Skip to main content

ထိုင်းအစိုးရရဲ့ ဆင်းရဲသား ကယ်တင်ရေး ထောက်ပံ့ကြေး မြန်မာနွယ်ဖွား တောင်ပေါ်တိုင်းရင်းသားများ ရရှိ

ထိုင်းအစိုးရရဲ့ ဆင်းရဲသား ကယ်တင်ရေး ထောက်ပံ့ကြေး မြန်မာနွယ်ဖွား တောင်ပေါ်တိုင်းရင်းသားများ ရရှိ

ထိုင်းနိုင်ငံ အတွင်းမှာ နေထိုင်ကြတဲ့ အခြေခံ (၀င်ငွေနည်း) လူတန်းစားမိသားစုတွေ သက်ကြီးရွယ်အို ွှအသက် ၆၀ အထက် နဲ့ မွေးခင်းစကလေးငယ်တွေ အတွက် ၂၀၁၉ သြဂုတ်လ ထောက်ပံ့ကြေးအနေနဲ့ တဦးကို ဘတ်ငွေ (၅၀၀) ဘတ်ကို ( မြန်မာငွေ နှစ်သောင်းခွဲ ၊ )ကို ထိုင်းမြန်မာနယ်စပ် မဲဟောင်ဆောင် ခရိုင်အတွင်းက ကရင်နဲ့ ရှမ်း တိုင်းရင်းသားတွေကိုပါ ပေးအပ်ခဲ့ကြောင်း သိရပါတယ်။

ထိုင်းလူဦးရေ သန်း၇၀ နီပါး ရှိလာနေရာမှာ (69.63 million) မှာ ၀င်ငွေနည်း စာရင်း၀င် လူဦးရေဟာ ၅ သန်းကျော်ရှိပြီး ထိုင်းမြန်မာနယ်စပ်မှာ နေထိုင်နေကြတဲ့ မြန်မာနွယ်ဖွား တောင်ပေါ်တိုင်းရင်းသားတွေကိုပါ ၀င်ငွေနည်း စာရင်းမှာ ထည်သွင်းပြီး ထိုင်းအစိုးရက ထောက်ပံ့ကြေး ပေးခဲ့တာပါ။

ယခုရရှိတဲ့ ထောက်ပံ့ကြေးကို မဲဟောင်ဆောင်ခရိုင်အတွင်းက မဲငေါင်-မဲလနွိုင်း-ဟွေ့ပုန်-ခွန်ယုန် စတဲ့ နေရာဒေသတွေက နေ ဒေသခံတွေဟာ ကားစီးလုံးလိုက်ငှားလာကြပြီး ဘဏ်မှာလာထုတ်ယူတာတွေ ့ရပါတယ်။

ခုလိုပေးတဲ့ အစိုးရထောက်ပံ့ကြေးကို ကလုန်ထိုင်းဘဏ်မှာ ငွေထုတ်နိုင်တဲ့ စနစ်နဲ့ ကပ်ပြားတွေထုတ်ပေးထားသလို နယ်မြေတိုင်းက စတိုးဆိုင်
တွေမှာလည်း ဒီကပ်ပြားနဲ့ စျေး၀ယ်နိုင်ကြပါတယ်။

အာဏာရ ထိုင်းစစ်အစိုးရကို လူထုက ထောက်ခံမှုတွေရလာတဲ့ လုပ်ဆောင်မှုတွေမှာ နိုင်ငံတော်ပိုင်ငွေကြေးကို ဆင်းရဲသားတွေ ခွဲဝေပေးတဲ့ "ဘတ်စဝါတိကန်" အစီစဉ်လည်း ပါ၀င်ပါတယ်။

Source : SAW