Skip to main content

အရိုးကျီးပေါင်း မျိုးစုံအတွက် တကယ် သက်သာပျောက်ကင်းစေတဲ့ ဆရာကြည်လွင်မြင့်( မုဒြာ) ရဲ့ မိတ်သလင် ကြပ်ထုပ်

အရိုးကျီးပေါင်း မျိုးစုံအတွက် တကယ် သက်သာပျောက်ကင်းစေတဲ့ ဆရာကြည်လွင်မြင့်( မုဒြာ) ရဲ့ မိတ်သလင် ကြပ်ထုပ်

ပြုလုပ်ပုံအဆင့်ဆင့်

နှစ်ကြာခါးနာ ၊ ဇက်ကြောတက် ဝေဒနာသည်များ ၊ ဆောင်းရာသီတွင် အအေးပတ်လျှင် ခေါင်းမူးတတ်သူများအတွက် ရေနွေးငွေ့ဖြင့် အပူပေး၍ အချိန်မရွေး ကြပ်ထုပ် ထိုးပေးနိုင်ပါသည်။



အထုပ် နှစ်ထုပ် ပြုလုပ်ပြီး တစ်လှည့်စီ နာရီဝက်ခန့် ထိုးပါ။ မုံညှင်းဆီ ၊ နှမ်းဆီ အရင်လိမ်းပြီးမှ ထိုးလျှင်ပို၍ ချောမွေ့ပါသည်။ ဆေးခန်းသွား၍ ငွေကုန်ခံမည့်အစား မိမိအိမ်တွင် သက်သာမည့် နည်းလမ်း ဖြစ်ပါသည်။ မိတ်သလင် တစ်မျိုးတည်းနှင့် ကျီးပေါင်းပြေ၊ ဒဏ်ကျေစေနိုင်ပါသည်။



ပရဆေးဆိုင်မှာ "မိတ်သလင်ဥ" ဝယ်ပြီး အမှုန့် ကြိတ် လိုက်လျှင် ရပါသည်။ အခိုးထွက်သည့် ပိတ်စ အကြမ်းကို အသုံးပြုပါ။ ဇက်ကျီးပေါင်း ၊ ခါးဆစ်ကျီးပေါင်းကို မိတ်သလင် ကြပ်ထုပ် ထိုးပြီးလျှင် သင်္ဘောရွက်ကို ပျော့အောင် ရေနွေး ခဏစိမ်ပြီး ကပ်ပေးပါ။



ကျီးပေါင်း တဖြည်းဖြည်း ပါးသွားပါလိမ့်မည်။ ဆေးပူတွေ အမြဲ မလိမ်းပါနှင့်။ ပရုပ်ဆီ မလိမ်းပါနှင့်။ ပူလျှင် ယားလျှင် သနပ်ခါးမြစ်နှင့် ဆားသွေးလိမ်းပါ။



ကျေးဇူးပြုပြီး share လုပ်ပြီး ကုသိုလ်ယူပေးကြပါ။ အရိုးကျီးပေါင်း ဝေဒနာ ရှင်များ ရောဂါ ပျောက်ကင်း စိတ်ချမ်းသာနိုင်ကြပါစေ။

Credit : Original Uploader