ကလေးအမေ တစ်ယောက်၏ အလွမ်း
သမီးလေးက ၃နှစ်တောင် မပြည့်သေးဘူး ကျောင်းအတင်းနေချင်လို့ မူကြိုအစောပို့လိုက်ရတာ။ ကျောင်းတက်နေစဉ်မှာလည်း ကျူရှင်တက်ချင်တယ် ပူဆာရင် ထားပေးရတာဘဲ။
ကျမတို့က တစ်ခြားမိဘတွေလို ကလေးပညာရေး စိတ်ပူပီး ကျူရှင်ထားမယ် စာလုပ်ခိုင်းမယ်နဲ့ ဘာမှပြောစရာမလိုခဲ့ဘူးး ကလေးကိုက ပညာတအားလိုချင်တာ။
သမီးကြီးက အငယ်မလေးလို မဟုတ်ဘူးး ပူဆာခဲတယ်။ သူ့ပညာရေးနဲ့ ပတ်သတ်လို့ဘဲ ပူဆာတတ်တာ။ ဒါလည်း ကျမတို့က ငွေရေးကြေးရေးအရ ချက်ချင်းလုပ်မပေးနိုင်သေးတဲ့အခါဆိုရင် အမေလုပ်ပေးမယ်နော် ခနလေးစောင့်အုံး လို့ ပြောလိုက်ရင် ဘာမှ ထပ်မပြောရှာဘူးး စောင့်ပေးတယ်။ တအားလိမ္မာရှာတာ။ အငယ်မလေးကမှ ဇွတ်ဆိုဇွတ်။
ကျမတို့ကလည်း အပြည့်စုံကြီး မဟုတ်ပေမယ့် သူတို့လိုချင်တာဆို တတ်နိုင်သမျှ ဖြည့်ဆည်းပေးခဲ့ပါတယ်။ တခါတလေ ကိုယ့်ထဲမရှိချိန်ဆို ချေးငှားပီးတောင် လုပ်ပေးခဲ့တာမျိုးတွေရှိတယ်။ ပိုက်ဆံဆိုတာ လူကရှာတာဘဲ ကလေးစိတ်ချမ်းသာ ပီးရော ပီးပြန်ဆပ် ရတာဘဲဆိုပီးကို ဖြည့်ဆည်းပေးခဲ့ကြဒါ။

သမီးလေးက ပညာလိုချင်တော့ ကျမတို့ Nobleမှာ ဖြစ်အောင်ထားပေးတယ်။ ခုလည်း သူခွဲရစိပ်ရမယ်ဆိုတော့ ကျမတို့မှာ စိတ်ချရအောင် ငွေဘယ်လောက်ကုန်ကုန် ကလေးက အဓိကဆိုပီး ဒီလို ဆေးရုံကြီးကို ယုံပီးး (ပြောရင်း မျက်ရည်ကျရှာတယ်)။
မကြာသေးဘူးး ကလေးက ပထမရလို့ မေမေ သမီးကို လက်စွပ်လေးလုပ်ပေးပါ။ သမီး မေမေ့ကို ဒါမျိုးတစ်ခါမှ မပူဆာဖူးပါဘူးး သမီး ပထမရလို့ မေမေက ဆုချမယ်ဆို လက်စွပ်လေး လုပ်ပေးပါဆိုလို့ ကျမ ဖြစ်အောင်လုပ်ပေးခဲ့တယ်။
သူ သူဝတ်ချင်တဲ့ လက်စွပ်လေးကို ၆ရက်ပဲ ဝတ်လိုက်ရတယ်။ ကျမတို့လည်း မထင်ခဲ့ဘူးး သမီးလေးလည်း သူ့ကိုယ်သူ ထင်မှာမဟုတ်ရှာဘူးးး (မျက်ရည်ကျရှာပြန်လေသည်)
ခုတော့ ညီအစ်မလေးနှစ်ယောက်ရှိတာ တစ်ယောက်ပဲ့သွားရရှာဘီ။ အငယ်မလေးကလည်း ခဏခဏငိုတယ် သူ့အစ်မအကြောင်းကို မမေးပါနဲ့ တဲ့။

သူ့အစ်မက သူ့ကိုချစ်တော့ တအားစတာ။ အငယ်မက စွာတော့ တဗျန်းဗျန်းရိုက်တာဘဲ။ အဲ့ဒါလည်း အကြီးမလေးက ခံတာဘဲ။ ခုတော့ သူတို့ ရန်ဖြစ်လို့လည်း မရတော့ပါဘူးး။ သမီးလေးလည်း စာတွေလုပ်လို့မရတော့ပါဘူးး။ ကျမတို့ကို ဘာမှလည်း ပူဆာလို့ မရတော့ပါဘူးး။ ကျမတို့လည်း ဘာမှလုပ်ပေးလို့ မရတော့ပါဘူးး (ငိုရှာတယ်လေ) 😢😢😢😢😢😢😢😢😢😢😢
ဟုတ်ပါတယ် ဒီကိစ္စမှာ ဆေးရုံက မမှားခဲ့ပါဘူးး။ အဆင့်မြင့်ဆေးရုံကြီးဆိုပီး ယုံကြည်မိခဲ့တဲ့ ကလေးမိဘတွေ မှားတာပါ။
ဟုတ်ပါတယ် ဒီကိစ္စဟာ ဆေးရုံရဲ့ ပေါ့ဆမှု့မဟုတ်ပါဘူးး။ အဆင့်မြင့်ဆေးရုံကြီးဘဲဆိုပီး ကိုယ့်ကလေးအသက်ကို ပုံအပ်ထားမိတဲ့ ကလေးမိဘတွေရဲ့ ပေါ့ဆမှု့ပါ။
ဟုတ်ပါတယ် ဆေးရုံရဲ့အမှားမဟုတ်လို့ တောင်းပန်စရာမလိုတဲ့အတွက် ကလေးမိဘတွေနဲ့ ကျနော်တို့ကဘဲ တောင်းပန်ပါတယ်။
ဟုတ်ပါတယ် ဆေးရုံရဲ့ ဆေးပညာအသုံးအနှုန်းတွေကို နားမလည်ခဲ့မိတာ မိဘတွေရဲ့ အမှားး။ ခွဲစိပ်ဖို့အတွက် လက်မှတ်ထိုးရတဲ့စာရွက်တွေကို မထိုးရင် မခွဲပေးဘူးဆိုတော့ ရွေးချယ်ခွင့်မရှိဘဲ လက်မှတ်ထိုးခဲ့ရတဲ့ မိဘတွေ သိပ်များတာလည်း မိဘတွေ အမှားး။
ခွဲစိပ်စားရိတ် ဆေးရုံစားရိတ်တွေ မယူခဲ့တဲ့ ဆေးရုံရဲ့ ဂရုဏာသက်မှု့ကို ကျေးဇူးမတင်တတ်ခဲ့မိတာ မိဘတွေအမှားး။
ကလေးသေဆုံးတာကို ချက်ချင်းဖွင့်မပြောခဲ့တာက ဆေးရုံရဲ့ အမှားကြောင့် မဟုတ်ပဲ မိဘတွေ မခံစားနိုင်မှာစိုးလို့ဆိုဒါ နားမလည်ခဲ့တဲ့အတွက် အဲ့ဒါလည်း မိဘတွေရဲ့ အမှားးး။
ကလေးအတွက် ဝမ်းနည်းကြောင်းလေးကို ဖုန်းဆက်မေးဖေါ်တောင် မရခဲ့ဘူးဆိုပီး ဆေးရုံကို စိတ်ဆိုးမိတာလည်း မိဘတွေ အမှားဘဲ။ သူတို့သားသမီး၊ သူတို့မိဘ၊ သူတို့အမျိုးမှ မဟုတ်တာဘဲဗျ သူတို့မေးချင်မှ မေးမှာပေါ့။
ဟုတ်တယ် အားလုံးက မိဘတွေ အမှားပါ။ ကျေနပ်ကြဘီလားဗျာ။ ငိုမနေပါနဲ့ အစ်မတို့ အစ်ကိုတို့ရယ် အင်အားနဲတာကိုက ခင်များတို့အမှားဘဲ😢😢
မယ် အိ (Ei Khaing Win)