ပြီးခဲ့သည့် ၅ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဟင်္သာတမြို့မှ အဖွား ဒေါ်ခင်ဆင့်က ထီအကြွေးထိုးရာမှတဆင့် ကံထူးခဲ့ပြီး လက်ရှိ ၆ ကြိမ်မြောက်တွင် ဟင်္သာတမြို့မှပင် နှစ်ကြိမ်ဆက် ကံထူးခဲု့ခြင်း ဖြစ်သည်။
Source : Ayeyarwaddy Times

(Unicode Version)
ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကြီး ထီပေါက်သူကို ဆက်သွယ်မရ ဖြစ်နေ
၆ ကြိမ်မြောက်အောင်ဘာလေထီဖွင့်ပွဲမှ သိန်းတစ်သောင်းခွဲဆုကို ဟင်္သာမြို့မှ ထပ်မံဆွတ်ခူးခဲ့သော်လည့းထီပေါက်သည့်ကံထူးရှင်ကို ဆက်သွယ်မရဖြစ်နေကြောင်း သတင်းရရှိသည်။
ယနေ့ ဖွင့်လှစ်ခဲ့သည့် ၆ ကြိမ်မြောက်ကျပ်သိန်းတစ်သာင်းခွဲထီဆုကြီး မ ၇၁၄၂၉၁ ကို ဟင်္သာတမြို့၊ မင်္ဂလာစွယ်တော် ထီဆိုင်မှ ဆွတ်ခူးခဲ့သော်လည်း ထီထိုးသူအား ဆက်သွယ်မရဖြစ်နေကြောင်း မင်္ဂလာစွယ်တော်ထီဆိုင်ထံမှ သိရသည်။
“ဇူလိုင်လ ၁၇ ရက်နေ့က ထိုးသွားတာပါ။ ထီအထူး ၃ ကဒ်ထိုးသွားတာပါ။နာမည်၊ ဖုန်းနံပတ်နဲ့ လိပ်စာမပေးခဲ့ပါ”ဟု မင်္ဂလာစွယ်တော်ထီဆိုင်က ၎င်းတို့၏လူမှုကွန်ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ကြေညာသည်။
ပြီးခဲ့သည့် ၅ ကြိမ်မြောက် အောင်ဘာလေ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဟင်္သာတမြို့မှ အဖွား ဒေါ်ခင်ဆင့်က ထီအကြွေးထိုးရာမှတဆင့် ကံထူးခဲ့ပြီး လက်ရှိ ၆ ကြိမ်မြောက်တွင် ဟင်္သာတမြို့မှပင် နှစ်ကြိမ်ဆက် ကံထူးခဲ့ုခြင်း ဖြစ်သည်။
ဓာတ်ပုံ – မင်္ဂလာစွယ်တော်ထီဆိုင်