စား၀တ်နေရေး ပြေလည်စေဖို့ တပိုင်တနိုင် တောင်ပို့မှို (သို့) ကောက်ရိုးမှို ဖောက်နည်း
တောင်ပို့ မှို ဖောက်နည်း လေးကို တင်ပြပေးမှာဖြစ်ပါတယ်။ ဒီနည်းဟာ အလွယ်ကူဆုံးနဲ့ ကုန်ကျစရိတ် ဘာမှမရှိတာမို့ မြန်မာပြည်သူပြည်သား အားလုံး တပိုင်တစ်နိုင်ညလုပ်ကိုင်နိုင်သလို မြေဧက အနည်းရှိသူတွေ အတွက်လည်း စီးပွာဖြစ် ထုပ်လုပ်ရောင်ချနိုင်ပါတယ်။ ယနေ့ မှိုတစ်ပိဿာ စျေးဟာလည်း ၁ သောင်းကျော်နေတာမို့ မက်လောက်စရာ ဖြစ်ပါတယ်။
အရေးကြီးတာက နည်းသိဖို့ပါဘဲ။ သဘာဝနည်း ဖြစ်တာကြောင့် ဓာတုဗေဒ ဆေးဝါးကင်းတာကြောင့် စားသုံးသူများ အန္တရာယ် မရှိယုံသာမက အနံအရသာဟာလည်း သဘာဝမှိုကဲ့သို့ စိမ့်ချိုနေစေမှာပါ။ နည်းမှာ ပါဝင်ပစ္စည်း ၃ မျိုးသာရှိပြီး မိမိပတ်ဝန်းကျင်မှာ အလွယ်တစ်ကူ ရှာဖွေရ လွယ်ပါတယ်။

၁။ ခြတောင်ပို့ အတွင်းပိုင်းမှ မြေသား ၂၀ သားခန့်
၂။ ထမင်းဖြူ ၆၅ ကျပ်သား (တစ်ကီလို)
၃။ ရေ ၂ လီတာ (ရေသန့်ဗူး ၂ ဘူး) တို့ဘဲ ဖြစ်ပါတယ်။
ပထမဦးစွာ တောင်ပို့မြေ နဲ့ ထမင်းဖြူ တို့ကို ဇလုံတစ်ခုထဲမှာ ရောထည့်ပြီး သမအောင် မွှေပေးရပါမယ်။ ထို့နောက် ရေ ကိုဖျန်းလိုက် မွှေလိုက်ဖြင့် ရေသန်ဘူး ၂ ဘူးစာ ကုန်တဲ့အထိ မွှေပေးရပါမယ်။ ပြီးနောက် ထိုဇလုံကို နေရောင်ခြည် တိုက်ရိုက် မကျတဲ့နေရာ မပူလွန်း မအေးလွန်းတဲ့ နေရာမှာ ၇ ရက်ခန့် ထားရပါမယ်။
ထိုအတောအတွင်း ဇလုံကို ရွှေ့ပြောင်းခြင်း မပြုဘဲငြိမ်သက်စွာ ထာရမှာပါ။ ၇ ရက် ကျော်တဲအခါ ဇလုံ ရဲ့ မျက်နှာပြင်ပေါ်မှာ အမြှပ်အဖက် ဖြူဖြူမဲမဲများ တက်လာတာကို တွေ့ရပါမယ်။ အဲဒါဟာ မှို ဖောက်ဖို့ ကျူလ္လင်စီတွေဘဲ ဖြစ်ပါတယ်။ (တနည်းအားဖြင့် မှို မျိုးစေ့တွေဘဲ ဖြစ်ပါတယ်)
ထိုမှို မျိုးများအား ခပ်ယူ၍ အစိုဓာတ်ရှိသော မြေဆွေးပုံ ကောက်ရိုးဆွေး ပုံ သစ်ပင်အောက်ရှိမြေဆွေး တွေအပေါ် နှံစပ်အောင် ချထားပေးပြီး ထားရပါမယ်။ မှိုမျိုးစေ့များ ချထားသော နေရာအား ၇/၈ ရက် တစ်ကြိမ် ရေစိုရုံသာ ဖျန်းပေးရုံဖြင့် အနံ့အရသာနှင့် ပြည်စုံတဲ့ တောင်ပို့ မှို တနည်း ကောက်ရိုးမှိုတို့ကို လွယ်ကူစွာ ဆိက်ခူး စားသုံးနိုင်ပြီး ပိုလျှံပါက ရောင်းချ၍ ဝင်ငွေတိုးစေမှာပါ။

အိမ်တွင်း တိုက်တန် ကွန်ဒို နေသူများအဖို့ ပန်းအိုးများအတွင်း မြေဆွေး ထည့်၍ စိုက်ပျိုးနိုင်ပါတယ်။ (အကယ်၍ ကျူလင်စီများ ပိုလျှံနေပါက ဌင်းကျူလင်စီ ရေသန့်ဘူး တစ်ဗူးစာကို ရေသန့်ဗူး ၁၀ ဗူးနဲ့ရောပြီး အပင်များပေါ် ဖျန်းပေးခြင်းဖြင့် ၄င်း မှိုမျိူးစေ ချထားသော နေရာများအား ပက်ဖျန်းခြင်းဖြင့် အပင်များ ရှင်သန်ကြီးထွားစေသော မြေဩဇာကဲသို့ အသုံးပြုနိုင်ပါသည်။
စားဝတ်နေရေး ပြေလည်စေသော်။
Credit : မူရင်းရေးသားသူ