ပူးပေါင်း ကင်းလှည့်စဉ် ကျည်ထွက်သွားလို့ ရာအိမ်မှူး သေဆုံး
ပုသိမ်-စက်တင်ဘာ ၃၀-၂၀၁၉
ကိုအောင် (VOM)
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ ကမ်းခြေမြို့ မကျီးဇင်ကျေးရွာအုပ်စု ပေါက်လှဂျိုင် ကျေးရွာ ပင်လယ်ကမ်းခြေမှာပူးပေါင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်တပ်ကြပ်တစ်ဦးရဲ့ သေနတ်ကနေ ကျည်ထွက်ပြီး ကျေးရွာရာအိမ်မူးတစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်တင်ဘာ ၂၉ ရက် ည ၁၁ နာရီအချိန်က ကမ်းခြေလုံခြုံရေး အတွက် ဆောင်ရွက်နေတဲ့ စစ်တပ် ၊ရဲ၊ ကျေးရွာအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့ မှာပါဝင်တဲ့ ခလရ ၅၁ မှ တပ်ကြပ် မြင့်ဦး ကိုင်ဆောင်ထားတဲ့ သေနတ်ကနေ ကျည်ဆံ မတော်တဆထွက်ပြီး အသက် ၅၆ နှစ်ရှိ ပေါက်လှဂျိုင် ကျေးရွာခွဲ ရာအိမ်မူး ဦးခင်အောင် ထိမှန်သေဆုံးခဲ့တာလို့ မကျီးဇင် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်သိန်း ကပြောပါတယ်။
"ကင်းလှည်ရင်းခဏနားနေတုန်း ကျည်ဆံထွက်သွားတာ ပေါင်ရင်း က ဝင်ပြီး တင်ပါး က ပွင့်ထွက်သွားတာဆေးရုံကိုပို့ပေမယ့် အဲဒီဒါဏ်ရာ နဲ့ သေဆုံးသွားတယ်"လို့ ရှင်းပြပါတယ်။
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှုးရုံး ဒုတိယ ရဲမှူးကြီးထွန်းရွှေ ကတော့ ယခုဖြစ်စဉ်ကို အတည်ပြုပေးခဲ့ပြီး သေနတ်ကျည်ရှင်းရင်း ကျည်ထွက်တာဖြစ်ကြောင်းနဲ့ တပ်ကြပ်မြင့်ဦးကိုလည်း သက်ဆိုင်ရာနယ်မြေ ရဲတပ်ဖွဲ့က အမူဖွင့်ဆောင်ရွက်ထားတယ်လို့ပြောပါတယ်။
သေနတ်ကိုပေါ့ဆစွာကိုင်တွယ်ကာ လူသေဆုံး စေခဲ့သည့် တပ်ကြပ်မြင့်ဦးကို ရွှေသောင်ယံ နယ်မြေ ရဲစခန်းမှာ ရာဇသတ် ပုဒ်မ ၃၀၄ - က ဖြင့် အမှုဖွင့်ဆောင်ရွက်လျှက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးကသိရပါတယ်။
Source : Voice of Myanmar