Skip to main content

အနှစ် ၂၀ ကျော်မှ ရေကျလို့ တစ်ရွာလုံးနီးပါး ပြန်ပေါ်လာတဲ့ အင်ဒိုင်းရွာဟောင်း

အနှစ် (၂၀) ကျော်မှ ရေကျလို့ တရွာလုံးနီးပါ ပြန်ပေါ်လာတဲ့ အင်ဒိုင်းရွာဟောင်းကို ဒီနေ့ အင်းဒိုင်းရွာက လူများနဲ့အတူ ရောက်ရှိခဲ့ပါတယ်။



အင်ဒိုင်းရွာဟောင်းဟာ ရေတွင်းများ အုတ်ဂူများ
စာသင်ကျောင်း အုတ်ခုံများ လမ်းမကြီးများနှင့် အခြားသော အမှတ်အသားများဟာ အထင်းသာပေါ်လို့နေပါတယ်။



ရေက အတော်ကို ကျနေတော့ ရွာသူရွာသားတွေကတော့ သစ်ငုတ်တွေကြည့် ခြံစည်းရိုးတွေကြည့်ပြီး သူတို့အိမ်နေရာကို အတိအကျသိရတယ်လို ပြောပါတယ်။



၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည် တည်ဆောက်ခြင်းကြောင့် ကျွန်းလှမြို့ နှင့်အတူ ပြောင်းရွှေ့ခံ (၇၃) ရွာထဲမှာ အင်ဒိုင်းရွာလည်း တရွာအပါအ၀င်ဖြစ်ခဲ့ရပါတယ်။



အရင်က အင်ဒိုင်းရွာဟာ စားတော်ပဲ အလွန်ထွက်သဖြင့် စာဝတ်နေရေး ပြေလည်ကြောင်း ဆည်တည်ဆောက်လို့ ရွာနေရာပြောင်းပေးရတာကို ကျေနပ်ပါတယ် ဒါပေမဲ့ ပြောင်းရွှေ့ပြီးတော့ ပြည်သူကို ပြည်သူလို့ မသက်မှတ်ပဲ ကျွဲ နွားလို့သက်မှတ်ပြီး ဂရုမစိုက် မသိကျိုးကျွံပြုတာကတော့ အဲ့ဒီတုန်းက အစိုးရဟာ အင်မတန်မှ ရက်စက်လွန်းရာ ကျကြောင်း ရွာခံများက ပြောပါသည်။



ရွာသစ်ရွှေ့ရတော့ မယ်မယ်ရရ ဘာမှစိုက်ပျိုးလို့မရသဖြင့် အခတ်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း ရွာထဲမှာလဲ လူငယ်ဆိုတာ မရှိသလောက်ပဲ အပြင်ထွက် အလုပ် လုပ်နေကြသူက များကြောင်း သိရပါသည်။



ထိုစဉ်က ဘုန်ကြီးကျောင်း တကျောင်းကို ပြောင်းရွေ့စရိတ် အစိုးရက (၅)သိန်းပေးတယ်ဟု သိရပါသည်။



အစိုးရ ရုံးများ ပညာရေးကျောင်းများကိုသာ
အစိုးရက အဓိက ထောက်ပံ့ခဲ့ပြီး ဘုန်းကြီးကျောင်းတိုင်း ကျောင်းတိုင်းကိုတော့ ဘယ်ကျောင်းမဆို (၅)သိန်းသာပေးသဖြင့် ပြောင်းရွှေ့ရတာ အင်မတန်မှ ခဲယဉ်ခဲ့ကြောင်း နှင့်



ဘုန်းကြီးကျောင်းဆိုတာ ငါတို့တာဝန်မဟုတ်ဘူး
ရွာကလူတွေ ကိုးကွယ်တာ သူတို့ဘာသာ ဆောက်ကြလိမ့်မယ်လို့ ပြောသံတွေ ကြားခဲ့ရကြောင်း လက်ရှိအင်ဒိုင်းကျောင်ထိုင် ဆရာတော်က မိန့်ကြားပါသည်။



ပိုဆိုးတာက ရွာသူရွာသားတွေကို အစိုးရက ပြန်ပေးတဲ့ လယ်ယာမြေများဟာ သစ်တောကြိုးဝိုင်း ဧရိယာထဲက မြေများ ဖြစ်နေသဖြင့် စိုက်ပျိုးဖို့ အခတ်အခဲဖြစ်နေရသလို ပုံစံ(၇) မရသဖြင့် ခြေငွေရဖို့ဆိုတာ ဘယ်ဆီနေမှန်းတောင်မသိကြောင်း အင်ဒိုင်းရွာနီးတူ အခြားရွာများမှာလည်း ယခုကဲ့သို့ အခတ်အခဲတွေ ဖြစ်နေရကြောင်း သိရပါသည်။



အင်ဒိုင်း ပေါက်ကုန်း လက်ပံကြီးတော သုံးရွာပေါင်းကာ အင်တိုင်းရွာ အမည် နှင့် သဖန်ဆိပ်ရေလှောင်တမံ၏ အနောက်ဘက်တွင် စုပေါင်းနေထိုင်ကြကြောင်း သိရပါသည်။



ယနေ့ခရီးစဉ်အား ကူညီပေးသော ညီမ အေးမြတ်ခိုင်တို့ မိသားစုအား ကျေးဇူးအထူးတင်ပါသည်။

ကိုထက် #နေခြည်သစ် (ကျွန်းလှ)
27-8-2019