Skip to main content

အတု အစစ္ လူတိုင္း လြယ္ကူစြာ ခြဲျခားသိျမင္ႏိုင္သည့္ ယာဥ္ေမာင္းလိုင္စင္ အသစ္မ်ား ေျပာင္းလဲထုတ္ေပး

အသစ္ထုတ္ေပးတဲ့ ယာဥ္ေမာင္းလိုင္စင္ေတြဟာ Smart Card အေရာင္ေလးေတြကစလို႔ ေျပာင္းသြားပါတယ္။

"ခ"ယာဥ္ေမာင္းလိုင္စင္ဆိုရင္ အစိမ္း

"ဂ"ယာဥ္ေမာင္းလိုင္စင္ဆိုရင္ အျပာ

"ဃ"ယာဥ္ေမာင္းလိုင္စင္ဆိုရင္ အညိဳ

"င"ယာဥ္ေမာင္းလိုင္စင္ဆိုရင္ အနီေရာင္ စသည္ျဖင့္ပါ လုံၿခဳံမႈအဆင့္အတန္းတိုးျမင့္ထားရွိၿပီး Cpip ျပားေလး လိုင္စင္ကဒ္ထဲမွာထည့္ထားပါတယ္။

အဲ့ဒီယာဥ္ေမာင္းလိုင္စင္ကို မိမိမွာရွိတဲ့ဖုန္ရဲ႕ေနာက္ေၾကာမွာကပ္လိုက္ပါ။ ဒီအခါ ဖုန္းထဲမွာ လိုင္စင္ရဲ႕အခ်က္အလက္ေတြေပၚလာပါလိမ့္မယ္။ ဖုန္းတိုင္းမွာလုပ္လို႔ရတာလားဆိုေတာ့ ဖုန္းတိုင္းေတာ့မရပါဘူး ဖုန္းရဲ႕ အထက္ ဒါမွမဟုတ္ေအာက္ Notification ဘားမွာ အင္တာနက္ဖြင့္ပိတ္လုပ္တဲ့ ပုံစံလိုမ်ိဳးသေကၤတေတြထဲမွာ NFC (Near Field Communication)ဆိုတဲ့ သေကၤတေလးပါပါတယ္(ပုံတြင္ျပသထားရွိ) အဲ့ဒါပါတဲ့ဖုန္းဆိုရပါတယ္။



ေနာက္တစ္ခုက အဲ့ဒီ nfc ဆိုတာေလးမပါခဲ့ရင္လည္း (Free QR Scanner) QR Scanner ေဆာ့ဝဲေလး ေဒါင္းထားလိုက္ပါ။ အသစ္ထုတ္တဲ့ယာဥ္ေမာင္းလိုင္စင္ေနာက္ေၾကာမွာ QR ကုတ္ပါပါတယ္ အဲ့ေဆာ့ဝဲနဲ႔ Scanner ဖတ္လိုက္ပါ ဒါဆို ဖုန္းထဲမွာ လိုင္စင္ရဲ႕အခ်က္အလက္ေတြျပေပးပါလိမ့္မယ္။ nfc နဲ႔ QR ကုတ္ဖတ္လို႔မရတဲ့လိုင္စင္ကေတာ့ အတုေပါ့။

အဆိုပါ ယာဥ္ေမာင္းလိုင္စင္ကိုမွ လိုခ်င္ပါသည္ ကိုင္ခ်င္ပါသည္ဆိုရင္ျဖင့္ ဘယ္လိုထုတ္ေပးတယ္ဆိုတာေလးေျပာျပပါရေစ။ လက္ရွိကိုင္ေဆာင္ထားတဲ့လိုင္စင္ဟာ ေပ်ာက္ဆုံးသြားလို႔၊ ပ်က္စီးသြားလို႔၊ သက္တမ္းကုန္ေတာ့မွာမို႔သက္တမ္းတိုးမလို႔ စသည္ျဖင့္ အေပ်ာက္ေလွ်ာက္ျခင္း သက္တမ္းတိုးျခင္းျပဳလုပ္တဲ့အခါ ယခုအသစ္ကိုထုတ္ေပးသြားမွာပါ ကုန္က်ေငြဟာလည္း ယခင္ အေပ်ာက္ေလွ်ာက္၊ သက္တမ္းတိုးတဲ့အခါ ကုန္သေလာက္ပါပဲ ကုန္က်ေငြေျပာင္းလဲျခင္းမရွိဘဲ ကဒ္သာလွ်င္အသစ္ရရွိလာမွာပါ။

အေပ်ာက္ေလွ်ာက္တာ သက္တမ္းတိုးတာမဟုတ္ဘဲ လက္ရွိမိမိယာဥ္ေမာင္းလိုင္စင္ဟာ သက္တမ္းလဲရွိေနတယ္ ကိုင္လို႔လဲရေသးတယ္။ ဒါေပမဲ့ အသစ္ကိုမွလိုခ်င္တယ္ ကိုင္ခ်င္တယ္ဆိုရင္ေတာ့ ကညနမွာမိမိလက္ရွိလိုင္စင္နဲ႔သြားေရာက္လဲလွယ္ႏိုင္ပါတယ္ လဲပါလို႔ဆိုလိုတာမဟုတ္ဘူးေနာ္ မျဖစ္မေနလဲခိုင္းတာလဲမဟုတ္ဘူး ကိုင္လို႔ရေသးတယ္ ဒါလဲကိုင္ရတယ္ အသစ္လဲကိုင္ရတယ္ ဒါေပမဲ့ အသစ္မွကို ကိုင္ခ်င္တာဆိုၿပီး မိမိသေဘာအေလွ်ာက္လဲမယ္ဆို လဲလို႔ရတယ္လို႔ေျပာခ်င္တာ အဲ့ဒီလိုလဲမယ္ဆိုရင္ေတာ့ ကဒ္ဖိုးေငြသြင္းရပါ့မယ္ သူကေတာ့

"ခ"ယာဥ္ေမာင္းလိုင္စင္ဆို ၃၀၀၀၀ က်ပ္

"ဂ"ယာဥ္ေမာင္းလိုင္စင္ဆို ၃၀၀၀၀ က်ပ္

"ဃ"ယာဥ္ေမာင္းလိုင္စင္ဆို ၃၀၀၀၀ က်ပ္

"င"ယာဥ္ေမာင္းလိုင္စင္ဆို ၅၀၀၀၀ က်ပ္ ပါ။

ဒုရဲအုပ္ေဌးလြင္(ခ)ေနမ်ိဳးသူရ (30.6.2019)



(Unicode Version)

အတု အစစ် လူတိုင်း လွယ်ကူစွာ ခွဲခြားသိမြင်နိုင်သည့် ယာဉ်မောင်းလိုင်စင် အသစ်များ ပြောင်းလဲထုတ်ပေး

အသစ်ထုတ်ပေးတဲ့ ယာဉ်မောင်းလိုင်စင်တွေဟာ Smart Card အရောင်လေးတွေကစလို့ ပြောင်းသွားပါတယ်။

"ခ"ယာဉ်မောင်းလိုင်စင်ဆိုရင် အစိမ်း

"ဂ"ယာဉ်မောင်းလိုင်စင်ဆိုရင် အပြာ

"ဃ"ယာဉ်မောင်းလိုင်စင်ဆိုရင် အညို

"င"ယာဉ်မောင်းလိုင်စင်ဆိုရင် အနီရောင် စသည်ဖြင့်ပါ လုံခြုံမှုအဆင့်အတန်းတိုးမြင့်ထားရှိပြီး Cpip ပြားလေး လိုင်စင်ကဒ်ထဲမှာထည့်ထားပါတယ်။

အဲ့ဒီယာဉ်မောင်းလိုင်စင်ကို မိမိမှာရှိတဲ့ဖုန်ရဲ့နောက်ကြောမှာကပ်လိုက်ပါ။ ဒီအခါ ဖုန်းထဲမှာ လိုင်စင်ရဲ့အချက်အလက်တွေပေါ်လာပါလိမ့်မယ်။ ဖုန်းတိုင်းမှာလုပ်လို့ရတာလားဆိုတော့ ဖုန်းတိုင်းတော့မရပါဘူး ဖုန်းရဲ့ အထက် ဒါမှမဟုတ်အောက် Notification ဘားမှာ အင်တာနက်ဖွင့်ပိတ်လုပ်တဲ့ ပုံစံလိုမျိုးသင်္ကေတတွေထဲမှာ NFC (Near Field Communication)ဆိုတဲ့ သင်္ကေတလေးပါပါတယ်(ပုံတွင်ပြသထားရှိ) အဲ့ဒါပါတဲ့ဖုန်းဆိုရပါတယ်။

နောက်တစ်ခုက အဲ့ဒီ nfc ဆိုတာလေးမပါခဲ့ရင်လည်း (Free QR Scanner) QR Scanner ဆော့ဝဲလေး ဒေါင်းထားလိုက်ပါ။ အသစ်ထုတ်တဲ့ယာဉ်မောင်းလိုင်စင်နောက်ကြောမှာ QR ကုတ်ပါပါတယ် အဲ့ဆော့ဝဲနဲ့ Scanner ဖတ်လိုက်ပါ ဒါဆို ဖုန်းထဲမှာ လိုင်စင်ရဲ့အချက်အလက်တွေပြပေးပါလိမ့်မယ်။ nfc နဲ့ QR ကုတ်ဖတ်လို့မရတဲ့လိုင်စင်ကတော့ အတုပေါ့။

အဆိုပါ ယာဉ်မောင်းလိုင်စင်ကိုမှ လိုချင်ပါသည် ကိုင်ချင်ပါသည်ဆိုရင်ဖြင့် ဘယ်လိုထုတ်ပေးတယ်ဆိုတာလေးပြောပြပါရစေ။ လက်ရှိကိုင်ဆောင်ထားတဲ့လိုင်စင်ဟာ ပျောက်ဆုံးသွားလို့၊ ပျက်စီးသွားလို့၊ သက်တမ်းကုန်တော့မှာမို့သက်တမ်းတိုးမလို့ စသည်ဖြင့် အပျောက်လျှောက်ခြင်း သက်တမ်းတိုးခြင်းပြုလုပ်တဲ့အခါ ယခုအသစ်ကိုထုတ်ပေးသွားမှာပါ ကုန်ကျငွေဟာလည်း ယခင် အပျောက်လျှောက်၊ သက်တမ်းတိုးတဲ့အခါ ကုန်သလောက်ပါပဲ ကုန်ကျငွေပြောင်းလဲခြင်းမရှိဘဲ ကဒ်သာလျှင်အသစ်ရရှိလာမှာပါ။

အပျောက်လျှောက်တာ သက်တမ်းတိုးတာမဟုတ်ဘဲ လက်ရှိမိမိယာဉ်မောင်းလိုင်စင်ဟာ သက်တမ်းလဲရှိနေတယ် ကိုင်လို့လဲရသေးတယ်။ ဒါပေမဲ့ အသစ်ကိုမှလိုချင်တယ် ကိုင်ချင်တယ်ဆိုရင်တော့ ကညနမှာမိမိလက်ရှိလိုင်စင်နဲ့သွားရောက်လဲလှယ်နိုင်ပါတယ် လဲပါလို့ဆိုလိုတာမဟုတ်ဘူးနော် မဖြစ်မနေလဲခိုင်းတာလဲမဟုတ်ဘူး ကိုင်လို့ရသေးတယ် ဒါလဲကိုင်ရတယ် အသစ်လဲကိုင်ရတယ် ဒါပေမဲ့ အသစ်မှကို ကိုင်ချင်တာဆိုပြီး မိမိသဘောအလျှောက်လဲမယ်ဆို လဲလို့ရတယ်လို့ပြောချင်တာ အဲ့ဒီလိုလဲမယ်ဆိုရင်တော့ ကဒ်ဖိုးငွေသွင်းရပါ့မယ် သူကတော့

"ခ"ယာဉ်မောင်းလိုင်စင်ဆို ၃၀၀၀၀ ကျပ်

"ဂ"ယာဉ်မောင်းလိုင်စင်ဆို ၃၀၀၀၀ ကျပ်

"ဃ"ယာဉ်မောင်းလိုင်စင်ဆို ၃၀၀၀၀ ကျပ်

"င"ယာဉ်မောင်းလိုင်စင်ဆို ၅၀၀၀၀ ကျပ် ပါ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ (30.6.2019)