Skip to main content

ျမန္မာျပည္က Masterchef ၿပိဳင္ပြဲကို အကြက္က်က် ေထာက္ျပ ေဝဖန္လိုက္တဲ့ စားဖိုမႉးႀကီး တစ္ဦး

Masterchef ကိုက်ေနာ္ သိပ္မၾကည့္ျဖစ္ပါဘူး ။ဒါေပမယ့္ကိုယ့္ေဝါေပၚမွာ တခါတေလေပၚေပၚလာတဲ့ Masterchef highlight ကိုေတာ့ခနတာ coffee break ယူတဲ့အခ်ိန္ၾကည့္ၿပီး ေျပာခ်င္ေရးခ်င္စိတ္ေတြျဖစ္ေနခဲ့တယ္။ ဒါေပမယ့္ ဒီရက္ပိုင္း ၃ပတ္ေလာက္ရွိၿပီ ပြဲေတြကဆက္တိုက္ မ်ားေနတာရယ္ ကိုယ့္ promotion ေလးေတြက ေအာင္ေအာင္ျမင္ျမင္နဲ႔ ဆက္လက္ ခရီးဆက္ေနတာရယ္ ေရွ႕ လာမယ့္ ၃လ အတြင္း နဲ႔၂၀၁၉ အတြင္း forecast နဲ႔ ဘက္ဂ်က္ပလန္ ေတြဆြဲေနရတဲ့ အခိုက္အတန႔္မို႔ မအားႏိုင္ျဖစ္ေနလို႔ စိတ္သြားေပမယ့္ ကိုယ္မပါခဲ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ ညပိုင္း ကိုယ့္ကိုယ္ပိုင္ခ်ိန္ေလး ကိုဖဲ့ၿပီး ဒီပို႔စ္ ကိုတင္ျဖစ္လိုက္ပါတယ္။

Masterchef လို႔ဆိုတာမွာ Master က ျမန္မာအဘိဓာန္မွာ အေက်ာ္အေမာ္၊အဓိက၊အခရာ၊အၿပီးတိုင္တတ္ေျမာက္သည္၊တစ္ဖက္ကမ္းခပ္သည္၊ကြၽမ္းက်င္သည္၊ပိုင္ႏိုင္သည္၊ထိန္းသိမ္းသည္၊ခ်ိဳးႏွိမ္သည္ စသျဖင့္အမ်ိဳးမ်ိဳးေသာအဓိပၸါယ္ဖြင့္ဆိုခ်က္မ်ား ႀကီးျမတ္ေသာအဓိပၸါယ္ ဖြင့္ဆိုခ်က္မ်ားေဝေဝဆာဆာနဲ႔ ထုံမႊန္း ထားတာကိုေလ့လာေတြ႕ရွိႏိုင္ပါတယ္။ chef ကေတာ့ အားလုံးသိၿပီးသားမို႔အထူးတလွယ္ ရွင္းျပေနစရာမလိုဘူးထင္ပါတယ္ ။

ဒီေတာ့Masterchef ရဲ႕ အဓိပၸါယ္ ဖြင့္ဆိုခ်က္ သည္ဘယ္ေလာက္ေတာင္ တာသြားတယ္ဆိုတာ မွန္းဆႏိုင္ပါတယ္ ။ ဒါေပမယ့္ အေနာက္ႏိုင္ငံေတြမွာ အရမ္းေခတ္စားေနတဲ့ Masterchef program မွာ ေတာ့ စိတ္ဝင္စားေအာင္home cook ဝါသနာရွင္ ေတြကို ခ်က္ခိုင္းၿပီး drama ခ်ိဳး ၿပီးငိုၾကရယ္ၾက နဲ႔ ရသမ်ိဳးစုံေပးၿပီးတင္ဆက္ ၾကပါတယ္ ။ ဒီေနရာမွာ သတိခ်ပ္ရမွာက အေနာက္ႏိုင္ငံေတြမွာက အိမ္တိုင္းလိုလို oven တို႔ griller အစရွိတဲ့ cooking facilities ေတြအိမ္တိုင္းလိုလိုရွိၾကၿပီး အားလပ္ရက္ေတြမွာ မိသားစုလိုက္ျဖစ္ျဖစ္ မိတ္ေဆြ အေပါင္းအသင္းေတြ စုၿပီးပဲျဖစ္ျဖစ္ ခ်က္စား BBQ လုပ္စားၾကပါတယ္ ။

ဆိုလိုတဲ့အဓိပၸါယ္ ကေတာ့ အေတာ္မ်ားမ်ား က ႐ို႕စ္ လုပ္တာတို႔ ကင္တာတို႔ စတဲ့ cooking method နဲ႔ရင္းႏွီးၿပီးသားျဖစ္တဲ့အျပင္ textures ေတြ blue rare, rare , medium rare , medium , medium well, well done အစရွိသျဖင့္ knowledge ေတြပါရွိေနတတ္ၾကပါတယ္ ။ဒီေတာ့ home cook ဝါသနာရွင္ ေတြ အေနနဲ႔ ႏိုင္ငံတကာအစားအစာေတြခ်က္ျပဳတ္ရာမွာမခက္ခဲေတာ့ဘူးေပါ့ဗ်ာ ။

ဒါေပမယ့္ သူ႔အရပ္နဲ႔သူ႔ဇါတ္ ေရာမေရာက္ ေရာမလိုက်င့္ ဆိုသလို ျမန္မာျပည္နဲ႔ လိုက္ေလ်ာညီေထြ ရွိတဲ့ cooking style ဥပမာျမန္မာအစားအစာကိုႏိုင္ငံတကာ ကိုထိုးေဖာက္ႏိုင္ေအာင္ က်န္းမာေရးနဲ႔ညီၫြတ္ေအာင္ ဘယ္လိုခ်က္ျပဳတ္ျပင္ဆင္မလဲ စသျဖင့္ promote လုပ္ၿပီး home cook ဝါသနာရွင္ ေတြကို ယွဥ္ၿပိဳင္ေစရင္ ဒီထက္ပိုအႏွစ္သာရွိၿပီး ရသေျမာက္တဲ့ ပြဲကိုျမင္ေတြ႕ရမွာလို႔က်ေနာ္သုံးသပ္ပါတယ္။

သို႔မဟုတ္ ႏိုင္ငံတကာ အစားအစာေတြကို အသြင္တစ္မ်ိဳးနဲ႔ ေဖာ္ထုတ္ ယွဥ္ၿပိဳင္တာမွလိုခ်င္တယ္ဆိုရင္လည္း sous chef level ေအာက္စားဖိုမႉးငယ္ ေတြကို ေျဖေလွ်ာ့ယွဥ္ၿပိဳင္ ေစရင္ျဖင့္ ပရိတ္သတ္ႀကီးေရာရသေျမာက္တဲ့ အစီအစဥ္တစ္ရပ္ကိုရႈစားၾကရမယ့္အျပင္ ပါဝင္ယွဥ္ၿပိဳင္တဲ့ chef အငယ္ ေတြပါေနာင္တခ်ိန္ ေနရာတစ္ခုအတြက္အလားအလာအမ်ားႀကီးရွိၿပီး ယုံၾကည္မႈေတြပိုတိုးတက္လာေစႏိုင္ပါတယ္။

ဒါေပမယ့္ လက္ရွိအေနအထားကေတာ့ဒိုင္တစ္ေယာက္ေျပာထားခဲ့သလို "ျမန္မာႏိုင္ငံ မွာအေတာ္ဆုံးစားဖိုမႉး ကိုရွာေနတာေနာ္" လို႔ေျပာကတည္းက လြဲမွားေနတယ္ဆိုတာ သုံးသပ္မိပါတယ္။ အေရွ႕ကပို႔စ္မွာက်ေနာ္ ေရးထားခဲ့သလိုပါပဲ chef တစ္ေယာက္ျဖစ္ဖို႔ ဟင္းခ်က္တက္ယုံနဲ႔မရပါဘူး။ က်ေနာ္တို႔ chef ေတြဆိုတာဟာ က်ေနာ္တို႔ငယ္ဘဝတစ္ခုလုံးကို kitchen ထဲမွာျမႇဳပ္ႏွံၿပီး တျခား management skill , communication skill ,market knowledge,costing , business strategy စသျဖင့္မျပတ္ေလ့လာ သင္ယူၿပီး ဟိုတယ္ ေတြစားေသာက္ဆိုင္ေတြကအားထားရတဲ့ အသုံးဝင္တဲ့ chef ေတြျဖစ္ေအာင္ႀကိဳးစားရတာပါ။

အခုလက္ရွိ Masterchef winner တစ္ေယာက္အေနနဲ႔ ေကာ က်ေနာ္အေရွ႕ကပို႔စ္မွာေရးထားခဲ့သလိုပါပဲ ျမန္မာႏိုင္ငံမွာအေတာ္ဆုံးစားဖိုမႉး တစ္ေယာက္လို႔ ကိုယ့္ကိုယ္ကိုေသြးနားထင္ေရာက္ သြားေစတာကလြဲလို႔ တစ္ကယ္ေကာ Masterchef အျဖစ္နဲ႔ လခေကာင္းေကာင္းေပးၿပီး ေရွ႕ဆက္လို႔ရၿပီလား။ မျဖစ္ႏိုင္ပါဘူး စိတ္ဓါတ္ေတာင္က်သြားေစႏိုင္ပါတယ္ ။

က်ေနာ္တို႔ ျမန္မာႏိုင္ငံမွာ Masterchef ေရာက္လာေတာ့ အနာဂါတ္ chef မ်ိဳးဆက္အတြက္ ေတာ့ အေထာက္အပံ့အျဖစ္ေတာ့ရၿပီဆိုၿပီး မုဒိတာပြါး ဝမ္းသာ ခဲ့ရေပမယ့္ လက္ရွိၿပိဳင္ပြဲဝင္ေနတဲ့ အေနအထား ဒိုင္ေတြရဲ႕ သုံးသပ္ပုံ ၿပိဳင္ပြဲဝင္ေတြရဲ႕ အခ်င္းခ်င္း ျပဳမူေနတာေတြက စားဖိုမႉး တစ္ေယာက္ရဲ႕ team အေပၚမွာထားရမယ့္ သေဘာထားေတြနဲ႔ ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္ေနၿပီး လက္ေဝွ႔ႀကိဳးဝိုင္းအသာထား street fighting ပုံစံ သူႏိုင္ကိုယ္ႏိုင္အၿပိဳင္က်ဲ အႏိုင္ရဖို႔သာဦးတည္ ၿပီး အခ်င္းခ်င္းဆြဲခ် ေနၿပီး ကိုယ့္ပညာ ကိုထုတ္ျပဖို႔ထက္ ကိုယ့္ၿပိဳင္ဘက္ က်န္ခဲ့ရင္ကိုယ့္အတြက္အခြင့္ေကာင္း တစ္ရပ္ လို႔ခံယူထားေနၾကတာကို တခ်ိဳ႕ေသာၿပိဳင္ပြဲဝင္ေတြမွာ ဝမ္းနည္းစြာျမင္ေတြ႕ေနရပါတယ္ ။

ဒီလိုျမင္ေတြ႕ ရေလ ပရိသတ္ႀကီးကဆဲေလ ဒီလိုသာဆို ရင္ က်ေနာ္တို႔ chef ေတြရဲ႕ image ဟာ ပရိသတ္ရဲ႕ အျမင္မွာဒီလိုေလာကသားေတြပါလားလို႔လြဲမွားစြာ ျမင္ေတြ႕သြားႏိုင္ပါတယ္။ ဒိုင္ေတြကလည္း chef uniform မဟုတ္တဲ့ စကပ္ႀကီးဝတ္လိုဝတ္ မ်က္ႏွာကေခ်ၿပီး ဒါလာေစာ္ကားေနသလိုခံစားေနရတယ္ေျပာလိုေျပာ စသျဖင့္ လူငယ္ေတြရဲ႕ ေမွ်ာ္လင့္ခ်က္ေတြကို႐ိုက္ခ်ိဳးေနၾကတာလားဗ်ာ ။ chef ေတြကဆူခံအဆဲခံ ေတြမဟုတ္ၾကပါဘူး။အူတူတူ အတတ အႏွိမ္ခံေတြမဟုတ္ၾကပါဘူး။

chef ေတြရဲ႕ image ကိုသုံးၿပီးလူစိတ္ဝင္စားေအာင္လုပ္မယ္ဆိုရင္ျဖင့္အထက္ပါက်ေနာ္ သေဘာ႐ိုးနဲ႔ အႀကံေပးသည့္အတိုင္း ေျဖေလ်ာ့သင့္တာေျဖေလ်ာ့ ကိုယ့္တိုင္းျပည္ သဘာဝ အေလ့အထနဲ႔လိုက္ေလ်ာညီေထြ မႈရွိေအာင္ျပင္ဆင္ၿပီး တင္ဆက္လိုက္ရင္ျဖင့္ လူေတြဒီထက္အားေပး တဲ့ လူႀကိဳက္မ်ားတဲ့ program ေလးျဖစ္လာပါလိမ့္မယ္လို႔ ေစတနာေကာင္းနဲ႔ ရယ္ chef ေတြရဲ႕ image မပ်က္စီးေစဖို႔ ပါ အႀကံေကာင္းေပးလိုက္ရပါတယ္ဗ်ားးးးးးးးးး

Source : Romeo Thu



(Unicode Version)

Masterchef ကိုကျနော် သိပ်မကြည့်ဖြစ်ပါဘူး ။ဒါပေမယ့်ကိုယ့်ဝေါပေါ်မှာ တခါတလေပေါ်ပေါ်လာတဲ့ Masterchef highlight ကိုတော့ခနတာ coffee break ယူတဲ့အချိန်ကြည့်ပြီး ပြောချင်ရေးချင်စိတ်တွေဖြစ်နေခဲ့တယ်။ ဒါပေမယ့် ဒီရက်ပိုင်း ၃ပတ်လောက်ရှိပြီ ပွဲတွေကဆက်တိုက် များနေတာရယ် ကိုယ့် promotion လေးတွေက အောင်အောင်မြင်မြင်နဲ့ ဆက်လက် ခရီးဆက်နေတာရယ် ရှေ့ လာမယ့် ၃လ အတွင်း နဲ့၂၀၁၉ အတွင်း forecast နဲ့ ဘက်ဂျက်ပလန် တွေဆွဲနေရတဲ့ အခိုက်အတန့်မို့ မအားနိုင်ဖြစ်နေလို့ စိတ်သွားပေမယ့် ကိုယ်မပါခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ညပိုင်း ကိုယ့်ကိုယ်ပိုင်ချိန်လေး ကိုဖဲ့ပြီး ဒီပို့စ် ကိုတင်ဖြစ်လိုက်ပါတယ်။

Masterchef လို့ဆိုတာမှာ Master က မြန်မာအဘိဓာန်မှာ အကျော်အမော်၊အဓိက၊အခရာ၊အပြီးတိုင်တတ်မြောက်သည်၊တစ်ဖက်ကမ်းခပ်သည်၊ကျွမ်းကျင်သည်၊ပိုင်နိုင်သည်၊ထိန်းသိမ်းသည်၊ချိုးနှိမ်သည် စသဖြင့်အမျိုးမျိုးသောအဓိပ္ပါယ်ဖွင့်ဆိုချက်များ ကြီးမြတ်သောအဓိပ္ပါယ် ဖွင့်ဆိုချက်များဝေဝေဆာဆာနဲ့ ထုံမွှန်း ထားတာကိုလေ့လာတွေ့ရှိနိုင်ပါတယ်။ chef ကတော့ အားလုံးသိပြီးသားမို့အထူးတလှယ် ရှင်းပြနေစရာမလိုဘူးထင်ပါတယ် ။

ဒီတော့Masterchef ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် သည်ဘယ်လောက်တောင် တာသွားတယ်ဆိုတာ မှန်းဆနိုင်ပါတယ် ။ ဒါပေမယ့် အနောက်နိုင်ငံတွေမှာ အရမ်းခေတ်စားနေတဲ့ Masterchef program မှာ တော့ စိတ်ဝင်စားအောင်home cook ဝါသနာရှင် တွေကို ချက်ခိုင်းပြီး drama ချိုး ပြီးငိုကြရယ်ကြ နဲ့ ရသမျိုးစုံပေးပြီးတင်ဆက် ကြပါတယ် ။ ဒီနေရာမှာ သတိချပ်ရမှာက အနောက်နိုင်ငံတွေမှာက အိမ်တိုင်းလိုလို oven တို့ griller အစရှိတဲ့ cooking facilities တွေအိမ်တိုင်းလိုလိုရှိကြပြီး အားလပ်ရက်တွေမှာ မိသားစုလိုက်ဖြစ်ဖြစ် မိတ်ဆွေ အပေါင်းအသင်းတွေ စုပြီးပဲဖြစ်ဖြစ် ချက်စား BBQ လုပ်စားကြပါတယ် ။

ဆိုလိုတဲ့အဓိပ္ပါယ် ကတော့ အတော်များများ က ရို့စ် လုပ်တာတို့ ကင်တာတို့ စတဲ့ cooking method နဲ့ရင်းနှီးပြီးသားဖြစ်တဲ့အပြင် textures တွေ blue rare, rare , medium rare , medium , medium well, well done အစရှိသဖြင့် knowledge တွေပါရှိနေတတ်ကြပါတယ် ။ဒီတော့ home cook ဝါသနာရှင် တွေ အနေနဲ့ နိုင်ငံတကာအစားအစာတွေချက်ပြုတ်ရာမှာမခက်ခဲတော့ဘူးပေါ့ဗျာ ။

ဒါပေမယ့် သူ့အရပ်နဲ့သူ့ဇါတ် ရောမရောက် ရောမလိုကျင့် ဆိုသလို မြန်မာပြည်နဲ့ လိုက်လျောညီထွေ ရှိတဲ့ cooking style ဥပမာမြန်မာအစားအစာကိုနိုင်ငံတကာ ကိုထိုးဖောက်နိုင်အောင် ကျန်းမာရေးနဲ့ညီညွတ်အောင် ဘယ်လိုချက်ပြုတ်ပြင်ဆင်မလဲ စသဖြင့် promote လုပ်ပြီး home cook ဝါသနာရှင် တွေကို ယှဉ်ပြိုင်စေရင် ဒီထက်ပိုအနှစ်သာရှိပြီး ရသမြောက်တဲ့ ပွဲကိုမြင်တွေ့ရမှာလို့ကျနော်သုံးသပ်ပါတယ်။

သို့မဟုတ် နိုင်ငံတကာ အစားအစာတွေကို အသွင်တစ်မျိုးနဲ့ ဖော်ထုတ် ယှဉ်ပြိုင်တာမှလိုချင်တယ်ဆိုရင်လည်း sous chef level အောက်စားဖိုမှူးငယ် တွေကို ဖြေလျှော့ယှဉ်ပြိုင် စေရင်ဖြင့် ပရိတ်သတ်ကြီးရောရသမြောက်တဲ့ အစီအစဉ်တစ်ရပ်ကိုရှုစားကြရမယ့်အပြင် ပါဝင်ယှဉ်ပြိုင်တဲ့ chef အငယ် တွေပါနောင်တချိန် နေရာတစ်ခုအတွက်အလားအလာအများကြီးရှိပြီး ယုံကြည်မှုတွေပိုတိုးတက်လာစေနိုင်ပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားကတော့ဒိုင်တစ်ယောက်ပြောထားခဲ့သလို "မြန်မာနိုင်ငံ မှာအတော်ဆုံးစားဖိုမှူး ကိုရှာနေတာနော်" လို့ပြောကတည်းက လွဲမှားနေတယ်ဆိုတာ သုံးသပ်မိပါတယ်။ အရှေ့ကပို့စ်မှာကျနော် ရေးထားခဲ့သလိုပါပဲ chef တစ်ယောက်ဖြစ်ဖို့ ဟင်းချက်တက်ယုံနဲ့မရပါဘူး။ ကျနော်တို့ chef တွေဆိုတာဟာ ကျနော်တို့ငယ်ဘဝတစ်ခုလုံးကို kitchen ထဲမှာမြှုပ်နှံပြီး တခြား management skill , communication skill ,market knowledge,costing , business strategy စသဖြင့်မပြတ်လေ့လာ သင်ယူပြီး ဟိုတယ် တွေစားသောက်ဆိုင်တွေကအားထားရတဲ့ အသုံးဝင်တဲ့ chef တွေဖြစ်အောင်ကြိုးစားရတာပါ။

အခုလက်ရှိ Masterchef winner တစ်ယောက်အနေနဲ့ ကော ကျနော်အရှေ့ကပို့စ်မှာရေးထားခဲ့သလိုပါပဲ မြန်မာနိုင်ငံမှာအတော်ဆုံးစားဖိုမှူး တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုသွေးနားထင်ရောက် သွားစေတာကလွဲလို့ တစ်ကယ်ကော Masterchef အဖြစ်နဲ့ လခကောင်းကောင်းပေးပြီး ရှေ့ဆက်လို့ရပြီလား။ မဖြစ်နိုင်ပါဘူး စိတ်ဓါတ်တောင်ကျသွားစေနိုင်ပါတယ် ။

ကျနော်တို့ မြန်မာနိုင်ငံမှာ Masterchef ရောက်လာတော့ အနာဂါတ် chef မျိုးဆက်အတွက် တော့ အထောက်အပံ့အဖြစ်တော့ရပြီဆိုပြီး မုဒိတာပွါး ဝမ်းသာ ခဲ့ရပေမယ့် လက်ရှိပြိုင်ပွဲဝင်နေတဲ့ အနေအထား ဒိုင်တွေရဲ့ သုံးသပ်ပုံ ပြိုင်ပွဲဝင်တွေရဲ့ အချင်းချင်း ပြုမူနေတာတွေက စားဖိုမှူး တစ်ယောက်ရဲ့ team အပေါ်မှာထားရမယ့် သဘောထားတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပြီး လက်ဝှေ့ကြိုးဝိုင်းအသာထား street fighting ပုံစံ သူနိုင်ကိုယ်နိုင်အပြိုင်ကျဲ အနိုင်ရဖို့သာဦးတည် ပြီး အချင်းချင်းဆွဲချ နေပြီး ကိုယ့်ပညာ ကိုထုတ်ပြဖို့ထက် ကိုယ့်ပြိုင်ဘက် ကျန်ခဲ့ရင်ကိုယ့်အတွက်အခွင့်ကောင်း တစ်ရပ် လို့ခံယူထားနေကြတာကို တချို့သောပြိုင်ပွဲဝင်တွေမှာ ဝမ်းနည်းစွာမြင်တွေ့နေရပါတယ် ။

ဒီလိုမြင်တွေ့ ရလေ ပရိသတ်ကြီးကဆဲလေ ဒီလိုသာဆို ရင် ကျနော်တို့ chef တွေရဲ့ image ဟာ ပရိသတ်ရဲ့ အမြင်မှာဒီလိုလောကသားတွေပါလားလို့လွဲမှားစွာ မြင်တွေ့သွားနိုင်ပါတယ်။ ဒိုင်တွေကလည်း chef uniform မဟုတ်တဲ့ စကပ်ကြီးဝတ်လိုဝတ် မျက်နှာကချေပြီး ဒါလာစော်ကားနေသလိုခံစားနေရတယ်ပြောလိုပြော စသဖြင့် လူငယ်တွေရဲ့ မျှော်လင့်ချက်တွေကိုရိုက်ချိုးနေကြတာလားဗျာ ။ chef တွေကဆူခံအဆဲခံ တွေမဟုတ်ကြပါဘူး။အူတူတူ အတတ အနှိမ်ခံတွေမဟုတ်ကြပါဘူး။

chef တွေရဲ့ image ကိုသုံးပြီးလူစိတ်ဝင်စားအောင်လုပ်မယ်ဆိုရင်ဖြင့်အထက်ပါကျနော် သဘောရိုးနဲ့ အကြံပေးသည့်အတိုင်း ဖြေလျော့သင့်တာဖြေလျော့ ကိုယ့်တိုင်းပြည် သဘာဝ အလေ့အထနဲ့လိုက်လျောညီထွေ မှုရှိအောင်ပြင်ဆင်ပြီး တင်ဆက်လိုက်ရင်ဖြင့် လူတွေဒီထက်အားပေး တဲ့ လူကြိုက်များတဲ့ program လေးဖြစ်လာပါလိမ့်မယ်လို့ စေတနာကောင်းနဲ့ ရယ် chef တွေရဲ့ image မပျက်စီးစေဖို့ ပါ အကြံကောင်းပေးလိုက်ရပါတယ်ဗျားးးးးးးးးး

Source : Romeo Thu