အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်ကို မဖွယ်မရာ ပြုလုပ်၍ ဓါးဖြင့် ထိုးသတ်ခဲ့ပြီး အလောင်းကို ရေတွင်းထဲသို့ ပစ်ချ ဖျောက်ဖြတ်ခဲ့သူကို ဖမ်းမိ
အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်ကို မဖွယ်မရာ ပြုလုပ်၍ ဓါးဖြင့် ထိုးသတ်ခဲ့ပြီး အလောင်းကို ရေတွင်းထဲသို့ ပစ်ချဖျောက်ဖြတ်ခဲ့သူကို ဖမ်းမိ
တိုးဝေအောင်
မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာ တွင် အမျိုးသမီးငယ်ကို မဖွယ်မရာပြုလုပ်၍ဓါးဖြင့်ထိုးသတ်ခဲ့ပြီး အလောင်းကို ရေတွင်းထဲသို့ပစ်ချဖျောက်ဖြတ်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း သြဂုတ် ၂၃ ရက်နေ့ တွင် ရဲတပ်ဖွဲ့ အမှုဖွင့်အရေးယူထားသည်။
သြဂုတ် ၂၂ ရက်နေ့ ည ၇ နာရီ အချိန်ခန့်တွင် မြန်အောင်မြို့နယ် ရွှေကျင်ကျေးရွာ အပိုင်း ၁ ခရစ်ယာန်ဘုရားကျောင်း အရှေ့ဘက် ရေတွင်းပျက်ထဲတွင် လူတစ်ဦးသေဆုံးနေကြောင်း သတင်းအရ ရွှေကျင်နယ်မြေရဲစခန်းမှူး ရဲအုပ်မျိုးသူ နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
အဆိုပါရေတွင်းအတွင်း အသက် ၉ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး မှောက်လျက် အနေအထားဖြင့်သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။

သေဆုံးသူမှာ ရွာသစ်ကုန်းကျေးရွာနေ မနော်သူဇာအေး(၉ )နှစ် ဖြစ်ပြီး နဖူးမှနှာခေါင်းအထိ ပြတ်ရှဒဏ်ရာ၊ယာလက်မောင်းထိုးသွင်း၊ယာဂျိုင်းအောက်ပွန်းပဲ့ဒဏ်ရာ၊ယာရင်အုံထိုးသွင်း၊ ဝဲရင်အုံထိုးသွင်း၊ဝဲယာလက်ကောက်ဝတ်ပွန်း၊ဝဲလက်ချောင်း ၅ ချောင်း၊ပြတ်၊ဝဲတင်မခွက်ညိုမဲဒဏ်ရာများများရရှိထားသည်ကိုတွေ့ရှိခဲ့သည်။
အလောင်းကို သပြေကုန်းတိုက်နယ်ဆေးရုံသို့ပို့အပ်ခဲ့ရာ ပီအာရ် ၀၀၃ ဖြင့်လက်ခံစစ်ဆေးခဲ့သည်။အခင်းဖြစ်ပွားမှုကို သက်ဆိုင်ရာက စုံစမ်းစစ်ဆေးခဲ့ရာ သြဂုတ် ၂၁ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်တွင် ဖခင်ဖြစ်သူ ဦးမြရွှေမှ သမီးဖြစ်သူကို ခရစ်ယာန်ဘုရားကျောင်းတွင် ထမင်းချက်နေသည့် ဇနီးဖြစ်သူထံ သို့ ပေးပို့ခဲ့သည်။
ထိုသို့ပို့ဆောင်ပြီး ညနေ ၅ နာရီ အချိန်ခန့်တွင် သမီးဖြစ်သူကို ထမင်းစားရန် ခေါ်ယူစဉ် မတွေ့သဖြင့် ရွာသားများနင် ဧရစ်ယာန်ဘုရားကျောင်းတွင်ရှိသော ရွာသားများမှ လိုက်လံရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ကြောင်း သိရသည်။

နောက်တစ်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ထပ်မံရှာဖွေရာက ဘုရားကျောင်း ရေတွင်းပျက်အတွင်း သမီးအလောင်းကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြောပြသိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ရွှေကျင်နယ်မြေရဲစခန်းက(ပ)၃၂၉/၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့် စုံစမ်းခဲ့ရာ အမှုဖြင့် မသင်္ကာသူ ဟင်္သာတမြို့ ယုန်တလင်းကျေးရွာနေ ဆန်းလင်းအောင်(ခ)ကိုထိတ်(၁၇ နှစ်)ကို ခေါ်ယူစစ်ဆေးခဲ့သည်။
၎င်းကို စစ်ဆေးချက်အရ အခင်းဖြစ်ညနေ ပိုင်း ၄ နာရီ ၁၅ တွင်ဘုရားကျောင်းသို့ သွားရောက်ခဲ့ပြီး နော်သူဇာကို တစ်ဦးတည်းတွေ့ရသဖြင့် စနောက်ခဲ့ရာ ၎င်းက ဆဲဆိုခဲ့ကြောင်း မုန့်ကျွေးမည်ဟု ချော့မော့ခေါ်သွားခဲ့ပြီး ဘုရားရှိခိုးကျောင်းနှင့် အမက (ရွာသစ်ကုန်း)ကြားရှိ လူသူပြတ်သည့် ရေတွင်းပျက်အနီး အနီး ရင်သားများပွတ်သတ်ခြင်း၊ မိန်းမကိုယ်ကို လက်ဖြင့် ထိုးခြင်းများပြုရာ ရုန်းကန်ခဲ့သည်။

၎င်းက မိခင်ကိုတိုင်ကြားမည်ဟုပြောဆိုသဖြင့် ဓါးမြှောင်ဖြင့်ထိုးကာ ရေတွင်းပျက်အတွင်းသို့ ပစ်ချခဲ့ကြောင်းထွက်ဆိုခဲ့သည်။
ပြစ်မှုကျူးလွန်ခဲ့ရာတွင် အသုံးပြုခဲ့သည့် ပုဆိုးနှင့် ဓါးမြှောင်ကိုနေအိမ်တွင် ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ပြီး အခင်းဖြစ်စဉ်က ဝတ်ဆင်ခဲ့သည့် အကျီကို အိမ်သာကျင်းအတွင်း စွန့်ပစ်ခဲ့ကြောင်းထွက်ဆိုခဲ့သဖြင့် သက်ဆိုင်ရာက သိမ်းဆည်းကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ ဆက်လက်အရေးယူဆောင် ရွက်ထားကြောင်းသိရသည်။
ပေးပို့ - ဧရာဦးသာS.Hမီဒီယာ
Aung Kyaw Oo