ညီညီ-လှိုင်သာယာ

(Unicode Version)
ဦးလေးဖြစ်သူမှ ၁၅ နှစ် ၇ လ သမီးအား အိပ်ပျော်နေစဉ် သားမယားပြုကျင့်
လှိုင်သာယာမြို့နယ် ၌ ဦးလေးဖြစ်သူမှ သားမယာပြုကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
၂၀၁၉ ခုနှစ် ဇူလိုင် ၂၁ ရက်နေ့ နံနက်(၁၀)နာရီအချိန်ခန့်က တရားလိုသည် နေအိမ်၌ ရှိနေစဉ် လှိုင်သာယာမြို့နယ် နေ သမီးဖြစ်သူမှ ဖုန်းဆက်၍ ၎င်းအား ဦးလေး ဖြစ်သူ ဇော်မင်းသူမှ သားမယားအဖြစ်ပြုကျင့်ခဲ့ကြောင်း အကြောင်းကြားသဖြင့် တရားလိုမှာ ရန်ကုန်သို့လိုက်သွားခဲ့ပြီး ဖြစ်စဉ်အားမေးမြန်းကြည့်ရာ
ဇူလိုင် ၂၁ ရက် နံနက်(၆)နာရီခွဲအချိန်က ၎င်းသည် အိပ်ရာမှနိုးခဲ့ပြီး တစ်ခန်းတည်းအတူနေထိုင်သူ ဇော်မင်းသူမှာ ၎င်း၏ဇနီး မဇာဇာမွန်အား နံနက်(၇)နာရီခွဲအချိန် ၌ အလုပ်သို့လိုက်ပို့သဖြင့် အခန်းတွင် သမီးဖြစ်သူတစ်ဦးထဲကျန်ခဲ့သဖြင့် တီဗီကြည့်နေခဲ့ ကြောင်း ခဏအကြာ၌ သမီးဖြစ်သူမှာ အိပ်ပျော်သွားခဲ့ကြောင်း
ထိုသို့အိပ်ပျော်နေစဉ် ၎င်း၏ ရင်သား/ဆီးခုံ ဝမ်းဗိုက်တို့ကို လူတစ်ဦး ပွတ်သပ်ကိုင်နေသဖြင့် လန့်နိုးသွားပြီးကြည့်လိုက်ရာ မတ်တော်သူ ဇော်မင်းသူ ဖြစ်နေသည့်အပြင် ၎င်းမှာ အဆောင်အခန်းတံခါးကိုလည်း ပိတ်ထားပြီး ဂျက်ထိုးထားသည်ကိုတွေ့ရကြောင်း ၎င်းနောက် ဇော်မင်းသူမှာ သမီးဖြစ်သူ ၏ ပါးစပ်ကို ၎င်း၏ယာဘက်လက်ဖြင့် ပိတ်ကာ ဝဲဘက်လက်ဖြင့် သမီးဖြစ်သူဝတ်ဆင်ထားသော ဂျေဂျေ ဘောင်းဘီအတိုကို ဆွဲချွတ်လိုက်ပြီးနောက် သမီးဖြစ်သူ၏ မိန်းမကိုယ်အား ပွတ်သပ်နေပြီး အပေါ်မှတက်ခွကာ အလိုမတူပဲ သားမယားအဖြစ်(၁၅)မီးနစ်ခန့် တကြိမ်ပြုကျင့်ခဲ့ကြောင်း နှင့် ဇော်မင်းသူမှာ ဘယ်သူကိုမှပြန်မပြောရန် ပြန်ပြောလျှင်သတ် ပစ်မည်ဟုပြောဆိုခဲ့ကြောင်း
သမီးဖြစ်သူမှ ပြန်လည်ပြောပြသဖြင့် အလိုမတူဘဲ သားမယားပြုကျင့်သူ ဇော်မင်းသူ(၃၆)နှစ် ရွှေဘုံသာ(၆)လမ်း မြေတိုင်း(၂၆)ရွှေလင်ပန်းကျေးရွာ လှိုင်သာယာနေသူအား ဥပဒေအရအရေးယူပေးပါရန် လှိုင်သာယာမြို့မရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ အလိုမတူဘဲသားမယားပြုကျင့်သူ ဇော်မင်းသူ အား လှိုင်သာယာမြို့မရဲစခန်းမှ (ပ)၄၂၇၃/၂၀၁၉ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိသည်။
ညီညီ-လှိုင်သာယာ