ခေါင်းလျှော်ရည် ဘူးခွံ၊ ဆပ်ပြာရည် ဘူးခွံ တွေကနေ လောင်စာဆီ ထုတ်နိုင်ခဲ့တဲ့ မန္တလေး နည်းပညာ တက္ကသိုလ်မှ ကျောင်းသား တစ်ဦး

ခေါင်းလျှော်ရည်ဘူးခွံ၊ ဆပ်ပြာရည်ဘူးခွံတွေကနေပြီး မန္တလေးနည်းပညာတက္ကသိုလ်မှ ကျောင်းသားတစ်ယောက်က လောင်စာဆီ ထုတ်ယူနိုင်ခဲ့ပါတယ်။

Thesis စာတမ်းအတွက် researchလုပ်ရာကနေ အောင်မြင်သွားတဲ့ ဒီသုတေသနဟာ နောင်လာမည့် လောင်စာဆီတွေကို စွန့်ပစ်ပစ္စည်းတွေကနေ ထုတ်ယူနိုင်လောက်တဲ့ ခြေလှမ်းအစပဲလို့ မြန်မာနိုင်ငံရဲ့လူမှုကွန်ယက်အသုံးပြုသူတွေကချီးကျူးထားပါတယ်။

အခု researchအောင်မြင်ခဲ့တဲ့ ကိုဇာနည်ဖြိုးဟာ အသက်၂ဝကျော်သာရှိသေးပြီး ဂျပန်နိုင်ငံ Honda foundation ကပေးအပ်တဲ့ Eco technology နယ်ပယ်က ကြိုးစားနေတဲ့သူတွေကိုပေးအပ်တဲ့ Y-E-S ဆုကိုရရှိထားသူ တစ်ယောက်လည်းဖြစ်ပါတယ်။

လက်ရှိသူရဲ့စမ်းသပ်မှုကနေ ထုတ်ယူထားတဲ့ လောင်စာဆီဟာ စက်ပစ္စည်းတွေမှာအသုံးပြုလို့ရတဲ့ လောင်စာဆီအနေနဲ့တော့အသုံးပြုလို့မရသေးတဲ့ pyrolysis oil အဆင့်သာ ရှိသေးပေမယ့် ဒါဟာစွန့်ပစ်ပစ္စည်းတွေကနေ လောင်စာဆီအချောထုတ်လုပ်နိုင်မယ့် ခြေလှမ်းအစဖြစ်လာနိုင်ပါတယ်။

အခုထုပ်လုပ်ထားနိုင်တာဟာ လောင်စာဆီကိုထုတ်လုပ်နိုင်မယ့် အကြမ်းအဆင့်သာရှိသေးပြီး ကိုယ်လိုချင်တဲ့ Fuel ရအောင် Upgradeထပ်လုပ်ရမှာဖြစ်တယ်လို့ သူကလူမှုကွန်ယက်မှာ မျှဝေပေးထားပါတယ်။

မြန်မာကျောင်းသားတစ်ဦးရဲ့ ချီးကျူးဖွယ် အောင်မြင်မှုတစ်ခုဖြစ်တာမို့ ALinnMyay(အလင်းမြေ) ပရိသတ်ကြီးအတွက်တင်ပြပေးလိုက်ရပါတယ်။
Source - Zarni Phyo'Facebook
Credit : Yenin Phawah (အလင်းမြေ)