Skip to main content

ကားဝပ်ရှော့ ဆရာတွေ ပြောပြထားတဲ့ သင့်ကားကို ဘယ်တော့မှ မလုပ်သင့်တဲ့ အချက် (၁၀) ချက်

ကားဝပ်ရှော့ ဆရာတွေ ပြောပြထားတဲ့ သင့်ကားကို ဘယ်တော့မှ မလုပ်သင့်တဲ့ အချက် (၁၀) ချက်

ယနေ့ခေတ်ကားတွေဟာ လုံခြုံစိတ်ချရတဲ့ စွမ်းဆောင်ရည် တွေရှိနေပါပြီ၊ ပြီးတေည့ ကွန်ပြူတာတွေကလည်း အားလုံးကိုချောမွတ်အောင်သွားစေနိုင်ဖို့၊ လွဲမှားနေတဲ့ အမိန်ပေးမှုတွေကနေ ဖြစ်စေတဲ့ ကားပိတ်ခြင်းတွေ ၊ကားမောင်သူတွေကို ဘာတွေဖြစ်လာမယ်ဆိုတဲ့ ငြင်ဆိုနိုင်စွမ်းတွေက ကောင်းတာတွေဖြစ်လာစေဖို့အတွက် ဦးတည်နေပါတယ်၊

၁။ အင်ဂျင်ကို ကားမောင်းနေရင်မပိတ်ပါနဲ့

အကယ်၍ သင်ဟာ အမြန်ဆုံးအလျင်နဲ့မောင်နေရင်းနဲ့ မတော်တဆ အင်ဂျင်ပိတ်မိသွားတယ်ဆိုရင်တော့ ဘာမှတော့မကောင်းတာဖြစ်လာမှာမဟုတ်ပါဘူး၊ ယနေ့ခေတ်ကားတွေက ထိုကဲ့သိုအခြေအနေတွေအတွက် ဘေးကင်းစေမယ့်နည်းလမ်းတွေထည့်သွင်းပေးထားတဲ့အတွက်ကြောင့်ပါ၊ ဘယ်လိုပဲဖြစ်နေပါစေ မပိတ်တာဟာ အကောင်းဆုံးပါပဲ။

၂။ မောင်းနေရင်း ကားနောက်ပြန်ဆုတ် ဂီယာမထိုးပါနဲ့

ကားမောင်းနေရင်းနဲ့ နောက်ပြန်ဆုတ်တဲ့ ဂီယာကို ပြောင်းလိုက်တာဟာ သင့်ကားကွန်ပြူတာကတော့ တုံပြန်မှုပေးမှာမဟုတ်တော့ ဘာမှဖြစ်စေမှမဟုတ်ပေမယ့် မကောင်းတဲ့ အတွေးဖြစ်ပါတယ်။

၃။ မောင်းနေရင်း ရပ်နားခြင်းဂီယာမထိုးပါနဲ့

မစမ်းကြည့်ပါနဲ့၊ သင့်ကားကွန်ပြူတာဟာ လုံခြုံစေဖို့အတွက် အမိန်ပေးမှုကို ငြင်းဆန်မှာဖြစ်ပါတယ်၊ ကွဲလွဲတဲ့ အမိန်တွေဟာ သင့်ကားကို ထိခိုက်မှုတွေဖြစ်ကောင်းဖြစ်နိုင်ပါတယ်၊

၄။ စက်နှိုးသော့ကို သော့တေီအများကြီးနဲ့ တွဲမထားပါနဲ့

သော့တွေအများကြီးတွဲထားတာက စက်နှိုးသော့ရဲ့ အလေးချိန်ကိုတိုးစေပြီး သော့တပ်တဲ့ အပေါက်ကို ထိခိုက်စေနိုင်ပါတယ်၊ ဒါကြောင့် ကားသော့မှာ သော့နှစ်ချောင်းတွဲလောက်ပဲထားပါ၊

၅။ ဆီပြောင်းပါ

ထုတ်လုပ်သူတွေညွန်ကြားထားတဲ့ ဆီဘယ်လိုပြောင်းရမလဲဆိုတာကိုလိုက်နာပါ၊အကြောင်းရှိပါတယ်၊ များသောအားဖြင့် ကားသစ်တွေဟာ စက်ရုံကမထုတ်မီ ပါးလွှာတဲ့ဆီကိုသုံးပါတယ်၊ ဒါကြောင့် ၁၀၀၀ ကီလိုမီတာမောင်းပြီးရင်တော့ ဆီပြောင်းပါ၊

၆။ အင်ဂျင်ကို အပြည့်မဖြည့်ပါနဲ့

အင်ဂျင်ရဲ့ ဆီလှောင်ကန်မှာ ပြည့်မပြည့်ဖော်ပြတဲ့ အရာပါပါတယ်၊ ပြည့်ပြီဆိုတဲ့ အညွန်းအထိပဲဖြည့်ပါ၊ လျံှအောင်ဖြည့်တယ်ဆိုရင်တော့ ကြီးမားတဲ့ ကျရှုံးမှုနဲ့အတူ ကားရဲ့ထောင့်တွေကနေ မီးခိုးတွေထွက်လာပါလိမ့်မယ်၊

၇။ ဆီလုံးဝ ကုန်သွားတဲ့အထိ မစောင့်ပါနဲ့

သန့်ပါတယ်ဆိုတဲ့ ဆီတွေတောင် အမှုန်တွေပါလာပြီး ထိုအမှုန်တွေကို ကမ္ဘာမြေကြီးကဆွဲထားတာကြောင့် အောက်ဖက်မှာအနယ်ထိုင်နေတာပါ၊ အကယ်၍ မီးခိုးတွေထွက်တဲ့အထိမောင်းပြီးသုံးလိုက်တယ်ဆိုရင် အကြွင်းအကျန်တွေအနေနဲ့ ၎င်းအမှုန်တွေ ကပ်ကျန်နေပါလိမ့်မယ်၊ ယေဘုယျအားဖြင့် ပြောရရင်တော့ ဆီဒိုင်ခွက်မှာ ဆီကုန်ခါနီး တစ်လက်မလောက်ပဲ ကျန်တော့တယ်ဆိုရင်တော့ ဆီသွားဖြည့်သင့်ပါတယ်၊ ပြီးတော့ ၎င်းဟာ စိုစွတ်တဲ့ စက်တွေဖြစ်တဲ့အတွက် အမြဲတမ်းနှစ်မြုပ်နေအောင်ထားမှ အဆင်ပြေမှာပါ၊

၈။ အချက်ပေးသင်္ကေတတွေကို ဂရုမပြုဘဲမနေပါနဲ့

ကားတစ်ခုနဲ့တစ်ခုမှာ အချက်ပြသင်္ကေတတွေဟာ မတူပါဘူး၊ ဒါပေမယ့် ယေဘုယျအားဖြင့် တော့ အရောင်လေးတွေနဲ့ပါ၊ အစိမ်းရောင် (တစ်ခါတစ်လေ အပြာရောင်)သင်္ကေတဟာ တစ်ခုသောစနစ်က အသက်ဝင်နေပြီဆိုတာပြပါတယ်၊ အဝါရောင်ကတော့ တစ်ခုခု လုပ်ပေးရမယ်၊ စစ်ဆေးရမယ်ဆိုတာကိုပြပါတယ်၊ အနီရောင်ကတော့ အချို့သောအမျိုးအစားတူတဲ့ အရေးကြီးတဲ့ ကိစ္စတွေကိုညွန်ပြနေပြီး သင့်ကားဟာ လက်တစ်လောမှာ မောင်းနှင်လို့မရကြောင်း ကိုဆိုလိုပြီး သင်လုပ်နေတဲ့အရာတစ်ခုကို ရပ်သင့်ကြောင်းဆိုလိုခြင်းဖြစ်ပါတယ်၊ ယေဘုယျအားဖြင့်ပြောရမယ်ဆိုရင်တော့ သင့်ကားရဲ့ ယာဉ်မောင်းရှေ့ရှိ ဒိုင်ခွက်ပေါင်မှာ အချက်ပေးချက်မီးလေးတွေ ပျောက်မသွားဘူးဆိုရင်တော့ စက်ပြင်ဆရာ ဆီကိုချက်ခြင်းပဲဖုန်းဆက်လိုက်ပါ၊

၉။ တာယာလေလျော့မလျော့ကြည့်ပါ

နောက်ထပ် ကောင်းမွန်တဲ့ အလေ့အကျင့် တစ်ခုပါ၊ တာယာကို အမြဲကြည့်ကြည့်ပေးပါ၊ အကယ်၍ သင်ဟာ တာယာလေလျော့နေတယ်ဆိုတာ ခံစားမိတယ်ဆိုရင် ဒါမှမဟုတ် တာယာဟာ ပန်ကိတ်လိုမျိုး ပြားနေပြီဆိုရင် တာယာအပြားကြီးနဲ့ မမောင်းသင့်ပါဘူး၊ အန္တရာယ် များပါတယ်၊ ဒီတော့တာယာလဲတာပဲဖြစ်ဖြစ် လေထိုးတာပဲဖြစ်ဖြစ်လုပ်ပေးသင့်ပါတယ်၊

၁၀။ ဘီးတွေရဲ့ဟန်ချက်ကို ကြည့်ပေးပါ

အကယ်၍ သင်ဟာ အတားအဆီးတစ်ခုကို တိုက်မိတယ်ဆိုရင် (လုပ်စမ်းပါ၊ ကျွန်တော်တို့အကုန်လုံးတိုက်မိဖူးပါတယ်၊)ကားကို ကားပြင်ဆိုင်ပို့ပါ၊ ပြီးတော့ စက်ပြင်ဆရာ ကို ဟန်ချက်နဲ့ ဖြောင့်တန်းမှုရှိမရှိ မေးကြည့်ပါ၊ အကယ်၍ ဘီးတွေဟာ ဟန်ချက်မညီဘူးဆိုရင် သင့်ကားကိုကောင်းကောင်းထိန်းလို့ရမှာမဟုတ်ပါဘူး၊ညှိပါ၊ ဝမ်းနည်းစေမှုတွေထက်စာရင်တော့ ပိုလုံခြုံပါတယ်။

Credit : Min Thu ( XYZ NEWS )