Skip to main content

နေပူပူထဲမှာ ဂေါင်းပြောင်ပြောင်နဲ့ အိတ်ထဲပါလာတဲ့ တစ်နိုင်တစ်ပိုင် ကျောက်ချဉ်လေးတွေကို ထိုင်ရောင်းနေတဲ့ အဘ

နေပူပူထဲမှာ ဂေါင်းပြောင်ပြောင်နဲ့ အိတ်ထဲပါလာတဲ့ တစ်နိုင်တစ်ပိုင် ကျောက်ချဉ်လေးတွေကို ထိုင်ရောင်းနေတဲ့ အဘ

မနက်စောစောစီးစီး အလှူဒါနလေးတစ်ခုပြုခွင့်ရခဲ့တယ်။ အဘက အသက်(၈၀)ကျော်ပီ လှိုင်သာယာက လာရောင်းတာတဲ့။ နေပူပူထဲမှာ ဂေါင်းပြောင်ပြောင်နဲ့ အိတ်ထဲပါလာတဲ့ တစ်နိုင်တစ်ပိုင်ကျောက်ချဉ်လေးတွေကို ထိုင်ရောင်းနေလေရဲ့



အဘ ကျောက်ချဉ်ဘယ်လိုရောင်းလဲဆိုတော့ တစ်တုံး ဘယ်လောက်ဘယ်လောက် ဆိုပီးသူရှင်းပြတယ် အသံတွေရော လက်တွေရောတုန်နေပီ။



ကျနော်အကုန်ဝယ်မယ်လို့ပြောတော့ သူအရမ်းဝမ်းသာသွားတယ် "ငါဒီနေ့အိမ်စောစောပြန်ရပီပေါ့"တဲ့။



အဘနေ့တိုင်းအခုလိုစျေးရောင်းနေတာလားလို့မေးတော့ "ဒီလိုပဲ ရုန်းကန်ရတာပေါ့ သားရယ်"တဲ့ ကျနော်ငွေပိုလေးပါ ထပ်ပီးကန်တော့ခဲ့တယ်



သနားလည်းသနားတယ် လေးလည်းလေးစားပါတယ်အဘရေ အခုအသက်အရွယ်ထိ ဘဝကိုဇွဲမလျှော့ဘဲ သမာအာဇီဝကျကျ ရုန်းကန်နေရဲတဲ့ သတ္တိကို လုံးဝ respect ပါဗျာ။

Source : Aung Kyaw Thu