Skip to main content

ဂျပန်မှာ ထိုးသတ်မယ့် အောင်လအန်ဆန်း၊ ဖိုးသော် တို့ရဲ့ ပွဲစဉ်တွေကို တရားဝင် ကြေငြာလိုက်ပြီ ဖြစ်တဲ့ One Championship

ဂျပန်မှာ ထိုးသတ်မယ့် အောင်လအန်ဆန်း၊ ဖိုးသော် တို့ရဲ့ ပွဲစဉ်တွေကို တရားဝင် ကြေငြာလိုက်ပြီ ဖြစ်တဲ့ One Championship

အာရှ ရဲ့ အကြီးမားဆုံး နဲ့ အခမ်းနားဆုံး ဖိုက်တာ ပြိုင်ပွဲကြီး ဖြစ်တဲ့ One Century ပွဲစဉ်ကို လာမယ့် အောက်တိုဘာလ 13 ရက်နေ့မှာ ၊ ဂျပန် နိုင်ငံ တိုကျို မြို့မှာ ကျင်းပ ပြုလုပ်သွားမှာ ဖြစ်ကြောင်း One Championship က တရားဝင် ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ One Championship ရဲ့ အတော်ဆုံး ဖိုက်တာတွေ ယှဉ်ပြိုင် ကစားမယ့် ပွဲကောင်းတွေကို ပါဝင်မှာ ဖြစ်တဲ့အပြင် ၊ မြန်မာ လူမျိုးတွေ အတွက် ဂုဏ်ယူဖို့ ကောင်းတာက ပြိုင်ပွဲရဲ့ Main Event အဖြစ် အောင်လ နဲ့ ဘရန်ဒန် ဗီရာ တို့ ထိုးသတ် မယ့်ပွဲစဉ်ကို သတ်မှတ်ပေးသွားခဲ့တာဖြစ်ပါတယ်။



UFC ပြိုင်ပွဲရဲ့ ချန်ပီယံဟောင်းတွေ ဖြစ်တဲ့ ဒီမက်ထရီယက် ဂျွန်ဆင် နဲ့ အက်ဒီ အယ်ဗာရက် တို့ဟာလဲ ဒီပြိုင်ပွဲမှာ သူတို့ရဲ့ ဝိတ်တန်း အသီးသီးက နောက်ဆုံး ချန်ပီယံလုပွဲတွေ ထိုးသတ် ယှဉ်ပြိုင် ကြမှာ ဖြစ်ပြီး ၊ ဖိုးသော် ကတော့ တောင်ကိုရီးယားသား ယွန်ချန်မင် နဲ့ ထိုးသတ်သွားမှာ ဖြစ်ပါတယ်။

ဘရာဇီးသား ဘီဘီယာနို ဖာနန်ဒက် နဲ့ ဖစ်လစ်ပိုင် ရဲ့ နာမည်ကြီး ဘယ်လီဂွန် တို့ရဲ့ မကျေပွဲတွေကလဲ ပရိသတ်တွေ ရဲ့ အာရုံကို အပြည့်အ၀ ဖမ်းစားလေ့ရှိတဲ့ ပွဲမျိုး ဖြစ်ခဲ့သလို ၊ ဂျပန်မှာလဲ သူတိုနှစ်ယောက်ဟာ ဘန်တန်ဝိတ် ချန်ပီယံဆု အတွက် နောက်တစ်ကြိမ် စိန်ခေါ်ပွဲကို ထပ်မံ ထိုးသတ်သွားဦးမှာပါ။

စိတ်ဝင်စား စရာ အကောင်းဆုံး ပွဲစဉ်ကတော့ လက်ရှိ ကမ္ဘာ့ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်တဲ့ အောင်လ အန်ဆန်း နဲ့ ဟဲဗီးဝိတ် ချန်ပီယံ ဗီရာ တို့ ထိုးသတ်မယ့် ပွဲစဉ်ပဲ ဖြစ်ပါတယ်။ ဖီလစ်ပိုင် ဖိုက်တာကြီးဟာ အောင်လန် အန်ဆန်း ရဲ့ Light Heavyweight ချန်ပီယံ ဆုကို ရယူလိုချင်တာကြောင့် ၊ စိန်ခေါ်ခဲ့ရာ ကနေ အောင်လ က လက်ခံပေးခဲ့တာကြောင့် ၊ အခုလို ဝိတ်တန်းမတူတဲ့ ချန်ပီယံနှစ်ယောက်ရဲ့ ပွဲစဉ် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ လူကြိုက် အများဆုံး ပြိုင်ပွဲဖြစ်တဲ့ UFC မှာတော့ Light Heavyweight တန်းကို ခန္ဒကိုယ် အလေးချိန် ပေါင် 186.1 ပေါင် ကနေ 205 ပေါင် အထိ သတ်မှတ်ထားတာ ဖြစ်ပမေယ့် ၊ One Championship ကတော့ 224.9 ပေါင် အထိ သတ်မှတ်ထားတာ ဖြစ်ပါတယ်။



သို့သော် ဗီရာဟာ အောင်လ ကို စိန်ခေါ်ထိုးသတ် ဖို့အတွက် သူ့ရဲ့ အလေးချိန်ကို 224.1 ပေါင် အထိ ချထားရမှာ ဖြစ်ပြီး ၊ လက်ရှိမှာတော့ အဲဒီလို ဝိတ်ချတဲ့ အစီအစဉ် အပါအဝင် အခြား ပြင်ဆင်မှုတွေကိုလဲ အမေရိကန် နိုင်ငံ လော့စ်အိန်ဂျလိစ် မြို့မှာ ပြုလုပ်လျှက် ရှိနေပါတယ်။

ပြိုင်ပွဲ စည်းကမ်းတွေ အရ ကိုယ်ခန္ဒာ အလေးချိန်အရ သတ်မှတ်ချက်အတိုင်း ပြည့်မီ ရမှာ ဖြစ်ပေမယ့် ၊ ဗီရာ ရဲ့ အရပ် အမောင်းဟာ အောင်လ ထက် 2 လက်မ အထိ ပိုရှည်နေဆဲ ဖြစ်မှာ ဖြစ်ပါတယ်။

မြန်မာ့ သူရဲကောင်းကြီးကတော့ ပြိုင်ဘက်ဟာ သူ့ထက် ဝိတ်ကြီးတာရော ၊ အရပ်ရှည် နေတာရောက ပြသနာ မဟုတ်ဘူးလို့ ဆိုလိုက်ပြီး သူ့ရဲ့ ပြင်ဆင်မှုတွေကို အခုလို ပြောဆိုသွားခဲ့ ပါတယ်။

“ ကျနော် တို့ လေ့ကျင့်ရေး စင်တာမှာ ဘော်ဒီ ဆိုဒ် အမျိုးမျိုး ရှိတဲ့ လေ့ကျင့်ဖော်တွေ ရှိပြီးသားမို့ စိတ်ပူးစရာ မရှိပါဘူး။ ကျနော့်မှာ ဗီရာ နဲ့ တည်ဆောက်ပုံတူတဲ့ ဘော်ဒါတွေ ရှိသလို ၊ သူ့ထက် ပိုကြီးတဲ့ ဟဲဗီဝိတ်တွေ နဲ့တောင် အတူတူ လေ့ကျင့်နေတာပါ။ ဒါကြောင့်မို့ သူ့ဘက်က အရပ်ရှည်တာတွေ ၊ ဝိတ်တန်းပိုနေတာတွေက ပြသနာ မဟုပါဘူး” လို့ ထုတ်ဖော် ပြောဆိုသွားခဲ့ ပါတယ်။

Source : Sports Myanmar