Skip to main content

ရေခဲသေတ္တာထဲ မထည့်ထားသင့်တဲ့ အစားအစာ (၅) မျိုး

ရေခဲသေတ္တာထဲ မထည့်ထားသင့်တဲ့ အစားအစာ (၅) မျိုး

၁။ အာလူး

အာလူးတွေက အလင်း သိပ်မကြိုက်ကြပါဘူး။ ခြောက်သွေ့တဲ့ နေရာနဲ့ သဘာ၀အခန်း အပူချိန်ကိုသာ ကြိုက်ကြပါတယ်။ အကယ်၍ အာလူးကို ရေခဲသေတ္တာထဲ ထည့်လိုက်တဲ့အခါ၊ သူ့ရဲ့မူလအရသာများ ပျက်စီးသွားပါတော့တယ်။ ဒါ့ပြင် ချက်ပြုတ်တဲ့အခါ တော်တော်နဲ့ မနူးအိလာတော့ဘဲ စားတဲ့အခါမှာ မာဆတ်ဆတ် ဖြစ်သွားပါတယ်။ အာလူးအခွံပေါ်မှာ အစိမ်းရောင်သန်းနေရင် (လုံး၀) မ၀ယ်ပါနဲ့။ အဆိပ်ဖြစ်စေတတ်လို့ပါ။ (ထို့နည်းတူစွာပင် ပိန်းဥ ၊ ကန်စွန်းဥတွေကိုလဲ ရေခဲသေတ္တာထဲ သိမ်းမထားသင့်ပါဘူး)

၂။ ကြက်သွန်နီ

ကြက်သွန်နီတွေကို ပုံမှန် အခန်းအပူချိန် ထဲမှာသာ ထားပေးရပါမယ်။ ကြက်သွန်နီတွေကို ကြာကြာခံစေဖို့အတွက် ဇာကွက်/ပိုက်ကွန် အိတ်တွေက အကောင်းဆုံးပါဘဲ။ နောက်ထပ် အရေးကြီးဆုံးအချက်က ကြက်သွန်နီတွေ နဲ့အာလူးတွေကို တူတူရောမထားသင့်ပါဘူး။ ကြက်သွန်ထဲမှာပါတဲ့ သဘာ၀ ဟင်းခတ် အမွှေးအကြိုင်ရနံ့တွေကို အာလူးက စုပ်ယူပစ်လို့ပါ။ ဒါ့ပြင် ကြက်သွန်နဲ့အာလူး များအားလုံး တခဏတွင်းမှာပင် ပုပ်သွားစေပါတယ်။

(ကြက်သွန်နီတွေကို တနေ့တာချက်ပြုတ်ဖို့ အတွက် လိုအပ်သလောက်သာ အခွံနွှာပါ။ အကယ်၍ အခွံနွှာထက်ခြမ်း ခြမ်းပြီးတော့မှ ပိုလျှံ၍ နောက်နေ့မှ သုံးတဲ့အခါ အစာအိမ်ကို အဆိပ်ပြုစေပြီး အော့အန်စေနိုင်ပါတယ်။ အဲဒီလို ပြဿနာတွေ မဖြစ်ရလေအောင် အခွံနွှာပြီးသား ပိုလျှံနေတဲ့ ကြက်သွန်နီတွေကို အပူပေး ဆီသတ်၍ အအေးခံပြီးနောက် ဗူးထဲမှာ ရေလုံအောင် ဖုံးပြီးမှသာ ရေခဲသေတ္တာထဲ ထည့်သိမ်းပေးပါ။ ဗူးလေလုံဖို့အရေးကြီပါတယ်။ လေမလုံပါက ရေခဲသေတ္တာ တစ်ခုလုံး အနံ့ဆိုးထွက်ပြီး၊ အထဲရှိ တခြားပစ္စည်းများ အားလုံးကို အနံ့ကူးကာ လတ်ဆတ်မှု မရှိစေတော့ပါဘူး )

၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူတွေကိုလည်း ကြက်သွန်နီတွေလိုဘဲ ဇာကွက် ပိုက်ကွန် အိတ်တွေထဲ ထည့်ပြီး အခန်းအပူချိန်မှာသာ သိမ်းထားသင့်ပါတယ်။

၄။ ခရမ်းချဉ်သီး

အိမ်ရှင်မတိုင်းလိုလို က ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲ သိမ်းထားမှ ကြာကြာခံတယ်လို့ ထင်မှတ် မှားနေကြပါတယ်။ အဲဒီလို သိမ်းထားခြင်းက ခရမ်းချဉ်သီးရဲ့ အနံ့အရသာတွေ (အားလုံး) ပျက်ယွင်းသွားစေလို့ အင်မတန် မှားယွင်းတဲ့ အပြုအမူ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ ခရမ်းချဉ်သီးတွေကို ပလပ်စတစ် အိတ်ထဲ လေလုံအောင်ထဲ့၍ ပုံမှန် အခန်း အပူချိန်မှာသာ သိမ်းထားရပါမယ်။ (အကယ်၍ ခရမ်းချဉ်သီးတွေကို မြန်မြန် မှည့်စေချင်ရင်၊ စက္ကူအိတ်မှာ သိမ်းပေးပါ)။

၅။ ဌက်ပျောသီး

ရခိုင်၊ ဖီကြမ်း၊ သီးမွှေး၊ ရွှေဌက်ပျော စတဲ့ ဌက်ပျောသီ ဘယ်အမျိုးအစားတွေကိုမဆို ရေခဲသေတ္တာထဲ (လုံး၀) သိမ်းမထားသင့်ပါဘူး။ အဲဒီလို သိမ်းထားလိုက်တဲ့အခါ၊ မကြာမီ အတွင်းမှာပင် ဌက်ပျောသီးကို အအေးရိုက်၍ ဌက်ပျောခွံတွေ မည်းတက်လာပြီး အနံ့အရသာ၊ ကျန်းမာရေး ဂုဏ်သတ္တိတွေ အားလုံးဓာတ်ပြယ် သွားစေပါတယ်။ ဌက်ပျောသီးရဲ့ သဘော တရားက မကြာခဏ ထိကိုင် မိတဲ့အခါ အပူလောင်ပြီး ပျော့လာတတ်တာမို့၊ ဌက်ပျော်သီးအခိုင်တွဲကို အလယ်ကနေ ကြိုးခွချည်ပြီး တိုင်မှာ ချိတ်ထားပေးပါ။ ဌက်ပျောသီးရဲ့ အညှာကို ပလပ်စတစ်အစနဲ့ တုပ်ချည်ပေးခြင်းက နောက်ထပ် ၄-ရက် (သို့မဟုတ်) ၅-ရက်လောက် အထားခံပါတယ်။

(ဌက်ပျောခွံပေါ်မှာ အမည်း အစက်အပြောက် ပါတဲ့ အသီးတွေက အပင်ပေါ်မှာ ကြာကြာ ရင့်မှည့်လာတာမို့ အရသာပို ကောင်းပြီး ဆေးစွမ်း ပိုထက်ပါတယ် )

Credit : ပေါက်ပေါက်