သိန်း ၃၀၀ အောက် ၁၅%
သိန်း၃၀၀အထက် ၂၀%
သိန်း ၅၀၀ အထက် ၂၅%
သိန်း ၁၀၀၀အထက် ၃၀%
သိန်း ၁၅၀၀အထက် ၃၅%ပါ
(Unicode Version)
အိမ်ဆောက်ခွန် အကြောင်း ဗဟုသုတ
အခွန်မဆောင်ဘဲ ဂရန်နာမည်မပေါက်လို့ကတော့အိမ်ဆောက်မိန့်လဲမကျနိုင်ပါ။ မဖြစ်ဖြစ်အောင်အခွန်ဆောင်မှသာလျှင် အိမ်ဆောက်မိန့်ကကျကြပါတယ် ။ အဲ့ကျတော့ ဆောက်ဖို့ အားခဲရနဲ့ ဆိုတော့ အဲဒီလူ မှန်ထားတဲ့အချိန်မှာ.ပီအောင်မဆောက်နိုင်ဘဲ အူလည်လည်ဖြစ်ရော အခွန်ကလည်းအရမ်းမြင့်နေလို့ပါတဲ့ညည်းနေကြပြီ။
ပေ40x60ထဲဆောက်တဲ့RCသုံးထပ်အတွက်အခွန်ကသိန်း ၃၀၀ အိမ်ဆောက်လို့ ငွေမောရတဲ့အထဲ ဘယ်လိုရှာကြမည်နည်း။
သိန်း ၃၀၀ အောက် ၁၅%
သိန်း၃၀၀အထက် ၂၀%
သိန်း ၅၀၀ အထက် ၂၅%
သိန်း ၁၀၀၀အထက် ၃၀%
သိန်း ၁၅၀၀အထက် ၃၅%ပါ
မနေ့ကလုပ်ငန်းရှင်တယောက်ဟိုတယ်ဆောက်ဖို့ရည်ရွယ်ထားတာ မဆောက်ဖြစ်တော့ဘူး။ ဂရမ် မိမိအမည်ပြန်ဖောက်မှ..ဟိုတယ်ဆောက်ရမယ်ဆိုတော့ အခွန်ခန့်မှန်း သိန်း၃၅၀ + အဆောက်အဦးပြီးလို့ဆောင်ရမှာက ဟိုတယ်ဆိုတော့ပိုကုန်တော့ ခန့်မှန်းအခွန် သိန်း ၉၀၀ + ကျန်တဲ့အဆောက်အဦးကုန်ကျစားရိတ် + ပေါင်းလိုက်တော့ သူမလုပ်ချင်တော့ဘူးလေ။ လောလောဆယ် ဘဏ်ထဲပဲထားလိုက်မယ်ဗျာတဲ့။
ဘဏ်ထဲဒီလို ငွေတွေအများကြီးအိပ်လာရင် ပြင်ပမှာလည်ပတ်ငွေ အရမ်းနည်းလာနိုင်ပါတယ်။ သူလို လူမျိုးတွေတစ်စစများလာတော့ မဖြစ်နေသူသာဆောက်ပြီးတော့ ဆောက်လုပ်ရေးလောကပျက်ကိန်းဆိုက်တော့တာပါဘဲ။
ကုန်သွယ်မှုမှာလည်း အခွန်ကြောင့် သံချောင်လုံး Rebar ဈေးက မနှစ်က export ပြည့် 700000ခန့်အခု 840000 အစိုးရက ဈေးနှုန်းဝင်ထိန်းဖို့လည်း မလုပ်သေးဘူး။
စည်ပင်မှာ ၂၀၁၆ ဆောက်မိန့်လာတင်သူအရေအတွက်နဲ့ ၂၀၁၇ /၂၀၁၈ ဆောက်မိန့်တင်ကြသူအရေအတွက် ကွာလာတာ တွေ့ရပါလိမ့်မယ်။ ဒါကောင်းတဲ့လက္ခဏာတော့မဟုတ်ပါဘူး။ ဆောက်လုပ်ရေးလောကပျက်လာတဲ့အနေအထားပါ။ အကျိုးဆက်က အလုပ်လက်မဲ့ပေါလာမယ်။ ခိုးဆိုးလုနိုက်ပေါလာမယ်။ တရားဥပဒေယိုယွင်းလာမယ်။
ဖြစ်သင့်တာက အခွန်ကို ၆%ပဲ Fairဖြစ်ပါတယ်။ များများသုံးရင် သူ့အလိုလိုများလာမှာပဲ။ ကုန်ကျငွေများရင်များသလို % တိုးကောက်တာကတော့ သဘာဝမကျသလို နောက်ဆုံးတော့ ပျောက်ဆုံးတော့မယ့် လူလတ်တန်းစားကို တိုက်ရိုက် ထိခိုက်စေတာပါပဲ။
မိမိတိုင်းက အခွန်ဘယ်လောက်ရတယ် ဘယ်တိုင်းက ဘယ်လောက်ရတယ်ဆိုတာထက် ပြည်သူ့အသံကိုလည်း နားထောင်ဖို့လိုပါတယ်။ ယခုနှစ်အတွင်းဆောက်ပြီး/ဆောက်နေဆဲအိမ်ရှင်တွေရဲ့ အခွန်နဲ့ပတ်သက်တဲ့အသံကို အစည်းအဝေးခေါ်ပြီး နားထောင်သင့်ပါတယ်။
တစ်ချို့ဆို အရမ်းသနားစရာကောင်းပါတယ်။ အိမ်ပြီးသွားလို့ ပိုက်ဆံက ကြပ်တည်း အခွန်က သိန်း ၂၀၀/၃၀၀ သူတို့ ညအိပ်မပျော်ပါဘူး။ ရှိလို့ အပိုတွေလိုက်ဆောက်နေတဲ့ လုပ်ငန်းရှင်တွေဆိုရင်တော့ မဆိုလိုပါဘူး။ လူလတ်တန်းစား နာလံထူနိုင်အောင် လုပ်မပေးနိုင်ရင် တိုင်းပြည်ဘယ်တော့မှ တိုးတက်နိုင်မယ်မဟုတ်ပါ။
ခုချိန်အခွန်တွေအများကြီး ရတယ် ဘယ်အချိန်ထိ ပြည်သူတွေတောင့်ခံနိုင်မည်လဲ။ ပြည်သူ့အသံနားထောင်သင့်ပါသည်။ လုပ်ငန်းရှင်များအစည်းအဝေးမှာလည်း လုပ်ငန်းရှင်တွေရဲ့အသံကို သေချာနားထောင်သင့်ပါသည်။ ကောက်ပါ အခွန် ကောက်ပါ။ ဒါက နိုင်ငံသားတိုင်းထမ်းဆောင်ရမယ့် တာဝန်ပဲ။
သို့သော် လူတိုင်းဆောင်နိုင်သောနှုန်းသာသင့်တင့်မျှတသင့်ပါတယ်။ အခွန်နှုန်းကလည်း နယ်ပယ်အစုံမှာ သင့်တင့်မျှတမယ် ( ကန့်သတ်ကုန်ကလွဲရင်ပေါ့ ) လူတိုင်းကိုလည်းမရှောင်အောင်ကောက်ပါ။ ဒါပေမယ့်ပြည်သူူတွေရဲ့ဝင်ငွေနဲ့တော့ချိန်ပေးကြပါ။ နေရာတကာ နိုင်ငံတကာနဲ့ ကိုင်မပေါက်ကြပါနဲ့။ လေးစားစွာဖြင့်
Credit : မူရင်းရေးသားသူ