ခရီးသွား ကားစီးရင် ကားမူးတတ်သူများ ဖယောင်းတိုင် ဆောင်ထားပါ
ကျတော်ငယ်ငယ်က ကားစီးရတာ ကြိုက်ပေမဲ့ အသက် 20 လောက်မှာ ကားစီးရင် ကားမူးလာပါတယ်။ ကားမူးတက်တဲ့ ကျတော့ အကျင့်ကို ကျတော် လွန်စွာမှ မုန်းပါတယ်။ ကားစီးရင် ကားမူးပျောက်ဆေး သောက်ရပါတယ်။ မသောက်ဘဲ ကားစီးမိရင် လူက မူးမော့နေတာ။
တစ်နေ့ ကျတော် မန်းလေးသွားတော့ ကားမူးသောက်ဆေး သောက်တာ မသက်သာဘဲ ဖြစ်နေတာ မူးချက်ကတော့ လက်ကုန်ပါဘဲ။ ဖြစ်ချင်တော့ ကျတော့ ဘေးက ကျတော့် ဆရာမ ဒေါ်သန့်သန့်ဝင်းက လိုက်လာတာပါ။

ဆရာမက ပြောတယ်။ ကားမူးရင် ဖယောင်းတိုင် ရင်ဘက်ထဲ ထည့်ထားတဲ့ လုံးဝကောင်းတယ် လက်တွေ့တဲ့။ ဆရာမ ပြောပြောချင်းတုန်းက နည်းနည်း ကြောင်သွားတယ်။ ကားမူးတာနဲ့ ဖယောင်းတိုင်နဲ့ ဘာဆိုင်လည်းပေါ့။ ဆရာမစကားဆိုတော့လည်း နားထောင်ရတာပေါ့။
အဲလိုနဲ့ ကျတော် ရွှေတောင်ဦးနား ကားရပ်တော့ စတိုးဆိုင်မှာ ဖယောင်းတိုင် ဆင်းဝယ်ပြီး ရင်ဘက်ထဲ တစ်ဖက် သုံးချောင်းဆီကို ထိုးထည့်လိုက်ပါတယ်။ ဆိုင်က ကောင်မလေးက အမ ဘာဖြစ်လို့လည်းတဲ့မေးပါလေရော။ ကျတော်ကလည်း အေး ငါလည်းမလုပ်ဖူးဘူး ငါ့ဆရာမက လုပ်ဆိုလို့လုပ်တာ ကားမူးပျောက်တယ်ဆိုလို့ လို့ ပြောလိုက်ပါတယ်။
တစ်ကယ်လည်း ဖယောင်းတိုင် ထည့်ပြီးရော့ 5 မိနစ် လောက်နေတော့ ခေါင်းက ကြည်လာပါတယ်။ ရွှေတောင်ဦးကနေ မန်းလေးအထိ ကားမမူးတော့ပါဘူး။ ကျတော်ဆို ဆရာမကို ကျေးဇူးတင်လွန်းလို့။
ကျတော် ဖယောင်းတိုင်ထည့်ပြီး 5 ခါလောက် စီးပြီးပါပြီ။ စီးတိုင်း မမူးဘူးဆိုတာ စမ်းသပ်ပြီးမှ ဒီစာကို မျှဝေပြီး တင်ပေးတာပါ။ ကားမူးတဲ့ ညီမ နှစ်ယောက်ကိုလည်း စမ်းထည့်ပြီးပြီ။ သူတို့လည်း ကားမမူးတော့။ ဒီလိုလေး လုပ်ရင် ဒီလိုလေးဖြစ်တယ်ဆိုတာ သိစေချင်လို့ပါ။ အရမ်းနံပြီး အရမ်းအေးတဲ့ air ကားတွေတော့ မစမ်းသပ်ရသေးဘူးပေါ့လေ။
မှတ်ချက် ။ ။ ဖယောင်းတိုင် ထည့်ရင် ချိုးထည့်ပါလေ။ ချိုးမထည့်လို့ ထိုးထိုးထောင်ထောင် ဖြစ်နေရင် ဘာကြီးလည်း ဟ ဆိုပြီး ဝိုင်းကြည့်ခံနေရအုံးမယ်။ အမျိုးသားတွေကတော့ ရင်ဘက်ကို တိတ်နဲ့ကပ်ပေါ့လေ။ အမျိုးသမီးတွေကတော့ အင်္ကျီ နှစ်ထပ် ဝတ်ထားရတာဆိုတော့ ဒီတစ်ခါတော့ အားသာချက် ရတာပေါ့နော်။
ဖယောင်းတိုင်က ဘယ်/ ညာ နှစ်ဖက်လုံး ထည့်ရတာနော်။ ဘယ်ဘက်တစ်တိုင် ညာဘက်တစ်တိုင်။ အရမ်းမူးရင် တစ်ဖက် နှစ်တိုင်ဆီ ထည့်ပေါ့။ အရမ်းမူးရင် များပြီးထည့်ပေါ့။ သုံးခါလောက်ပြန်သုံးလို့ရပါတယ်။
စေတနာများစွာဖြင့် မျှဝေရင်း
မိုးမိုးပိုင်