ပြိတ္တာတွေ ဖြစ်သွားတဲ့ မိသားစု လေးယောက်
လူတွေဟာ အများအားဖြင့် အကျိန်အဆို ဝါသနာပါကြတယ်။ မိမိပြောတာကို တစ်ဖက်သား ယုံအောင် ပုံဆောင်တဲ့အနေနဲ့ ကျိန်ဆိုပြီး ပြောလေ့ရှိကြတယ်။
"ဘုရားစူးရစေရဲ့ ၊ မိုးကြိုးပစ်ခံရပါစေရဲ့ ၊ မြွေပွေးကိုက်ခံရပါစေရဲ့ စသဖြင့်ပေါ့။ မိမိကသာ ကျိန်ဆိုရုံမျှမက သူတစ်ပါးကိုလည်း နင်ဘုရားစူး ၊ မိုးကြိုးပစ် ၊ မြွေပွေးကိုက်လို့လည်း ကျိန်ဆို ခိုင်းပါသေးသည်။
မိမိအလုပ်ရပ်က ဟုတ်နေလို့ ၊ မှန်နေလို့ပဲ ထားအုံး တစ်ဖက်သား ထိခိုက်နစ်နာမည်မှာ အမှန်ပါ။ တစ်ဖက်သား ယုံကြည်သွားအောင် မဟုတ်မမှန် ကျိန်ဆိုတာမျိုးဖြစ်ရင် ကိုယ်ကျိုးနည်းပါလေရော။
မဟုတ်မမှန် လုပ်ကြံပြီး ကျိန်ဆိုလို့ ပြိတ္တာဖြစ်သွားသော ဇာတ်လမ်း တစ်ပုဒ်ကို တင်ပြပေးပါမည်။
ဗုဒ္ဓလက်ထက်က သာဝတ္တိမြို့အနီးက ရွာတစ်ရွာမှာ နေထိုင်တဲ့ မိသားစုလေးဦးရှိပါတယ်။ သူတို့မိသားစု လေးယောက်က စရိုက်က ခပ်ကြမ်းကြမ်း ၊ အပြောက ခပ်လွယ်လွယ် ပရမ်းပတာ နိုင်လွန်းလှပါ၏။
ဖခင်ဖြစ်သူ စပါးပွဲစားက စပါးကို ထွက်ရှိသည့် အတိုင်း ၊ဝယ်ယူရရှိသည့် အတိုင်း မရောင်းချပါဘူး။ စပါးအဖျင်း ၊ စပါးမှော်တွေ ရောထည့် ၊ အချိန်ပိုစီးအောင် စပါးတွေကို မြေနီညက်နဲ့ စပါးကောင်းများကို ရောထည့် ရောင်းချလေသည်။ ဘယ်မှာ သမ္မာအာဇီဝ ရှိမည်နည်း။
မယားဖြစ်သူက ရင်းနှီးခင်မင်တဲ့သူက တစ်စုံတစ်ရာ တောင်းလာတဲ့အခါ ရှိလျက်နဲ့ မပေးချင်လို့ လိမ်ညာ ပြောလေ့ရှိတယ်။ မရရအောင်တွယ်ကပ်ပြီး တောင်းနေသူဆိုရင်တော့ ဤသို့ ကြိမ်ပြောလေ့ ရှိပါတယ်။
"ရှိလျက်နဲ့ မရှိဘူးလို့လိမ်ညာ ပြောခဲ့ပါလျှင် နောင်ဖြစ်လေရာဘဝတိုင်းမှာ မစင်ကို စားတဲ့သူ ဖြစ်ပါစေတဲ့။"
သားဖြစ်သူကား သောက်စား မူးရူးပြီး အပေါင်းအသင်းများကို အိမ်ခေါ်လာတဲ့အခါ မိခင်ဖြစ်သူကို သူ၏ အပေါင်းအသင်းများကို ဂရုမစိုက်ရကောင်းလားဆိုပြီး မာတာမိခင် ကျေးဇူးရှင်ကို လှည်းထမ်းပိုးကြိုးနဲ့ ရိုက်နှက်လေသည်။
ချွေးမဖြစ်သူက မိသားစုအတွက် နေ့ဖို့ညစာ ချန်ထားတဲ့ အသားဟင်း ၊ ငါးဟင်းများကို ယောက္ခမ ၊ လင်ယောကျာ် လူကြီးသူမများ မသိမီ ဦးဦးဖျားဖျား ခိုးယူ၍ စားသောက်လေသည်။ အိမ်သားများက ခိုးစားသလားဟုမေးလျှင် မဟုတ်ရပါ။ စွပ်စွဲပြောဆို ရပါ့မလားဟု ဤသို့ကျိန်ဆိုလေသည်။
"အကယ်၍ ခိုးဝှက်စားသောက်ခဲ့ပါက ဖြစ်လေရာ ဘဝတိုင်းမှာ မိမိရဲ့ ကျောကုန်းသားကို လှီး၍လှီး၍ စားနေရတဲ့သူ ဖြစ်ပါစေသား။"တဲ့
နောင်သေလွန်သော အခါတွင် လူ့ဘဝတုန်းက စရိုက်ဆိုးနဲ့ နေလာခဲ့တဲ့ မိသားစုလေးယောက်ဟာ ဝိဥျ္စာဋဝိတောအုပ်ကြီးမှာ ပြိတ္တာ(တစ္ဆေ)တွေ ဖြစ်ကုန်ကြပါတယ်။
ကောက်ကျစ်စဉ်းလဲ ဖွဲမှော်တွေ ရောင်းချတဲ့ စပါးပွဲစား လင်ယောကျာ်းဟာ "မီးတောက်မီးလျှံ တပြောင်ပြောင် တောက်လောင်နေတဲ့ စပါးမှော် ၊ စပါးဖျင်းများကို လက်နှစ်ဖက်နဲ့ ဆုပ်ယူ ဆုပ်ယူပြီး သူ့ဦးခေါင်းထက်သို့ ကြဲကာ,ကြဲကာ" ဆင်းရဲ ဒုက္ခကြီးစွာ ခံစားရလေသည်။
မိခင်ကို ကိုယ်ထိလက်ရောက် ကျူးလွန် ရိုက်နှက်ခဲ့သော သားမိုက်ဟာ သူ့ကိုယ်သူ သံတင်းပုတ်ကြီးနှင့် ရိုက်ကာ,ရိုက်ကာ ဆင်းရဲဒုက္ခကြီးစွာ ခံစားရလေသည်။
ချွေးမမှာလည်း သူပြုခဲ့တဲ့ အကုသိုလ်ကံကြောင့် မာကျော ချွန်ထက်စွာ ပေါက်နေတဲ့ သူ့ရဲ့လက်သည်း ရှည်ကြီးများနဲ့ သူ့ရဲ့ကျောကုန်းက အသားတွေကို ကုတ်ကာ ခြစ်ကာ ဖဲ့ကာ စားနေရတဲ့ ပြိတ္တာမကြီး ဖြစ်နေလေသည်။
မယားဖြစ်သူမှာလည်း သင်းပျံ့မွှေးကြိုင်လှတဲ့ စားကောင်း သောက်ဖွယ်တွေ သူ့ရှေ့မှောက်သို့ ရောက်သောအခါ ပိုးလောက်တဖွားဖွားနဲ့ မစင်တွေ ဖြစ်ကုန်တယ်။ အဲဒီ မစင်တွေကိုပင် မရွံမရှာ စားနေရတဲ့ ပြိတ္တာမကြီး ဖြစ်လို့ နေပါတော့တယ်။
'အရှင်မောဂ္ဂလာန်နှင့် တွေ့ပြီ''
ကောင်းကင်ခရီးက စျာန်ယာဉ်စီးကာ ကြွလာရင်း ဝိဥျ္စာဋဝီ တောအုပ်ကြီးထဲမှာ မီးလျှံတွေ တပြောင်ပြောင် တောက်လောင်နေတာကို တွေ့မြင်ပြီး တောအုပ်ကြီးထဲသို့ ဆင်းသက်ခါ မိသားစုလေးယောက် ပြိတ္တာဘဝရောက်ရှိပုံ ဆင်းရဲဒုက္ခ ခံစားရတာတွေကို မေးမြန်းတော် မူပါတယ်။
အရှင်မောဂ္ဂလာန်မထေရ်မြတ်ကြီးကို ဇနီးဖြစ်သူ ပြိတ္တာမကြီးက ဖြစ်ကြောင်းကုန်စင်ကို လျှောက်တင်လိုက်ပါတယ်။
အရှင်မြတ်ကြီးလည်း ဗုဒ္ဓအား ထိုအကြောင်း အရာများကို လျှောက်ထားတော်မူပါတယ်။ မြတ်ဗုဒ္ဓက ပြိတ္တာတွေ ဖြစ်သွားကြတဲ့ မိသားစုလေးယောက် အကြောင်းကို တရားနာလာကြကုန်သော ပရိတ်သတ် အပေါင်းကို ဟောကြား ဆုံးမတော်မူခဲ့ပါတယ်။
(ပေတဝတ္ထု အဋ္ဌကထာ၊စူဋ္ဌဝဂ်၊ဘုသပေတ ဝတ္ထု)
မုံရွာနေဇာ(ဂမ္ဘီရ)မဂ္ဂဇင်း
အားလုံးသော မိတ်ဆွေများ ကျန်းမာလို့ ချမ်းသာကြပါစေ။
Credit : မူရင်းရေးသားသူ