Photo : Shwe Kyar
Source : Zalen
(Unicode Version)
ယောကျ်ားက ထားသွားလို့ ရန်ကုန် သိမ့်ကြီးဈေးနား ကားထဲမှာ နှစ်နဲ့ချီအိပ်ခဲ့တဲ့ ချင်းလူမျိုး သားအမိ
ချင်းပြည်နယ်ဖလမ်းမြို့ကနေ မိုင်ဆန်သဲ (ခ)မူမူဟာ အသက် (၁၉)နှစ်အရွယ်မှာ ရန်ကုန်မှာ အလုပ်လုပ်ဖို့ဆိုပြီး တစ်ယောက်ထဲဆင်းလာခဲ့တယ်။
ရန်ကုန်ရောက်ပြီး ၃၇ လမ်း ထမင်းဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ အဲ့ချိန်မှာ ဘရင်ဆိုတဲ့ အမျိုးသားတစ်ယောက်နဲ့ချစ်ကြိုက်မိပြီး၂၉ လမ်းမှာ အိမ်ငှားပြီး ပေါင်းသင်းနေထိုင်ကြပါတယ်။ မိုင်ဆန်သဲမှာ ကိုယ်ဝန်ရှိလာပြီး မမွေးခင်မှာ သူ့ယောကျ်ားက ထားခဲ့ပါတယ်။
ရန်ကုန်ဆင်းလာတုန်းက ပါလာတဲ့ ဖုန်းလည်း အားသွင်းပေးမယ်ဆိုပြီး လိမ်သွားကြလို့မရှိတော့ဘူး။ အိမ်ကို ဖုန်းဆက်ဖို့ မှတ်သားထားတဲ့ဖုန်းနံပါတ်လည်း အိမ်ကလူတွေက မသုံးတော့လို့ အိမ်ကိုလည်း မဆက်သွယ်နိုင်ဖြစ်နေတယ်။ ဒီလိုနဲ့ တစ်ယောက်ထဲ ရန်ကုန်မြို့ သိမ့်ကြီးဈေးနားက ကားတွေထဲမှာအိပ်လာခဲ့တာ ခုထိပါပဲ။ နေ့စဉ်ထမင်းစားဖို့ သူများတွေပေးတဲ့ထမင်းပဲစားနေရတယ်။
ကလေးကိုတော့ ဒလမြို့က အမျိုးသမီးဆေးရုံမှာ မွေးဖွားခဲ့တယ်။ အခုဆို ကလေးက တစ်နှစ်နဲ့ ၃ လရှိနေပါပြီ။ ကံကောင်းတယ်ဆိုရမလာ ဒီမနက် (ဇူလိုင် ၂၄) ရန်ကုန်ဆေးရုံကြီးမှာ ရွှေကြာ လူမှုကူညီရေးအဖွဲ့က အဟာရအလှူလာလုပ်တဲ့ချိန်မှာ ထမင်း အလကားကျွေးတယ်လို့သူများဆီကနေ သတင်းရလို့ သူတို့သားအမိနှစ်ယောက် ထမင်းလာတောင်းစားကြပါတယ်။
ထမင်းစားပြီးလို့ သားအမိနှစ်ယောက် ဆေးရုံကြီးနားက သစ်ပင်အောက်မှာ ထိုင်နေတုန်း ရွှေကြာအဖွဲ့က သွားရောက်မေးမြန်းတာနဲ့ သူရဲ့ဖြစ်စဉ်အကုန်သိလိုက်ရပါတယ်။ ဒါကြောင့် ရွှေကြာအဖွ့ဲက ဒီနေ့ ချင်းတောင်ကိုသွားတဲ့ ဟားခါးမန်းကားလက်မှတ်ဖြတ်ပေးပြီး လမ်းမှာစားဖို့လည်းပေးထားပါတယ်။
ရွှေကြာအဖွဲ့က အိမ်ရောက်တဲ့ချိန် ချောချောမွှေ့မွှေ့ရောက်ရှိတဲ့အကြောင်းပြန်လည်း ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေပေးထားခဲ့ပါတယ်။