Skip to main content

တစ်ချို့ လူကြီးမိဘတွေက ကလေးကို တောင်းရမ်းခိုင်းတယ် တစ်ချို့က ဈေးရောင်းခိုင်းတယ်

တစ်ချို့ လူကြီးမိဘတွေက ကလေးကို တောင်းရမ်းခိုင်းတယ် တစ်ချို့က ဈေးရောင်းခိုင်းတယ်

ဦးဦး ငုံးဥပြုတ် ဝယ်ပါဦးတဲ့

တချို့ဒီအရွယ်လေးတွေကို လူကြီးမိဘတွေကတောင်းရမ်းခိုင်းတယ်။ ဒီမိဘတွေကတော့ ဈေးရောင်းခိုင်းတာပေါ့။ ဘယ်လိုရောင်းတာလဲ သားသားဆိုတော့ တစ်ထောင်ဖိုးလေးထုပ်၊ ဒါဆို ၅၀၀ ဖိုး ၂ ထုပ်ပေါ့ဆိုတော့ ဦး ယူရင် တစ်ထောင်ဖိုး ငါးထုပ်ယူလိုက်ပါတဲ့။ ဈေးအရောင်းတော်တယ်လို့ ပြောရမှာပဲ 😍



မြစ်ဆိပ်ဘက်က လာရောင်းတာတဲ့။ အစ်ကိုကြီးနဲ့လာရောင်းတာတဲ့လေ။ ဘဝဇာတ်ဆရာ အလိုကျ ကနေကြရတာ တချို့ဘဝလေးတွေ လန်းသလောက် တချို့ဘဝလေးတွေလည်း နွမ်းလှတယ်။ဖိနပ်လည်း မပါဘူး။ ဒီစာရေးနေရင်း သနားလာမိတယ်။



ဘဝလောကဓံကြီးကို လက်တွေ့ကျကျ ငုံးဥရောင်းတမ်း ကစားနေတဲ့ ကလေးလေးပါပဲလေလို့ တွေးပေးလိုက်ပါတယ်။သူ့ဘဝအတွက် ဒီလိုရောင်းရင် ဒီလိုပိုက်ဆံရတယ်။ ပိုက်ဆံရရင် ကိုယ်လိုချင်တာလေးတွေ ဝယ်လို့ရတယ် ဆိုတဲ့ အတွေးလေးတွေသူ့ဦးနှောက်လေးထဲမှာ ရှိနေမယ် ထင်တယ်။ ငွေရဲ့တန်ဖိုးကိုတော့ မုချသိနေမှာပဲ။



သူလူတွေအကြောင်း ငယ်ငယ်ရွယ်ရွယ်နဲ့ လက်တွေ့ကျကျသိရတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အရောင်းအဝယ်အကြောင်း သိရတယ်။ Experiences တွေ အများကြီးရသွားပြီ။ ကြီးလာရင် Trader ကြီးဖြစ်သွားရင် ကောင်းမယ်။

အသိနုနယ်သေးပေမယ့် လူကြီးမိဘတွေ ခိုင်းတာကို မညိုညင်ဘဲ ကြိုးစားနေတဲ့ ကလေးလေးကို တစ်ထောင်ဖိုး အားပေးလိုက်ပါတယ်။

Credit : Original Uploader