မြန်မာ အမျိုးသမီး အများစု လွဲမှားနေသော ဆံပင်အလှူ
(မေး) အရှင်ဘုရား၊ တပည့်တော်မသည် ဆံပင်ရှည်များကို ဘုရားမှာ လှူမည်ဟု ဆုံးဖြတ်ပြီး အရှည်ထားပါသည်။ ယခု ဆံပင်ရှည်၍ ဖြတ်ပြီး လှူမည်လုပ်ရာ အချို့က ဆံပင်အတိုင်း မလှူကောင်း ရောင်း၍ သို့မဟုတ် ဘုန်းကြီးသုံး ယပ်လုပ်၍ လှူရသည်ဟု ပြောပါသည်။ မည်သို့ လှူသင့်သည်ကို ဖြေကြားပေးပါရန် လျှောက်ထားပါသည် ဘုရား။
(ဖြေ) ဆံပင်မှာ မိမိခန္ဓာကိုယ်မှ ပေါက်ရောက်သော အရာ၀တ္ထု ဖြစ်ကာ အမွေး၊ ခြေသည်း၊ လက်သည်း၊ သွား၊ အရေပြားတို့နှင့် အတူ တစပဥစကအ၀င် ဇေဂုစ္ဆ သဘောတရားဖြစ်၍ သူတော်ကောင်းတို့ စက်ဆုပ်အပ်သော အရာ၀တ္ထုပင် ဖြစ်ပါသည်။
အမျိုးသမီးတို့အဖို့ အမွန်အမြတ် ဖြစ်သော်လည်း ရတနာသုံးပါး၌ ဆံပင်အတိုင်း ဆွဲချိန်လှူဒါန်း၍လည်း တင့်တယ်မှု မရှိပါ။ လူ့ဆံပင်ကို ယပ်စသည် လုပ်၍ လှူဒါန်းရိုးလည်း မရှိပါ။
မြတ်စွာဘုရား လက်ထက်က ဆံပင်ကောင်းသော အမျိုးသမီးတဦး ဆံပင်ကိုဖြတ်၍ ရောင်ချရရှိသည့်ငွေဖြင့် အရှင်ကစ္စာယန စသော ရဟန္တာရှစ်ပါးအား ဆွမ်းချက် လှူဒါန်း၍ ဒိဋ္ဌဓမ္မ အကျိုးပေးသဖြင့် မိဖုရား ဖြစ်သွားသော ၀တ္ထုတခုကို ထောက်၍ ဆံပင်ကို ရောင်းချလျက် အခြားအကျိုးဖြစ်မည့် အလှူတခုခု လှူဒါန်းခြင်းသာ အကောင်းဆုံးဖြစ်ကြောင်း ဖြေကြားလိုပါသည်။ လူတိုင်း သိရဖို့ မျှဝေပေးလိုက်ပါနော်။
Credit : မူရင်းရေးသားသူ