Skip to main content

ကျောင်းသား မိဘ ညီအစ်ကို မောင်နှမများ သတိထား သိရှိနိုင်ပါရန်

ကျောင်းသား မိဘ ညီအစ်ကို မောင်နှမများ သတိထား သိရှိနိုင်ပါရန်

မိမိသား ပီကေဝါးသလား? သတိထားပါ။ မိမိတူ မီးခြစ်ဆောင်သလား? သတိထားပါ။မင်းရဲ့ ညီလေး ငေးနေသလား?သတိထားပါ။

ပီကေ အထဲက အသား ဝါးစားရတာတော့ လူတိုင်းသိတာပေါ့။ ပီကေရဲ့ စက္ကူပါတ်ကို လိပ်ပြီး ဘာလုပ်တယ် သင်ထင်ပါသလဲ?။ မီးခြစ် မီးတောက်ရုံလေး လျော့ထားတာ ဘာလုပ်ဖို့ပါလိမ့်? မင်း ညီလေး ငေးနေလား? တွေးနေလား? ညဘက် မအိပ်ဘူးလား? ပုံမှန်အတိုင်း မဟုတ်ရင် သတိထား။ ဒီကလေး ဆေးချနေပြီလို့ မှတ်ရတော့မယ်။ (ပုံမှာ သိရအောင် ဓါတ်ပုံ ရိုက်ပြထားပါတယ်)



ဆေးပြားတွေ ကလဲ (သူတို့အခေါ် အစိ) ကလည်း ဈေးပေါလိုက်တာ။ တစ်စိမှ တစ်ထောင်/ထောင့်ငါးရာ။ (တစ်ထောင်တန်က သူတို့ပြောတာ အပုတ်တဲ့။ အပုတ်ဆိုတာ အရည်အသွေး ညံ့တာကို ပြောတာ)

ဆေးစွဲမိရင် မိသားစုလဲ စိတ်ညစ်ရတယ်။ ကလေးလဲ တိုးတက် အောင်မြင်ဖို့ အဟန့်အတား ဖြစ်သွားပြီ။ ဆွေမျိုး အသိုင်းအဝိုင်းကလဲ ဝိုင်းဝန်းစောင့်ရှောက်ဖို့ တာဝန်ရှိတယ်လို့ ကျွန်တော် ထင်မြင်မိပါကြောင်းနှင့် ကျွန်တော့်လို “အ တတ” လူ တစ်ယောက်တောင် အခုလို ဆေးရှာရတာ လွယ်ကူနေရင် စဉ်းစားသာ ကြည့်ကြပေတော့ လူကြီးမင်း အပေါင်းတို့ရေ…..။

Credit : Orginal Writer