ရေခဲသေတ္တာ ၀ယ်တော့မည်ဆိုရင် သိထားရမည့် အရာများ
ရေခဲသေတ္တာ ဝယ်သုံးတော့မယ် ဆိုရင် သိထားသင့်တဲ့ အကြမ်းဖြင်း ဗဟုသုတလေးတွေ ရှိထားသင့်မယ် ထင်လို့ ဒီတစ်ခေါက် ချစ်မိတ်ဆွေ Customer များအတွက် ရေခဲသေတ္တာ အကြောင်းလေး ပြန်တင် ပေးလိုက်ပါတယ်။ နောက်တစ်ခေါက်မှ Aircon; အကြောင်းလေး ထပ်တင်ပေးပါ့မယ် ခင်ဗျာ။
ရေခဲသေတ္တာ ဝယ်ကြရအောင်
ဒီတစ်ခေါက် ရေခဲသေတ္တာ အကြောင်း သိကောင်းစရာ အနေနဲ့ ရေခဲသေတ္တာ ဝယ်မယ့်သူတွေအတွက် သိသင့်သိထိုက်တဲ့ အကြောင်း အရာလေးတွေ ဆောင်ရန် ရှောင်ရန် လေးတွေ တင်ပြ ပေးချင်ပါတယ်။
ရေခဲသေတ္တာတွေမှာ အမျိုးအစားကွဲ အများကြီးရှိပါတယ်။ ဥပမာ ။ ။ One door, two doors, three doors စသည် ရှိသလို၊ deep freezer, upright freezer, can cooler စသည်ဖြင့် အမျိုးမျိုး တည်ဆောက်ပုံ အပေါ် တည်မှီ၍ ခွဲခြား ခေါ်ဝေါ် ကြပါတယ်။ ဘယ်လိုပဲ ခွဲခြား ခေါ်ဝေါ် ကြပေမယ့် အလွယ် တစ်ကူ အခြေခံ ကျကျ ခွဲခြားလိုက်ရင်တော့ Chamber type နဲ့ fan type ဆိုပြီး ၂ မျိုး ပဲ ခွဲလို့ရပါတယ်။ Chamber type က direct cool ဖြစ်ပြီး fan type က indirect cool ဖြစ်ပါတယ်။
Chamber type
Chamber type ဆိုတာကတော့ direct cool စနစ်ပါ။ Evaporator ( အအေးကွိုင် ) တည်ဆောက်ပုံပေါ် မူတည်ပြီး အအေးပေးတဲ့ စနစ် ကွဲပြား သွားခြင်း ဖြစ်ပါတယ်။ Chamber type တွေမှာ Evaporator ကို Chamber အခန်းတစ်ခန်းရဲ့ နံရံတွေမှာ ပတ်ခွေထားပြီး အဲဒီနံရံတွေ အေးစေခြင်းဖြင့် အခန်းတွင်း ပစ္စည်းတွေကို အေးစေ တာပါ။ direct cool ဖြစ်လို့ နံရံ ကြမ်းပြင်နဲ့ ထိစပ်နေမှသာ အအေး အခဲ မြန်ပြီး ကြမ်းပြင် နံရံနဲ့ မထိတဲ့ နေရာက ပစ္စည်း တွေကတော့ အအေး အခဲ နှေးစေပါတယ်။ အေးလာ ခဲလာတာနဲ့ အမျှ Evaporator နံရံတွေမှာ frost ( ရေခဲမှို )တွေ ကပ်လာပါတယ်။ ရေခဲထုက တဖြည်းဖြည်း ထူလာပါတယ်။ အဲ့ ရေခဲထုတွေကို လူက စက်ကိုရပ်ပြီး ဖျော်ချ ပေးရပါတယ်။ စက်မှာ ဖျော်ချတဲ့ ခလုပ် ပါပေမယ့် သူကလဲ စက်ကို ရပ်ပေးရုံပဲ လုပ်ပေးတာပါ။ Heater နဲ့ ဖျော်ချ ပေးတာမျိုး မရှိပါဘူး။
အကယ်၍ ရေခဲမှိုတွေကို ဖျော် မချဘဲ သုံးနေရင်း Chamber ထဲ ထည့်ထားတဲ့ ပစ္စည်းတွေ ခဲလာလို့ ထုတ်ယူတော့မယ် ဆိုရင် အမြဲ လိုလို ရေခဲမှို တွေနဲ့ ကပ်နေတတ်ပါတယ်။ အတန်အသင့် အားစိုက် ခွာယူ ရတာမျိုးတွေ ရှိပါတယ်။ တစ်ချို့ ခွာမရလို့ ဓားတွေနဲ့ ထိုးခွာ ဝက်အူလှည့်နဲ့ ထိုးခွာ လုပ်ကြရင်း Chamber နံရံမှာ ကပ်နေတဲ့ Evaporator ပိုက်ကို ထိုးဖောက်မိပြီး Gas တွေ ထွက်သွားလို့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ဖြစ်ကြရပါတယ်။ အခု ဒီ ပို့စ်ကို ဖတ်နေတဲ့ လူတွေထဲမှာတောင် အဲလို ဖြစ်ဘူးတဲ့ လူတွေ ရှိမှာပါ။ အဲဒါတွေကတော့ Chamber type ရဲ့ အားနည်းချက်တွေပါ။
One door ရေခဲသေတ္တာ တွေမှာ အဖြစ်များပါတယ်။ အချို့ two doors Chamber type တွေလည်း ရှိပါတယ်။ တစ်ချို့ upright freezer တွေလည်း Chamber type တွေပါပဲ။ Deep freezer တွေလည်း Chamber type တွေပါပဲ။ Deepfreezer တွေမှာလည်း အပေါ်က မအေးပဲ အောက်ခြေက ပစ္စည်းတွေကအေးပြီး ခဲလွန်း နေလို့ အပေါ်အောက် လှည့် လှည့်ပေးရတဲ့ ဒုက္ခလည်း တစ်ချို့ စျေးဆိုင် သမားတွေ ကြုံဘူး ကြမှာပါ။ အဲဒါလည်း အားနည်းချက် တစ်ခုပါပဲ။
နောက်တစ်ခုက ပိုက်ပေါက်လွယ်တာပါ။ အဲဒါကတော့ direct cool ဖြစ်လို့ သုံးစွဲသူတွေ ထည့်တဲ့ ပစ္စည်းတွေမှာပါတဲ့ chemical တွေက ပိုက်ကို ဓာတ်စားမှု ဖြစ်ပြီး ပေါက်စေတာပါ။ များသောအားဖြင့် အလူမီနီယံပိုက်တွေ သံပိုက်တွေ သုံးလို့ ဖြစ်ရတာပါ။ တစ်ခု တည်းသော Chamber type ရဲ့ အားသာချက်ကတော့ အပျက် နည်းတာပါပဲ။ ပိုက်ပေါက်တာက လွဲရင် ပျက်စရာ သိပ်မရှိတော့တာပါ။ (အလူမီနီယံပိုက်တွေ သံပိုက်တွေ သုံးထားရင်တော့ ပေါက်လွယ်တာပေါ့ဗျာ။ ဒါကတော့ မဝယ်ခင် ကွကိုယ် စုံစမ်းပေါ့)
Fan type
Fan type ကတော့ indirect cool ပါ။ Evavorator ကို ရေခဲသေတ္တာရဲ့ အတွင်းပိုင်း တစ်နေရာမှာ ( မျာသော အားဖြင့် နောက်နံရံကြားမှာ ) ထား အေးစေပြီး လေလမ်းကြောင်း ဖန်တီး၍ ပန်ကာလေဖြင့် အပူ ဖလှယ် စေခြင်းဖြင့် အခန်းတွင်း ပစ္စည်းများကို အေးခဲ စေတာပါ။ အခန်းတွင်း ဘယ်နေရာထားထား အအေး အခဲ တူညီစွာ ဖြစ်ပေါ်မှာပါ။ အခဲခန်းထဲ ဘယ်နေရာထားထား ခဲပါတယ်။ အအေးခန်းထဲ ဘယ်နေရာထားထား အေးပါတယ်။ နံရံ ကြမ်းပြင်နဲ့ ထိစရာလည်း မလိုပါဘူး။
Chambet type ရဲ့ အားနည်းချက် တွေကို ဖြည့်စွက် ပြု ပြင်ပေးထားတယ် လို့တောင် ပြောလို့ ရပါတယ်။
၁။ နံရံ ကြမ်းပြင်တွေမှာ လုံးဝ ရေခဲမှို ( frost ) မကပ်ပါဘူး။အဲဒါကြောင့် Fan type ရေခဲသေတ္တာတွေကို No frost , Frost free ရေခဲသေတ္တာတွေ လို့လည်း ခေါ်ကြပါတယ်။ တစ်ကယ်တော့ သူလည်း ရေခဲမှို တက်ပါတယ်။ ရေခဲမှိုတက်တဲ့ Evaporator coil က အနောက်နံရံ ကြားမှာမို့လို့ မမြင်ရတာပါ။ ဒါ့ကြောင့် သူ့ကိုလည်း ရေခဲဖျော်ချပေးရပါတယ်။ အဲလို ရေခဲ မဖျော်ချ ပေးရင် လေသွားလမ်းကြောင်းတွေ ပိတ်ဆို့ပြီး အခန်းတွင်း အေးခဲမှု လျော့ကျ သွားမှာပါ။ ဒါပေမယ့် လူက ဘာမှ လုပ်ပေးစရာ မလိုပါဘူး။ ၆ နာရီ နဲ့ ၈ နာရီ ခြားတစ်ခါ စက်ကိုရပ်ပေးပြီး Defrost Heater နဲ့ Evaporator မှာ ကပ်နေတဲ့ ရေခဲတွေကို auto ဖျော်ချပေး၊ ပြီးလို့ ရေခဲတွေ ပျော်သွားပြီ ဆိုရင် စက်ကို auto ပြန်လည်ပတ်စေတဲ့ Auto Defrost system ကို စက်မှာ တစ်ခါတည်း ထည့်ပေး ထားပါတယ်။ အဲဒါတွေကြောင့် ထည့်ထားတဲ့ ပစ္စည်းတွေ ခဲလို့ ထုတ်ယူ ရင်လည်း ရေခဲကပ်နေတာမျိုးတွေ မရှိတော့ပါဘူး။
၂။ ပိုက်ပေါက်ဖို့ ဆိုတာကလည်း Evaporator က တစ်နေရာ အအေးခန်း အခဲခန်းတွေကလည်း တစ်နေရာစီ ဆိုတော့ တော်တော်နဲ့ မဖြစ်နိုင်ပါဘူး။ အလူမီနီယံ ပိုက်တွေ သံပိုက်တွေ ဂရုစိုက်စရာ မလိုတော့ပါဘူး။ တစ်ခုပဲ အားနည်းချက်က Auto defrost system ပျက်တတ်တာပါ။ အဲဒါလည်း နည်းပညာ update ဖြစ်တဲ့ Technician တွေ အတွက် မခဲယဉ်း တော့ပါဘူး။ အဲတော့ Fan type နဲ့ Chamber type ဘယ်ဟာ ရွေးဝယ် မလဲ ချိန်စလို့ ရလောက်ပါပြီ။
ကဲ ဒီတော့ စာလည်း တော်တော် ရှည်သွားပြီ။ ဖတ်ရတဲ့သူလည်း မျက်စိ ညောင်း၊ ရေးတဲ့ သူလည်း လက်ညောင်း မျက်စိညောင်း သွာပြီဗျ။ လက်ညောင်း မျက်စိညောင်း ရသလောက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးလည်း ရရှိကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက်တစ်ခေါက်မှ သုံးစွဲပုံ အညွှန်း လေးတွေနဲ့ ဆောင်ရန် ရှောင်ရန် လေးတွေ ရေးပေးမယ်ဗျာ။ စောင့်မျှော် အားပေးကြပါ ဦးလို့ တိုက်တွန်း လိုက်ပါတယ်ခင်ဗျာ။ ။ ။
ကိုထိုက် Admin ( မေတ္တာအိမ် )