ခုနှစ်ရက် သားသမီးများအတွက် ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွက် တစ်လစာ ဟောစာတမ်း
🍁တနင်္ဂနွေသားသမီးများအတွက်🍁
အိမ်အသစ်ဆောင်မည့်ကိစ္စ အဆင်ပြေအောင်မြင်မည်။ ရပ်ဝေးမှာ သတင်းကောင်းကြားရတတ်သည်။ မိတ်ဆွေများ ၏ ကူညီမှုရရှိမည်။ စပ်တူ လုပ်ငန်း များ လုပ်ရ ကိန်း ရှိပါတယ်။ သင်တန်းတက်ရခြင်း ၊ ဆရာသမားလို ပုဂ္ဂိုလ် များ ကူညီစောင့် ရှောက်ခြင်း ခံရတတ်ပါသည်။ ရွှေဝယ်မည့်ကိစ္စပျက် တတ်ပါသည်။ ဗုဒ္ဓဟူး ၊ စနေသားသမီး / လူမျိုးခြားတစ်ဦး ကြောင့် စိတ် အနှောက်အယှက်များ ကြုံရတတ်ပါသည်။ လက်အောက်ငယ်သား ၊ အလုပ်သမား များရှိလျှင် ထွက်သွားတတ်ပါတယ်။ စက်ပစ္စည်း ၊ ကား ၊ ဖုန်း ၊ မြေ ဝင်ကိန်း ရှိပါသည်။ လုပ်ငန်းရှင်များ ကားအသစ် ချိန်းဖြစ်တတ်ပါသည်။ ငွေကတော့ အဝင်ကြမ်း အထွက်ကြမ်းဖြစ်နေတတ်ပါသည်။ အိမ်ထောင်ရှိသူများ အိမ်ထောင်ဘက်နှင့်ပတ်သက်၍ စိတ်ရှုပ်ရတတ်ပါသည်။ ခရီးထွက်မည် ထွက်မည်ဆိုပြီး ခရီးရက်ရွှေ့ရခြင်း ၊ ကြံကြာခြင်းများ ကြုံရတတ်ပါသည်။ သူများ အမှုအခင်း ပြဿနာများကို အကြံပေးဖြေရှင်းပေးရတတ်ပါသည်။ ဖြစ်နိုင်လျှင် ဒီတစ်လ လုံး စနေ၊ ဗုဒ္ဒဟူးနေ့များတွင် နာရေး လုံး၀ လိုက်မပို့ပါနှင့် ။ စနေ ၊ ဗုဒ္ဒဟူးနေ့တွင် တောင်အရပ် ခရီး ရှောင်ပါ ။ အရေးကြီး ကိစ္စ သွားလျှင် အစိမ်းရောင် ၊ အနက်ရောင် အဝတ်အစား ရှောင်ပါ။
တစ်လတာယတြာ - မိမိ၏မွေးနေ့ တနင်္ဂနွေနေ့တွင်ဘုန်းကြီးကျောင်း၊ဘုရားကျောင်းများတွင် ရေအိုးစဉ်လှူပေးပါ။ အိမ်ဘုရားစဉ်မှာ ပန်းအဝါရောင် (7)ပွင့်လှူပေးပါ
🍁တနင်္လာသားသမီးများအတွက်🍁
ဆိုင်၊စက်၊စားသောက်ကုန်၊စားသောက်ဆိုင်၊စာရွက်စာတမ်း ၊ စပ်တူရှယ်ယာ ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရတက်သည် အဘက်ဘက်က ဖေးမကူညီမှုတွေကြောင့် လိုချင်သောပန်းတိုင်ကိုရောက်မည်။လုပ်ငန်းစီးပွားအထူးတိုးတတ်မည်။ ဝန်ထမ်းဆို နေရာပေးခံရခြင်း၊နေရာကောင်းရခြင်းတွေရှိလာပါလိမ့်မယ်။ ဒီကာလမှာပဲ အခြားသူများအား အကြံပေးခြင်း၊နှုတ်၏ဆောင်မခြင်းဖြင့်ထိုသူတွေအဆင်ပြေချောမွေ့မဲ့ကာလပါပဲ။မိမိသြဇာညောင်းမဲ့အချိန်ပါ။ကောင်းသောခရီးဘာသာရေးနဲ့သက်ဆိုင်သောခရီးတွေလဲသွားရပါလိမ့်မယ်။ အိမ်ထောင်သည်ဆို တစိမ်း မိန်းကလေးတွေ(ယောကျာ်းလေးတွေ) နဲ့ ဝေးဝေးနေပါ။ စွပ်စွဲခြင်းခံရမည်။ ငယ်ရွယ်သူများအသက်ကြီး၊ မလွတ်လပ်သူတွေရဲ့ ဖြားယောင်းသွေးဆောင်ခြင်းခံရပါလိမ့်မည်။ ငွေကြေးလာဘ်လာဘတွေလဲ ဝင်လာပါလိမ့်မယ်။ မိမိဆိုင် ဖောက်သည်အသစ်တွေတိုးလာပါလိမ့်မယ်။ ကျန်းမာရေး ပညာရေး အကောင်းဆုံးကာလပါပဲ။
တစ်လတာယတြာ - မိမိ၏အိမ်ဘုရားစဉ်တွင် ပန်းအနီရောင်(15)ပွင့်၊ ဖယောင်းတိုင်(15)တိုင်၊ အမွှေးတိုင်(15)တိုင်ကို တနင်္လာအပတ်တိုင်း ထွန်းညှိပူဇော်ပေးပါ။
🍁အင်္ဂါသားသမီးများအတွက်🍁
အလုပ်၊နေရာ၊အကြီးအကဲ ၊ အိုးအိမ်အဆောက်အဦး ၊ အုပ်ချုပ်ရေး ၊ ဥပဒေ ကိစ္စများနှင့်ပက်သက်ပြီးအခက်အခဲကြုံနေရတက်သည်။ လူလိမ်ခံရလိမ့်မယ်။ အရမ်းရင်းနှီးတဲ့သူတွေရဲ့သစ္စာဖောက်ခြင်းခံရမည်။ အောက်လက်ငယ်သားတွေကို အရမ်းအရေးကြီးတဲ့ကိစ္စများ မျက်နှာလွှဲမခိုင်းသင့်ပါ။ လူယုံဒုက္ခပေးမဲ့အချိန်ပါပဲ။ စက်၊ကားမောင်းနှင်ခြင်း၊စက်ပစ္စည်းကိုင်တွယ်အသုံးပြုခြင်းအထူးသတိထားပါ။ မတော်တဆ ထိခိုက်လွယ်တဲ့ကာလတစ်ခုမို့လိုပါပဲ။ ဘာကိစ္စမဆို အဆုံးသတ်ပြီးဆုံးအောင်မလုပ်နိုင်ခြင်း၊ စထားပြီး တစ်ဝက်တပျက်ဖြစ်ရခြင်းမျိုးကြုံရမှာပါ။ ဒါကြောင့် အိမ်ပြင်အိမ်ဆောက်ခြင်း၊လုပ်ငန်းသစ်စတင်ခြင်းမျိုး လုံးဝမလုပ်ပါနဲ့။ အချစ်ရေးကံ အထူးညံ့နေချိန်ပါ။ ချစ်သူနဲ့မျက်နှာချင်းဆိုင်တာနဲ့ပြဿ နာတတ်ခြင်း၊ စကားအခြေအတင်ပြောရခြင်းတွေကြုံရပါလိမ့်မယ်။ ပညာရေးကံ ကြိုးစားပါအကောင်းဆုံးကာလပါပဲ။
ကျန်းမာရေးကောင်းနေပေမဲ့ ထိမိ ခိုက်မိ ဖြစ်တာမျိုးရှိနိုင်တယ်။
တစ်လတာယတြာ - မိမိ၏မွေးနေ့ အင်္ဂါဂြိုလ်နံ ဘုရားတွင် အောင်သပြေ (11) ညွန့် သစ်သီး(11)လုံးကို ကပ်လှူပူဇော်ပေးပါ။
🍁ဗုဒ္ဓဟူးသားသမီးများအတွက်🍁
ဒီလထဲတွင်ရွှေ၊ရတနာ၊သားသမီး၊လူမှုရေး ကိစ္စများနှင့်ပက်သက်ပြီး အခက်အခဲကြုံနေရတက်သည်။ဆုံးဖြတ်ရခက်နေလိမ့်မယ်။ အရာရာသတိထားဆောင်ရွက်ပါ။ ရှေ့တိုးဆောင်ရွက်မဲ့ကိစ္စများ မိမိဆုံးဖြတ်ချက်တစ်ခုတည်းနဲ့ မဆုံးဖြတ်ပါနဲ့။ အလုပ်နဲ့ပက်သက်ပြီး စိတ်ရှုပ်နေရပါတယ်။ မသွားချင်တဲ့နေရာသွားရခြင်း၊နယ်ပြောင်းခံရခြင်းတွေကြုံတွေ့ရပါလိမ့်မယ်။ အထက်လူကြီးက မိမိအပေါ်အမြင်မကြည်တာမျိုးတွေလဲ ရှိနေပါတယ်။ စိတ်အရမ်းညစ်ရတတ်တယ်။ အိမ်ထောင်ဘက်အချင်းချင်းစကားအခြေအတင်များရတတ်တယ်။ မိသားစုနဲ့ ခွဲခွာရတတ်ပါတယ်။ မိတ်ဆွေကောင်းတွေရဲ့ ကူညီမှုအများကြီးရမဲ့အချိန်ပါပဲ။ ကျန်းမာရေးလဲ အနည်းငယ်အားနည်းနေပါတယ်။ နေပူနည်းနည်းမိတာမျိုး၊ အိပ်ရေးပျက်တာမျိုးကြုံတာနဲ့ ဖျားနာတတ်ပါတယ်။ စိတ်ပြေလက်ပျောက် ခရီးထွက်ခြင်း၊ ကလေးတွေကို ပျော်အောင်လုပ်ပေးခြင်းဖြင့်ကံတွေပြန်မြင့်လာပါလိမ့်မယ်။ အချစ်ရေးမှာ ချစ်သူနဲ့ အနေဝေးဖို့အကြောင်းဖန်လာလိမ့်မယ်။ ပညာရေးအတွက်တော့ စိတ်အေးချမ်းရမဲ့အချိန်ပါပဲ။
တစ်လတာယတြာ - ညောင်ပင်တွင် (ရွှေရေ၊ ငွေရေ) လောင်းပေးပါ၊၊ ဗုဒ္ဓဟူးဂြိုလ်နံဘုရားမှာ ရွှေပန်း(17)ပွင့် ဖယောင်းတိုင်(17)ကပ်လှူပူဇော်ပေးပါ။
🍁ကြာသပတေးသားသမီးများအတွက်🍁
သူများကိစ္စကြားဝင်ကူညီခြင်း၊အာမခံခြင်း တွေကြောင့်အထူးဒုက္ခရောက်တတ်ပါတယ်။လင်မယားကြား မိတ်ဆွေတွေကြား ဘယ်သူ့ကြားမှမဝင်မိပါစေနဲ့။ ဘယ်စီးပွားရေးနယ်ပယ်မှာဖြစ်ဖြစ် အခုကာလမှာ ရတာကနည်းနည်း ၊ပြဿ နာရှင်းရတာကများများဖြစ်နေလိမ့်မယ်။ ရွှေငွေလက်ဝတ်ရတနာများကျပျောက်ခြင်း သူခိုးခိုခံရခြင်းတွေကြုံနိုင်တယ်။လူငယ်တွေအနေနဲ့ စီးပွားတွက် တွက်နေတဲ့ချစ်သူကြောင့်စိတ်ညစ်ရမယ်။ ချစ်သူကိုအချိန်ပေးဖို့ထက် ငွေနောက်ပဲလိုက်နေပါလိမ့်မယ်။အလုပ်မှာရန်ပေါ်နိုင်တဲ့ကာလပါ။ အလုပ်ရှာနေသူများ အလုပ်ရဖို့ဝေးနေပါလိမ့်မယ်။ အရမ်းရင်းနှီးသူတွေနဲ့ခွဲခွာရတတ်ပါတယ်။ ကျန်းမာရေး သိပ်မညံ့ပေမဲ့ ပညာရေးကံကြမ္မာကတော့ အညံ့ဆုံးအနေအထားကို ရောက်နေတဲ့ကာလပါပဲ။ နောက်ဆုံးပြောချင်တာကဘယ်သူကိုမှ မယုံသင့်ဘူးလို့ပြောချင်ပါတယ်။ခရီးသွားရကိန်းရှိသည်။ နိုင်ငံခြားခရီးစဉ်များလဲ သွားရတက်သည်။ ရပ်ဝေးမှ အကူညီရတက်သည့် ကာလဖြစ်သည်၊၊ နေရာ အပြောင်းအလဲ များမည်။ မိမိကြိုက်နှစ်သက်သောနေရာ မရရှိသေးပါ။
တစ်လတာယတြာ - ကြာသပတေးဂြိုလ်နံဘုရားတွင် ပန်းအဝါရောင်(19)ပွင့် ဖယောင်းတိုင်အဝါရောင်(19)တိုင်၊ အမွှေးတိုင်(19)တိုင်ကို ထွန်းညှိပူဇော်ပေးပါ၊၊
🍁သောကြာသားသမီးများအတွက်🍁
စိတ်လေနေတတ်သည့်ကာလဖြစ်မည်။ ဆုံးဖြတ်ရခက်တာမျိုး ကြုံရလိမ့်မယ်။ မိဘတွေအတွက် ပူပန်စိတ်ညစ် ရတတ်တယ်။ လုပ်ငန်းစီးပွားဆုတ်ယုတ်တတ်တယ်။ အလုပ်ဒဏ်ပိနေတတ်တယ်။ လူမျိုးခြား၊ ဘာသာခြား တွေရဲ့ ကူညီမစခြင်းခံရမယ်။ ခရီးကိစ္စ၊ နိုင်ငံရပ်ခြားနဲ့ ဆက်သွယ်လုပ်ရတဲ့အလုပ်တွေ အကျိုးပေးနည်းချိန်ပါပဲ။ ကျန်းမာရေးအထူးကောင်းချိန်ပါပဲ။အချစ်ရးကိစ္စ ၊ စုတ်ကိစ္စတွေ ရှုပ်ထွေးမှုတွေဖြစ်နိုင်ပါတယ်။ ပညာရေးကဏ္ဌ၊ သင်ကြားရေးကဏ္ဌကတော့ အထူး ကောင်းမွန်နေပါတယ်။ ပုံမှန်အတိုင်းသာ လုပ်ဆောင်သင့်တဲ့ အချိန်ပါ။ ရှေ့တိုးဆောင်ရွက်စရာ ကိစ္စများ တစ်ခုခုလုပ်တာနဲ့ ပျက်ဖို့များပါတယ်။ လုပ်ငန်းနဲ့ပက်သက်ပြီး နေရာပြောင်းရွေ့ရတက်သည်။ မထင်မှတ်ထားသော လုပ်ငန်းများ လုပ်ရတက်သည်။ လက်ရှိလုပ်နေသော လုပ်ငန်း ရာထူးနေရာ အောင်မြင်မူနည်းတက်သည်။ညပိုင်းခရီး ထွက်ရမယ်ဆိုရင် မတွက်ပါနဲ့ ခရီးအသွားအလာ မကောင်းထားသောကာလဖြစ်သည်။ ရပ်ဝေးရောက်နေသော သားသမီးများရှိလျှင် ပြန်လာတက်သည်။သူငယ်ချင်း မိတ်ဆွေ အပေါင်းသင်း ဂရုစိုက်ရမည်၊ မနာလိုသူများမည့် ကာလဖြစ်သည်၊၊
တစ်လတာယတြာ - သောကြာ်ဂြိုလ်ဒေါင့်ဘုရားတွင် နှင်းဆီပန်း(၂၁)ပွင် ချိုချဉ်(၂၁)လုံး ကပ်လှူပူဇော်ပေးပါ၊၊
🍁စနေသားသမီးများအတွက်🍁
အလုပ်အကိုင် ကောင်းမလိုလိုနဲ့ အဆင်မပြေဖြစ်တတ်ပါသည်။ အတိုက်အခံများ တတ်ပါတယ်။ သူများ မကောင်းပြောခံရ တတ်ပါတယ်။ ငွေကြေးကိစ္စ နဲ့ပတ်သက်ပြီး စိတ်သောက ရောက်ရတတ်ပါတယ်။ အမှုဟောင်း ပြဿနာ ဟောင်းများ ဖြေရှင်းရတတ်ပါတယ်။ မပူပါနဲ့ မိတ်ရင်းဆွေရင်း ကူညီလို့ ပြီးသွားတတ်ပါတယ်။ ငွေကြေး ကံမကောင်းသေးပါ။ ငွေ အထွက်များပြီး နှစ်ကြိမ် နှစ်ခါ ထွက် ရတတ်သည်။ ချစ်သူကြောင့် စိတ်သောက ရောက်ရမည့်ကာလဖြစ်ပါသည်။ ချစ်သူနှင့် နုတ်မဆက်ပဲ ရုတ်ရက် လမ်းခွဲရခြင်းမျိုးကြုံရတတ်ပါသည်။ ခြေလက် ထိခိုက်မည့်ကိန်း ရှိပါသည်။ တနင်္ဂနွေ ၊ တနင်္လာ ၊ သောကြာ အမည်ပါ အကြီး အကဲကြောင့် စိတ် အနှောက်အယှက်ဖြစ်ရတတ်ပါသည်။ တနင်္လာနေ့၊ သောကြာနေ့တွင် အရှေ့အရပ်နှင့် မြောက်အရပ် ခရီးဝေးရှာင်ပါ။ (ဒီလထဲတွင် လက်မှတ်ထိုး တာဝန်ယူတာမျိုး မလုပ်ကောင်း ရှောင်ပေးရမည်)
တစ်လတာယတြာ - စနေဂြိုလ်ဒေါင့်တွင် အာင်သပြေ(၁၀)ညွန့် ဖယောင်းတိုင်(၁၀)တိုင် အမွှေးတိုင်(၁၀)တိုင် ထွန်းညှိပူဇော်ပေးပါ၊၊
🍁ရာဟုသားသမီးများအတွက်🍁
ဒီလထဲတွင် ငွေကြေးကိစ္စများ အာမခံ အလုပ်များ ဖြေရှင်းရတက်သည်။ အတိုက်အခံ များသော ကာလဖြစ်သည်၊၊ ရန်များတဲ့ကာလတစ်ခုပါ။ မကျေနပ်သူ၊ မနာလိုသတွေ ဝန်းရံနေတတ်ပါတယ်။ ထိုသူတွေရဲ့ သွားပုပ်လေလွင့် ပြောခြင်း၊ ချောက်တွန်းခြင်း ကြုံရတတ်ပါတယ်။ ကြုံလာမည့် ပြဿနာတိုင်းကို ရဲရဲရင်ဆိုင်ပါ။ မိမိသာ အဆုံးသတ် အနိုင်ရပါလိမ့်မယ်။ ကျန်းမာရေးတော့ အထူးဂရုစိုက်ပါ။ အင်အားချည့်နဲ့ပြီး ကိုယ်လက်မအီမသာ ဖြစ်လွယ်တတ်လို့ပါ။ ပညာရပ်နဲ့သက်ဆိုင်သော သင်တန်း ၊ ဘာသာစကားနဲ့သက်ဆိုင်သော သင်တန်းတွေလည်း တတ်ရတတ်ပါတယ်။ ခရီးကိစ္စ၊ နိုင်ငံခြားနဲ့ ဆက်သွယ်ရသောကိစ္စ၊ ကုန်သွယ်ခြင်း ကိစ္စတွေမှာတော့ အဆင်မပြေကြုံရတတ်ပါတယ်။ ဒီကာလဟာ မိသားစုအတွက်လည်း ပူပင်ရတတ်ပါတယ်။အချစ်ရေကံ တက်လာမည် အချစ်ရေးရာ စကားပြောချင်း လက်ထပ်ခွင့်တောင်းခြင်းများကြုံရမည်။
တစ်လတာယတြာ - မိမိနေအိမ်ဘုရားစဉ်မှာ ပန်းအဝါရောင် (5)ပွင့် အသီး(5)လုံး နွားနို့(5)ခွက်ကို ကပ်လှူပူဇော်ပေးပါ။
နက္ခတ္တဗေဒ ပညာရှင်
ဗေဒင် နှင့် လက္ခဏာ ဆရာမင်းသုခ
မန္တလေးမြို
📞09-440243656
၇၃လမ်း/၃၄-၃၅လမ်းကြား