ဆိုက်ကားပျောက်ပြီ အုံနာကို သူမရှင်းနိုင်တော့ဘူး ဒုက္ခရောက်ပြီ ဆိုပြီး မော်တင်ကမ်းနားမှာ ရေထဲ ခုန်ချ သတ်သေ (သူငယ်ချင်းတွေက ဆိုက်ကားကို ဖွက်ပြီး နောက်ထားတာ)

လူတစ်ယောက်ကို သေအောင် နောက်ပြောင်ခြင်းကို မပြုလုပ်သင့်ပါ။
ကြုံရ ဆုံရ နိဗ္ဗာန် ယာဉ်မောင်းဘဝ
လူမှုကူညီရေးအသင်း(ရန်ကုန်)

ဒီနေ့ ရန်ကုန်ဆေးရုံ့ကြီးကနေ ထိန်ပင်ပို့မယ့် dead body သယ်ဖို့သွားရင်း သေဆုံးသူရဲ့ ဇနီးနဲ့တွေ့တော့
အလောင်းမှာ ဝတ်ဖို့ အဝတ်အစားပါလား အစ်မ?
မပါဘူး မောင်လေး
သေဆုံးသူက အစ်မနဲ့ဘာတော်လဲ ?
ယောင်္ကျား
ဘယ်လိုသေတာလဲ?
ရေနစ်တာ
ရေဆင်းကူးရင်းသေတာလား အစ်မ?
မဟုတ်ဘူး မောင်လေး။ အစ်မ ယောင်္ကျားက မော်တင်မှာ ဆိုက်ကားနင်းတယ် ။ သူ့သူငယ်ချင်းတွေက ဆိုက်ကားကို ဖွက်ပြီး နောက်ထားတာ။ သူက ဆိုက်ကား ပျောက်ပြီဆိုပြီး အုံနာကို သူမရှင်းနိုင်တော့ဘူး ဒုက္ခရောက်ပြီဆိုပြီး မော်တင်ကမ်းနားမှာ ရေထဲ ခုန်ချသွားတာ။
( ကိုယ့်ကိုကိုယ် သတ်သေလောက်တဲ့အထိ ငွေကြေးရဲ့ ဖိနှိပ်မှုတွေက ဘယ်လောက်များ ဆိုးရွားစွာ ခံခဲ့ရပြီလဲ.......)
ဆိုးလိုက်တဲ့ အဖြစ်တွေ...........😢
ကျန်ရစ်သူ မိန်းမကို သေစာရင်းမှာ လက်မှတ်ထိုးခိုင်းတော့ ကြက်ခြေခတ်လေးပဲ ခြစ်တတ်တယ်။ စာလုံးဝမရေးတတ်
(ပညာမဲ့ခဲ့ရတဲ့ ဘဝတွေ )
နေတော့ လှိုင်သာယာ ကျူးကျော်တဲ
အသုဘကို လိုက်ပို့တဲ့သူက တစ်ယောက်မှ မရှိ
( လူဆင်းရဲတွေရဲ့ဘဝဟာ နောက်ဆုံးထွက်သက်မှာတောင် လိုက်ပါပို့ဆောင်သူမဲ့)
နောက်ဆုံး မီးသဂြိုလ်စက်ထဲ ထည့်ခါနီးတော့ မှန်ခေါင်းလေးကိုဖွင့် ယောင်္ကျားရဲ့ လက်လေးကိုင်ပြီး ငိုနေတဲ့ ဒီအစ်မမျက်နှာ
(လင်မယားဆိုတာ မေတ္တာကိုသာ အခြေခံထားရင် ဘယ်လိုဘဝတွေပဲရောက်ရောက် နောက်ဆုံးထွက်သက်အထိ အတူရှိနေတာပါလား......💕 )

ဒီလောက် ခက်ခဲတဲ့ လူ့ဘဝကို သူတစ်ယောက်ထဲ ဘယ်လိုနည်းနဲ့ ဆက်လျှောက်အုန်းမလဲလို့ ထိန်ပင်သုဿန်ကအပြန် လမ်းတစ်လျှောက်လုံး စဉ်းစားမိရင်း........
လူစဉ်မမှီတဲ့ လူဆင်းရဲဘဝများမှ အမြန်ဆုံး လွတ်မြောက်ကြပါစေ
KS
#CRD : KS