Skip to main content

ဆီးပူ၊ ဆီးနီ၊ ဆီးအောင့်၊ ဆီးကျန်၊ ကျောက်တည်၊ ကျောက်ကပ်အားနည်း သူများအတွက် ဆေးနည်း

ဆီးပူ၊ ဆီးနီ၊ ဆီးအောင့်၊ ဆီးကျန်၊ ကျောက်တည်၊ ကျောက်ကပ်အားနည်း သူများအတွက် ဆေးနည်း

၁။ ကျောက်ဖရုံသီး ရင့်ရင့် တစ်လုံးကို ရှာပါ။ ထိပ်ကိုဖြတ်ပါ။ အတွင်းမှ အူတိုင်နှင့် အစေ့များကို ဖယ်ပစ်ပါ။ ထိုကျောက်ဖရုံသီးထဲသို့ ထန်းရည် အပြည့်ထည့်လိုက်ပါ။ ထန်းရည်မရပါက ထန်းလျှက်ခဲ ၁၀ သားခန့် ထည့်ပါ။ မကြာမီ အရည်ပျော်လာပါလိမ့်မည်။ ဖျော်ရည်ကဲ့သို့ ဖြစ်လာပါလိမ့်မည်။

ရေဆာတိုင်း သောက်ပါ။ မကြာချက်ချင်း သက်သာပါလိမ့်မည်။ ဝေဒနာ မခံစားရသော လူကောင်းများပင် တစ်ပါတ် ၂ ကြိမ် သောက်ပေးခြင်းဖြင့် ကျောက်ကပ်ရောဂါ၊ ဆီးရောဂါ ကာကွယ်နိုင်ပါလိမ့်မည်။

၂။ ဆီးကျောက်တည်နေပါသလား

ခရုဖင်ရှည် အခွံကို ပြာပြုလျှက် အုန်းရည်နှင့်သောက်ပါ။ ၅ ရက် အတွင်း ကျောက်ကြေ၍ ကျပါလိမ့်မည်။

၃။ ခရုခွံကို ပြာမချ လိုပါက သံပုရာရည်တွင်စိမ်လိုက်ပါ ပျော်သွားပါလိမ့်မည်။ ထိုအရည်ကိူသောက်ပါ။ ကျောက်ကျ ပါလိမ့်မယ်။

ကျန်းမာကြပါစေ။

Credit : မူရင်းရေးသားသူ