ချွဲထပြီး သလိပ်ပွ၍ ရင်ဘတ် အောင့်နေသူများ အတွက် ဆေးနည်း
ဆေးလိပ်သောက်ခြင်း နှစ်ကြာလာသည်နှင့် အမျှ အကျိုးရ လဒ်က ချွဲများထပြီး သလိပ်ပွ၍ ရင်ဘတ်မကြာ ခဏအောင့် ခြင်းဖြစ်လေသည်။ ထိုသို့ ဖြစ်လေတိုင်း ဆေးခန်းသွားကာပြပြီး ဆရာ၀န်အား ဆေးလိပ် ဖြတ်ရန် ကတိပေးမိသည်။ သို့သော်သက်သာသည်နှင့် ဆေးလိပ် ပြန်သောက်ဖြစ်ပြန်သည်။
ထိုကြောင့်လည်း ချွဲထ သလိပ်ပွ၍ ရင်ဘတ်အောင့်ခြင်းနှင့် အတူ အလွန်မော ပန်းခြင်းကို ပြန်၍ ခံစားရလေသည်။ ဆေးလိပ်လည်း မဖြတ်နိုင်ဘဲ ချွဲသလိပ်ပွကာ မောပန်းခြင်းကို ကင်းစေသည့်ဆေးနည်းလေး တစ်ခုရလိုက်ပါသည်။
ဆေးနည်းမှာ
- ပျားရည်စစ်စစ် (၁) ပုလင်း
- ပင်စိမ်းရွက် (အစို) (၂) ကျပ်သား
- ငရုတ်ကောင်းမှုန့် (၁) ကျပ်သား
ထိုသုံးပါးကို ပုလင်းထဲရောပြီး (၇) ရက် စိမ်းထားလိုက်ပါ။ (၇) ရက်စိမ်ပြီး နောက် နေ့စဉ်ညအိပ်ရာ၀င်ချိန် ထမင်းစား ဇွန်း (၁) ဇွန်း သောက်ပေးပြီး၊ နေစဉ် ရေမှန်မှန် ချိုးပေးပါ။ ၀မ်းတွင်း အပူအပုပ်များ ဆင်းသွားပြီး ချွဲထ သလိပ်ပွ၍ ရင်ဘတ်အောင့်ခြင်း ကင်းစေပါကြောင်း ဆေးနည်းကောင်းလေးအား တင်ပြလိုက်ပါသည်။
ရဲမျိုးသူ(ဗောဓိမြိုင်)