Skip to main content

လေးထပ်ကွေ့ အဆင်းတွင် ကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေး ထိုးကျ

လေးထပ်ကွေ့ အဆင်းတွင် ကားတစ်စီး ဘရိတ်ပေါက်၍ လမ်းဘေး ထိုးကျ

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ် ၊ မုံရွာ - ရေဦး - ကလေးဝ ကားလမ်း မိုင်တိုင်အမှတ် ၁၀၂ အနီး လေးထပ်ကွေ့အဆင်းတွင် စက်တင်ဘာ၂၇ ရက် ၁၂ နာရီခွဲခန့်က ကလေးမြို့မှမုံရွာသို့ ယာဉ်မောင်း မြင့်ဇော် မောင်းနှင်လာသော ၆ဘီးကားသည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးချောက်ထဲသို့ကျကာ သစ်ပင်နှင့်တိုက်မိသဖြင့် လူသေဆုံးမှု မဖြစ်ဘဲ ယာဉ်မောင်းမြင့်ဇော်၏ညာ‌ခြေ သစ်ပင်နှင့်ကားကြား ညှပ်မိခဲ့ကြောင်း သိရသည်။



အဆိုပါနေရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံ ခရီးသွားပြည်သူများနှင့်ပူးပေါင်း၍ လူအား ၊ စက်အားဖြင့် ယာဉ်မောင်း မြင့်ဇော်အား ကယ်ထုတ်ခဲ့ပြီး ကလေးဝမြို့နယ်ပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

သက်ဟန်(ကလေးဝ)

Source : Myanmaalinn