Skip to main content

အမျိုးသမီးများ မီးယပ်သွေးဆုံးခြင်း အတွက် ဆေးနည်း

အမျိုးသမီးများ မီးယပ် သွေးဆုံးခြင်း အတွက် ဆေးနည်း

ယောကျ်ားတေဇော၊ မိန်းမအာပေါဆိုသော တိုင်းရင်းဆေးပညာ၏ ဝေါ်ဟာရရှိ၏။ အမျိုးသားတို့က တေဇောဓာတ်လွန်ကဲတတ်ကြပြီး အမျိုးသမီးတို့က အာပေါဓာတ်နှင့် ပထဝီဓာတ်များ လွန်ကဲလေ့ ရှိသည်ဟုဆို၏။

အမျိုးသမီးတို့သည် မီးယပ်သွေးတည်းဟူသော အာပေါဓာတ်ယိုစီးမှုကြောင့် ရုပ်သဏ္ဍာန်လှပမှုတွင် ရင်နှင့်တင်စသည်ဖြင့် ရုပ်ကိုရှေ့ဆောင်ခြင်းဖြစ်လေသည်။

အမျိုးသမီးများ၏ ကျန်းမာရေးသည် မီးယပ်သွေးနှင့် သက်ဆိုင်နေတတ်ပေသည်။ ထိုကြောင့်လည်း မီးယပ်သွေးလစဉ်မှန်မှန် ဆင်းသက်စေရန် အမျိုးသမီးများ စောင့်ရှောက်သင့်လှ၏။အမျိုးသမီးများသည် အဓိကအားဖြင့် မီးယပ်သွေးမမှန်ခြင်းမှ စကာ မီးယပ်ရောဂါအမျိုးမျိုးကို ခံစားကြရသည်။

အမျိုးသမီးအများစု ခံစားရတတ်သော မီးယပ်သွေးဆုံးခြင်းနှင့်ပတ်သက်ပြီး တင်ပြရပါလျှင် သွေးဆုံးချိန်နီးသည်အချိန် ကြားကာလမျိုးတွင် ရောဂါ၏ မာယာကစတင်တတ်လေသည်။

ချမ်းလိုက်၊ပူလိုက်ဖြစ်၏။ ခေါင်းကိုက်ခြင်း၊နှလုံးတုန်၊ မောပန်းခြင်းလည်းဖြစ်၏။ထိုမျှမက ခြေဖျား၊လက်ဖျားတို့အေးပြီး စိတ်မငြိမ်သက်ဖြစ်ရကာ စားမကောင်းအိပ်မပျော်စုံလင်လှပေသည်။

ထိုကြောင့်ထိုအမျိုးသမီး၏ ကျန်းမာရေးသည် ကောင်းလိုက်၊မကောင်းလိုက် နာလည်ရခက်နေတတ်လေသည်။ ဒါကြောင့်လည်း မီးယပ်သွေးဆုံးယောကျာ်းမုန်း ဟု စာပင်ချိုးကြ တော့သည်။

မီးယပ်သွေးဆုံးခြင်းနှင့်ပတ်သက်၍ တိုင်းရင်းဆေး ဆရာကြီးဦးကြွယ် အလွန်ထိရောက်သောဆေးနည်းကောင်း လေးအားပေးဖူးပါသည်။ ထိုဆေးနည်းမှာ သွေးဆုံးမီးယပ်ခံစားနေရသောအမျိုးသမီး တစ်ပတ်တစ်ကြိမ်နှုန်း တစ်လလျှင်(၄)ကြိမ် လွယ်လင့်တကူသောက်ပေးရန်ဖြစ်ပါသည်။

(၁) ထမင်းရည် ငါးကြင်းဖန်ခွက်(၁)ခွက်

(၂) ကြက်ဥစိမ်း (၁)လုံး (အိမ်ကြက်ဥရပါက ပိုကောင်းပါသည်)

(၃) ငရုတ်ကောင်းမှုန့် (၅)စေ့စာ

(၄) ဆားအနည်းငယ်

(၅) ပျားရည် (၂)ကျပ်သား

ထမင်းရည်ပူပူထဲ ကြက်ဥကိုဖေါက်ထည့်ပေးပြီး ငရုတ်ကောင်း၊ ဆားထည့်ပြီး ပျားရည်ထည့်မွှေ၍ထမင်းရည်နေ ေးနွေးကို တစ်ခါတည်း သောက်ပေးခြင်းဖြစ်လေသည်။

ဝန်ထမ်းဘဝတစ်လျှောက် တိုင်းရင်းဆေးဆရာကြီးဦးကြွယ်ပေး သောဆေးနည်းဖြင့် ရောက်ရှိရာနေရာဒေသများတွင် ဆေးနည်း ဒါနပြုခဲ့ရာ အတော်ပင် ထိရောက်အကျိုးရှိပါ၍ လိုသူတို့ သုံးနိုင်ပါရန် အပန်းမကြီးသော မီးယပ်သွေးဆုံးဆေးနည်းကို တင်ပြလိုက်ပါသည်။









လိုသူယူသုံးစေတနာအပြုံးဖြင့် ရွှင်လန်းကြပါစေ…။

Credit : ရဲမျိုးသူ(ဗောဓိမြိုင်)