Skip to main content

မိခင်ဖြစ်သူရဲ့ ဆေးဖိုး ကာမိစေဖို့ အတွက် အများသုံး အိမ်သာမှာ သန့်ရှင်းရေး လုပ်နေရရှာတဲ့ မသန်စွမ်း သား

မိခင်ဖြစ်သူရဲ့ ဆေးဖိုး ကာမိစေဖို့ အတွက် အများသုံး အိမ်သာမှာ သန့်ရှင်းရေး လုပ်နေရရှာတဲ့ မသန်စွမ်း သား

မိဘကို လုပ်ကျွေးပြုစုနိုင်ရေးဟာ တာဝန်ခံမှုအပြည့်ရှိတဲ့ သားသမီးတိုင်းရဲ့ မဟာရည်မှန်းချက် ဖြစ်ပါတယ်။ မိမိဟာ သာမန်လူတစ်ယောက်ဖြစ်စေ၊ အလွန်လစာကောင်းသူတစ်ယောက်ဖြစ်စေ၊ ကုမ္ပဏီသူဌေးကြီးဖြစ်စေ အရေးမကြီးပါဘူး။ မိဘတွေကို တကယ်လုပ်ကျွေးချင်တဲ့စိတ် ရှိမရှိက အရေးကြီးပါတယ်။



သူဌေးကြီးဖြစ်နေသော်လည်း မိဘတွေကို မေ့မေ့လျော့လျော့ ပစ်ထားသူတွေဟာ ဘဝရှုံးကြသူတွေလို့ ပြောလို့ရပြီး၊ ကိုယ်တိုင်က စားဝတ်နေရေး အနိုင်နိုင်ဆိုပေမယ့်၊ ဟင်းကောင်းလေး တစ်ခွက်ချက်တိုင်း မိဘစားပွဲပေါ် ရောက်အောင် ပို့ပေးတဲ့သူဟာ ဘဝအရတော်သူတွေလို့ ဆိုရမှာပါ။

အခုလည်း ကိုယ်တိုင်က မသန်စွမ်းဖြစ်နေရှာတဲ့ အမျိုးသားတစ်ယောက်ဟာ မိခင်ဆေးဖိုး ကာမိစေဖို့အတွက် အများသုံးအိမ်သာမှာ သန့်ရှင်းရေးလုပ်နေပါတယ်။ သူ့အနေနဲ့လည်း အိမ်သာသန့်ရှင်းရေးထက် ပိုကောင်းတဲ့ လုပ်ငန်းကို ရွေးချယ်ခွင့်ရရင်၊ အဲဒီလုပ်ငန်းကို ရွေးချင်မှာပေါ့။



သူ့အမည်ကတော့ Muhammad Helmi Firdaus Abdul Halid ဖြစ်ပြီး အသက်(၂၂)နှစ်ပါ။ သူဟာ ငယ်ငယ်က သာမန်ကလေးတွေလို သန်စွမ်းသူ ဖြစ်သော်လည်း၊ Hydrocephalus ရောဂါကြောင့် မသန်စွမ်းဖြစ်ခဲ့ရတာပါ။ မိသားစု ဝင်ငွေအတွက် Puchong Perdana မှာတည်ရှိတဲ့-

အိမ်သာမှာ သန့်ရှင်းရေးလုပ်နေရပြီး၊ မနက် (၅)နာရီကနေ ညမိုးချုပ်အထိ ဖြစ်ပါတယ်။ အဲဒီအိမ်သာဟာ Bandar Kinrara LRT မှာ တည်ရှိပြီး အိမ်နဲ့ (၄)ကီလိုမီတာ (၂ မိုင်ခွဲခန့်) ဝေးပါတယ်။ ညနေ (၆)နာရီမှာ အလုပ်သိမ်းတာဖြစ်လို့၊ အိမ်ကို (၈)နာရီလောက်မှ ပြန်ရောက်တာပါ။

တစ်ခါက သူမှာရှိသမျှ လခလေး ဓားပြတိုက်ခံရပါသေးသတဲ့။ သူ့လစာကလည်း သိပ်တော့ မဆိုးပါဘူး။ တစ်လကို အနည်းဆုံး ရင်းဂစ် (၆၀၀)လောက်ကနေ (၈၀၀)လောက်ထိ ရပါသတဲ့။ သူဟာ နေ့ခင်းစာကိုတောင် လျှော့စားပြီး အမေ့ဆေးဖိုး ပိုကာမိအောင် စုနေပါတယ်။



မိခင်မှာ နှလုံးနဲ့ ကျောက်ကပ်ရောဂါဖြစ်နေပြီး၊ သူမကိုယ်တိုင်က kuih အစားအစာရောင်းပေမယ့်၊ ရောဂါကြောင့် ဆိုင်မထွက်နိုင်တာက များပါတယ်။ ကျေးဇူးသိတက်တဲ့ Muhammad ကို ကူညီဖို့ ဒေသခံသတင်းမီဒီယာတွေက လှုံ့ဆော်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

Source : Aung Par Say