား ႀကဳံရတတ္ပါသည္။ ဗုဒၵဟူး ၊ စေန သားသမီး လက္ေအာက္ငယ္သား၊အလုပ္သမားမ်ားရွိလွ်င္ထြက္သြားတတ္ပါတယ္။ စက္ပစၥည္း ၊ ကား ၊ ဖုန္း ၊ ေျမ ဝင္ကိန္း ရွိပါသည္။ ေငြကေတာ့ အဝင္ၾကမ္း အထြက္ၾကမ္းျဖစ္ေနတတ္ပါသည္။ လုပ္ငန္းေကာင္းပါသည္။ အလုပ္မ်ားလို႔ ပင္ပန္းေနမည္။ လူအမ်ားႏွင့္ လုပ္ရေသာ လုပ္ငန္း မ်ား ရက္ခ်ိန္းမ်ား ႀကံၾကာျခင္းခ်ိန္းထားေသာရက္ မေပးႏိုင္ျခင္းမ်ား ျဖစ္တတ္ပါသည္။ အိမ္ေထာင္ရွိသူမ်ား အိမ္ေထာင္ဘက္ႏွင့္ပတ္သက္၍ စိတ္ရႈပ္ရတတ္ပါသည္။ ခရီးထြက္မည္ ထြက္မည္ဆိုၿပီး ခရီးရက္ေ႐ႊ႕ရျခင္း ၊ ႀကံၾကာျခင္းမ်ား ႀကဳံရတတ္ပါသည္။ သူမ်ား အမႈအခင္း ျပႆနာမ်ားကို အႀကံေပးေျဖရွင္းေပးရတတ္ပါသည္။ ခ်စ္သူသမီးရည္းစားမ်ား အေနနဲ႔အခ်စ္ေရး ကံညံ့တတ္သည္။ မေကာင္း အဖ်က္အေႏွက္ယွက္ေၾကာင့္ ခ်စ္သူႏွင့္ ေဝးကြာရတတ္သည္။ ခ်စ္သူ၏ ဂ႐ုမစိုက္ျခင္းကို ခံရတတ္ပါသည္။ ခ်စ္သူမရွိေသးသူမ်ား အခ်စ္သစ္ေတြ႕တတ္ပါသည္။

ယၾတာ - ဘုရားမွာ တံခြန္ (၉)လက္လႉေပးပါ။ ဘာသာေရးလုပ္တတ္သူမ်ား ဂုဏ္ေတာ္ ၉ ပါး ကို တစ္ေန႔ ၉ ပတ္ စိတ္ေပးပါ။

တနလၤာသားသမီးမ်ား

ဒီလေတြအတြင္းမွာ စိတ္႐ူပ္ေထြးမႈမ်ား ႀကဳံရတက္သည္။ သူမ်ားျပသနာ ကို႔ထံလာတက္သည္။ ဟိုဟာလုပ္ရေကာင္းႏိုးႏိုး၊ ဒီဟာလုပ္ရ ေကာင္းႏိုးႏိုးနဲ႔ အခ်ိန္သြားလိမ့္မယ္။ ဆုံးျဖတ္ရခက္တာေတြလည္း ႀကဳံလာရတတ္ပါတယ္။ အမွားမွားအယြင္းယြင္းေတြ လုပ္မိ ေျပာမိတတ္တယ္။ အေရးႀကီးတဲ့ကိစၥမ်ား တိုင္ပင္ၿပီးမွ လုပ္သင့္ပါတယ္။ ခရီးတိုေတြ တစ္ခုၿပီးတစ္ခု သြားေနရမယ္။ ကိုယ့္ကိစၥသာမက သူတစ္ပါးအတြက္ပါ ခရီးေတြသြားရမယ္။ ဘာသာေရးနဲ႔ပတ္သက္တဲ့ အလုပ္ေတြလည္း လုပ္ရတတ္ပါတယ္။ မိန္းမႀကီးတစ္ေယာက္ရဲ႕ အကူအညီေကာင္း ရရွိမယ္။ ေဆြမ်ိဳး၊ မိတ္ေဆြတို႔ရဲ႕ ရာထူးတက္တဲ့သတင္း၊ ထီဆုႀကီးေပါက္တဲ့သတင္း စသည္ျဖင့္ ဝမ္းသာစရာ ႀကဳံရ၊ ၾကားရတတ္ပါတယ္။ ပစၥည္းတစ္ခုအတြက္ စကားမ်ား ေျဖရွင္းရတတ္ပါတယ္။ အထင္လြဲ စြပ္စြဲခံရတာ၊ အတို႔အေထာင္ ေခ်ာက္တြန္းခံရတာေတြ ႀကဳံရတတ္ပါတယ္။ အိမ္ကိစၥ၊ ေနရာကိစၥ အဆင္မေျပတာ၊ ထိတ္လန႔္တုန္လႈပ္စရာ အိပ္မက္ဆိုးေတြမက္တာ၊ ေအာက္လက္ငယ္သားတို႔၊ ကေလးတို႔ကို အေၾကာင္းျပဳၿပီး ေျပာဆိုေျဖရွင္းရတာေတြ ႀကဳံရတတ္ပါတယ္။ ကိုယ့္ကို လုပ္ေနတဲ့လူ၊ ဒုကၡေပးေနတဲ့လူ ရပ္ေဝးကိုေရာက္သြားမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမ်ားမွာေတာ့ ညႇိႏႈိင္းမရေတြ ျဖစ္တတ္ပါတယ္။ လူႀကီးေတြ ဝင္ရႈပ္လို႔ အပူမီးေတြ ပိုေတာက္တဲ့ကိန္း ဆိုက္သြားတတ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၃/၄။ ယၾတာ - မိမိေမြးေန႔တြင္ တနလၤာ ၿဂိဳဟ္နံေဒါင့္ဘုရားတြင္ ဖေယာင္းတိုင္အနီေရာင္(15)တိုင္၊ အေမႊးတိုင္(15)တိုင္၊ ပန္းအနီေရာင္ (15)ပြင့္၊မနက္ 9နာရီ တိတိတြင္ ကပ္လႉထြန္းညႇိပူေဇာ္ေပးၿပီး လိုရာဆုေတာင္းလိုက္ပါ။

အဂၤါ သားသမီးမ်ား

ဒီလအတြင္းမွာ မိတ္ေဆြသူငယ္ခ်င္း အေပါင္းအသင္းေၾကာင့္ စိတ္ေသာကရတက္ပါသည္။ ရပ္ေဝးအဆက္အသြယ္ေကာင္း ေတြလည္း ရတတ္ပါတယ္။ လုပ္ငန္းအစီအစဥ္သစ္ေတြ ေပၚလာမယ္။ အလုပ္မွာ အင္နဲ႔အားနဲ႔ တိုးခ်ဲ႕သင္တဲ့အခ်ိန္ပါပဲ။ ေအာင္ျမင္သေလာက္ ရန္မ်ားတတ္ပါတယ္။ တန္ဖိုးႀကီးႀကီးပစၥည္းေတြဝင္မယ္။ မိတ္ေဆြ ေမာင္ႏွမမ်ားရဲ႕ အခ်စ္ေရးကိစၥ၊ မဂၤလာကိစၥေတြမွာ ဝင္ေရာက္ကူညီရတတ္ပါတယ္။ ေနရာထိုင္ခင္းကိစၥ နဲ႔ပတ္သက္တဲ့ကိစၥ၊ အေဆာက္အဦးကိစၥေတြမွာ အဆင္ေျပေအာင္ျမင္မယ္။ ေကာင္းေသာ အေျပာင္း အေ႐ႊ႕ေတြ ႀကဳံတတ္ပါတယ္။ အိမ္သူအိမ္သားတစ္ေယာက္ ရပ္ေဝးကို ခရီးထြက္တာ၊ အေဝးေရာက္အိမ္သူအိမ္သားေတြ ျပန္ဝင္လာတာ၊ အလုပ္မွာ ျပႆနာခပ္ႀကီးႀကီးတစ္ခု ေျဖရွင္းရတာ၊ ေငြအခြင့္အေရးေကာင္း လက္လြတ္သြားတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ တစ္ေယာက္နဲ႔တစ္ေယာက္ အထင္အျမင္ လြဲတတ္ပါတယ္။ ေဘးကဝင္ရႈပ္လို႔ ပိုဆိုးသြားတတ္ပါတယ္။ မျဖစ္စေလာက္ကိစၥ ေလးေတြကေန ျပႆနာႀကီးထြားသြားတတ္ပါတယ္။ ေရာဂါေဝဒနာတစ္ခုကေတာ့ ေပ်ာက္မွန္းမသိ ေပ်ာက္သြားပါလိမ့္မယ္။ မိမိထက္ႀကီးကဲသူ မ်ားရဲ႕ အိမ္ေထာင္ေရးအတြက္ စိတ္ရႈပ္ရတတ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၂/၃။ ယၾတာ - အဂၤါ ၿဂိဳဟ္နံေဒါင့္ဘုရားမွာ ခ်ိဳခ်ဥ္ (17)လုံး ၊ ဖေယာင္းတိုင္ အဝါေရာင္ (17)တိုင္ အေမႊးတိုင္ (17)တိုင္၊ ႐ြက္လွ (17)ၫြန႔္ ကပ္လႉေပးပါ။

ဗုဒၶဟူးသားသမီးမ်ား

ဒီလအတြင္းမွာ အေရွ႕ေျမာက္ေဒါင့္ကို ဂ႐ုစိုက္သင့္ပါသည္။ ဆုံးရႈံးထားတာေတြ ျပန္ရတတ္တယ္။ နစ္နာခဲ့သမွ် အခြင့္အေရးေကာင္းေတြ ႀကဳံလာတတ္ပါတယ္။ ေအာက္လက္ငယ္သားရဲ႕ အလုပ္ကိစၥ၊ ပညာေရးကိစၥေတြမွာလည္း ဝမ္းသာစရာေတြ ႀကဳံလာမယ္။မီး၊ လွ်ပ္စစ္အႏၲရာယ္ႀကဳံလာတယ္။ မေတာ္တဆထိမိခိုက္မိတာေတြေတာ့ သတိထားဖို႔လိုပါ တယ္။ အဖိုးတန္ပစၥည္းေတြလည္း ပ်က္တတ္၊ ထြက္တတ္တယ္။ အိမ္ကိစၥ၊ ေနရာထိုင္ခင္းကိစၥနဲ႔ပတ္သက္ တဲ့ အစီအစဥ္ေတြ လြဲေခ်ာ္သြားတတ္တယ္။ မျဖစ္စေလာက္ကိစၥနဲ႔ ႀကီးႀကီးမားမား ေျပာဆိုေျဖရွင္းရတတ္ ပါတယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာေတာ့ အထစ္အေငါ့ျဖစ္ေနတာေတြ အဆင္ေျပသြားမယ္။ ေကာင္းေသာအေျပာင္းအလဲေတြ ျဖစ္လာမယ္။ လူႀကီးမိဘဆရာသမားေတြဆီက ထိထိေရာက္ေရာက္ အကူအညီ ေကာင္းေတြ ရတတ္တယ္။ အလုပ္အခြင့္အလမ္းေကာင္းေတြ ေပၚလာမယ္။ လက္ရွိလုပ္ငန္းကိုတိုးခ်ဲ႕တာ၊ လုပ္ငန္းသစ္စတာေတြ လုပ္သင့္ပါတယ္။ ေငြေရးေၾကးေရးကေတာ့ ေတာ္ေတာ္ေလး အဆင္မေျပျဖစ္မယ္။ ေငြကိုအေၾကာင္းျပဳၿပီး ေတာ္ ေတာ့ကို ရွင္းရလင္းရ၊ ျငင္းခုန္ရေတြ ျဖစ္တတ္ပါတယ္။ အထစ္အေငါ့ အေႏွာက္အယွက္ေတြၾကားထဲက တိုးတက္ေအာင္ျမင္မႈေတြ ခံစားရမယ့္ကာလျဖစ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၄/၅။ ယၾတာ - မိမိေမြးေန႔ အပတ္တိုင္း (9)ပတ္တိတိကို ေျခေလးေခ်ာင္းသား ေရွာင္းေပးပါ။ ဘုရား ေ႐ႊဖလားျဖင့္ ေသာက္ေတာ္ေရ ၅ခြက္ ကပ္လႉေပးပါ။

ၾကာသပေတးသားသမီးမ်ား

ဒီလအတြင္းမွာ အထက္လူႀကီးပိုင္းနဲ႔ ပက္သက္ၿပီး စကားအေျပာအဆို အမွားအယြင္းမ်ားျဖစ္တက္ပါသည္။ ေအာက္လက္ငယ္သားေတြအတြက္ေတာ့ စိတ္ခ်မ္းသာစရာ ႀကဳံလာရတတ္ပါတယ္။ ျပႆနာျဖစ္ေနသူေတြနဲ႔ ျပန္ၿပီးအဆင္ေျပသြားမယ္။ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ဝမ္းသာၾကည္ႏူးစရာေတြ ႀကဳံလာမယ္။ ေကာင္းေသာခရီးေတြ သြားရတတ္ပါတယ္။ ေကာင္းေသာခြဲခြာျခင္းေတြနဲ႔ ခြဲခြာရတတ္ပါတယ္။ ေငြေရးေၾကးေရး အင္မတန္စိတ္ ခ်မ္းသာရမယ္။ မထင္မွတ္တဲ့ေနရာက ေငြေတြအမ်ားႀကီးဝင္လာမယ္။ မိန္းမႀကီးတစ္ေယာက္ဆီက အကူအညီအေကာင္းေတြ ရတတ္တယ္။ အလုပ္ႏွစ္မ်ိဳး၊ ဝင္ေငြႏွစ္မ်ိဳးျဖစ္လာမယ္။ ထီေပါက္တတ္ပါ တယ္။ ပစၥည္းတစ္ခု အေရာင္းအဝယ္မွား ျဖစ္တတ္တယ္။ မိတ္ေဆြရင္းေမာင္ႏွမေတြနဲ႔ အဆင္မေျပ လမ္းခြဲရတတ္ပါတယ္။ မိတ္ေဆြအရင္းမ်ားထဲက စိတ္ေဝဒနာခံစားရတာ၊ အိမ္ကထြက္သြားတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ဆရာသမား၊ ႀကီးကဲသူေတြထဲက နာေရးႀကဳံတတ္တယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥေတြ အဆင္မေျပျဖစ္မယ္။ ေနရာႏွစ္ခုခြၿပီး ေနရတတ္ ပါတယ္။ ေအာက္လက္ငယ္သားထဲက ေျခေထာက္၊ ခါး ထိခိုက္မိတတ္တယ္။ တစ္မိသားစုလုံး က်န္းမာေရး တေရွာင္ေရွာင္ျဖစ္တတ္တဲ့ရက္ေတြပါပဲ။ စက္ကိစၥ၊ စာခ်ဳပ္စာတမ္းကိစၥ၊ စပ္တူကိစၥေတြမွာလည္း စိတ္ရႈပ္စရာေတြ ျဖစ္လာတတ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၈/၇။ ယၾတာ - မိမိအိမ္ဘုရားစဥ္၌ ေထာပတ္ဆီမီးခြက္ (5)ခြက္၊ အေမႊးတိုင္ (5)တိုင္၊ ပန္း(19)ပြင့္ ကပ္လႉပူေဇာ္ေပးပါ။

ေသာၾကာသားသမီးမ်ား

ဒီလအတြင္းမွာ ႏွိင္ငံရပ္ျခားနဲ႔ပက္သက္ၿပီးသြားရကိန္းရွိသည္။ မိတ္ေဆြအေပါင္းအသင္းမ်ားတမင္ရန္စ ေႏွာက္ယွက္တာ၊ ဖ်က္လိုဖ်က္ဆီးလုပ္တာေတြ ခံရတတ္ပါတယ္။ အတို႔အေထာင္ ေခ်ာက္တြန္းခံရတတ္ တယ္။ သူတစ္ပါးျပႆနာဟာ ကိုယ့္ျပႆနာျဖစ္သြားတတ္တဲ့ အခ်ိန္မ်ိဳးပါပဲ။ ျမစ္နား၊ ေခ်ာင္းနား၊ ကန္နားကလူေတြကို သတိထားဖို႔လိုပါတယ္။ မိသားစုအတြင္းမွာ ေဘးစကားေၾကာင့္ ေသြးကြဲရတတ္ပါတယ္။ လူႀကီးသူမေတြက အထင္လြဲၾကလိမ့္မယ္။ စိတ္ညစ္စရာဧည့္သည္ ေရာက္လာ တတ္ပါတယ္။ ခက္ခဲၾကန႔္ၾကာေနတဲ့ အေရာင္းအဝယ္ကိစၥကေတာ့ အဆင္ေျပသြားလိမ့္မယ္။ ကုန္ေရာင္းတာ၊ ကုန္ဝယ္တာ၊ ကုန္ေလွာင္တာေတြ အက်ိဳးအျမတ္မ်ားမယ့္ အခ်ိန္ပါပဲ။ လူရင္းထဲက ႏိုင္ငံျခားခရီးစီစဥ္ေနသူ အဆင္ေျပ ေအာင္ျမင္မယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြကေတာ့ မေသမခ်ာျဖစ္ရတတ္တယ္။ စီးပြားေရး လုပ္ငန္းေတြမွာ ဘာအခက္အခဲပဲႀကဳံႀကဳံ တိုးခ်ဲ႕ၿပီး လုပ္သြားသင့္ပါတယ္။ က်န္းမာေရးအတြက္ေတာ့ ေငြကုန္ေၾကးက်မ်ားတတ္တယ္။ အေရးအႀကီး စာ႐ြက္စာတမ္း ေတြ ပ်က္စီးေပ်ာက္ဆုံးတတ္တယ္။ ေငြဆုံးတာေပ်ာက္တာ ျဖစ္တတ္တယ္။ အလႉပြဲ၊ မဂၤလာပြဲတစ္ခုကို အေၾကာင္းျပဳၿပီး ျပႆနာေတြ ေပၚလာတတ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၂/၄။ ယၾတာ - စြယ္ေတာ္႐ြက္(9)႐ြက္ ၊ အုန္းၫြန္း(9)ၫြန႔္ ၊ ဖေယာင္းတိုင္ (9)တိုင္၊ အေမႊးတိုင္(9)တိုင္ ဘုရားမွာ ထြန္းညႇိပူေဇာ္ေပးပါ၊၊

စေန သားသမီးမ်ား

ဒီလအတြင္းမွာ မိမိ၏ မိသားစု၊ ေဆြမ်ိဳးနဲ႔ပက္သက္ၿပီး အပူမ်ားတက္ပါသည္။ နာမည္ဂုဏ္သတင္း တိုးတက္တာ၊ ရာထူးတက္သလိုမ်ိဳးေတြ ႀကဳံတတ္ပါတယ္။ လွ်ပ္စစ္နဲ႔ပတ္သက္လို႔ ျပင္ဆင္မြမ္းမံရတာေတြ လုပ္ရတတ္ပါတယ္။ အဖိုးတန္ပစၥည္းေတြ ပ်က္တတ္ေပ်ာက္တတ္ပါတယ္။ လူမႈေရး၊ စီးပြားေရး အလုပ္ကိစၥေတြမွာ မိန္းမတစ္ေယာက္ ဝင္ရႈပ္လာတတ္တယ္။ အခ်စ္ေရးအိမ္ေထာင္ေရးမွာလည္း တစ္ဦးနဲ႔တစ္ဦး စိတ္သေဘာႀကီးစြာ ကြဲတတ္ပါတယ္။ ႀကီးကဲသူမ်ား နဲ႔ အဆင္မေျပျဖစ္ၿပီးတဲ့ေနာက္ အဆင္ေျပသြားမယ္။ ပညာေရးကိစၥ၊ သင္တန္းကိစၥေတြမွာလည္း စိတ္ႏွစ္ ခြျဖစ္စရာေတြ မတင္မက်အေျခအေနေတြ ႀကဳံလာတတ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ အဆင္ေျပသြားမယ္။
ကြဲကြာေနတဲ့ မိတ္ေဆြေမာင္ႏွမေတြနဲ႔ အမွတ္မထင္ျပန္ဆုံမယ္။ အလုပ္ေနရာ၊ အိမ္ေနရာ ေကာင္းေသာ ျပင္ဆင္ေျပာင္းေ႐ႊ႕ရတတ္ပါတယ္။ ေအာက္လက္ငယ္သား မဂၤလာကိစၥစီစဥ္ရတာ၊ အိမ္သူ အိမ္သားထဲက ထီေပါက္တာ၊ ေငြေရးေၾကးေရးကိစၥေတြ တို႔လို႔တန္းလန္းျဖစ္တာ၊ က်န္းမာေရးအတြက္ ေငြကုန္မ်ားရတာေတြ ႀကဳံရတတ္ပါတယ္။ ေသေသခ်ာခ်ာ က်က်နနစီစဥ္ထားတဲ့ အစီအစဥ္တစ္ခုကေတာ့ လြဲသြား၊ ပ်က္သြားတတ္ တယ္။ တစ္စုံတစ္ေယာက္ရဲ႕ မဆင္မျခင္ မိုက္မဲမႈေၾကာင့္ ကိုယ့္မွာ ထိခိုက္နစ္နာရတတ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၆/၁။ ယၾတာ = မိမိေမြးေန႔အပတ္တိုင္း(7)ပတ္တိတိ သက္သတ္လြတ္စားၿပီး ဘုရားမွာ ေ႐ႊသကၤန္း ကပ္လႉပူေဇာ္ေပးပါ။

ရာဟု သားသမီးမ်ား

ဒီလအတြင္းမွာ ေတာင္ဘက္အရပ္ ခရီးသြားလာျခင္းဂ႐ုစိုက္ရပါမည္။ အလုပ္ကိစၥ၊ ေငြကိစၥေတြမွာ အပ်က္အစီး အဆုံးအရႈံးမ်ားတတ္တယ္။ ေသခ်ာစီစဥ္ထားတဲ့ကိစၥေတြ လြဲေခ်ာ္ကုန္တတ္ပါတယ္။ သဘာဝ ေဘးအႏၲရာယ္ေတြ သတိထားပါ။ မီး၊ လွ်ပ္စစ္ စတာေတြ ဒုကၡေပးတတ္ပါတယ္။ ႀကီးကဲသူေတြနဲ႔ စိတ္သေဘာကြဲတာ၊ စိတ္ညစ္စရာဧည့္သည္ေရာက္လာတာ၊ဒုကၡေပးတာ၊ အခ်စ္ေရးအိမ္ေထာင္ေရးမွာ ေဘးကဝင္ရႈပ္လာတာမ်ိဳးေတြ ႀကဳံရတတ္ပါတယ္။ ပညာေရး ကိစၥ၊ သင္တန္းကိစၥေတြ မတင္မက်ျဖစ္ေနတတ္ပါတယ္။ ေငြဆုံးတာ၊ ေႂကြးတင္တာ၊ သူခိုးခိုးခံ ရတာမ်ိဳးေတြလည္း ႀကဳံရတတ္ပါတယ္။ အလႉမဂၤလာတစ္ခုကိုအေၾကာင္းျပဳၿပီး စိတ္ညစ္ရတတ္တယ္။ ရပ္ေဝးက ဝမ္းသာစရာဧည့္သည္ေတြ ေရာက္လာမယ္။ အဖိုးတန္ပစၥည္း၊ အဝယ္အေရာင္းကိစၥ ေအာင္ျမင္မယ္။ ေနရာထိုင္ခင္းကိစၥ၊ အေဆာက္အဦးကိစၥေတြမွာ ဆုံးျဖတ္ရခက္တဲ့ အေျခအေနမ်ိဳးေတြ ႀကဳံလာမယ္။ ေအာက္လက္ငယ္သားေတြအတြက္ ဝမ္းေျမာက္ၾကည္ႏူးရလိမ့္မယ္။ ႏွစ္ရွည္လမ်ား ခံစားေနရတဲ့ ေရာဂါေဝဒနာတစ္ခု ေပ်ာက္မွန္းမသိ ေပ်ာက္သြားမယ္။ အေရး ႀကီးတဲ့ စာ႐ြက္စာတမ္းေတြလည္း ပ်က္ဆီးေပ်ာက္ဆုံးတတ္ပါတယ္။ စာခ်ဳပ္ကိစၥ၊ စာရင္းဇယားကိစၥေတြ မွားယြင္းတတ္ပါတယ္။

ကံအက်ိဳးေပးဂဏန္း ၃/၅။ ယၾတာ - ဘုရားမွာ ေငြဖလားႏွင့္ ေသာက္ေတာ္ေရ ၅ခြက္၊ ပန္းအျဖဴေရာင္ (7)ပြင့္၊ ေအာင္သေျပ (7)ၫြန႔္၊ အသီး(7)လုံး ကပ္လႉပူေဇာ္ေပးပါ။

ေဗဒင္ ႏွင့္ လကၡဏာ ဆရာမင္းသုခ (မႏၲေလးၿမိဳ႕၊ 09-440243656၊ ၇၃လမ္း/၃၄-၃၅လမ္းၾကား)



(Unicode Version)

ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် သြဂုတ်လအတွက် တစ်လစာ ဟောစာတမ်း

တနင်္ဂနွေ သားသမီးများ

မြေကိစ္စ အဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှာသင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်း များ လုပ်ရ ကိန်း ရှိပါတယ်။ ပညာရေး အဆင်ပြေခြင်း ၊ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ် များ ကူညီစောင့် ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေလက်ကောက်ရှိလျှင် ထွက်တတ်ပါသည်။ အလုပ်များ၍ စိတ်များရှုပ်နေရတတ်ပါမည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး ကြောင့် စိတ်အနှောက်အယှက်များ ကြုံရတတ်ပါသည်။ ဗုဒ္ဒဟူး ၊ စနေ သားသမီး လက်အောက်ငယ်သား၊အလုပ်သမားများရှိလျှင်ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ဝင်ကိန်း ရှိပါသည်။ ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်ပါသည်။ လုပ်ငန်းကောင်းပါသည်။ အလုပ်များလို့ ပင်ပန်းနေမည်။ လူအများနှင့် လုပ်ရသော လုပ်ငန်း များ ရက်ချိန်းများ ကြံကြာခြင်းချိန်းထားသောရက် မပေးနိုင်ခြင်းများ ဖြစ်တတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။ သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။ ချစ်သူသမီးရည်းစားများ အနေနဲ့အချစ်ရေး ကံညံ့တတ်သည်။ မကောင်း အဖျက်အနှေက်ယှက်ကြောင့် ချစ်သူနှင့် ဝေးကွာရတတ်သည်။ ချစ်သူ၏ ဂရုမစိုက်ခြင်းကို ခံရတတ်ပါသည်။ ချစ်သူမရှိသေးသူများ အချစ်သစ်တွေ့တတ်ပါသည်။

ယတြာ - ဘုရားမှာ တံခွန် (၉)လက်လှူပေးပါ။ ဘာသာရေးလုပ်တတ်သူများ ဂုဏ်တော် ၉ ပါး ကို တစ်နေ့ ၉ ပတ် စိတ်ပေးပါ။

တနင်္လာသားသမီးများ

ဒီလတွေအတွင်းမှာ စိတ်ရူပ်ထွေးမှုများ ကြုံရတက်သည်။ သူများပြသနာ ကို့ထံလာတက်သည်။ ဟိုဟာလုပ်ရကောင်းနိုးနိုး၊ ဒီဟာလုပ်ရ ကောင်းနိုးနိုးနဲ့ အချိန်သွားလိမ့်မယ်။ ဆုံးဖြတ်ရခက်တာတွေလည်း ကြုံလာရတတ်ပါတယ်။ အမှားမှားအယွင်းယွင်းတွေ လုပ်မိ ပြောမိတတ်တယ်။ အရေးကြီးတဲ့ကိစ္စများ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။ ခရီးတိုတွေ တစ်ခုပြီးတစ်ခု သွားနေရမယ်။ ကိုယ့်ကိစ္စသာမက သူတစ်ပါးအတွက်ပါ ခရီးတွေသွားရမယ်။ ဘာသာရေးနဲ့ပတ်သက်တဲ့ အလုပ်တွေလည်း လုပ်ရတတ်ပါတယ်။ မိန်းမကြီးတစ်ယောက်ရဲ့ အကူအညီကောင်း ရရှိမယ်။ ဆွေမျိုး၊ မိတ်ဆွေတို့ရဲ့ ရာထူးတက်တဲ့သတင်း၊ ထီဆုကြီးပေါက်တဲ့သတင်း စသည်ဖြင့် ဝမ်းသာစရာ ကြုံရ၊ ကြားရတတ်ပါတယ်။ ပစ္စည်းတစ်ခုအတွက် စကားများ ဖြေရှင်းရတတ်ပါတယ်။ အထင်လွဲ စွပ်စွဲခံရတာ၊ အတို့အထောင် ချောက်တွန်းခံရတာတွေ ကြုံရတတ်ပါတယ်။ အိမ်ကိစ္စ၊ နေရာကိစ္စ အဆင်မပြေတာ၊ ထိတ်လန့်တုန်လှုပ်စရာ အိပ်မက်ဆိုးတွေမက်တာ၊ အောက်လက်ငယ်သားတို့၊ ကလေးတို့ကို အကြောင်းပြုပြီး ပြောဆိုဖြေရှင်းရတာတွေ ကြုံရတတ်ပါတယ်။ ကိုယ့်ကို လုပ်နေတဲ့လူ၊ ဒုက္ခပေးနေတဲ့လူ ရပ်ဝေးကိုရောက်သွားမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးများမှာတော့ ညှိနှိုင်းမရတွေ ဖြစ်တတ်ပါတယ်။ လူကြီးတွေ ဝင်ရှုပ်လို့ အပူမီးတွေ ပိုတောက်တဲ့ကိန်း ဆိုက်သွားတတ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၃/၄။ ယတြာ - မိမိမွေးနေ့တွင် တနင်္လာ ဂြိုဟ်နံဒေါင့်ဘုရားတွင် ဖယောင်းတိုင်အနီရောင်(15)တိုင်၊ အမွှေးတိုင်(15)တိုင်၊ ပန်းအနီရောင် (15)ပွင့်၊မနက် 9နာရီ တိတိတွင် ကပ်လှူထွန်းညှိပူဇော်ပေးပြီး လိုရာဆုတောင်းလိုက်ပါ။

အင်္ဂါ သားသမီးများ

ဒီလအတွင်းမှာ မိတ်ဆွေသူငယ်ချင်း အပေါင်းအသင်းကြောင့် စိတ်သောကရတက်ပါသည်။ ရပ်ဝေးအဆက်အသွယ်ကောင်း တွေလည်း ရတတ်ပါတယ်။ လုပ်ငန်းအစီအစဉ်သစ်တွေ ပေါ်လာမယ်။ အလုပ်မှာ အင်နဲ့အားနဲ့ တိုးချဲ့သင်တဲ့အချိန်ပါပဲ။ အောင်မြင်သလောက် ရန်များတတ်ပါတယ်။ တန်ဖိုးကြီးကြီးပစ္စည်းတွေဝင်မယ်။ မိတ်ဆွေ မောင်နှမများရဲ့ အချစ်ရေးကိစ္စ၊ မင်္ဂလာကိစ္စတွေမှာ ဝင်ရောက်ကူညီရတတ်ပါတယ်။ နေရာထိုင်ခင်းကိစ္စ နဲ့ပတ်သက်တဲ့ကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ အဆင်ပြေအောင်မြင်မယ်။ ကောင်းသော အပြောင်း အရွှေ့တွေ ကြုံတတ်ပါတယ်။ အိမ်သူအိမ်သားတစ်ယောက် ရပ်ဝေးကို ခရီးထွက်တာ၊ အဝေးရောက်အိမ်သူအိမ်သားတွေ ပြန်ဝင်လာတာ၊ အလုပ်မှာ ပြဿနာခပ်ကြီးကြီးတစ်ခု ဖြေရှင်းရတာ၊ ငွေအခွင့်အရေးကောင်း လက်လွတ်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် အထင်အမြင် လွဲတတ်ပါတယ်။ ဘေးကဝင်ရှုပ်လို့ ပိုဆိုးသွားတတ်ပါတယ်။ မဖြစ်စလောက်ကိစ္စ လေးတွေကနေ ပြဿနာကြီးထွားသွားတတ်ပါတယ်။ ရောဂါဝေဒနာတစ်ခုကတော့ ပျောက်မှန်းမသိ ပျောက်သွားပါလိမ့်မယ်။ မိမိထက်ကြီးကဲသူ များရဲ့ အိမ်ထောင်ရေးအတွက် စိတ်ရှုပ်ရတတ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၂/၃။ ယတြာ - အင်္ဂါ ဂြိုဟ်နံဒေါင့်ဘုရားမှာ ချိုချဉ် (17)လုံး ၊ ဖယောင်းတိုင် အဝါရောင် (17)တိုင် အမွှေးတိုင် (17)တိုင်၊ ရွက်လှ (17)ညွန့် ကပ်လှူပေးပါ။

ဗုဒ္ဓဟူးသားသမီးများ

ဒီလအတွင်းမှာ အရှေ့မြောက်ဒေါင့်ကို ဂရုစိုက်သင့်ပါသည်။ ဆုံးရှုံးထားတာတွေ ပြန်ရတတ်တယ်။ နစ်နာခဲ့သမျှ အခွင့်အရေးကောင်းတွေ ကြုံလာတတ်ပါတယ်။ အောက်လက်ငယ်သားရဲ့ အလုပ်ကိစ္စ၊ ပညာရေးကိစ္စတွေမှာလည်း ဝမ်းသာစရာတွေ ကြုံလာမယ်။မီး၊ လျှပ်စစ်အန္တရာယ်ကြုံလာတယ်။ မတော်တဆထိမိခိုက်မိတာတွေတော့ သတိထားဖို့လိုပါ တယ်။ အဖိုးတန်ပစ္စည်းတွေလည်း ပျက်တတ်၊ ထွက်တတ်တယ်။ အိမ်ကိစ္စ၊ နေရာထိုင်ခင်းကိစ္စနဲ့ပတ်သက် တဲ့ အစီအစဉ်တွေ လွဲချော်သွားတတ်တယ်။ မဖြစ်စလောက်ကိစ္စနဲ့ ကြီးကြီးမားမား ပြောဆိုဖြေရှင်းရတတ် ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာတော့ အထစ်အငေါ့ဖြစ်နေတာတွေ အဆင်ပြေသွားမယ်။ ကောင်းသောအပြောင်းအလဲတွေ ဖြစ်လာမယ်။ လူကြီးမိဘဆရာသမားတွေဆီက ထိထိရောက်ရောက် အကူအညီ ကောင်းတွေ ရတတ်တယ်။ အလုပ်အခွင့်အလမ်းကောင်းတွေ ပေါ်လာမယ်။ လက်ရှိလုပ်ငန်းကိုတိုးချဲ့တာ၊ လုပ်ငန်းသစ်စတာတွေ လုပ်သင့်ပါတယ်။ ငွေရေးကြေးရေးကတော့ တော်တော်လေး အဆင်မပြေဖြစ်မယ်။ ငွေကိုအကြောင်းပြုပြီး တော် တော့ကို ရှင်းရလင်းရ၊ ငြင်းခုန်ရတွေ ဖြစ်တတ်ပါတယ်။ အထစ်အငေါ့ အနှောက်အယှက်တွေကြားထဲက တိုးတက်အောင်မြင်မှုတွေ ခံစားရမယ့်ကာလဖြစ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၄/၅။ ယတြာ - မိမိမွေးနေ့ အပတ်တိုင်း (9)ပတ်တိတိကို ခြေလေးချောင်းသား ရှောင်းပေးပါ။ ဘုရား ရွှေဖလားဖြင့် သောက်တော်ရေ ၅ခွက် ကပ်လှူပေးပါ။

ကြာသပတေးသားသမီးများ

ဒီလအတွင်းမှာ အထက်လူကြီးပိုင်းနဲ့ ပက်သက်ပြီး စကားအပြောအဆို အမှားအယွင်းများဖြစ်တက်ပါသည်။ အောက်လက်ငယ်သားတွေအတွက်တော့ စိတ်ချမ်းသာစရာ ကြုံလာရတတ်ပါတယ်။ ပြဿနာဖြစ်နေသူတွေနဲ့ ပြန်ပြီးအဆင်ပြေသွားမယ်။ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဝမ်းသာကြည်နူးစရာတွေ ကြုံလာမယ်။ ကောင်းသောခရီးတွေ သွားရတတ်ပါတယ်။ ကောင်းသောခွဲခွာခြင်းတွေနဲ့ ခွဲခွာရတတ်ပါတယ်။ ငွေရေးကြေးရေး အင်မတန်စိတ် ချမ်းသာရမယ်။ မထင်မှတ်တဲ့နေရာက ငွေတွေအများကြီးဝင်လာမယ်။ မိန်းမကြီးတစ်ယောက်ဆီက အကူအညီအကောင်းတွေ ရတတ်တယ်။ အလုပ်နှစ်မျိုး၊ ဝင်ငွေနှစ်မျိုးဖြစ်လာမယ်။ ထီပေါက်တတ်ပါ တယ်။ ပစ္စည်းတစ်ခု အရောင်းအဝယ်မှား ဖြစ်တတ်တယ်။ မိတ်ဆွေရင်းမောင်နှမတွေနဲ့ အဆင်မပြေ လမ်းခွဲရတတ်ပါတယ်။ မိတ်ဆွေအရင်းများထဲက စိတ်ဝေဒနာခံစားရတာ၊ အိမ်ကထွက်သွားတာမျိုးတွေ ကြုံရတတ်ပါတယ်။ ဆရာသမား၊ ကြီးကဲသူတွေထဲက နာရေးကြုံတတ်တယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေ အဆင်မပြေဖြစ်မယ်။ နေရာနှစ်ခုခွပြီး နေရတတ် ပါတယ်။ အောက်လက်ငယ်သားထဲက ခြေထောက်၊ ခါး ထိခိုက်မိတတ်တယ်။ တစ်မိသားစုလုံး ကျန်းမာရေး တရှောင်ရှောင်ဖြစ်တတ်တဲ့ရက်တွေပါပဲ။ စက်ကိစ္စ၊ စာချုပ်စာတမ်းကိစ္စ၊ စပ်တူကိစ္စတွေမှာလည်း စိတ်ရှုပ်စရာတွေ ဖြစ်လာတတ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၈/၇။ ယတြာ - မိမိအိမ်ဘုရားစဉ်၌ ထောပတ်ဆီမီးခွက် (5)ခွက်၊ အမွှေးတိုင် (5)တိုင်၊ ပန်း(19)ပွင့် ကပ်လှူပူဇော်ပေးပါ။

သောကြာသားသမီးများ

ဒီလအတွင်းမှာ နှိင်ငံရပ်ခြားနဲ့ပက်သက်ပြီးသွားရကိန်းရှိသည်။ မိတ်ဆွေအပေါင်းအသင်းများတမင်ရန်စ နှောက်ယှက်တာ၊ ဖျက်လိုဖျက်ဆီးလုပ်တာတွေ ခံရတတ်ပါတယ်။ အတို့အထောင် ချောက်တွန်းခံရတတ် တယ်။ သူတစ်ပါးပြဿနာဟာ ကိုယ့်ပြဿနာဖြစ်သွားတတ်တဲ့ အချိန်မျိုးပါပဲ။ မြစ်နား၊ ချောင်းနား၊ ကန်နားကလူတွေကို သတိထားဖို့လိုပါတယ်။ မိသားစုအတွင်းမှာ ဘေးစကားကြောင့် သွေးကွဲရတတ်ပါတယ်။ လူကြီးသူမတွေက အထင်လွဲကြလိမ့်မယ်။ စိတ်ညစ်စရာဧည့်သည် ရောက်လာ တတ်ပါတယ်။ ခက်ခဲကြန့်ကြာနေတဲ့ အရောင်းအဝယ်ကိစ္စကတော့ အဆင်ပြေသွားလိမ့်မယ်။ ကုန်ရောင်းတာ၊ ကုန်ဝယ်တာ၊ ကုန်လှောင်တာတွေ အကျိုးအမြတ်များမယ့် အချိန်ပါပဲ။ လူရင်းထဲက နိုင်ငံခြားခရီးစီစဉ်နေသူ အဆင်ပြေ အောင်မြင်မယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေကတော့ မသေမချာဖြစ်ရတတ်တယ်။ စီးပွားရေး လုပ်ငန်းတွေမှာ ဘာအခက်အခဲပဲကြုံကြုံ တိုးချဲ့ပြီး လုပ်သွားသင့်ပါတယ်။ ကျန်းမာရေးအတွက်တော့ ငွေကုန်ကြေးကျများတတ်တယ်။ အရေးအကြီး စာရွက်စာတမ်း တွေ ပျက်စီးပျောက်ဆုံးတတ်တယ်။ ငွေဆုံးတာပျောက်တာ ဖြစ်တတ်တယ်။ အလှူပွဲ၊ မင်္ဂလာပွဲတစ်ခုကို အကြောင်းပြုပြီး ပြဿနာတွေ ပေါ်လာတတ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၂/၄။ ယတြာ - စွယ်တော်ရွက်(9)ရွက် ၊ အုန်းညွန်း(9)ညွန့် ၊ ဖယောင်းတိုင် (9)တိုင်၊ အမွှေးတိုင်(9)တိုင် ဘုရားမှာ ထွန်းညှိပူဇော်ပေးပါ၊၊

စနေ သားသမီးများ

ဒီလအတွင်းမှာ မိမိ၏ မိသားစု၊ ဆွေမျိုးနဲ့ပက်သက်ပြီး အပူများတက်ပါသည်။ နာမည်ဂုဏ်သတင်း တိုးတက်တာ၊ ရာထူးတက်သလိုမျိုးတွေ ကြုံတတ်ပါတယ်။ လျှပ်စစ်နဲ့ပတ်သက်လို့ ပြင်ဆင်မွမ်းမံရတာတွေ လုပ်ရတတ်ပါတယ်။ အဖိုးတန်ပစ္စည်းတွေ ပျက်တတ်ပျောက်တတ်ပါတယ်။ လူမှုရေး၊ စီးပွားရေး အလုပ်ကိစ္စတွေမှာ မိန်းမတစ်ယောက် ဝင်ရှုပ်လာတတ်တယ်။ အချစ်ရေးအိမ်ထောင်ရေးမှာလည်း တစ်ဦးနဲ့တစ်ဦး စိတ်သဘောကြီးစွာ ကွဲတတ်ပါတယ်။ ကြီးကဲသူများ နဲ့ အဆင်မပြေဖြစ်ပြီးတဲ့နောက် အဆင်ပြေသွားမယ်။ ပညာရေးကိစ္စ၊ သင်တန်းကိစ္စတွေမှာလည်း စိတ်နှစ် ခွဖြစ်စရာတွေ မတင်မကျအခြေအနေတွေ ကြုံလာတတ်ပါတယ်။ နောက်ပိုင်းမှာတော့ အဆင်ပြေသွားမယ်။ ကွဲကွာနေတဲ့ မိတ်ဆွေမောင်နှမတွေနဲ့ အမှတ်မထင်ပြန်ဆုံမယ်။ အလုပ်နေရာ၊ အိမ်နေရာ ကောင်းသော ပြင်ဆင်ပြောင်းရွှေ့ရတတ်ပါတယ်။ အောက်လက်ငယ်သား မင်္ဂလာကိစ္စစီစဉ်ရတာ၊ အိမ်သူ အိမ်သားထဲက ထီပေါက်တာ၊ ငွေရေးကြေးရေးကိစ္စတွေ တို့လို့တန်းလန်းဖြစ်တာ၊ ကျန်းမာရေးအတွက် ငွေကုန်များရတာတွေ ကြုံရတတ်ပါတယ်။ သေသေချာချာ ကျကျနနစီစဉ်ထားတဲ့ အစီအစဉ်တစ်ခုကတော့ လွဲသွား၊ ပျက်သွားတတ် တယ်။ တစ်စုံတစ်ယောက်ရဲ့ မဆင်မခြင် မိုက်မဲမှုကြောင့် ကိုယ့်မှာ ထိခိုက်နစ်နာရတတ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၆/၁။ ယတြာ = မိမိမွေးနေ့အပတ်တိုင်း(7)ပတ်တိတိ သက်သတ်လွတ်စားပြီး ဘုရားမှာ ရွှေသင်္ကန်း ကပ်လှူပူဇော်ပေးပါ။

ရာဟု သားသမီးများ

ဒီလအတွင်းမှာ တောင်ဘက်အရပ် ခရီးသွားလာခြင်းဂရုစိုက်ရပါမည်။ အလုပ်ကိစ္စ၊ ငွေကိစ္စတွေမှာ အပျက်အစီး အဆုံးအရှုံးများတတ်တယ်။ သေချာစီစဉ်ထားတဲ့ကိစ္စတွေ လွဲချော်ကုန်တတ်ပါတယ်။ သဘာဝ ဘေးအန္တရာယ်တွေ သတိထားပါ။ မီး၊ လျှပ်စစ် စတာတွေ ဒုက္ခပေးတတ်ပါတယ်။ ကြီးကဲသူတွေနဲ့ စိတ်သဘောကွဲတာ၊ စိတ်ညစ်စရာဧည့်သည်ရောက်လာတာ၊ဒုက္ခပေးတာ၊ အချစ်ရေးအိမ်ထောင်ရေးမှာ ဘေးကဝင်ရှုပ်လာတာမျိုးတွေ ကြုံရတတ်ပါတယ်။ ပညာရေး ကိစ္စ၊ သင်တန်းကိစ္စတွေ မတင်မကျဖြစ်နေတတ်ပါတယ်။ ငွေဆုံးတာ၊ ကြွေးတင်တာ၊ သူခိုးခိုးခံ ရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ အလှူမင်္ဂလာတစ်ခုကိုအကြောင်းပြုပြီး စိတ်ညစ်ရတတ်တယ်။ ရပ်ဝေးက ဝမ်းသာစရာဧည့်သည်တွေ ရောက်လာမယ်။ အဖိုးတန်ပစ္စည်း၊ အဝယ်အရောင်းကိစ္စ အောင်မြင်မယ်။ နေရာထိုင်ခင်းကိစ္စ၊ အဆောက်အဦးကိစ္စတွေမှာ ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးတွေ ကြုံလာမယ်။ အောက်လက်ငယ်သားတွေအတွက် ဝမ်းမြောက်ကြည်နူးရလိမ့်မယ်။ နှစ်ရှည်လများ ခံစားနေရတဲ့ ရောဂါဝေဒနာတစ်ခု ပျောက်မှန်းမသိ ပျောက်သွားမယ်။ အရေး ကြီးတဲ့ စာရွက်စာတမ်းတွေလည်း ပျက်ဆီးပျောက်ဆုံးတတ်ပါတယ်။ စာချုပ်ကိစ္စ၊ စာရင်းဇယားကိစ္စတွေ မှားယွင်းတတ်ပါတယ်။

ကံအကျိုးပေးဂဏန်း ၃/၅။ ယတြာ - ဘုရားမှာ ငွေဖလားနှင့် သောက်တော်ရေ ၅ခွက်၊ ပန်းအဖြူရောင် (7)ပွင့်၊ အောင်သပြေ (7)ညွန့်၊ အသီး(7)လုံး ကပ်လှူပူဇော်ပေးပါ။

ဗေဒင် နှင့် လက္ခဏာ ဆရာမင်းသုခ (မန္တလေးမြို့၊ 09-440243656၊ ၇၃လမ်း/၃၄-၃၅လမ်းကြား)