
(Unicode Version)
သထုံမြို့အထွက် စိုက်ပျိုးရေးသိပ္ပံကျောင်းရှေ့တွင် Light Truck ယာဉ်နှင့် ၆ ဘီး ကုန်တင်ယာဉ် တိုက်မိမှုဖြစ်ပွား
14.7.2019 ညနေ ၃:၃၀ အချိန် ရန်ကုန် မော်လမြိုင်လမ်းမကြီး သထုံမြို့အထွက် စိုက်ပျိုးရေးသိပ္ပံကျောင်း ရှေ့တွင် Light Truck ယာဉ်နှင့် ၆ ဘီး ကုန်တင်ယာဉ် တိုက်မိမှုဖြစ်ပွားရာ ရန်ကုန်လူနာပို့ပြန်လာသော ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ Light Truck ယာဉ်ခေါင်းခန်းတွင် ပိတ်မိနေသော လူနာ ၃ ဦးအား အရေးပေါ်ကယ်ဆယ် သုံးဂျိုင့်ဖြင့် ကယ်ထုတ်ရာ ၂ ဦးအသက်ရှင်ရက် ကယ်ထုတ်နိင်ပြီး
သထုံမြို့ အဖြူရောင်တွဲလက်များ လူမူကယ်ဆယ်ရေးအဖွဲ့ထံချိတ်ဆက်ပေးပြီး ပိတ်မိနေသည့် ယာဉ်မောင်းအား သထုံခရိုင်မီးသတ်တပ်ဖွဲ့မှ အဆင့်မြင့်ကယ်ဆယ်ရေးသုံးပစ္စည်းများ အသုံးပြု၍ ကယ်ထုတ်ရာ ယာဉ်မောင်းမှ ထိခိုက်ဒဏ်ရာပြင်းထန်းသဖြင့် ကယ်ထုတ်နေသည့်အချိန်တွင် သေဆုံးသွားခဲ့ပါသည်။
အဆိုပါယာဉ်တိုက်မှုအား အကြင်နာ တွဲလက်များလူမူကယ်ဆယ်ရေးအဖွဲ့နှင့် သထုံမြို့ပရဟိတအဖွဲ့များမှ ထိခိုက်ဒဏ်ရာရရှိ လူနာ ၃ ဦးနှင့် သေဆုံး ၁ ဦးအား သထုံခရိုင်ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ပါသည်။
ဘိုဘိုဝင်း Rescue အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့